အပိုင်း (၅၄၁)
Vol. 37 Ch. 541
ရက်ပေါင်းများစွာ ကြာမြင့်ပြီးသည့်နောက် မြေအင်မော်တယ်လောကကြီးသည် ပုံမှန်မဟုတ် တည်ငြိမ်လျက် ရှိနေတုန်းပင်။ ဤအရာသည် ရောရုဝပြည်ကြီး တစ်ခုလုံးအား မောင်းထုတ်လိုက်နိုင်သောကြောင့် မဟုတ်ပေ။ ဘာမှန်းမသိသည့် အကြောင်းအရာဖြင့် ရောရုဝပြည်၏ သက်ရှိသတ္တဝါများသည် အရှေ့ဆီသို့ လှမ်းမတက် လာကြဘဲ အနောက်သို့ပင် ဆုတ်ခွာသွားခဲ့ကြ၏။
ပထမဦးဆုံး မြေအင်မော်တယ်လောကတွင် ရှိနေသည့် သက်ရှိသတ္တဝါပေါင်း များစွာတို့သည် ဇဝေဇဝါ ဖြစ်နေကြ၏။ တချို့သည် အသေခံ တိုက်ခိုက်ရန် ပြင်ဆင်ခဲ့ပြီးသားဖြစ်၏။ တချို့မှာတော့ အဆိုးဆုံး အခြေအနေကို ကြိုတင်ကာ စဉ်းစားထားခဲ့ပြီးသားဖြစ်၏။ သို့ပေမဲ့ ရောရုဝပြည်မှ စွမ်းအားမြင့် ကျင့်ကြံသူများသည် အနောက်သို့ ဆုတ်ခွာရန် စဉ်းစားခဲ့ကြ၏။ ထို့ကြောင့် သူတို့သည် ကြောင်တောင်တောင် ခံစားနေမိသည်။
ကံကောင်းစွာဖြင့် မကြာခင်မှာပဲ ထိုကဲ့သို့သော အကြောင်းအရာ၏ သတင်းအချက်အလက်ကို သူက ရရှိခဲ့၏။ ရောရုဝပြည်၏ စွမ်းအားမြင့် ကျင့်ကြံသူများသည် တော်ဝင်သဲကန္တာရမြို့ အနီးအနားတွင် သုတ်သင်ခြင်းကို ခံလိုက်ရ၏။ ဤသတင်းသည် ဟာရီကိန်းမုန်တိုင်း ကဲ့သို့ပင် တည်နေရာအနှံ့ဆီသို့ ပျံ့နှံ့သွားခဲ့၏။
များပြားလှသည့် လူများသည် ၎င်းတို့၏ မျှော်လင့်ချက်များကို ပြန်လည် ရရှိခဲ့ကြပြီဖြစ်၏။ စီနီယာနန်းဆောင်သခင် ဝင်ရောက် လှုပ်ရှားခဲ့လေသည်လား။ စီနီယာနန်းဆောင်သခင်သည်သာ ဝင်ရောက် လှုပ်ရှားသည် ဆိုပါက ရောရုဝပြည်သည် ထည့်သွင်း စိတ်ပူရမည့်အရာပင် မဟုတ်ချေ။
ကံဆိုးစွာဖြင့် ရက်အနည်းငယ် ကြာပြီးသည့်နောက် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီမှ မည်သည့် လှုပ်ရှားမှုမှ ပေါ်မလာခဲ့ကြချေ။ တော်တော်များများတို့၏ မျှော်လင့်ချက်များသည် သဲထဲရေသွန် ဖြစ်ခဲ့ကြပြန်၏။ စီနီယာ နန်းဆောင်သခင်သည် တကယ့်ကို ဆန်းကြယ်လွန်းလှ၏။ သူ ဝင်ရောက် လှုပ်ရှားမလား၊ မလှုပ်ရှားဘူးလား ဆိုသည်ကို သိရှိသူဆိုသည်မှာ သူသာလျှင် ဖြစ်ပေလိမ့်မည်။
မည်သူမှသည် ထိုသူ့ကို မတားဆီးနိုင်သလို၊ မည်သူမှသည် ထိုသူ ဘာလုပ်မည်ကို မခန့်မှန်းခဲ့ချေ။ ဖြစ်နိုင်သည်မှာ အစတည်းက စီနီယာနန်းဆောင်သခင်သည် ဝင်ရောက် လှုပ်ရှားရန် ရည်ရွယ်ချက်ရှိပုံ မပေါ်ပေ။ ရောရုဝပြည်မှ လူများသည် အဆင်ခြင် ကင်းမဲ့စွာဖြင့် တော်ဝင်သဲကန္တာရမြို့ အနီးအနားတွင် ဝင်ရောက်ကာ လှုပ်ရှားခြင်းကြောင့် ထကာ တိုက်ခိုက်ခဲ့ပုံရသည်။
ထိုအကြောင်းအရာကို သိရှိပြီးသည့်နောက် လူပေါင်းများစွာတို့သည် စိုးရိမ်ပူပြန်လာမိကြ၏။ အချက်အလက် အားဖြင့် ၎င်းတို့၏ သေခြင်း၊ ရှင်ခြင်းသည် စီနီယာနန်းဆောင်သခင်ပေါ်တွင် မူတည်လျက် ရှိနေ၏။ စီနီယာ နန်းဆောင်သခင်သည်သာ သူတို့အတွက် ဝင်ရောက်လှုပ်ရှားမှုကို မပြုလုပ်ဘူး ဆိုပါက ကျိန်းသေပေါက် သူတို့သည် ဖိနှိပ်ခြင်းကို ခံရပေလိမ့်မည်။
“ဒီအတောအတွင်း ရောရုဝပြည်က အဆင်ခြင်မဲ့ တိုက်ခိုက်မှုကို မပြုလုပ်တော့ဘူး။ ဒါ စီနီယာနန်းဆောင်သခင် ကြောင့်ပဲ ဖြစ်ရမယ်” မြေအင်မော်တယ်လောကတွင် ရှိနေသည့် အကြီးအကဲ သူတော်စင်တစ်ယောက်သည် နက်နဲအလင်းလောကကြီး တည်ရှိရာ နေရာဆီသို့ လှမ်းမျှော်ကြည့်ရှုကာ ပြောလိုက်၏။
သူ၏ ဘေးတစ်ဖက်တွင်တော့ လူပေါင်းများစွာတို့က ရပ်လျက် ရှိနေကြ၏။ ၎င်းတို့၏ ဆံနွယ်များသည် လေထဲတွင် လွင့်မျောလျက်ရှိနေပြီး မုတ်ဆိတ်ဖြူများနှင့် တကယ်ပင် ကြည့်ကောင်းလွန်းလှ၏။ သူတို့၏ ဂိုဏ်းသည် သူတို့၏ အမွေအနှစ်ပင် ဖြစ်၏။ လောကကြီး တစ်ခုလုံး ဖျက်ဆီးခံရသည် ဆိုပါက သူတို့အနေနှင့် ဂိုဏ်းထဲတွင် နေထိုင်နေ၍မရတော့ချေ။ သူတို့၏ ဂိုဏ်းတစ်ခုလုံး ဖျက်ဆီးခံရခြင်းနှင့်အတူ ၎င်းတို့အားလုံး သည်လည်း အခြေခံ တစ်ခုလုံး ပျောက်ကွယ်သွားမှာဖြစ်သည်။
“ဒါပေမဲ့ ဒီကိစ္စက ကြာကြာခံမယ် မထင်ဘူး”
စီနီယာတစ်ယောက်က ပြောဆိုလိုက်၏။ သူသည် ခေါင်းကို အသာခါယမ်းလိုက်၏။ စီနီယာနန်းဆောင်သခင်သည် တကယ်ပဲ အားကောင်းလွန်းလှ၏။ သို့ပေမဲ့ သိသာ ရှင်းလင်းစွာဖြင့် အသင်္ချေ များပြားလှသည့် မျိုးနွယ်စုများ၏ အသက်များကို ဂရုစိုက်သူ မဟုတ်သည်မှာတော့ ရှင်းလင်းလှ၏။
ဖြစ်နိုင်သည်မှာ အချိန်အတိုင်းအတာတိုအတွင်း ခရမ်းရောင်နက်နဲလောကထဲတွင် ရောက်ရှိနေသော ရောရုဝပြည်မှ လူများသည် အခြေအနေ တစ်ခုလုံးကို ပြန်လည်ကာ သုံးသပ်ပြီး ကျိန်းသေပေါက် ပြန်လည်ကာ တိုက်ခိုက်တော့မှာ ဖြစ်၏။ ပြန်လည်ကာ တိုက်ခိုက်သည်ဆိုပါက မြေအင်မော်တယ်လောကကြီး အနေနှင့် ဖျက်ဆီးခံရခြင်း ကံကြမ္မာမှ လွတ်မြောက်ဖို့ မဖြစ်နိုင်ချေ။
“တကယ်လို့ မြေအင်မော်တယ်လောကကြီးက ဇွဲကောင်းကောင်းနဲ့ ခုခံထားချင်တယ်ဆိုရင် တစ်စုံတစ်ယောက် အနေနဲ့ အန္တိမကျင့်ကြံသူ အဆင့်ကို ရောက်ဖို့ လိုတယ်”
“တစ်စုံတစ်ယောက် မဟုတ်ဘူး။ လူများများ ရောက်ရင်ကောင်းမယ်”
အနီးအနားတွင် ရှိနေသည့် ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးသည် လှမ်းကာ ပြောဆိုလိုက်၏။ သူမက ဆက်လက် ပြောဆိုလိုက်၏။ “ပြောရမယ်ဆိုရင် ကျွန်မတို့ မြေအင်မော်တယ်လောကကြီးက အရင် ခရမ်းရောင်နက်နဲ လောကကြီးနဲ့ ခြားနားတဲ့ အခြေအနေမျိုးကို ရင်ဆိုင်နေရတာ။ အစတုန်းက မြေအင်မော်တယ်လောကမှ အစစ်အမှန် အင်မော်တယ်တွေ ရှိခဲ့တယ်။ သူတို့က တစ်ယောက်နဲ့ တစ်ယောက် ပူးပေါင်းဆောင်ရွက်မှုတွေ မပြုလုပ်ခဲ့ကြဘူး။ ဒါကြောင့် ခရမ်းရောင်နက်နဲလောကထဲမှာ အစစ်အမှန် အင်မော်တယ်တစ်ယောက် ပေါ်ပေါက်လာတော့ လောကကြီး နှစ်ခုလုံးက တန်းတူညီတူလို ဖြစ်ခဲ့တာပဲ”
“ဒါပေမဲ့ လက်ရှိ အခြေအနေမှာတော့ အန္တိမ ကျင့်ကြံသူတွေ ပေါ်ပေါက်လာခဲ့ကြတယ်လေ။ အားလုံးက ရောရုဝပြည်ကို အညံ့ခံခဲ့ကြတယ်။ အားလုံးက ရောရုဝပြည်အရှင်ရဲ့ အမိန့်ကို လိုက်နာခဲ့ကြတယ်။ အန္တိမ လမ်းစဉ် ကျင့်ကြံခြင်းအဆင့်ကို ပိုင်ဆိုင်တဲ့ တစ်ယောက်၊ နှစ်ယောက်လောက်ကို ရှင်းပစ်ဖို့ဆိုတာ သူတို့ အတွက် ဘာတစ်ခုမှ ခက်ခဲမှာ မဟုတ်ဘူး။ သူတို့က စည်းလုံးတယ်။ ကျွန်မတို့ဘက်မှာ အန္တိမကျင့်ကြံသူ တစ်ယောက်လောက် ပေါ်လာရုံနဲ့ တန်းတူဖြစ်သွားမှာ မဟုတ်ဘူး”
ဤစကားစုသည် လက်ရှိ ရှိနေသည့် အားလုံးသော သူတို့၏ နှလုံးသားများကို လေးလံသွားစေခဲ့၏။ ဤအရာသည် လောက၏ သဘာဝပင် ဖြစ်လေ၏။ မြေအင်မော်တယ်လောကကြီးသည် ဖြေရှင်း၍ မရနိုင်သည့် အခြေအနေ တစ်ခုဆီသို့ ရောက်ရှိနေကြောင်း ဖော်ညွှန်းပြသနေခြင်းပင်။ တော်တော်များများတို့သည် ဖြေရှင်းရန် အခြေအနေ မရှိကြောင်းကို နားလည်ပြီး ဖြစ်၏။ ရောရုဝ ဆိုသည့် စကားလုံးသည် တောင်ကြီး တစ်ခုကဲ့သို့ပင် မြင့်မားပြီး ၎င်းတို့ကို ဖိနှိပ်ကာ အသက်ရှု ကြပ်စေခဲ့သည်။
“ပိုပြီး အရေးကြီးတာက”
စောဏက ပြောဆိုခဲ့သည့် အကြီးအကဲသည် ခဏလောက် စဉ်းစားလိုက်၏။ “ရောရုဝပြည်ရဲ့ လူတွေက အင်မော်တယ်တွေလိုပဲလေ။ သူတို့က သေဆုံးနိုင်တဲ့လူတွေ မဟုတ်ဘူး။ ပြီးတော့ အန္တိမကျင့်ကြံသူတွေ က တစ်ဒါဇင်ကျော်လောက် ရှိလိမ့်မယ်။ ဒါက မြင်နေရတဲ့ အရာပဲ ရှိနေသေးတယ်။ ပုန်းကွယ်နေတဲ့လူတွေ ဘယ်လောက်တောင် များမလဲ”
သူသည် စကားလုံးကို ဆုံးအောင် မပြောခဲ့ချေ။ သို့ပေမဲ့ အားလုံးသော သူတို့သည် နားလည်ပြီးဖြစ်သည်။
မြေအင်မော်တယ်လောကကြီး အနေနှင့် အန္တိမ ကျင့်ကြံသူအဆင့် တစ်ဒါဇင်ကျော်ကို ထုတ်ဖော်နိုင်စွမ်း ရှိသည် ဆိုလျှင်တောင်မှ ကွာခြားချက်က ကြီးကြီးမားမား ကျန်ရှိနေသေး၏။ တစ်ဖက်လူများကို သူတို့သည် ကျိန်းသေပေါက် သတ်ဖြတ်ပစ်၍ မရနိုင်ချေ။ တစ်ဖက်လူများသည် မသေဆုံးနိုင်သည့် အလောင်းကောင်များ ဖြစ်နေသည် မဟုတ်ပါလား။
“အင်း... ရောရုဝပြည်ရဲ့ ဒီလို ခြောက်ခြားဖွယ်ရာ နည်းစနစ်ကို ချိုးဖြတ်နိုင်မယ့် နည်းလမ်းတစ်ခုခုသာရှိရင် ကျိန်းသေပေါက် ပြဿနာကို ဖြေရှင်းပြီး ဖြစ်လိမ့်မယ်” အသက်အရွယ် ကြီးရင့်လှသည့် အမျိုးသမီး တစ်ယောက် သည် လှမ်းကာ ပြောဆိုလိုက်၏။
“ပြောရမယ်ဆိုရင် ထာဝရ အစစ်အမှန် အင်မော်တယ်က ကောင်းကင်မူလလောကကြီးကို သွားနှင့်နေပြီ။ သူ့ရဲ့ အားအင်အဆင့်အရဆိုရင် အန္တိမ ကျင့်ကြံခြင်းအဆင့်ကို ရောက်ရှိဖို့ဆိုတာ မဖြစ်နိုင်တဲ့အရာ မဟုတ်ဘူး။ ပြီးတော့ သူက ရောရုဝပြည်ရဲ့ နတ်ဘုရားစွမ်းရည်ကို ချိုးဖြတ်နိုင်တဲ့ နည်းလမ်းတစ်ခုခု ရှာဖွေကောင်း ရှာဖွေနိုင်လိမ့်မယ်” ဟောခန်းအတွင်းမှာတော့ တစ်စုံတစ်ယောက်က တီးတိုးရေရွတ်လိုက်သည်။
သူ ဆက်ကာ မပြောရသေးခင်မှာပဲ အသက်ကို ပြင်းပြင်းရှူလိုက်၏။ ရှိရှိသမျှသော လူများအားလုံးကို ဝေ့ကြည့်ကာ ပြောလိုက်၏။ “ကျုပ်ဆီမှာ တခြားနည်းလမ်းတစ်ခု ရှိတယ်။ ကျုပ်တို့ အဲတာကို စဉ်းစားသင့်လား ဆိုတာကို ကျုပ် သိချင်မိတယ်”
“ဘာနည်းလမ်းလဲ”
ဟောခန်းထဲတွင် ရှိနေသည့် လူပေါင်းများစွာတို့သည် အသာလှည့်ကာ ကြည့်ရှုလိုက်၏။ “နက်နဲအလင်းလောကကြီးက ရောရုဝပြည်နဲ့ မြေအင်မော်တယ်လောကကြီးမှာရှိတဲ့ ကျုပ်တို့ရဲ့ နိရယလောက တို့က တူညီတဲ့ အချက်အလက်တွေ ရှိတယ်လေ။ ဒီတော့ ဒီနှစ်ခုကြားမှာ ပတ်သက် ဆက်နွယ်မှု ရှိနေတယ်လို့ ခင်ဗျားတို့ ထင်လား” ထိုသူသည် အမှတ်မထင်ဖြင့် မေးမြန်းလိုက်၏။
“ခင်ဗျားက နိရယ အင်ပါယာ အကြောင်းကို ပြောနေတာလား” အဖြူရောင်ဝတ်စုံနှင့် အကြီးအကဲက မျက်မှောင်ကုတ်လိုက်သည်။
အချက်အလက်အားဖြင့် နက်နဲအလင်းလောကကြီးတွင် ရောရုဝပြည် ပေါ်ပေါက်လာခဲ့သည့် အချိန်က မြေအင်မော်တယ်လောကတွင် ရှိနေသည့် သက်ရှိသတ္တဝါများသည် ရောရုဝပြည်ဆိုသည်မှာ နိရယအင်ပါယာ ဖန်တီးတည်ထောင်ခဲ့သည့် အရာဖြစ်မလားဟုပင် တွေးထင်ခဲ့မိကြ၏။
သို့ပေမဲ့ သူတို့၏ မြေအင်မော်တယ်လောကတွင် ရှိနေသည့် နိရယအင်ပါယာသည် တခြားသော သက်ရှိသတ္တဝါများကို အလစ်ချောင်းကာ တိုက်ခိုက်သတ်ဖြတ်ခဲ့ခြင်း မလုပ်ခဲ့ချေ။ ထို့အပြင် သူမသည် မြေအင်မော်တယ်လောကမှ လူတစ်ယောက်ဖြစ်၏။ ကြီးမားလှသည့် ရည်မှန်းချက်များကို ကိုင်ဆောင်ထားသည် ဖြစ်သော်ငြား မြေအင်မော်တယ်လောက၏ သက်ရှိသတ္တဝါပင် ဖြစ်လေသည်။
“ဒါက မှန်တယ်”
ထိုပြောဆိုသူက ခေါင်းညိတ်ကာ ထပ်မံပြောဆိုလိုက်၏။ “နိရယအင်ပါယာက ကျိန်းသေပေါက် ရောရုဝပြည်ရဲ့ လျှို့ဝှက်ချက် တချို့ကို သိရလိမ့်မယ်။ ကျိန်းသေပေါက် သူမရဲ့ လက်ထဲမှာ ရောရုဝပြည်ရဲ့ နည်းစနစ်ကို ဘယ်လိုချိုးဖြတ်ရမလဲဆိုတဲ့ နည်းလမ်း ရှိနေမှာ သေချာတယ်”
“ဒါက......”
တိတ်ဆိတ်ငြိမ်သက်မှုသည် အားလုံးသောသူတို့ဆီသို့ ရောက်ရှိလာခဲ့ကြ၏။ ဤဖြစ်နိုင်ချေသည် မဖြစ်နိုင်သည့် အကြောင်းအရာမျိုး မဟုတ်ချေ။ သို့ပေမဲ့ အဓိက သော့ချက်အားဖြင့် နိရယအင်ပါယာကို မည်ကဲ့သို့ သွားရောက်ရှာဖွေရမည်နည်း။
“အစတုန်းက နိရယအင်ပါယာက ထာဝရ အစစ်အမှန် အင်မော်တယ်နဲ့ တော်ဝင်အင်ပါယာ ပိုင်လီတို့ တိုက်ခိုက်ခြင်းကို ခံခဲ့ရတယ်။ ဒီတော့ သူမ ဘယ်မှာရှိလဲ ဘယ်သူမှ မသိဘူး။ ကျုပ်တို့အနေနဲ့ သူမကို အပြင်ကို ထွက်ပြီး မြေအင်မော်တယ်လောကကြီးကို ကူညီစေချင်တယ်ဆိုပေမဲ့ ဒီကိစ္စက လွယ်ကူတဲ့ ကိစ္စရပ်မျိုး ဖြစ်မှာ မဟုတ်ဘူး” အဘွားအိုတစ်ယောက်သည် လေးနက် တည်ကြည်စွာဖြင့် ပြောဆိုလိုက်၏။
“ဒါပေမဲ့ မမေ့နဲ့အုံး။ လက်ရှိ နက်နဲအလင်းလောကမှာရှိတဲ့ ရောရုဝပြည်က ခုခံဖို့ ခက်ခဲတဲ့အရာပဲ။ သူတို့ဆီက လျှို့ဝှက်ချက်တွေကို ရရှိဖို့အတွက် ကျိန်းသေပေါက် ကြီးမားတဲ့ တန်ကြေးကို ပေးဆပ်ရလိမ့်မယ်” အဘွားအိုက လေးလေးနက်နက်နှင့် ပြန်ပြောလိုက်သည်။
ဤစကားစုသည် မှားယွင်းသည့် အရာမျိုး မဟုတ်ချေ။ ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီမှ ရရှိခဲ့သည် သတင်း အချက်အလက်များသည် တကယ့်ကို ထူးချွန်ပြောင်မြောက်လှသည့် သတင်းအချက်အလက်များဖြစ်၏။ ထို့အတူ သတ်မှတ်ထားသည့် ပမာဏကိုလည်း ပြန်လည် ပေးဆပ်ရ၏။
နက်နဲအလင်းလောကရှိ ရောရုဝပြည်၏ သတင်းအချက်အလက်များသည် သာမန်လူများ တတ်နိုင်သည့် အရာမျိုး ဟုတ်မည် မထင်ပေ။ သို့ပေမဲ့ နိရယအင်ပါယာ မည်သည့်နေရာတွင် ရှိသည်ဆိုသော သတင်းအချက်အလက်ကို ဝယ်ယူခြင်းက ပိုမိုကာ တည့်တိုးဆန်ပြီး ပေးအပ်ရမည့် ပမာဏလည်း နည်းပေလိမ့်မည်။ နက်နဲအလင်းလောကကြီးရှိ ရောရုဝပြည်၏ အားနည်းချက်များကို သိရှိရန်အတွက် နိရယအင်ပါယာသည် ဖြတ်လမ်းတစ်ခုပင် ဖြစ်လာနိုင်သည်။
“အင်း... နိရယအင်ပါယာတစ်ယောက် ဘယ်မှာရှိတယ်ဆိုတဲ့ သတင်းအချက်အလက်ကို ဝယ်ယူဖို့က အရမ်းလွယ်တယ်။ ဒါပေမဲ့ သူမက ပူးပေါင်းပါဝင်မှု မရှိဘူးဆိုရင် ဘယ်လိုလုပ်မလဲ” အကြီးအကဲ အမျိုးသမီး တစ်ယောက်က မေးမြန်းလိုက်၏။
“ဒီလောကကြီးထဲမှာ ကောင်းကင်လျှို့ဝှက်နန်းဆောင်က မဖြေရှင်းနိုင်တဲ့ ကိစ္စရပ်ဆိုတာ ရှိလား” ဆန်းကြယ် လှသည့် အကြီးအကဲ တစ်ယောက်သည် ပြုံးကာဖြင့် ဖြည်းညှင်းစွာ ပြောဆိုလိုက်သည်။