← Chapters

အခန်း (၁၆၄)

Vol. 12 Ch. 164

အခန်း (၁၆၄)

Vol. 12 Ch. 164

"???"

သူတော်စင် ဆေးပင်နားတွင် ရှိနေသည့် လူတစ်စုတို့သည် ဇဝေဇဝါဖြစ်သွားမိ၏။ သူတို့သည် အမဲရောင် အရိပ်တစ်ခု သူတို့အား ကျော်ဖြတ်သွားကြောင်း မြင်လိုက်ရ၏။ သတိပြန်ဝင်လာသည့် အချိန်မှာတော့ ထိုပုံရိပ်သည် သူတို့ကြိုးစားဝင်နေသည့် အစီအရင်ထဲသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်၏။

"ကျန်းပိုင်ချွမ်း"

လူငယ်တစ်ယောက်သည် ခပ်တင်းတင်း လှမ်းကာ အော်ဟစ်လိုက်၏။ ၎င်းသည် ကြီးကျယ်ခမ်းနားလှသည့် ဂိုဏ်းတစ်ခုဆီမှ ဖြစ်၏။ နောက်ခံအရဆိုလျှင် ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းကို မကျော်ဖြတ်နိုင်လျှင်တောင်မှ နိမ့်ကျသည့် အခြေအနေတော့ မဟုတ်ချေ။ သူ၏ ရှေ့တွင်ရှိနေသော အခွင့်အရေးကို တစ်ဖက်လူ ခိုးယူသွားသည့် အချိန်မှာတော့ ခံစားချက်များကို မထိန်းချုပ်နိုင်တော့ချေ။ သူသည် အလွန်ပဲ ဒေါသထွက်လျက် ရှိနေမိသည်။

"မင်းတကယ့်ကို ဆိုးတဲ့ကောင်ပဲ။ ငါ့အခွင့်အရေးကိုတောင်မှ လုယူရဲတယ် ဟုတ်လား " လူငယ်သည် ထကာ အော်ဟစ်လိုက်၏။ သူ၏အသံထဲတွင် ဒေါသတရားများနှင့် ပြည့်နှက်နေ၏။

“အဟမ့် အဟမ့်”

အစီအရင်၏ အတွင်းဘက်မှာတော့ ကျန်းပိုင်ချွမ်းသည် အသာချောင်းဟန့်လိုက်ပြီး ရှေ့တွင် ရှိနေသော လူများကို တည်ငြိမ်အေးချမ်းသည့် အသွင်ဖြင့် လှမ်းကာကြည့်ရှုလိုက်၏။ ပြီးနောက် လက်ကို အသာယမ်းခါပြီး ပြောလိုက်သည်။

"ကျုပ်သာ ခင်ဗျားနေရာမှာဆိုရင် သူတော်စင်အဆင့် ဆေးပင်ကို စိတ်ဝင်စားနေမှာ မဟုတ်ဘူး။ အဲအစား ဘယ်လိုထွက်ပြေးရမလဲ ဆိုတာကိုပဲ စဉ်းစားနေမိမှာ "

"ထွက်ပြေးရမှာ ဟုတ်လား" လူများအားလုံးသည် ခနလောက် ကြောင်အသွား၏။ ၎င်းတို့သည် အဘယ့်ကြောင့် တစ်ဖက်လူ ဤသို့ပြောသည်ကို နားမလည်နိုင်ကြချေ။

"နောက်ကို ကြည့်လိုက်လေ။ နားလည်သွားလိမ့်မယ်" ကျန်းပိုင်ချွမ်းသည် သတိပေးလိုက်သည်။ ပြီးနောက် သူသည် မျက်လုံးကို အုပ်ကာလိုက်၏။ ရှေ့တွင် ရှိနေသည့် မြင်ကွင်းကို မကြည့်ရဲသလိုပင်။

“ဟမ် …”

လူငယ်၏ နှလုံးခုန်သံသည် မြန်သွားခဲ့တော့၏။ သူသည် မကောင်းသည့် ခံစားချက်များကို ခံစားမိလာ၏။ ဖြေးညင်းစွာဖြင့် အနောက်သို့ လှမ်းကာကြည့်ရှုလိုက်သည့် အခါမှာတော့ နေကဲ့သို့ တောက်ပလှသည့် မျက်လုံးတစ်စုံကို မြင်လိုက်ရ၏။ ထိုမျက်လုံးကြီးထဲတွင် ကြမ်းတမ်းလွန်းသည့် သတ်ဖြတ်လိုခြင်း ဆန္ဒများ အပြည့်အဝ ဖြစ်တည်နေ၏။ ရှေးသချိုင်းကြီးထဲမှ ထွက်ပေါ်လာခဲ့သည့် ကြောက်မက်ဖွယ်ရာ ကောင်းလှသော မိစ္ဆာသားရဲကြီး တစ်ကောင် ကဲ့သို့ပင်။ ၎င်း၏ ပုံစံသည် အမှန်ပင် သွေးဆာလောင်လျက် ရှိနေ၏။ ထိုအရာကို မြင်ရသည့် လူပေါင်းများစွာတို့သည် နှလုံးသားများ တုန်ယင်သွားကြပြီး ခြေဖျားလက်ဖျား များပင် အေးစက်သွားကြ၏။

"နတ်အဆင့် သားရဲရိုင်းကြီးပါလား"

လူငယ်သည် နောက်ကိုဆုတ်လိုက်၏။ ခန္ဓာကိုယ် တစ်ခုလုံးသည် တုန်ယင်သွား၏။ ၎င်း၏အနီးတွင် ရှိနေကြသော လူများအားလုံးသည်လည်း ၎င်းကဲ့သို့ ကြောက်လန့်သွား၏။ ၎င်းတို့သည် တူညီသည့် အဆင့်တွင် တည်ရှိနေကြ၏။ သို့ပေမဲ့ ဤကဲ့သို့သော သားရဲကြီးနှင့် တိုက်ခိုက်ရန်မှာတော့ အစစ်အမှန်ပင် ကြောက်ရွံ့နေ၏။ ကွာခြားချက်သည် ကြီးမားလွန်းသည် မဟုတ်လျှင်တောင်မှ ၎င်းတို့သည် ဤကဲ့သို့ ကြမ်းတမ်းလွန်းသည့် နတ်အဆင့် သားရဲကြီးနှင့် ရင်ဆိုင်ရသည့် အချိန်မှာတော့ သေမိ်န့်ချခံရသည့် လူများကဲ့သို့ပင် ပြောင်းလဲသွားခဲ့ကြသည်။

"ပြေးကြ" တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။ ချက်ချင်းပဲ တခြားသောသူများ အားလုံးတို့သည် ကောင်းကင်ယံသို့ ပျံသန်းကာဖြင့် အသီးသီးထွက်ခွာကာ ပြေးလေ၏။ သို့ပေမဲ့ ၎င်းတို့သည် အဝေးသို့ မရောက်ခင်မှာပဲ ကြမ်းတမ်းလှသော သားရဲအမြီးကြီးသည် လေဟာနယ်ထဲကို ထိုးခွင်းရောက်ရှိလာ၏။ လှိုင်းအဟုန်များ ဖြစ်တည်သွားပြီးသည့်နောက် တည်နေရာအနှံ့တွင် ရှိနေသော ကျောက်ရိုင်းကျောက်ခဲများသည် အမှုန့်အဖြစ်သို့ ပြောင်းလဲကုန်၏။ ၎င်း၏ အမြီးရိုက်ချက်ကြောင့် ဖြစ်ပေါ်လာသော လှိုင်းအဟုန်များသည် ကြောက်မက်ဖွယ် ကောင်းလွန်းလှချေ၏။ နှေးကွေးပြီး ကံမကောင်းသည့် ကျင့်ကြံသူအချို့ဆိုလျှင် သွေးမြူများအဖြစ်သို့ပင် ပြောင်းလဲကုန်၏။

"အားကောင်းလိုက်တာ"

ရှေ့တွင် ရှိနေသော အမူအရာကို ကြည့်ရှုပြီူနောက် ကျန်းပိုင်ချွမ်းသည် ကြောက်လန့်သွားမိ၏။ သူသည် ရင်ဘတ်ကို ပုတ်ကာဖြင့် သူ့အား သူတော်စင်အဆင့် စိတ်ဝိညာဉ်ဆေးပင်ဆီရောက်အောင် ပို့ဆောင်ပေးခဲ့သည့် သူများကိုပင် ကျေးဇူးတင်နေမိ၏။ သူသည် ခန္ဓာကိုယ်ကို အသာကုန်းပြီးနောက် စိတ်ဝိညာဉ် ဆေးပင်ကို ကောက်ယူကာ ကျောက်စိမ်းသေတ္တာထဲသို့ ထည့်လိုက်၏။ များပြားလှသည့် စည်းအစီအရင်များခတ်ပြီးနောက် ကျောက်စိမ်းပြား တစ်ခုကို ထုတ်ယူကာဖြင့် သူဆရာဆီသို့ အသံပို့လွှတ် လိုက်သည်။ "ဆရာ … တပည့်က ဆရာ့သင်ကြားမှုအတိုင်း သူတော်စင်အဆင့် ဆေးပင်ကို သိမ်းဆည်းပြီးပါပြီ"

"ကောင်းပြီ"

ကောင်းကင်လျို့ဝှက် နန်းဆောင်ထဲမှာတော့ ယန်ရှို၏ အသံသည် ထွက်ပေါ်လာခဲ့၏။ ၎င်းသည် ကျောက်စိမ်ပြားကို ကိုင်ကာဖြင့် အသာထိုင်လျက် ရှိနေ၏။ သူ၏မျက်လုံးများသည် တလက်လက် တောက်ပနေပြီး ကြယ်စင်တန်းများကဲ့သို့ပင်။ "တကယ်တော့ ငါအနှစ်သက်ဆုံး တပည့်က ငါ့ကို စိတ်မပျက်စေဘူးပဲ"

သူသည် လီယွင်ဆီသို့ သွားကာ ရေနွေးခွက်ကို ကမ်းပေးလိုက်၏။ "စီနီယာ … ရေနွေးလေးသောက်ပါအုံး"

ယန်ရှိုသည် ဤကဲ့သို့သော အခြေအနေမျိုးတွင် အဓိကကူညီပေးနေသည့် စီနီယာကို ကျေးဇူးတင်နေမိ၏။ စီနီယာသာ ကူညီပေးခြင်း မရှိပါက ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းသည် ဤတစ်ကြိမ်တွင် ကြီးမားလှသည့် ဆုံးရှုံးမှုကို ခံစားရမှာ ဖြစ်၏။ အဆိုးဆုံးအနေဖြင့် ဖန်တီးခြင်း လျှို့ဝှက်နယ်မြေထဲသို့ စဝင်တည်းက နတ်သားတော်တစ်ယောက်ကို ဆုံးရှုံးရပေလိမ့်မည်။ နတ်သားတော်များ တစ်ယောက်ပြီးတစ်ယောက် သေဆုံးခြင်းဆိုသည်မှာ ဂိုဏ်းအတွက် ကောင်းမွန်လှသည့် အရာတော့ မဟုတ်ချေ။

ထို့အပြင် အင်ပါရီယာရီကလန်သည် အထဲ၌ ရှိနေသော အစီအရင်များနှင့် ပတ်သက်၍ ဘာတစ်ခုမှ ထုတ်ပြန်ခဲ့သည် မဟုတ်ပေ။ ရီချင်းမင်သည် အားလုံးကို သေစေချင်နေသည်လားမ သိနိုင်ပေ။ အထဲသို့ ဝင်ရောက်ပြီး မသေလျှင်တောင်မှ ဘာတစ်ခုမှ မရဘဲ ပြန်ထွက်လာရမည့် အခြေအနေမျိုးလည်း ကြုံနိုင်သေးသည်။

သူတော်စင်အဆင့် ဆေးပင်သည် ကန့်သတ်ခြင်းကို ခံထားရ၏။ သူတော်စင်တစ်ယောက်၏ အားအင်ဖြင့် အတင်း ချိုးဖျက် ယူငင်၍ ရနိုင်သည် ဆိုသော်လည်း လူငယ်မျိုးဆက်များ အနေဖြင့် ထိုသို့ပြုလုပ်ရန်မှာ မဖြစ်နိုင်ပေ။ လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်ပြီး ဘာကပ်ဘေးမှ မကြုံဘဲ အသက်ရှင်နေခြင်းကကို မယုံကြည်နိုင်စရာ ကံကောင်းခြင်းဟု သတ်မှတ်နိုင်၏။

လီယွင်သည် ရေနွေးခွက်ကို လှမ်းယူပြီးသည့်နောက် တည်ငြိမ်စွာဖြင့် တစ်ငုံ ငုံလိုက်သည်။

ယန်ရှိုသည် ထိုင်ခုံကို လီယွင်၏ အနီးသို့ ရွေ့ပြီး ထိုင်လိုက်၏။ သူသည် လက်သီးကို ဆုပ်ကာဖြင့် ပြောလိုက်၏။ "စီနီယာ ကျေးဇူးပြုပြီး ကျုပ်တပည့်ရဲ့ တည်နေရာ အနီးတစ်ဝှိုက်မှာ သူတော်စင်အဆင့် ဆေးပင်တွေ ရှိသေးလား ညွှန်ပြပေးပါအုံး"

“အင်း ….”

လီယွင်သည် အသံတစ်ခုကို ထုတ်ဖော်လိုက်၏။ ပြီးနောက် ယန်ရှိုကို လှမ်းကြည့်ကာ ပြောလိုက်သည်။ "အထဲမှာ ရှိနေတဲ့ အခွင့်အရေးတွေ အကုန်လုံးကို ခင်ဗျား တစ်ယောက်တည်း လိုချင်တာလား။ "

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

ယန်ရှို၏ အမူအရာသည် ပြောင်းလဲသွားခဲ့၏။ သူသည် သတိအပြည့်နှင့် ဖြစ်သွားခဲ့၏။ လျို့ဝှက်နယ်မြေ တစ်ခုလုံးသည် ကျယ်ပြောလွန်းလှ၏။ ထိုအရာကြီး တစ်ခုလုံးကို မောင်ပိုင်စီးရန်မှာ မဖြစ်နိုင်ချေ။ အကယ်၍ ထိုသို့ ကြံစည်သည် ဆိုပါက သူ၏ တပည်သည် အားလုံးသောသူတို့၏ အမဲလိုက်ခြင်းကို ခံရပေလိမ့်မည်။ ထိုကပ်ဘေးမှ မလွတ်​မြောက်ခဲ့ပါက သူအရင်က သုံးခဲ့သည့် အရင်းအမြစ် အားလုံးသည် သဲထဲရေသွန် ဖြစ်ကုန်မှာ သေချာ၏။

"လျို့ဝှက် နယ်မြေထဲက တခြားဂိုဏ်းတော်တော်များများရဲ့ လက်ထဲမှ စီနီယာ့ရဲ့ သတင်းအချက်အလက်တွေ ရှိကြတယ်လေ။ ကျုပ်က သူတို့နဲ့ ဆန့်ကျင်ဘက် ပြုလုပ်ချင်ရုံပါပဲ”

ယန်ရှိုသည် ဆန်းကြယ်စွာဖြင့် ပြုံးလိုက်မိ၏။ သူ၏လက်ချောင်းများသည် ခုံကို တတောက်တောက်နှင့် ခေါက်လျက် ရှိသည်။ "ဒီ သူတော်စင်အဆင့် ဆေးပင်၊ သူတော်စင်ဘုရင်အဆင့်ဆေးပင်တွေကလည်း တန်ဖိုးရှိတယ်လို့ သတ်မှတ်လို့ ရတာပဲ"

နှစ်ပေါင်းများစွာ ကြာမြင့်ပြီးသည့်နောက် သူတော်စင်အဆင့် ဆေးပင်ကို အသုံးပြုပြီး အဆင့်ချိုးဖျက်ဖို့ ကြိုးစားရသည်မှာ စိန်ခေါ်မှု တစ်ခုဖြစ်လာနိုင်ဖွယ်ရာ ရှိသော်လည်း ထိုထဲတွင် ပါဝင်သော ဆေးစွမ်းအင်များသည် သံသယရှိစရာမလိုအောင်ဘဲ ကောင်းကင်မှ ငြင်းပယ်ရသည့် အရာများ ဖြစ်သည်။ အများကြီးကိုမဆိုနှင့် အနည်းငယ်လောက်ကို ပြန်ယူသွားနိုင်လျှင်ပင် ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းအတွက် ကြီးမားသည့် အကျိုးအမြတ်ပင်။

အခွင့်အရေးသာ ရှိမည် ဆိုပါက တော်ဝင်သူတော်စင် သို့မဟုတ် ကွာစီအင်ပါယာအဆင့် ဆေးပင်ကို ရရှိအောင် ကြိုးစားရပေမည်။ ဆေးပင်တစ်ခုလုံး မရလျှင်တောင်မှ အကိုင်းအခတ် တစ်ခုခု ရလျှင်လည်း အဆင်ပြေသည်။

All Chapters