အခန်း (၂၆၂)
Vol. 18 Ch. 262
"စီနီယာ အဲမေးခွန်းကို ကျုပ်မေးတယ်လို့ သဘောထားပေးပ"
အောင်းရွှမ်က ပိုမိုမြန်ဆန်၏။ စားပွဲပေါ်သို့ တော်ဝင်သူတော်အဆင့် ဆေးပင်တစ်ခုကို အသာတင်ကာ ပြောလိုက် ၏။ ပြီနောက် မုန့်ရှင်းကျီကို အထင်အမြင်သေးသလို လှမ်းကာကြည့်ရှုလိုက်သေးသည်။
“အဟမ်း အဟမ်း ….”
မုန့်ရှင်းကျီသည် ချောင်းဟမ့်ကာဖြင့် သူပေးရန် ပြင်ဆင်နေသည့် လက်နက်ကို ပြန်လည် သိမ်ဆည်းလိုက်၏။ တစ်စုံတစ်ယောက်သည် သူ့ထက် အရင် ပေးချင်နေသည်ဆိုမှတော့ အဘယ့်ကြောင့် ရူးကြောင်ကြောင်နှင့် သူက ပေးအပ်ရမည်နည်း။ လက်နက်တစ်ခုကို ရရှိခြင်းဆိုသည်မှာ အခွင့်အရေးတစ်ခုချို့ကို ရရှိခြင်းပင် ဖြစ်လေ၏။ အရင်းအမြစ် သို့မဟုတ် အမွေအနှစ်တစ်ချို့ကို သိမ်းစည်းထားနိုင်ခြင်းသည် ကောင်းမွန်လှသည့် အရာပင်။
"အတိအကျတော့ မရှိသေးဘူး"
လီယွင်သည် ခေါင်းကို အသာခါယမ်းလိုက်၏။
“ဟမ် …”
အောင်းရွှမ် နှင့် မုန့်ရှင်းကျီတို့၏ မျက်နှာ အမူအရာများသည် ပြောင်းလဲသွားခဲ့ကြသည်။
“အခုရောက်လာတဲ့လူတွေက အင်ပါယာမိုယွမ်ရဲ့ လက်အောက်ကလူတွေလည်း မဟုတ်ဘူး။ ဒီလောကကြီးထဲမှာ ရှိနေတဲ့ အရင်းအမြစ်တေကို ရယူချင်တဲ့စိတ်နဲ့ ရောက်လာတဲ့ တခြားဂိုဏ်းကဏ္ဍအသီးသီးက လူတွေပဲလေ။" လီယွင်သည် တည်ငြိမ်အေးဆေးစွာဖြင့် ဖြေကြားလိုက်၏။
အင်ပါယာမိုယွမ်သည် သူ၏ အစစ်အမှန် အားအင်ကို ထုတ်ဖော်မပြသသေးချေ။ သို့ပေမဲ့ တခြားသော ဂိုဏ်းများသည် ၎င်းတို့ဘာသာ လှုပ်ရှားနေကြပြီ ဖြစ်၏။ တည်နေရာလမ်းကြောင်း ပွင့်သွားသည်ဟု ကြားသည်နှင့် မည်သူက ငြိမ်ငြိမ်သက်သက် နေတော့မည်နည်း။ လောကကြီး တစ်ခုဆိုသည်မှာ ရေတွက်၍ မရအောင် များပြားလှသည့် အခွင့်အရေးများ တည်ရှိနေသည့် အရာပင်။ အင်ပါယာတစ်ယောက်သည် တည်နေရာလမ်းကြောင်းကို ဖွင့်လှစ်ပေးလိုက် ဆိုမှတော့ ၎င်းတို့သည် အထဲသို့ဝင်၍ အမွေအနှစ်များကို ရယူရန် တာဝန်ရှိလာပြီဖြစ်သည်။
အင်ပါယာမိုယွမ်ကလည်း ထိုသူအားလုံးကို စတေးခံ အဖြစ် သဘောထား၏။ အထဲသို့ ဝင်ရောက်ခြင်းအားဖြင့် ကောင်းကင်မူလလောကကြီး၏ အစစ်အမှန် အားအင်ကို ချိန်ဆ၍ ရနိုင်သည်။ ယခင် အင်ပါယာ၏ သင်ခန်းစာ ကို သူက ကောင်းကောင်း လေ့လာခဲ့ပြီးသား ဖြစ်၏။ သူ့အနေဖြင့် အင်အားစုများကို စုစည်းရန် လိုအပ်နေသေး၏။ အဆင်အခြင်မဲ့ ပြုလုပ်ခြင်းသည် ဆုံးရှုံးမှုများကိုသာ ရရှိစေမည်ဖြစ်ကြောင်း သူက သတိပြုမိ၏။
"ဒါနဲ့"
လီယွင်သည် တစ်စုံတစ်ခုကို သတိရသွားသလို လက်ကို ယမ်းခါလိုက်၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲ၌ ပုံရိပ်ယောင် မြင်ကွင်းတစ်ခု ပေါ်ပေါက်လာ၏။ လူနှစ်ယောက်တို့သည် မတ်မတ်ရပ်လျက် ရှိနေပြီး ၎င်းတို့ဆီမှ ကြီးကျယ်ခမ်းနားလှသည့် အော်ရာများ ထွက်ပေါ်နေသည်။
"အခု ခရမ်းရောင်နက်နဲလောက ရဲ့ ကွာစီအင်ပါယာနှစ်ယောက် ရောက်လာပြီ။ သူတို့က အင်ပါယာမိုယွမ်ရဲ့ အမိန့်ပေးမှုအောက်မှာ မရှိကြဘူး။ ဒါပေမဲ့ စွမ်းအားမြင့် အင်အားစုတွေရဲ့ ထိပ်တန်းကျင့်ကြံသူတွေပဲ။ ပြီးတော့"
လီယွင်က ဆက်ပြောလိုက်၏။ "သူတို့နဲ့အတူ အင်ပါရီယာလက်နက်တွေလည်း ပါ လာသေးတယ်"
သူတို့သည် တူညီသည့် လောကကြီးတွင် နေထိုင်သည့် လူများဖြစ်ကြ၏။ ထို့ကြောင့် သတင်းအချက်အခက် မျှဝေသည့် နေရာ၌ ကပ်စီးမနည်းတော့ချေ။
ထိုပြင် ဤနှစ်ယောက်သည် တိုက်ခိုက်ရေး တည်နေရာသို့ ရောက်ရှိပြီးသား ဖြစ်၏။ ၎င်းတို့ မည်သူဖြစ်သည်ကိုပင် ဖုံးကွယ်မထားခဲ့ကြချေ။ အားလုံးက မြင်ခဲ့ပြီးမှတော့ သူ့အနေဖြင့် သိုဝှက်ထားလျှင်လည်း အလုပ်ဖြစ်တော့မည် မဟုတ်ချေ။ တစ်ဖက်လူများသည် လှုပ်ရှားရန် ပြင်ဆင်နေပြီ ဖြစ်သောကြောင့် သူ့အနေဖြင့် ထုတ်ဖော် ပြောဆိုရပေတော့မည်။
"ဒါက …."
ပုံရိပ်ယောင် မြင်ကွင်းကို မြင်ရသည့် အချိန်မှာတော့ အောင်းရွှမ် နှင့် မုန့်ရှင်းကျီတို့သည် ကျောရိုးမကြီးပင် အေးစိမ့်သွားခဲ့ကြ၏။ ခရမ်းရောင် နက်နဲလောကဆီမှ ထုတ်ဖော်ခဲ့သည့် အင်အားစုသည် ကြောက်မက်ဖွယ်ရာ ကောင်းလှ၏။ အင်ပါယာမိုယွမ်၏ အဖွဲ့များပင် မရောက်လာကြသေးချေ ။ တခြားသော ဂိုဏ်းများကပင် ကြောက်မက်ဖွယ်ရာ ကောင်းသည့် အခြေအနေသို့ ရောက်ရှိနေပြီး သူတို့လူသားမျိုးနွယ် တစ်ခုလုံး ကပ်ဘေးစိုက်မည့် အခြေအနေသို့ ရောက်ရှိနေ၏။
ဤတစ်ကြိမ်တွင် ကူညီမည့် ရှေးအင်ပါယာဟူ၍ မရှိချေ။ ရှိလျှင်ဆိုသည်တောင်မှ ရှေးအင်ပါယာတစ်ယောက်တည်းနှင့် အင်ပါယာလေးယောက်ကို တိုက်ခိုက်ရန်မှာ လုံလောက်မည် မဟုတ်ပေ။ ထို့ပြင် ကွာစီအင်ပါယာများနှင့် အင်ပါရီယာ လက်နက်များကလည်း ကျန်နေသေးသည်။
အောင်းရွှမ်နှင့် မုန့်ရှင်းကျီတို့ နှစ်ယောက်လုံးသည် သေသေချာချာ စဉ်းစားလျက် ရှိနေ၏။ သူတို့ တိုက်ပွဲဝင်ရမည်လား။ နှစ်ဖက်လုံးတွင် အင်ပါယာများ မရှိသော်လည်း ကွာစီအင်ပါယာ နှင့် အင်ပါယာလက်နက်ဆိုသည်မှာ ကြောက်မက်ဖွယ်ရာ တိုက်ခိုက်ရေး စွမ်းရည်ကို ထုတ်ဖော်နေနိုင်ပြီ မဟုတ်ပါလား။
သူတို့အနေဖြင့် သေသေချာချာ မဆုံးဖြတ်ရသေးခင်ဘဲ မြင်ကွင်းသည် တဖြည်းဖြည်း ပိုမို လေးနက်လာခဲ့၏။
တည်နေရာတွင် နေလုံးကြီးတစ်ခု ဖြစ်တည်လာခဲ့ပြီး ခြေသုံးချောင်းနှင့် နတ်ဘုရားငှက်ကြီး တစ်ကောင် ပေါ်ပေါက်လာခဲ့၏။ ၎င်းသည် နတ်ဘုရားမီးများကို ထုတ်ဖော်လျက် ရှိနေပြီး ကောင်းကင်မှ ဆင်းသက်လာခဲ့သည့် နတ်ဆိုးနတ်ဘုရားကဲ့သို့ပင်။ ၎င်းပေါ်လာသည်နှင့် ကြောက်မက်ဖွယ် ကောင်းလှသည့် စွမ်းအင်များသည် တည်နေရာ တစ်ခုလုံးကို ဖြန့်ကျက်ကာ လွှမ်းခြုံသွားသည်။
"တာအိုရောင်းရင်း ရွှေကျီးကန်းတောင် လှုပ်ရှားပြီပဲ"
ထိုမြင်ကွင်းကို မြင်ရသည့် အချိန်မှာတော့ ၎င်းတို့စိတ်ထဲရှိ လေးလံမှုများသည် ပျောက်ကွယ်သွားလေ၏။ ရွှေကျီးကန်းကလန်၏ ဆိုလိုရင်းမှာ မွန်းစတားကလန်များအနေဖြင့် ဤတစ်ကြိမ်တွင် အလေးအနက်ရှိရမည် ဆိုသော ဆိုလိုရင်းပင် ဖြစ်ပေမည်။
ခရမ်းရောင် နက်နဲလောကကြီးသည် တော်ဝင်အင်ပါယာမပေါ်လာသေးခင်မှာဘဲ ကွာစီအင်ပါယာသုံးယောက်က ပေါ်လာခဲ့ပြီ ဖြစ်၏။ ထို့ပြင် အင်ပါရီယာလက်နက်နှစ်ခုကလည်း ပါဝင်လာသေး၏။ ခရမ်းရောင် နက်နဲလောကကြီး၏ အားအင်အဆင့်ကို တိတိကျကျ မသိသေးသော်လည်း ဤလောကကြီးသည် သွေးနတ်ဆိုးလောကကြီးထက် ပို၍ အားကောင်းမည်မှာ ယုံမှား သံသယ ရှိစရာမလိုချေ။ မျိုးနွယ်စုများသာ မစည်းလုံးပါက အားလုံး ဒုက္ခရောက်ကုန်လိမ့်မည်။
မြင်ကွင်းထဲမှာတော့ ရွှေကျီးကန်းကလန်၏ ဘိုးဘေးကြီးသည် အားအင်အပြည့်နှင့် တိုက်ခိုက်လျက် ရှိနေ၏။ ရောင်စဉ်အလင်းတန်းများသည် ၎င်း၏ ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်လျက် ရှိနေပြီး မိုင်သန်းချီ အကွာအဝေးကိုပင် လွှမ်းခြုံထားခဲ့၏။ အောင်းရွှမ်နှင့် မုန့်ရှင်းကျီတို့သည် အနီးအနားတွင် မရှိသော်လည်း တိုက်ပွဲကို ကြည့်ရှုပြီးသည့်နောက် အခြေအနေကို နားလည်လာ၏။ တိုက်ပွဲအနီးအနားတွင်တော့ ရီကလန်နှင့် လင်းကလန်တို့မှ ကွာစီအင်ပါယာများသည်လည်း ခရမ်းရောင်နက်နဲလောကမှ ကွာစီအင်ပါယာတစ်ယောက်နှင့် တိုက်ခိုက်လျက် ရှိနေ၏။ ၎င်းတို့သည် အထက်စီးမှ ရရှိနေသော်လည်း ပြိုင်ဖက်ကို သတ်ဖြတ်ရန်မှာတော့ မလွယ်ကူလှသေးချေ။
"ကျုပ်တို့ နှောင့်နှေးနေလို့ မဖြစ်တော့ဘူး။ "
အောင်းရွှမ်သည် အံကိုကြိတ်လိုက်၏။ သူသည် ရုတ်တရက် မတ်တပ်ထရပ်လိုက်သည်။ ရှေ့သို့ပြေးကာ တိုက်ပွဲ ဝင်ချင်သော်လည်း နဂါးကလန်သည် ရေတွက်၍မရေအာင် များပြားလှသည့် ရေအောက်မြို့နွယ်စုများကို ကိုယ်စားပြုသူများဖြစ်သည်။ ထို့ကြောင့် အချိန်ကိုက်လှုပ်ရှားရန် လိုအပ်နေ၏။
"နေအုံး"
မုန့်ရှင်းကျီ၏ မျက်လုံးများသည် တောက်ပသွား၏။ သူသည် အောင်းရွှမ်ကို ကြည့်ကာဖြင့် စဉ်းစဉ်းစားစားဖြင့် တားမြစ်လိုက်သည်။
“ဟမ် …”
အောင်းရွှမ်သည် အလိုမကျသလို လှမ်းကြည့်လိုက်သည်။ ပြီးနောက် အေးစက်စက် ပြောလိုက်၏။ "တာအိုရောင်ရင်းမုန့် …. ကြောက်နေတာလား"
"မဟုတ်ပါဘူး"
ပြီးနောက် လီယွင်ကို လှမ်းကြည့်ကာဖြင့် ပြောလိုက်သည်။
"စီနီယာ … စီနီယာရဲ့ အားအင်အဆင့်က တကယ့်ကို ကြောက်မက်ဖွယ်ရာ ကောင်းပြီး သမိုင်းမှတ်တမ်း အဆက်ဆက်ရဲ့ အင်ပါယာတွေအားလုံးထက် သာတယ်လေ။ စီနီယာ့အနေနဲ့ ခရမ်းရောင် နက်နဲလောကဆီသွားဖို့ တည်နေရာလမ်းကြောင်းတစ်ခု ဖွင့်ပေးနိုင်မလား ကျုပ်သိချင်ပါတယ်"