← Chapters

အပိုင်း (၃၈၃)

Vol. 26 Ch. 383

အပိုင်း (၃၈၃)

Vol. 26 Ch. 383

“ဘယ်သူ့ကို ကြောက်ရမှာလဲ”

ရွှေကျီးကန်းကလန်၏ ဒုတိယမင်းသားသည် နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ပြီးသား ဖြစ်၏။ ၎င်း၏ နဖူးစပ်တွင် ရှိနေသည့် တောက်ပလွန်းသော ရောင်စဉ်အမှတ်တစ်ခုဆီမှ ဝိညာဉ်စွမ်းအင်တစ်ခုက ပေါ်ပေါက်လာသည်။ ပြီးနောက် ၎င်း၏ အနောက်ဘက်တွင် ရွှေကျီးကန်းပုံရိပ်ယောင်တစ်ခုက ပေါ်ပေါက်လာ၏။ ၎င်းသည် လောကကြီး တစ်ခုလုံးကို ငုံ့မိုးကာ ကြည့်ရှုနေ၏။

“ကျုပ်တို့ကလန်ရဲ့ ဘိုးဘေးက အခုမှ အင်ပါယာတစ်ယောက် ဖြစ်လာပြီး အင်ပါရီယာ လက်နက်တစ်ခုကို မသန့်စင်ရသေးဘူး။ အခု ကျုပ်တို့လက်ထဲမှာ လက်နက်တစ်ခုက လစ်ဟင်းနေတယ်လေ။ ဒီကောင်းကင် တုန်ခါခြင်းဓား ပေါ်ပေါက်လာတာ အချိန်ကိုက်ပဲ” ရွှေကျီးကန်းကလန်၏ ဒုတိယမင်းသားသည် ယုံကြည်ချက် ရှိရှိဖြင့် ပြောဆိုလိုက်သည်။

သူသည် ထိုစကားကို ပြောဆိုပြီးပြီးချင်း ချက်ချင်းလှည့်ကာဖြင့် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ လှမ်းလျှောက်သွားခဲ့၏။ လှမ်းလျှောက်နေတုန်းမှာပဲ သူက ထပ်ပြောလိုက်၏။ “ကောင်းကင်တုန်ခါခြင်းဓားက ကျုပ်တို့ ရွှေကျီးကန်ကလန်ရဲ့ လက်ထဲရောက်သွားပြီဆိုရင် မွန်းစတားအင်ပါယာခေါင်းလောင်းနဲ့ ဘယ်ဟာက ပိုပြီးအားကောင်းလဲဆိုတာ ခင်ဗျားတို့ကို သတင်းပို့ပေးမယ်”

“လူရှုပ်”

ခရမ်းရောင်နက်နဲလောကမှ သူတော်စင်အိုကြီးသည် မည်သို့မှ မထိန်းချုပ်နိုင်ဘဲ ဒေါသထွက်လျက် ရှိ၏။ သူ၏ မျက်လုံးထဲတွင် ရှိနေသည့် အေးစက်မှုများသည် အဆပေါင်းများစွာ ပိုမိုအားကောင်းလာခဲ့ကြ၏။ သူ၏ နှလုံးသားထဲတွင် ရှိနေသည့် သတ်ဖြတ်လိုခြင်း ဆန္ဒများသည် မည်သို့မှ မထိန်းချုပ်နိုင်တော့ချေ။ ကံကောင်းစွာဖြင့် သူသည် နောက်ဆုံးအကြိမ်၌ စိတ်ကို ထိန်းချုပ်လိုက်နိုင်သည်။

သူသာ လှုပ်ရှားတိုက်ခိုက်လိုက်သည် ဆိုပါက ကျိန်းသေပေါက် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ပင်လျှင် ဝင်ရောက်တားဆီးရန် မလိုအပ်ခဲ့ချေ။ ကောင်းကင်မူလလောကကြီးထဲတွင် ရှိနေသည့် စွမ်းအားမြင့် ကျင့်ကြံသူများ အားလုံးသည် သူ့ကို ဝိုင်းဝန်းကာဖြင့် ဖိနှိပ် သတ်ဖြတ်ပစ်တော့မှာ ဖြစ်၏။ ထိုသို့ဆိုလျှင် သူ့အနေနှင့် မောက်မာခဲ့သည် ဆိုလျှင်တောင်မှ ဘာတစ်ခုမှ တန်ဖိုးမရှိဘဲ သေဆုံးသွားမှာဖြစ်၏။ သူ၏ သေဆုံးခြင်းသည် အလကား သက်သက် ဖြစ်ပေလိမ့်မည်။

ထုတ်ဖော်ပြောဆိုထားခြင်း မရှိသည့် သတင်းအချက်အလက်အရ ခရမ်းရောင်နက်နဲလောကနှင့် ကောင်းကင်မူလ လောကကြီးတို့သည် တူညီသည့် အဆင့်အတန်းသို့ ရောက်ရှိနေကြသည်။ တော်ဝင်သဲကန္တာရမြို့ထဲတွင် ရှိနေသည့် လူပေါင်းများစွာတို့သည် ထိုအရာကို နားလည်ပြီးသား ဖြစ်နေ၏။ မည်သူမှသည် လှုပ်ရှားတိုက်ခိုက်မှုကို မလုပ်ရဲကြချေ။ အဆင်ခြင်မဲ့ ပြုလုပ်လိုက်သည်ဆိုပါက ကျိန်းသေပေါက် ဆိုးရွားသည့် အကျိုးဆက်ကို ခံစားရ ပေလိမ့်မည်။

လက်ရှိအချိန်မှာတော့ တော်ဝင်သဲကန္တာရမြို့ တစ်ခုလုံးတွင် များပြားလှသည့် သူတော်စင်ဘုရင်များ၊ တော်ဝင် သူတော်စင်များ တည်ရှိလို့နေ၏။ ထိုသူတို့ အားလုံးသည် တိုက်ခိုက်ရန် အရိပ်အယောင်ကို ပြသလိုက်မည် ဆိုသည်နှင့် သူ့ကို နောက်ဘဝသို့ ချက်ချင်း ပို့ဆောင်ပေးမည့် လူများသာလျှင်ဖြစ်၏။

“ကောင်းကင်တုန်ခါခြင်းဓားက ရွှေကျီးကန်းကလန်ရဲ့ လက်ထဲကို ဘယ်တော့မှ ရောက်လာမှာ မဟုတ်ဘူး” ထိုသူတော်စင်အိုကြီးသည် အံကိုကြိတ်ကာဖြင့် သွားကြားထဲမှထွက်သော လေသံဖြင့် ကြိမ်းဝါးလိုက်၏။ သူ၏ ခြောက်ကပ် ပိန်ညှောင်လျက် ရှိနေသည့် လက်ဝါးကြားထဲတွင် ကျောက်စိမ်းပြားတစ်ခုက ပေါ်ပေါက်လာခဲ့ပြီး သူသည် နောက်ကွယ်တွင် ရှိနေသည့် အင်အားစုများထံသို့ သတင်းပေးပို့လျက် ရှိသည်။

တစ်ချိန်တည်းမှာပဲ ခရမ်းရောင်နက်နဲလောကကြီးတွင် ရှိနေသည့် သက်ရှိသတ္တဝါများ အားလုံးတို့သည်လည်း တူညီစွာပင် လိုက်လံကာ ပြုမူကြလေ၏။ နာရီဝက်မကြာခင်မှာပဲ အင်ပါယာစာရင်းနှင့် အင်ပါရီယာလက်နက် စာရင်း ထွက်ပေါ်လာသည့် အကြောင်းအရာသည် ကောင်းကင်မူလလောကကြီးနှင့် ခရမ်းရောင်နက်နဲလောကကြီး နှစ်ခုလုံးဆီသို့ ဟာရီကိန်းမုန်တိုင်းကဲ့သို့ပင် ပျံ့နှံ့သွားခဲ့၏။

အဓိကဂိုဏ်းအသီးသီးတို့တင်သာမကဘဲ တစ်ကိုယ်တော် ကျင့်ကြံသူ တော်တော်များများပင်လျှင် ထိုစာရင်း နှစ်ခု၏ အကြောင်းအရာများကို သိရှိခဲ့ကြပြီးဖြစ်၏။ ထိုသတင်းနှစ်ခု၏ အချက်အလက်သည် ကျိန်းသေပေါက် လျှို့ဝှက်ထားရမည့် အရာမျိုး မဟုတ်သောကြောင့် ပျံ့နှံ့သွားသည် ဆိုခြင်းမှာ အံ့အားသင့်စရာတော့ မဟုတ်ချေ။

ခရမ်းရောင်နက်နဲလောကကြီးဆီသို့ သတင်းပြန်လည် ရောက်ပြီးသည့်နောက် စွမ်းအားမြင့် ဂိုဏ်းဂဏအသီးသီး တို့တွင် တည်ရှိနေသည့် ကြောက်မက်ဖွယ်ရာကောင်းလှသော စွမ်းအားမြင့် ကျင့်ကြံသူများသည် တံခါးပိတ် ကျင့်ကြံရာမှာ ထွက်ပေါ်လာခဲ့ကြ၏။ တစ်ယောက်ချင်းစီတိုင်းသည် များပြားလွန်းလှသည့် အသက်ဓာတ်စွမ်းရည် များကို ပိုင်ဆိုင်လို့နေပြီး သူတို့အားလုံးသည် ပထမဦးဆုံး ရရှိနိုင်မည့် အခွင့်အရေးအတွက် ကောင်းကင်လျှို့ဝှက် နန်းဆောင်ဆီသို့ ဦးတည်လျက် ရှိနေကြသည်။

ကောင်းကင်တုန်ခါခြင်းဓား ဆိုသည်မှာ ခရမ်းရောင်နက်နဲလောကကြီး၏ အင်ပါရီယာလက်နက်တစ်ခု ဖြစ်နေ၏။ ကောင်းကင်မူလလောကကြီးဆီသို့ ပေးအပ်ဖို့ ဆိုသည်မှာ မည်သို့မှ မဖြစ်နိုင်ချေ။ ကောင်းကင်တုန်ခါခြင်း ဓား၏ နောက်ဆုံးသော ပိုင်ရှင်သည် ခရမ်းရောင်နက်နဲလောကကြီးမှ လူတစ်ယောက်ဖြစ်၏။ ဆန်းကြယ်လှသော အင်ပါရီယာလက်နက်ကို ရရှိခဲ့သည့် မည်သည့် ဂိုဏ်းဂဏကမဆိုသည် တိုက်ခိုက်နိုင်မှု စွမ်းအင် ကြီးကြီးမားမား တိုးတက်သွားမှာ သေချာ၏။

ထို့ကြောင့်ပင်လျှင် သက်ဆိုင်ရာ ဂိုဏ်းအသီးသီးတွင် ရှိနေသည့် စွမ်းအားမြင့် ကျင့်ကြံသူများ အားလုံးသည် အချိန်ကိုက် စတင်ကာ လှုပ်ရှားလာခဲ့ကြ၏။ တခြားသူများထက် နောက်ကောက်ကျ ကျန်ခဲ့မည်ကိုပင် စိုးရိမ်နေမိ ကြ၏။ ကောင်းကင်တုန်ခါခြင်းဓားသည်သာ တခြားလောကရှိသူများ၏ လက်ထဲသို့ ရောက်ရှိသွားမည်ဆိုပါက ရင်ထုမနာ ဖြစ်ရမှာ သေချာသည်။

ထိုကဲ့သို့ အခြေအနေမျိုး ဖြစ်ပွားနေသည့် အတောအတွင်း ခရမ်းရောင်နက်နဲလောကကြီး၏ အင်ပါရီယာကလန် တစ်ခုအတွင်းရှိ အနောက်ဘက် တောင်တစ်ခုလုံးသည် တုန်ခါလာခဲ့၏။

ဘုန်း ...။

များပြားလှသည့် အက်ကွဲကြောင်းများသည် လေဟာနယ်ထဲတွင် ပေါ်ပေါက်လာခဲ့ပြီး ဆန်းကြယ်လွန်းလှသည့် စွမ်းအင်များသည် တည်နေရာတစ်ခုလုံးကို ပျံ့နှံ့သွားခဲ့၏။ အရာအားလုံးတို့သည် မကြာခင်မှာပဲ ပျောက်ဆုံး ပျက်စီးတော့မလို တုန်ခါလာခဲ့သည်။

အင်ပါရီယာကလန်အတွင်းတွင် တည်ရှိနေသည့် သက်ရှိသတ္တဝါအားလုံးတို့သည် ထိုအော်ရာများကို အာရုံခံမိသည့်အချိန်မှာတော့ တုန်လှုပ်သွားသည် သာမက ပျော်ရွှင်မှုကိုလည်း ခံစားလိုက်ကြ၏။ ပထမဆုံး အကြိမ်အဖြစ် အားလုံးတို့သည် ဒူးထောက်ကာ အော်ဟစ်လိုက်၏။

“ဘိုးဘေး တံခါးပိတ် ကျင့်ကြံရာကနေ ထွက်လာတာကို ကြိုဆိုပါတယ်”

ဤစကားစုသည် တောင်တစ်ခုလုံးကို ပျံ့နှံ့သွားခဲ့ပြီး ကောင်းကင်နှင့် မြေကြီး အရပ်မျက်နှာ လေးခုလုံး တုန်ခါသွားစေသည်။ စွမ်းအားမြင့် လှိုင်းများသည် ကောင်းကင်ယံတစ်ခုလုံးကို ပျံ့နှံ့သွားခဲ့ပြီး အင်ပါရီယာ ကလန်ထဲတွင် ရှိနေသည့် သက်ရှိသတ္တဝါ အားလုံးတို့သည် စိတ်အား တက်ကြွမှုကို ခံစားလိုက်မိကြသည်။

အတိတ်တုန်းက ဘိုးဘေးကြီး၏ အော်ရာ ပျောက်ကွယ်သွားသည့်အချိန်တွင် သူတို့၏ ဘိုးဘေးကြီးသည် ကလန်ထဲမှာ ထွက်ခွာသွားခြင်း သို့မဟုတ် သေဆုံးသွားခဲ့ခြင်း ဖြစ်မည်ဟု အားလုံးသော သူတို့က တွက်ချက်ခဲ့ကြ၏။ သို့ပေမဲ့ လက်ရှိအချိန် ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ အင်ပါယာစာရင်း ထွက်ပေါ် လာသည့် အချိန်မှာတော့ ထိုသို့မဟုတ်ကြောင်း နားလည်သွားခဲ့ကြ၏။

သူတို့၏ ဘိုးဘေးကြီးသည် သေဆုံးသွားခဲ့ခြင်း မဟုတ်သလို ထွက်ခွာသွားခဲ့ခြင်းလည်း မဟုတ်ပေ။ တခြားတစ်ဖက်က ကြည့်ရမည်ဆိုလျှင် သူတို့ ဘိုးဘေး၏ အားအင်အဆင့်သည် ပိုမိုကာ တိုးတက်လာခဲ့ပြီး အင်ပါယာစာရင်း၏ ဆယ်ယောက်မြောက်သို့ပင် ရောက်ရှိလာခဲ့၏။ အင်ပါယာစာရင်းတွင် လူဆယ်ယောက်သာ တည်ရှိသည် ဆိုသော်လည်း ကျိန်းသေပေါက် အားလုံးသော သူများကို လွှမ်းမိုး နိုင်သည့် စွမ်းအင်အဆင့်ကို ပိုင်ဆိုင်နေသည်။

ထို့အပြင် ဤအင်ပါယာစာရင်းသည် ခရမ်းရောင်နက်နဲလောကကြီး တစ်ခုတည်းကို ကန့်သတ်ထားခြင်း မဟုတ်ဘဲ ကောင်းကင်မူလလောကကြီးနှင့် မြေအင်မော်တယ်လောက၊ သွေးနတ်ဆိုးလောကတို့ အသီးသီး ပါဝင်လျက် ရှိနေ၏။

လောကလေးခု ပေါင်းစပ်ထားပြီးသည့်နောက် ၎င်းတို့၏ ဘိုးဘေးကြီးသည် ထိပ်တန်းအင်ပါယာ ဆယ်ယောက်ထဲတွင် ပါဝင်လျက် ရှိ၏။ မည်မျှ ဂုဏ်ယူဝံ့ကြွားစရာ ကောင်းလိုက်သနည်း။ ပြောရမည်ဆိုလျှင် ဤကဲ့သို့သော ဂုဏ်ယူဝံ့ကြွားမှုသည် လူငယ်ပါရမီရှင် မျိုးဆက်အချင်းချင်း လက်ဆင့်ကမ်းကာ ပြောဆိုရမည့် အရာမျိုး ဖြစ်သည်။

တစ်စုံတစ်ယောက်သည် အနာဂတ်ကို ကိုယ်စားပြုသည်ဆိုပါက ကျိန်းသေပေါက် ဝံ့ကြွားရမည့် အရာမျိုးပင်။ လက်ရှိ အင်ပါယာ၏ အရေးကြီးမှုသည် သိသာထင်ရှားလွန်းလှ၏။ အင်ပါယာစာရင်း၏ ထိပ်တန်းဆယ်ယောက် စာရင်းတွင် ပါဝင်သည့်လူများသည် အနာဂတ်၌ အင်မော်တယ်အဆင့်ကို တက်ရောက်နိုင်ဖို့ အခွင့်အရေးများများ ပိုင်ဆိုင်နေသည့်လူများပင် ဖြစ်၏။

သူတို့၏ ဘိုးဘေးကြီးသည်သာ အင်မော်တယ်ဖြစ်လာသည် ဆိုပါက သူတို့ ငှက်မွေးအင်မော်တယ်ကလန်တွင် ရှိနေသည့် လူပေါင်းများစွာ၏ နှလုံးသားများသည် နှလုံးပီတီ ဂွမ်းဆီထိကြမှာ သေချာ၏။ အနာဂတ်တွင် ငှက်မွေးအင်ပါယာကလန်သည် နာမည်ပင် ပြောင်းလဲရပေလိမ့်မည်။ ငှက်မွှေးအင်မော်တယ်ကလန် ဟူ၍ပင်။ ၎င်းတို့၏ ကလန်သည် အားလုံးသောသူတို့ စိုးရိမ်ကြောက်လန့်ရမည့်အရာ ဖြစ်လာခဲ့ပြီး မည်သည့် နေရာကိုသွားသွား အားလုံးသောသူတို့က ဂုဏ်ပြုရမည့် ဧည့်သည်မျိုးအဖြစ် ဆက်ဆံခံရမှာဖြစ်သည်။

ဘုန်း

တည်နေရာအက်ကွဲကြောင်းကြီးသည် ထပ်မံကာ တုန်ခါလာခဲ့ပြီး ကောင်းကင်ယံထက်တွင် အင်မော်တယ် အလင်းတန်းများ ထွန်းတောက်လာခဲ့၏။ အစစ်အမှန် နဂါးအော်သံများ၊ ဖီးနစ်၏ အော်သံများ ထွက်ပေါ် လာ၏။ နတ်ဘုရားရောင်စဉ်များ ထွန်းတောက်လာခဲ့ပြီးသည့်နောက် လူတစ်ယောက်သည် တခြားသော တည်နေရာလောကဆီမှ လျှောက်လှမ်းလာသကဲ့သို့ပင် ဖြည်းဖြည်းချင်း လျှောက်လှမ်း လာခဲ့၏။

၎င်း၏ ခြေထောက်အောက်တွင်တော့ ရောင်စဉ်အလင်းတန်းများ ထွန်းတောက်လျက် ရှိနေပြီး လောကကြီး တစ်ခုလုံးသည် ၎င်း၏ ပြိုင်စံရှားသည့် တာအိုလမ်းစဉ်ကို ကောင်းချီးပေးနေသည်။

ဘုတ် .....။

အင်ပါယာယုညိုသည် ရှေ့ဆီသို့ နှစ်လမ်း လှမ်းတက်ပြီးသည့်နောက် ခရမ်းရောင်နက်နဲလောကကြီးထဲသို့ ဆင်းသက်လိုက်၏။

လက်ရှိအခြေအနေမှာတော့ အင်ပါယာတစ်ယောက်၏ အော်ရာများသည် ဖြန့်ကျက်လျက် ရှိနေပြီး တည်နေရာ တစ်ခုလုံးသည် တဝုန်းဝုန်းနှင့် တုန်ခါနေသည်။ သက်ရှိသတ္တဝါပေါင်း များစွာတို့သည် ၎င်း ထွက်ပေါ်လာသည်နှင့်တပြိုင်နက် ထူးခြားလှသည့် နတ်ဘုရားတစ်ပါး ရောက်ရှိလာသကဲ့သို့ ရိုသေ အလေးအမြတ်ပြုမှုကို ပြသလျက် ရှိနေသည်။

“လူငယ်မျိုးဆက် ကလန်အဖွဲ့ဝင်တွေက ဘိုးဘေးကို ဂါရဝပြုပါတယ်”

“လူငယ်မျိုးဆက် ကလန်အဖွဲ့ဝင်တွေက ဘိုးဘေးကို ဂါရဝပြုပါတယ်”

“လူငယ်မျိုးဆက် ကလန်အဖွဲ့ဝင်တွေက ဘိုးဘေးကို ဂါရဝပြုပါတယ်”

ငှက်မွေးအင်ပါယာကလန်အတွင်းမှာတော့ အသံများသည် တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်ယံ တစ်ခုလုံးပင် တုန်ခါစေ၏။

အားလုံးသော သူတို့သည် ထိုနေရာဆီသို့ လှမ်းကာ ကြည့်ရှုရင်း အံ့အားသင့်လျက် ရှိနေသည်။

တခြားသော တည်နေရာတွင် ရှိနေသည့် သက်ရှိများသည် ခေါင်းကိုလှည့်ကာဖြင့် အသံထွက်ပေါ်ရာ နေရာဆီသို့ ကြည့်ရှုကာ အံ့အားသင့်လျက် ရှိနေ၏။ အင်ပါယာစာရင်းနှင့် အင်ပါရီယာလက်နက်စာရင်းတို့ ပေါ်ပေါက်လာခဲ့ ပြီးသည့်နောက် အင်ပါယာယုညိုသည် အချိန်ကိုက် ပေါ်ပေါက်လာခဲ့၏။

အင်ပါယာစာရင်းတွင် ပါဝင်သည့်လူသည် ဤကဲ့သို့ အခြေအနေမျိုးတွင် အချိန်ကိုက် ပေါ်ပေါက်လာသည် ဆိုခြင်းမှာ အင်မော်တယ်တစ်ယောက်ဖြစ်ရန် အခွင့်အရေးကို ရှာဖွေချင်သောကြောင့် ဖြစ်ပေလိမ့်မည်။ ထို့အတူ ကောင်းကင်တုန်ခါခြင်းဓားအနောက်သို့လည်း လိုက်ပေလိမ့်မည်။

“ထကြ” အင်ပါယာယုညိုသည် လေဟာနယ်ထဲ၌ မတ်မတ်ရပ်လိုက်၏။ သူ၏ ခန္ဓာကိုယ်အား ရှုပ်ထွေးလှသည့် မြူများဖြင့် ဝန်းရံလျက် ရှိနေပြီး နက်နဲလွန်းလှသည့် မျက်လုံးအကြည့်များသည် တကယ့်ပင် စူးရှလွန်းသည်။

“နှစ်သန်းပေါင်းများစွာ ကြာပြီးတဲ့နောက်မှာ ကောင်းကင်တုန်ခါခြင်းဓားရဲ့ သတင်းအချက်အလက်တွေက ပြန်ပြီး ပေါ်လာပြန်ပြီလား” အင်ပါယာယုညိုသည် အားလုံးသောသူများကို စိုက်ကာ ကြည့်ရှု လိုက်၏။ ပြီးသည့်နောက် သူသည် လောက၏ အဆုံးဘတ်တွင် ရှိနေသည့် တည်နေရာတစ်ခုအား လှမ်းကာ ကြည့်ရှုနေ၏။ ၎င်း၏ အကြည့်သည် ကောင်းကင်မူလလောကကြီး၏ အသဲနှလုံး တည်နေရာသို့ ရောက်ရှိနေလေ၏။

All Chapters