အခန်း (၁၀၂)
Vol. 7 Ch. 102
ကောင်းကင်ဘုံကပ်ဘေး၊ နတ်ဘုရားကပ်ဘေး
ရှေ့စာလုံးလေး အနည်းငယ်သာ ကွာခြား၏။ သို့ပေမဲ့ အရာအားလုံးသည် အလုံးစုံ ကွာခြားလျက် ရှိနေလေ၏။ ကောင်းကင်ဘုံကပ်ဘေး ဆိုသည်မှာ ကောင်းကင်နှင့်မြေကြီး၏ စမ်းသပ်ခြင်း တစ်ခုသာလျှင် ဖြစ်သည်။ ထိုအရာကို မကျော်ဖြတ်နိုင်သည် ဆိုပါက တစ်ခါတည်း သေဆုံးသွားမှာဖြစ်သည်။ သို့ပေမဲ့ အောင်မြင်အောင် ကျော်ဖြတ်နိုင်သည်ဆိုလျှင် အားအင်အဆင့်သည် ကြီးကြီးမားမား တိုးတက် သွားပေလိမ့်မည်။ ကောင်းကင်နှင့် မြေကြီးဆီမှ ပြန်လည်ကာ ရရှိနိုင်သည့် အကျိုးကျေးဇူးသည် များပြားလွန်းလှ၏။
ကပ်ဘေးကို ကျော်ဖြတ်နိုင်သူများ အားလုံးသည် အန္တရာယ်ကြီးမားလှသည် ဆိုသော်လည်း ပိုမိုကာ အားကောင်းလာသည်ဆိုသော မျှော်လင့်ချက်ကို ပိုင်ဆိုင်ကြ၏။ သို့ပေမဲ့ နတ်ဘုရားကပ်ဘေး ဆိုသည်မှာတော့ ခြားနားလျက်ရှိ၏။ ကောင်းကင်နှင့် မြေကြီး၏ သက်ရှိသတ္တဝါအားလုံးကို အပြည့်အစုံ သုတ်သင်ရှင်းလင်းခြင်းဟု အဓိပ္ပါယ်ဖော်ဆောင်နိုင်၏။ မည်သည့် မေးခွန်းထုတ်ချက်မှ မရှိချေ။
ထိုအရာကို ကျော်ဖြတ်နိုင်ခြင်း၊ မကျော်ဖြတ်နိုင်ခြင်းဆို၍ မရှိချေ။ နတ်ဘုရားကပ်ဘေး၏ ပစ်မှတ်ထားမှုကို ခံရသည်ဆိုလျှင် မသေဆုံးသူ ဆိုသည်မှာမရှိပေ။ အဘယ့်ကြောင့်ဆိုသော် နတ်ဘုရားကပ်ဘေးဆိုသည်မှာ မသေဆုံးမချင်း ကျဆင်းလျက် ရှိနေသောကြောင့်ပင်။
“ကောင်းကင်လျှို့ဝှက်နန်းဆောင်ရဲ့သခင်ဆိုတာက ဘယ်လိုလူမျိုးလဲ”
မိုဟမ်၏ နှလုံးသားတစ်ခုလုံးသည် ပွင့်ထွက်တော့လုမတတ်ပင် ခံစားနေမိ၏။ မည်ကဲ့သို့ အပြစ်မျိုးကို ပြုလုပ်ထားခဲ့သောကြောင့် နတ်ဘုရားကပ်ဘေးအဆင့်မျိုးကိုပင် စုစည်းနိုင်လေသနည်း။ ပြောရမည်ဆိုလျှင် ကောင်းကင်နှင့် မြေပြင် တစ်ခုလုံးသည် မည်သို့မှ သည်းမခံနိုင်တော့သလိုပင်။
မိုဟမ် အနေနှင့် စိတ်ဝင်စားလျက် ရှိနေ၏။ သို့ပေမဲ့ ထိုအရာများ အားလုံးကို ဆက်လက်တွေးတောနိုင်ရန် အတွက် သူ့တွင် အချိန်မရှိပေ။ ကောင်းကင်ယံတွင်တော့ အဆုံးမဲ့သော မိုးကြိုးများ တလက်လက်နှင့် ဖြစ်တည်လျက်ရှိနေပြီး အချိန်မရွေး ကျဆင်းလာတော့မလိုပင်။
“ပြေးတော့”
မိုဟမ်သည် အမဲရောင် အလင်းတန်းများအဖြစ် အသွင်ပြောင်းကာဖြင့် မယုံနိုင်စရာ အမြန်နှုန်းကို ထုတ်ဖော်ကာ တိမ်များကို ထိုးခွင်း၍ ပြေးလေတော့၏။ သူ၏ သွေးအဆီအနှစ်၊ ဝိညာဉ်အဆီအနှစ်များကို ကျွမ်းလောင်စေခဲ့ပြီးသည့်နောက် သူသည် တစ်ချက်လောက် လွဲချော်သွားသည်ဆိုသည်နှင့် အချိန်မရွေး သေဆုံးသွားမည်ကို နားလည်နေမိ၏။ ထို့ကြောင့် အဆုံးစွန်ထိ အားထုတ်ကာ ထွက်ပြေးလိုက်ခြင်းပင်။
သူ၏ ဘေးတစ်ဘက်တွင်တော့ ရောင်စဉ်အလင်းနတ်အရှင်သည်လည်း ဘာမှန်းမသိသည့် ခံစားချက်များကို ရရှိလေ၏။ သူသည် သူ၏ သွေးနှင့် ဝိညာဉ်အဆီအနှစ်များကို လောင်ကျွမ်းခံကာဖြင့် ပြေးလျက်ရှိ၏။ အတိတ်တုန်းကသာဆိုလျှင် ထိုကဲ့သို့သော အရာမျိုးကို အသုံးပြု၍ ထွက်ပြေးသည်ဆိုပါက မျက်စိတစ်မှိတ် အတွင်း မိုင်ပေါင်းသောင်းချီသို့ ရောက်ရှိသွားမှာဖြစ်၏။ သို့ပေမဲ့ ယနေ့အချိန်မှာတော့ မယုံကြည်နိုင်စွာပင် နှောင့်နှေးလို့နေခဲ့၏။
ဘုန်း
ဂျိန်း
နားကွဲလောက်သည့်အသံကြီးထွက်ပေါ်လာခဲ့၏။ ကောင်းကင်တစ်ခုလုံးတွင် ကွဲအက်လျက်ရှိသည့် မိုးကြိုး ပင်လယ်များသည် တလိပ်လိပ်နှင့် ဖြစ်တည်နေ၏။ ကောင်းကင်ယံတစ်ခုလုံးတွင် ရှုပ်ထွေးလျက်ရှိနေသည့် နတ်ဘုရားသားရဲများ ကခုန်နေသကဲ့သို့ပင်။
ကြက်သွေးရောင် မိုးကြိုးလှိုင်းများသည် မိုးကုတ်စက်ဝိုင်းကြီး အတွင်းမှ တစ်ဝုန်းဝုန်းနှင့် ပစ်ချလျက် ရှိနေပြီး လောကကြီးတစ်ခုလုံးတွင် အဆုံးသတ်ကိုပြသနေသည်။
ဖျက်ဆီးခြင်းစွမ်းအင်များသည် ပြိုင်ဘက်ကင်း ဖြစ်တည်လျက်ရှိနေပြီး သူ၏လမ်းတွင် ရှိရှိသမျှ အရာ အားလုံးကို ဖျက်ဆီးပစ်မည်မှာ သဘာဝပင်ဖြစ်၏။ မြင်ကွင်းသည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။ ကောင်းကင်နှင့် မြေပြင်တစ်ခုလုံးတွင် အနီရောင်ပင့်ကူမျှင်ကြီး တစ်ခုကဲ့သို့ပင် ကွဲအက်လျက်ရှိနေ၏။ အရာအားလုံးတို့သည် ထိုအရာ၏အောက်တွင် ပျောက်ဆုံးလုမတတ်ပင်။
“မကောင်းတော့ဘူး”
ကြောက်မက်ဖွယ်ရာကောင်းလှသည့် အခြေအနေမျိုးနှင့် ရင်ဆိုင်နေရသည့်အချိန် မှာတော့ မိုဟမ်နှင့် ရောင်စဉ်အလင်းနတ်အရှင်တို့ နှစ်ယောက်လုံးသည် တုန်လှုပ်သွားခဲ့၏။ သူတို့၏ အနောက်ဘက်တွင် အနီရောင်မိုးကြိုး တိမ်များသည် ကြက်သွေးရောင်နဂါးများကဲ့သို့ပင် ဖြစ်တည်လျက်ရှိပြီး သူတို့ဆီကို အော်ဟစ်ကာ ဆင်းသက်လာခဲ့၏။ သူတို့အား တစ်စစီ ပိုင်းဖြတ်ရန် စီစဉ်ထားနေသကဲ့သို့ပင်။
“မဟုတ်ဘူး”
မိုဟမ်က အော်ဟစ်လိုက်၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် အလင်းတန်းများ ဖြစ်တည် လာခဲ့ပြီး သူသည် အမဲရောင် ရှေးခန်းဆောင်ကြီး တစ်ခုကို ဆင့်ခေါ်လိုက်၏။ ထိုအရာသည် သူ ထွက်ပြေးလွတ်မြောက်ရန်အတွက် သေချာဖန်တီးထားသည့် အရာတစ်ခုဖြစ်၏။ သို့ပေမဲ့ ရလဒ်သည် ဘာမှထူးမလာခဲ့ချေ။
သူတော်စင်အဆင့်လက်နက်သည် မိုးကြိုး၏ ပစ်ချက်အောက်တွင် ပျက်စီးသွားခဲ့လေ၏။ ထိုအရာကြီးသည် ဓားပူပူနှင့် လှီးဖြတ်ခြင်းကို ခံလိုက်ရသည့် တို့ဟူးတစ်ခုကဲ့သို့ပင် နှစ်ခြမ်းကွဲကာ ပျောက်ကွယ်သွား ခဲ့လေသည်။
“ဘန်း” ဟူသည့်အသံနှင့်အတူ မိုဟမ်၏ ခန္ဓာကိုယ်သည် မိုးကြိုးပစ်ခြင်းကို ခံလိုက်ရ၏။ သူတော်စင်အဆင့် ကျင့်ကြံသူတစ်ယောက်သည် ဤကဲ့သို့သော အခြေအနေတွင် ကြောက်မက်ဖွယ်ရာ ကောင်းလောက်အောင်ပင် လွင့်စင်သွားခဲ့၏။
အခြားတစ်ဖက်တွင်ရှိနေသော ရောင်စဉ်အလင်းနတ်အရှင်သည်လည်း မသက်သာလှချေ။ မိုးကြိုးသည် သူ၏ခန္ဓာကိုယ်ကို ပိုင်းဖြတ်သွားခဲ့၏။ သူ၏ ခန္ဓာကိုယ်တွင် သွေးများ စွန်းထင်းလျက် ရှိ၏။ တစ်စုံတစ်ယောက်သည် သူ့အားသွေးကန်ထဲသို့ ဆွဲယူလိုက်သကဲ့သို့ပင်။ သို့ပေမဲ့ လက်ရှိ ဖြစ်တည်နေသည့် ဒဏ်ရာများအတွက် စိုးရိမ်ပူပန်ရန် မတတ်နိုင်ချေ။
သူသည် အမြန်နှုန်းကို ထပ်မံ တင်ကာဖြင့်အပြင်ဘက်လောကဆီသို့ ရောက်အောင်ပြေးလျက်ရှိ၏။ မိုဟမ်သည် ဤတည်နေရာတွင် ကျဆုံးသွားခဲ့သည်ဆိုလျှင်တောင်မှ သူ့အနေနှင့် ပြန်လည်လှည့်ကြည့်ရန် အချိန်မရှိချေ။
တော်ဝင် သဲကန္တာရမြို့ကြီးအတွင်းမှာတော့ ရေတွက်လို့မရအောင် များပြားလှသော မိုးကြိုးပင်လယ်ကြီး တစ်ခု ဖြစ်တည် လျက်ရှိနေ၏။ ကောင်းကင်ယံတစ်ခုလုံး မိုးကြိုးလှိုင်းများ တစ်ဝုန်းဝုန်းနှင့် ကျဆင်းနေသည်။
ရေတွက်၍ မရအောင် များပြားလှသည့် နတ်ဘုရားသားရဲများ၏ အရိပ်များနှင့် ဗာမေလီယန်ငှက်များ၊ အစစ်အမှန်နဂါးများ၊ နတ်ဘုရား ဖီးနစ်များ စသည့်အကောင်များသည် တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာကာဖြင့် အော်ဟစ်ကြွေးကြော်လျက်ရှိ၏။ အဆုံးမဲ့သည့် စွမ်းအင်များ၏အောက်တွင် အားလုံသောသူတို့သည် မည်သို့မှ မခံစားနိုင်ခဲ့ကြချေ။
ဘုန်း ဂျိန်း
နားကွဲလောက်စရာ မိုးကြိုးပစ်သံကြီးတစ်ခု ထပ်မံကာဖြစ်တည်လာခဲ့ပြီး ဘုံးကိုးပါးကိုပင် လှုပ်ခါသွားစေခဲ့၏။ လက်ရှိအခြေအနေမှာတော့ မိုးကြိုးပင်လယ်၊ ကြက်သွေးရောင်အလင်းတန်းများအားလုံး ဖုံးလွှမ်းသွားလျက်ရှိ နေပြီး တည်နေရာတစ်ခုလုံးကို လွှမ်းခြုံလေ၏။ လောကကြီးတစ်ခုလုံးပျက်စီးလုမတတ်ပင် တစ်ဝုန်းဝုန်းနှင့် တုန်ခါနေခဲ့၏။ သူတော်စင်ဘုရင်အဆင့် အစီအရင်တစ်ခုလုံးသည် ပျက်စီးသွားခဲ့သည်မှာ ကြာပြီဖြစ်၏။
ကြည့်ရှုနေသူများအားလုံးသည်လည်း ကြောက်မက်ဖွယ်ရာကောင်းလှသည့် မြင်ကွင်းမျိုးကို မြင်နေရ၏။ သို့ပေမဲ့ သူတို့သည် ထိုအရာကို မဖြေရှင်းနိုင်ပေ။ ကွာစီအင်ပါယာတစ်ယောက် ရောက်လာရင်တောင်မှ လက်ရှိဖြစ်တည်နေသည့် အရာများဆီမှ ရှောင်ရှားရန်ဆိုသည်မှာ မလွယ်ကူခဲ့ပေ။
အင်ပါယာတစ်ယောက် ရောက်ရှိလာခဲ့ပြီး ရင်ဆိုင်ယှဉ်ပြိုင်တောင်မှ ဒဏ်ရာရရှိသွားနိုင်၏။ သို့ပေမဲ့ ဤကဲ့သို့သော အခြေအနေမျိုး သည် ပထမလှိုင်းတစ်ခုတည်းသာရှိသေး၏။ နောက်ထပ် မည်မျှများများထပ်လာမည်ကို မည်သူကမှ မသိရှိခဲ့ ကြချေ။
ကောင်းကင်တာအိုသည် သူ၏ပစ်မှတ်ကို မည်သို့မှလက်လွှတ်ပေးလိမ့်မည်မဟုတ်ချေ။ ကောင်းကင် တာအိုကို စိန်ခေါ်သည့်အရာအားလုံးသည် ဤနေရာတွင် သုတ်သင်ရှင်းလင်းခြင်းကို ခံရပေမည်။ အတိတ်တုန်းက လီယွင်သည် အပြင်ဘက်သို့ထွက်ရန် စိတ်ကူးမရှိချေ။ သို့ပေမဲ့ လက်ရှိအခြေအနေမှာ သူ အပြင်ဘက်သို့ ထွက်လိုက်၏။ သူသည် ထိုကဲ့သို့သောအခြေအနေမျိုးကို ဖြစ်တည်အောင် တမင် ပြုလုပ်ခဲ့ခြင်းပင်။
“ပြီးသွားပြီပဲ”
ရေတွက်၍ မရအောင်များပြားလှသည့် လူများအားလုံးသည် စိတ်ပျက်လက်ပျက် ဖြစ်တည်လျက် ရှိနေ၏။ သူတော်စင်အဆင့် သတ်ဖြတ်ခြင်းအစီအရင်တစ်ခုလုံးသည် ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်၏။ သို့ပေမဲ့ ထို့ထက်ပိုမိုကာ ကြောက်မက်ဖွယ်ရာကောင်းလှသည့် ကပ်ဘေးကြီးတစ်ခုသည် ဖြစ်တည်လာခဲ့၏။
အားလုံး သောသူတို့သည် မကြာခင်မှာ သေဆုံးရမည့် သားရဲလေးများကဲ့သို့ပင်ဖြစ်လို့နေခဲ့၏။ မိုးကြိုး ပစ်သံများ တဂျိန်းဂျိန်းနှင့် ထွက်ပေါ်လာခဲ့ပြီးသည့်နောက် ၎င်းတို့အားလုံးသည် စိတ်ပျက်လက်ပျက်နှင့် မျက်လုံးကိုသာ မှိတ်ထားမိကြ၏။ ငြိမ်ငြိမ်သက်သက်နှင့် သေဆုံးရန်သာ စောင့်မျှော်လျက် ရှိသည်။
ကောင်းကင်လျှို့ဝှက် နန်းဆောင်ကြီးအတွင်းမှာတော့ လီယွင်သည် သူ၏လက်ချောင်းများကို ပြန်လည် ရုပ်သိမ်းပြီးသည့်နောက် နန်းဆောင်၏ အတွင်းဘက်ဆီသို့ လှမ်းဝင်လိုက်၏။ သူသည် လုပ်သင့်သည့် အရာများအားလုံးကို လုပ်ခဲ့ပြီးပြီ ဖြစ်၏။
တော်ဝင်သဲကန္တာရမြို့မှ လူများသည် နတ်ဘုရားကပ်ဘေး၏ အောက်တွင်သေဆုံးလိမ့်မည် မဟုတ်ချေ။ သေဆုံးခဲ့သည် ရှိသည်ဆိုလျှင်တောင်မှ သူသည် တောင်းပန်မှုကိုသာ တတ်နိုင်၏။ တခြားဘာမှ ပြုလုပ်၍မရချေ။ အခြေအနေသည် သူထိန်းချုပ်၍ ရနိုင်သည့် အရာမျိုးမဟုတ်ချေ။