← Chapters

အပိုင်း (၁၅၈)

Vol. 11 Ch. 158

အပိုင်း (၁၅၈)

Vol. 11 Ch. 158

“တာအိုရောင်းရင်းရင်း ... ရောက်လာပြီလား” အင်ပါရီယာရီကလန်၏ နတ်ဘုရား ရွက်သင်္ဘောကြီး အပြင်ဘက် မှာတော့ များပြားလှသည့်လူများ ပေါ်ပေါက်လာခဲ့တော့၏။ ၎င်းတို့သည် ကောင်းကင်ယံထက်တွင် မတ်မတ်ရပ်လျက် ရှိနေပြီး ရီချင်းမင်ကို ဦးညွတ်ကာ လေးလေးစားစားဖြင့် နှုတ်ဆက်လျက် ရှိနေကြ၏။

“ရီချင်းမင်က အားလုံးကို နှုတ်ဆက်ပါတယ်”

ရီကလန်၏ ခေါင်းဆောင်က အားလုံးကို ပြန်လည် နှုတ်ဆက်လိုက်၏။ ၎င်းသည် အလွန်ပင် သိမ်မွေ့လှသည့် အမူအရာကို ထုတ်ဖော်ပြသလျက် ရှိနေသည်။

ပတ်ဝန်းကျင်တစ်ခုလုံးကို အသာလှမ်းကာ ကြည့်ရှုလိုက်သည့် အချိန်မှာတော့ မားမားမတ်မတ်ရပ်တည်လျက် ရှိနေသည့် လူပုံရိပ်ယောင်များကို လှမ်းကာ မြင်လိုက်ရ၏။ မျက်လုံးထဲတွင်တော့ သဘောမတွေ့သည့် အမူအရာများ ပေါ်ပေါက်လာခဲ့၏။

၎င်းတို့ ရီကလန်ဘိုးဘေးကြီး ချန်ထားခဲ့သည့် လျှို့ဝှက်နယ်မြေသည် ထွက်ပေါ်လာခဲ့၏။ သို့ပေမဲ့ ဤလူများ သည် ဘာမှမဆိုင်ဘဲနှင့် အခွင့်အရေးကို လာရောက်ကာ ရှာဖွေချင်သောကြောင့် ရောက်ရှိလာခဲ့သည့်လူများ ဖြစ်၏။ ဖန်တီးခြင်းသော့တစ်ခုကိုမှ ပိုင်ဆိုင်ခြင်း မရှိဘဲနှင့် ၎င်းတို့သည် ဤတည်နေရာတွင် ရှိနေသည့် အရာ အားလုံးကို မျှဝေကာ ခံစားချင်သည့် မျှော်လင့်ချက်ဖြင့် ရောက်ရှိလာခဲ့သည့်လူများပင်။ သောက်ကျိုးနည်းလှချေသည်။

“ကလန်ခေါင်းဆောင်ရီ.. ခင်ဗျား ဒီနေ့ပေါ်လာတယ်ဆိုတာက လိပ်ခဲတည်းလည်း အခြေအနေမျိုး ဖြစ်နေတာကို မကြိုက်လို့နေမယ်။ ကျုပ်တို့ လျှို့ဝှက်နယ်မြေကို အခု ဖွင့်လိုက်ကြရင် ဘယ်လိုနေမလဲ” တစ်စုံတစ်ယောက်သည် အကြံပြုလိုက်၏။ ၎င်းသည် နတ်အရှင် တစ်ယောက် ဖြစ်၏။

“အင်း”

ရီချင်းမင်သည် ထိုစကားကို ကြားရသည့်အချိန်မှာတော့ တကယ်ပဲ စိတ် မသက်မသာ ဖြစ်သွားမိ၏။ လာရောက်ကြသည့်လူများအားလုံးသည် ဟိတ်ဟန်ကောင်းကောင်းနှင့် လေးလေးစားစား ပြောဆိုဆက်ဆံ နေကြသည်ဆိုသော်လည်း တကယ်တမ်းမှာတော့ အင်ပါရီယာရီကလန်၏ လျှို့ဝှက်နယ်မြေထဲတွင် ရှိနေသည့် အရာအားလုံးကို တိတ်တဆိတ်ကြိတ်ကာ လိုချင်နေကြသည့်လူများဖြစ်၏။ ထိုအတွေးကို တွေးမိပြီးနောက် သူသည် အမှတ်မထင် ဆိုသလို နှာခေါင်းပင် ရှုံ့လိုက်မိ၏။

လျှို့ဝှက်နယ်မြေထဲတွင် ရှိနေသည့် အန္တရာယ်များသည် အလွန်ပင် များပြားလွန်းလှ၏။ တစ်စုံတစ်ယောက် အထဲသို့ ဝင်သွားသည်ဆိုသည်နှင့် ၎င်း၏ ကံကြမ္မာသည် အသက်ရှင်ရန်၊ မရှင်ရန်ဆိုသည်မှာ မသေချာလှချေ။ သေခြင်းရှင်ခြင်းဆိုသည်မှာ ရိုးရှင်းလှသည့်အရာမျိုး မဟုတ်တော့ချေ။ ကြမ်းတမ်းလှသည့် အစောင့်အရှောက် သားရဲရိုင်းများသည် များပြားစွာ တည်ရှိနေပြီး အသင်းအဖွဲ့ ဖွဲ့ကာဖြင့် လူများကို သတ်ဖြတ်ပစ်ပေလိမ့်မည်။

ထို့အပြင် သူတော်စင်အဆင့် သို့မဟုတ် ထိုထက်မြင့်မားလှသည့် ဆေးပင်များသည် ထူးခြားလှသည့် ကန့်သတ်ချက်များလည်း တည်ရှိလို့နေသေး၏။ ထိုအရာကို ချိုးဖြတ်နိုင်ရန် နည်းလမ်းမရှိဘဲနှင့် အတင်း ယူဆောင်မည်ဆိုပါက ဘာတစ်ခုမှ ရနိုင်လိမ့်မည် မဟုတ်ချေ။ အသက်ပင် ပေးရပေလိမ့်မည်။

အင်ပါရီယာရီကလန်မှ ထားခဲ့သည့် လျှို့ဝှက်ချက် အမွေအနှစ်များ မရှိဘဲနှင့် လူများသည် အထဲတွင် ရှိနေသည့်အရာများကို ယူဆောင်၍ ရနိုင်မည်ဟု ထင်မှတ်နေသည်လား မသိချေ။ အိမ်မက်သာ ဆက်မက်နေလိုက်။

“ဖန်တီးခြင်းလျှို့ဝှက်နယ်မြေက သဘာဝအားဖြင့် ရီကလန်ဖွင့်မှ ပွင့်မှာလေ။ ဒါပေမဲ့ အထဲမှာ ဘာတွေ ကြုံတွေရမယ်မှန်း မသေချာဘူး”

ရီချင်းမင်သည် ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း၊ ရွှေကျီးကန်းကလန်နှင့် တိုင်ချူး နတ်နယ်မြေတို့ကို လှမ်းကာ ကြည့်ရှုလိုက်၏။ သူ၏ မျက်လုံးများထဲတွင် အေးစက်သည့်အလင်းတန်းများ ဖြစ်တည်လာခဲ့သည်။ “ဒါပေမဲ့ ခင်ဗျားတို့ ဝင်သွားပြီဆိုရင် ခင်ဗျားတို့ ရင်ဆိုင်ရမှာ ဘာတွေလဲဆိုတာကို ဘယ်သူက သိနိုင်မှာလဲ”

“စိတ်မပူပါနဲ့ ကလန်ခေါင်းဆောင်ရီ.. ဒီကိစ္စနဲ့ပတ်သက်ပြီး ခင်ဗျား ဒုက္ခမရောက်စေရပါဘူး။ တာအိုရောင်းရင်းရီ အနေနဲ့ လျှို့ဝှက်နယ်မြေကို လိုလိုချင်ချင်နဲ့ ဖွင့်ဖို့ပဲ လိုတယ်။ ကျေးဇူးပြုပြီး အမြန်လုပ်ပါ”

“အင်း ... ကောင်းပြီ”

ရီချင်းမင်၏ စကားကို ကြားရသည့်အချိန်မှာတော့ အားလုံးသောသူများသည် ပျော်ရွှင်သွားခဲ့ကြ၏။ ၎င်းတို့သည် သတိပေးမှုကိုပင် ဂရုမစိုက်ခဲ့ကြတော့ချေ။ အထဲတွင် ရှိနေသည့် လျှို့ဝှက်ချက်များကို တစ်ယောက်ကလေးကမှ ဂရုမစိုက်ဘဲ လျစ်လျှူရှုခဲ့ကြ၏။ ကြမ်းတမ်းလှသည့် သားရဲရိုင်းများ သို့မဟုတ် အစီအရင်များ ဆိုလျှင်ကော ဘာဖြစ်သနည်း။

အားကောင်းလှပါသည်ဆိုသော အင်ပါရီယာရီကလန် ဆိုလျှင်တောင်မှ ထိုအရာကို ကိုင်တွယ်နိုင်ရန် ခက်ခဲလှ၏။ ထို့ကြောင့်ပင်လျှင် ခေါင်းညိတ်ကာ သဘောတူညီလိုက်ရတော့သည်။ တခြားသော အဖွဲ့အစည်း သုံးခုသည်လည်း မငြင်းပယ်ခဲ့ကြချေ။ ဤကဲ့သို့သော အခွင့်အရေးသုံးခုသည် ၎င်းတို့ ပိုင်ဆိုင်သည့်အရာမျိုး မဟုတ်ချေ။ အားလုံးက လိုချင် တပ်မက်စိတ် ရှိနေကြသည်။

“ဟမ်”

ရီချင်းမင်သည် မျက်မှောင်ကုတ်လိုက်မိ၏။ လူတစ်ဦးတစ်ယောက်ချင်းစီတိုင်း၏ အမူအရာကို လေ့လာ သုံးသပ်မိသည်။ သူ၏ မျက်နှာပေါ်တွင် ရှိနေသည့် သဘောမကျသည့် အရိပ်အယောင်များသည် ပိုမိုကာ တိုးတက်လာခဲ့၏။ ကြည့်ရသည်မှာ သူ ထင်မှတ်ထားသည့်အရာမျိုး မဟုတ်သည့်ပုံပင်။ ဖြစ်နိုင်သည်မှာ ဤလူများအားလုံးသည် မိမိကိုယ်ပိုင်အကျိုးစီးပွားအတွက် မျက်ကန်းတစ္ဆေမကြောက် ဖြစ်နေလေသည်လား။

အခွင့်အရေးကို မြင်ရပြီးသည့်နောက်မှာတော့ အခြေခံတည်ရှိနေသည့် အန္တရာယ်များ၊ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အချက်အလက်များ အားလုံးကို မေ့လျော့လို့ သွားခဲ့ကြ၏။ ၎င်းတို့ အားလုံးသည် လောဘ သားကောင်များပင်။

အချိန်အတိုင်းအတာ တစ်ခုအတွင်း အင်ပါရီယာရီကလန်သည် ဖန်တီးခြင်းသော့အတွက် တိုင်ချူးနတ်နယ်မြေ နှင့် တောက်လျှောက်ဆိုသလိုပဲ ရင်ဆိုင်တိုက်ခိုက်ခဲ့ရ၏။ ၎င်းတို့အနေနှင့် တခြားသော အစီအရင်များကို လေ့လာရန် အချိန်ပင် မရခဲ့ချေ။ ထို့ကြောင့် ရီကလန်မှ အဖွဲ့ဝင်များ အားလုံးသည် လက်ရှိအချိန်၌ ကြောင်အအဖြင့် ခံစားနေမိကြ၏။

လက်ရှိအချိန်၌ ကြက်သွေးရောင်မီးတောက်နတ်နယ်မြေ၏ ရထားလုံးအတွင်းမှာတော့ သူတော်စင်အိုကြီး သည် ကြက်သွေးရောင်မီးတောက်နတ်သားတော်ကို လှမ်းကာ ကြည့်ရှုလိုက်သည်။

ယခင် ကြက်သွေးရောင် မီးတောက်နတ်သားတော်သည် သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီး ၎င်း၏သင်္ချိုင်းဂူရှိ မြက်များပင်လျှင် သုံးမီတာလောက် ရှည်နေပြီဖြစ်၏။ လက်ရှိ နတ်သားတော်သည် အသစ်ဆက်ခံထားသည့် နတ်သားတော် သာလျှင်ဖြစ်၏။

သူတော်စင်အိုကြီးသည် ကျောက်စိမ်းပြားတစ်ခုကို အသာထုတ်ယူပြီးသည့်နောက် ကြက်သွေးရောင် မီးတောက်နတ်သားတော်ဆီသို့ ကမ်းပေးကာ ပြောလိုက်သည်။ “အင်ပါရီယာ ရီကလန်က ဖန်တီးခြင်း လျှို့ဝှက်နယ်မြေကို ဖွင့်ဖို့ သဘောတူညီလိုက်ပြီ။ ဒီတော့ ဒီကျောက်စိမ်းပြားကို ယူပြီး အထဲကို ဝင်သွားလိုက်”

“ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီက ဝယ်ယူထားတဲ့ သတင်းအချက်အလက်တွေ ဒီကျောက်စိမ်းပြားထဲမှာ ပါတယ်။ မင်းရဲ့ လုံခြုံရေးက တကယ်စိတ်ချရတယ်။ ပြီးတော့ နတ်အဆင့် အကြီးအကဲသုံးယောက်က မင်းနဲ့အတူ အထဲကို လိုက်လိမ့်မယ်”

“မှတ်ထားဖို့က ကောင်းကင်ပါရမီရှင်စာရင်းထဲမှာရှိတဲ့ တစ်စုံတစ်ယောက်နဲ့ တွေ့ပြီဆိုရင် လူသား ဖြစ်ဖြစ်၊ မွန်းစတားဖြစ်ဖြစ် သူတို့နဲ့ ပြဿနာ မတတ်စေနဲ့။ရှောင်သာ ရှောင်”

“နားလည်ပါပြီ” ကြက်သွေးရောင်မီးတောက်နတ်သားတော်သည် လေးနက်တည်ကြည်စွာ ပြောလိုက်၏။

“ကောင်းပြီ” အဘိုးအိုသည် ခေါင်းညိတ်ပြီးသည့်နောက် ကျောက်စိမ်းပြားကို အသာလှမ်းကာ ပေးလိုက်၏။ ထိုအရာဆီမှ အနီရောင်အလင်းတန်းတစ်ခုသည် ထွက်ပေါ်လျက် ရှိနေ၏။ သူက တီးတိုးပြောလိုက်သည်။ “ဖန်တီးခြင်းလျှို့ဝှက်နယ်မြေထဲကို သူတော်စင်အဆင့်၊ အဲထက်မြင့်တဲ့လူတွေ ဝင်လို့ မရနိုင်ဘူး။ ဒါပေမဲ့ ဒီကျောက်စိမ်းပြားထဲမှာ ငါ့ရဲ့ နတ်ဘုရားအတတ်ပညာ သုံးခုကို စည်းခတ်ထားခဲ့တယ်။ တစ်ခုချင်းစီ တိုင်းက တကယ့်ကို အားကောင်းလှတဲ့ သတ်ဖြတ်မှု စွမ်းအင်တွေကြီးပဲ။ အန္တရာယ်ကြုံလာပြီဆိုရင် ဒီဟာကို သုံးပြီး ထွက်ပြေးတော့”

“ကျေးဇူးပါပဲ ဘိုးဘေး”

ကြက်သွေးရောင်မီးတောက်နတ်သားတော်သည် ကျောက်စိမ်းပြားကို လက်ခံရယူ ပြီးသည့်နောက် အလွန်ပင် ပျော်ရွှင်သွားမိသည်။ သူသည် လေးလေးစားစားဖြင့် ဦးညွတ်လိုက်မိ၏။

ကောင်းကင်ဆန်းကြယ်ဓားဂိုဏ်းထဲမှာတော့ နတ်အရှင်သည် သူ၏အရှေ့တွင် ရှိနေသည့် နတ်သားတော်ကို ကျောက်စိမ်းပြားတစ်ခု ကမ်းပေးလိုက်၏။ သူသည် အားတက်သရောဖြင့် ဘာတွေလုပ်ရမည်ဆိုသည်ကို အကြံပြုလျက်ရှိသည်။

နတ်သားတော်သည် အထပ်ထပ် ခေါင်းကို ညိတ်လျက်ရှိနေ၏။

“ကျောက်စိမ်းသီလနတ်သားတော်”

ကျောက်စိမ်းသီလနတ်နယ်မြေအတွင်းရှိ နတ်အရှင်သည် ကျောက်စိမ်းပြားတစ်ခုကို ကိုင်ဆောင်ထား၏။ ၎င်းသည် ရှုပ်ထွေးလှသည့် အကြည့်များဖြင့် ၎င်း၏ နတ်သားတော်ကို လှမ်းကာကြည့်ရှုနေသည်။

အချိန်အတော်ကြာပြီးသည့်နောက် အသံတစ်ခု ထွက်ပေါ်လာခဲ့၏။ သူသည် နတ်သားတော်ဆီသို့ ကျောက်စိမ်းပြားကို အသာကမ်းပေးလိုက်၏။ တစ်စုံတစ်ခု ပြောဆိုရန် ပါးစပ်ကို ဖွင့်လိုက်သည့်အချိန်မှာပဲ သူ၏ အသံသည် အားပျော့လို့ နေခဲ့၏။ စကားလုံး အစိတ်အပိုင်း အနည်းငယ်သာ ပါဝင်၏။ တော်ဝင်သူတော်စင်အဆင့် ဆေးလုံး၊ ကောင်းကင်လျှို့ဝှက်နန်းဆောင် .... ထို့အပြင် ရီချန်ကို သေသေချာချာ ဂရုစိုက်ရန်ဆိုသည့် အကြောင်းအရာများ ပါဝင်၏။

တော်ဝင်ဓားဂိုဏ်းအတွင်းမှာတော့ အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် ရမ်ချင်းတုသည် တကယ်ပင် တက်ကြွလျက်ရှိ၏။ သူ၏ လက်ထဲတွင်တော့ ကျောက်စိမ်းပြားနှစ်ခုကို ကိုင်ဆောင်ထား၏။ ထိုအရာကို သူ၏တပည့်နှစ်ယောက်ဆီသို့ ကမ်းပေးလိုက်၏။ သူသည် နှစ်လိုဖွယ်ရာအသံဖြင့် ရယ်မောလိုက်သည်။

“ဖန်တီးခြင်းလျှို့ဝှက်နယ်မြေ .... ဒီတစ်ကြိမ် ပေါ်ပေါက်လာတယ်ဆိုတာက ငါတို့ တော်ဝင်ဓားဂိုဏ်း တိုးတက် လာစေဖို့အတွက်ပဲ။ ဒါက တကယ့်ကို ကံကောင်းခြင်းပဲ။ အထဲကို ဝင်သွားပြီဆိုတာနဲ့ ကျောက်စိမ်းပြားမှာ ညွှန်ကြား ထားတဲ့အတိုင်း သေသေချာချာ လိုက်လုပ်ကြ။ အထဲမှာရှိတဲ့ အရာအားလုံးက အနာဂတ်မှာ ဖြစ်လာမယ့် အရာတွေကို ကြိုပြီး ပြောထားတာပဲ။ ဒါကို သေသေချာချာ အသုံးပြုနိုင်မယ်ဆိုရင် ဘယ်သူကမှ မင်းတို့ရဲ့ ပြိုင်ဘက် မဟုတ်ဘူး”

“အင်း...ဟုတ်ပြီ”

ရမ်ချင်းတုသည် လက်ကို ယမ်းခါလိုက်၏။ ကြည်လင်လျက် ရှိနေသည့် ကျောက်စိမ်း လက်ကောက်နှစ်ခုက ပေါ်ပေါက်လာခဲ့သည်။ ထိုအရာသည် သူ၏တပည့်များဆီသို့ ရောက်ရှိသွား၏။ သူသည် လေးလေးနက်နက်ဖြင့် ပြောလိုက်၏။

“ဒီကျောက်စိမ်းပြားနှစ်ခုမှာ ငါ့ရဲ့ဓားချီသုံးခုကို ထည့်သွင်း ထားတယ်။ တကယ်လို့ သူတော်စင်တစ်ယောက် ဖြစ်တယ်ဆိုရင်တောင်မှ အမှားအယွင်း မလုပ်ဘူးဆိုရင် ဒီဓားချက်တွေအောက်မှာ ဒဏ်ရာ အနာတရ ဖြစ်သွားလိမ့်မယ်။ ဒါကြောင့် ဖန်တီးခြင်းလျှို့ဝှက်နယ်မြေထဲမှာ မင်းတို့ရဲ့ ယှဉ်ပြိုင်တိုက်ခိုက်နိုင်သူ ဘယ်သူမှ မရှိဘူးဆိုတာ မှတ်ထားကြ”

“ကျေးဇူးပါပဲဆရာ”

“ကျေးဇူးပါပဲဆရာ” တပည့်နှစ်ယောက်တို့သည် လေးလေးစားစားဖြင့် ပြန်လည်ပြောဆိုလိုက်၏။

ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း၏ ကြီးမားလွန်းလှသည့် အမဲရောင်လင်းယုန်ငှက်ကြီးပေါ်မှာတော့ လူငယ်သည် သူ၏ ဆရာကို မော့ကြည့်လိုက်၏။ ပြီးနောက် ကြောက်လန့်တကြားဖြင့် မေးလိုက်သည်။ “ဆရာ ဘာတစ်ခုမှ မရှင်းပြတော့ဘူးလား”

All Chapters