← Chapters

အခန်း (၁၅)

Vol. 2 Ch. 15

အခန်း (၁၅)

Vol. 2 Ch. 15

ကောင်းကင်လျို့ဝှက် နန်းဆောင်အတွင်းမှာတော့ လီယွင်သည် ယန်ရှို ထွက်ခွာသွားသည်ကို ကြည့်ပြီးနောက် သူ၏ ထိုင်ခုံဆီသို့ ပြန်လာကာ ​ပြောလိုက်သည်။

"ထွက်လာတော့"

"ကျေးဇူးပါဆရာ"

လျှိုချမ်းရွှယ်သည် ဘေးအခန်းဆီမှ ထွက်လာ၏။ ပြီးသည့်နောက် ဦးညွှတ်ကာ ဂါဝရပြုလိုက်၏။

လက်ရှိအချိန်မှာတော့ လီယွင်ဆီသို့ကြည့်သည့် သူမ၏အကြည့်များသည် အဓိပ္ပာယ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။ အစောတုန်းက ဤလူသည် သူမ၏စီနီယာနှင့် နှိုင်းယှဉ်၍ရနိုင်သည်ဟု တွေးထင်ခဲ့၏။ လက်ရှိအချိန်မှာတော့ ထိုသို့ ဖြစ်နိုင်မည်ပုံ မပေါ်ချေ။ ထို့ပြင် ယန်ရှို ဆိုသည်မှာ ငရဲကိုးကောင် နတ်ဆိုးဂိုဏ်း၏ အကြီးအကဲတစ်ယောက်ဖြစ်သည်။ သူမ၏ ဆရာနှင့် နှိုင်းယှဉ်လျှင် သိပ်ပြီး ကွာခြားလှသည် မဟုတ်ချေ။

ထိုသို့သော ကြီးမားသည့် အခွင့်အာဏာကို ပိုင်ဆိုင်သော လူတစ်ယောက်သည် နှိမ့်နှိမ့်ကျကျနှင့် ဆက်ဆံသွားသောကြောင့် သူမ၏​ရှေ့၌ ရှိနေသော စီနီယာသည် ကြောက်ခမန်းလိလိ အခွင့်အာဏာ ကို ပိုင်ဆိုင်သူ ဖြစ်ပေလိမ့်မည်။

"ကျေးဇူးတင်ဖို့ မလိုပါဘူး။ ဒါက စီးပွားရေး လုပ်တာပဲလေ"

လီယွင်သည် အသာလှည့်ပြီးနောက် လျှိုချမ်းရွှယ်အား ပြုံးကာ ကြည့်ရှုလိုက်၏။

"မင်းရဲ့ဆရာကို သတင်းပို့ပြီးပြီလား။ သူလမ်းမှာ ရောက်နေပြီလား"

လျှိုချမ်းရွှယ်၏ ဆရာနှင့် ပတ်သက်၍ လီယွင်သည် အနည်းငယ် ပူပန်နေမိ၏။ ငရဲကိုးကောင် နတ်ဆိုးဂိုဏ်း၏ အကြီးအကဲတစ်ယောက်ပင်လျှင် များပြားလှသော ရတနာများ ပိုင်ဆိုင်နေ၏။ တော်ဝင်ဓားဂိုဏ်း၏ ဂိုဏ်းချုပ်သာဆိုလျှင် မည်မျှ ချမ်းသာမည်နည်းကို ခန့်မှန်း၍ပင်မရနိုင်ချေ။

"သတင်းပေးပြီးပါပြီ။ သူ့ဆီကနေ သတင်းပြန်ရထားတယ်"

လျှိုချမ်းရွှယ်သည် ခေါင်းကို ငုံ့လိုက်၏။ စီနီယာ၏ အကြည့်အောက်တွင် သူမ၏ သေးသွယ်လှပလှသော မျက်နှာတစ်ခုလုံးသည် နီမြန်းလာခဲ့၏။

"တော်ဝင်ဓားဂိုဏ်းက တော်ဝင်သဲကန္တာရမြို့နဲ့ တော်တော်ဝေးဝေးမှာ တည်ရှိတယ်လေ။ ဒါကြောင့်မို့ ဆရာ့အနေနဲ့ အလောတကြီး လိုက်လာတယ် ဆိုရင်တောင်မှ နှစ်ရက်လောက် ကြာလိမ့်မယ်။"

"နှစ်ရက် ဟုတ်လား"

လီယွင်သည် ပြုံးကာပြောလိုက်သည်။ "အလျင်လိုစရာ မလိုပါဘူး။ အေးဆေးလာပါစေ။ ဒါနဲ့"

လီယွင်သည် တစ်စုံတစ်ခုကို သတိရသွားသလိုဖြင့် ထပ်ကာမေးမြန်းလိုက်၏။ "ခင်ဗျားဆရာရဲ့ အားအင်အဆင့်က ဘယ်လောက်လဲ"

လျှိုချမ်းရွှယ်သည် ခနလောက် အံ့အားသင့်သွား၏။ ပြီးနောက် မသေချာ ၊ မရေရာသလို ဖြေဆိုလိုက်သည်။ "ဆရာက နတ်အဆင့်လောက်တော့ ရှိမယ်ထင်တယ်"

သူမ၏ဆရာသည် အားကောင်းလှသည်ကိုသာ သိရှိ၏။ တိကျလှသည့် အားအင်အဆင့်သည် သူမ သိရှိနိုင်သည့် အရာမျိုးမဟုတ်ချေ။ ထို့ပြင်နတ်နယ်မြေကို ဖန်တီးတည်ဆောက်ထားသည့် စွမ်းအားမြင့် ကျင့်ကြံသူများသည် တူညီသည့်အဆင့်တွင် ရှိလိမ့်မည်ဟု သူမကတွေးမှတ်ထား၏။

“အဟမ်း ….”

လီယွင်သည် အဓိပ္ပာယ်ပါသည့် အသံတစ်ခုကို ပြုလုပ်လိုက်သည်။

နတ်အဆင့် ဤအရာသည် ရင်ဆိုင်ရလွယ်သည့် အရာပင် ဖြစ်၏။ ငရဲကိုးကောင်ဂိုဏ်းမှ အကြီးအကဲပင်လျှင် သူတော်စင်အဆင့် ဖြစ်ချင်သည် ဆိုမှတော့ သူတော်စင် မဖြစ်ချင်သည့် ဂိုဏ်းချုပ်ဟူ၌ ဘယ်မှာရှိမည်နည်း။ ထိုအချက်ကို တွေးတောပြီးသည့်နောက် လီယွင်သည် တော်ဝင်ဓားဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် စီးပွားရေး ကိစ္စ ဆွေးနွေးနိုင်လိမ့်မည်ဟု ယုံကြည်သွားခဲ့၏။

တော်ဝင်သဲကန္တာရမြို့ ….

မိုင်သန်းနှင့်ချီသော အကွာအဝေးရှိ ကောင်းကင်ပေါ်တွင်တော့ ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် သက်လတ်ပိုင်း လူတစ်ယောက်သည် ကြည့်ကောင်းလွန်းလှပြီး ဂုဏ်သိက္ခာထည်ဝါလှသည့် အရှိန်အဝါမျိုးကို ထုတ်ဖော်ကာ အလျှင်အမြန် ပျံသန်းလာသည်။ ရုတ်တရက် သူ၏ကျောရိုးမကြီး တစ်ခုလုံးသည် စိမ့်တက်သွားခဲ့၏။ ခေါင်းထဲတွင်လည်း ဇဝေဇဝါများ ဖြစ်လာခဲ့သည်။

"ထူးဆန်းလိုက်တာ။ ချမ်းရွှယ်က အန္တရာယ်မရှိတော့ဘူးလို့ ငါ့ကိုပြောခဲ့တယ် မဟုတ်လား။ ဘယ်လိုဖြစ်ပြီးတော့ မကောင်းတဲ့ ခံစားချက်တွေ ရနေရတာလဲ"

သူ၏စိတ်ထဲတွင် မကောင်းသည့်ခံစားချက်များ ရရှိနေခဲ့၏။ သို့ပေမဲ့ ဘာမှန်းတော့ သေချာမသိချေ။

……………

"နှစ်ရက်ဆိုတာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားမှာပဲလေ။ ခင်ဗျား ဒီမှာနေလို့ရတယ်"

လီယွင်သည် ကောင်းကင်နန်းဆောင်ကို တစ်ချက်ကြည့်ပြီးနောက် ပြောလိုက်သည်။ "အလျင်လိုစရာ မလိုပါဘူး။ စိတ်ရှည်ရှည်နဲ့ စောင့်ကြတာပေါ့"

"ကောင်းပါပြီ" လျှိုချမ်းရွှယ်သည် ခေါင်းညိတ်လိုက်၏။

လီယွင်သည် ဘာတစ်ခုမှ မလုပ်ဘဲ သက်သောင့်သက်သာ နေထိုင်ရန် ပြောဆိုခဲ့သော်လည်း သူမသည် ထိုသို့နေလိမ့်မည် မဟုတ်ချေ။

လီယွင်တစ်ယောက် စာအုပ်တစ်အုပ်ကို ကောက်ကိုင်လိုက်သည့် အချိန်မှာတော့ လျှိုချမ်းရွှယ်သည် အသာလျှောက်လာပြီး လွတ်နေသော ရေနွေးခွက်ကို ရေနွေးဖြည့်ပေးလိုက်သည်။

လီယွင်သည် သူမကို တစ်ချက်ကြည့်လိုက်သည်။ သိပ်ပြီး ဂရုမစိုက်လှချေ။ လက်ရှိအချိန်မှာတော့ သူသည် စနစ်နှင့် ပေါင်းစပ်သွားခဲ့၏။

[ကောင်းကင်အမှတ် - တစ်သောင်းကျော်]

ဤအရာကို မည်ကဲ့သို့ သုံးရမည်မှန်း သူသည် သေသေချာချာ စဉ်းစားနေမိသည်။

"စနစ် … စတိုးကို ဖွင့်ပြီးတော့ ငါနဲ့လိုက်မဲ့ ကျင့်ကြံခြင်းတစ်ခုကို ထုတ်ပေး" လီယွင်သည် စိတ်ထဲမှ ပြောဆိုလိုက်၏။

သူသည် လက်ရှိအချိန်တွင် ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်ငါးတွင်သာ တည်ရှိ၏။ ခန္ဓာကိုယ် သန့်စင်ရန်မှာ သူပထမဆုံး ပြုလုပ်ရမည့် အရာပင် ဖြစ်၏။ ထိုပြင် အနာဂတ်တွင် ပိုမိုမြင့်မားလှသည့် အခြေအနေတစ်ခုကို ရောက်ရှိရန် သင့်တော်သည့် ချီနည်းစနစ်တစ်ခုကို တတ်ကျွမ်းရန်လည်း လိုအပ်နေ၏။ ထိုမှသာလျှင်သူ၏အခြေခံသည် သန်မာပေလိမ့်မည်။

[ဒင် …. လက်ခံသူနှင့် သင့်တော်မည့် နည်းစနစ်များကို ထုတ်နုတ်ဖော်ပြခဲ့သည်။]

[အသွင်ပြောင်းကိုးမျိုးကြံ့- ကောင်းကင်လျို့ဝှက်အမှတ် သန်းတစ်ထောင်။]

[ဆင်နတ်ဘုရား၏ စည်းခတ်ခြင်းကျမ်း- ကောင်းကင်လျို့ဝှက်အမှတ် သန်းငါးရာ။]

[နက်နဲသိုင်းကျမ်း ကိုးမျိုး-ကောင်းကင်လျို့ဝှက်အမှတ် သန်းတစ်ရာ။]

[နတ်ဆိုးချုပ်နှောင်ခြင်း သန္ဓေကျမ်း-ကောင်းကင်လျို့ဝှက်အမှတ် သန်းရှစ်ဆယ်။]

[ကောင်းကင်အင်ပါယာကျမ်း-ကောင်းကင် လျို့ဝှက်အမှတ် နှစ်သန်း။ (တော်ဝင်အင်ပါယာအဆင့်အထိ ကျင့်ကြံနိုင်)]

[အဆုံးမဲ့ မူလကျမ်း--ကောင်းကင် လျို့ဝှက်အမှတ် နှစ်သန်း။ (တော်ဝင်အင်ပါယာအဆင့်အထိ ကျင့်ကြံနိုင်) ]

"ဒီလောက် စျေးကြီးတာလား" လီယွင်သည် ပြောလိုက်မိ၏။ လက်ရှိအချိန်မှာတော့ သူသည် ကြောင်အအဖြစ်မိနေ၏။ သူ၌ရှိနေသော အမှတ်များနှင့် ဝယ်ယူနိုင်သော ပစ္စည်းဟူ၍ တစ်ခုမှ မရှိချေ။ ကောင်းကင်လျို့ဝှက်အမှတ် တစ်သောင်းကျော်နှင့် ဝယ်ယူနိုင်သည့် ပစ္စည်းဟူ၍ တစ်ခုမှ မရှိကြောင်း တွေ့ရှိခဲ့၏။

"ကျင့်ကြံခြင်း နည်းစနစ်တွေကို အစိတ်အပိုင်းတွေ ခွဲပြီးတော့ ဝယ်လို့ရနိုင်လား"

လီယွင်သည် စိတ်ထဲမှ မေးလိုက်မိ၏။

[ရပါသည်]

စနစ်၏ တုံ့ပြန်မှုကို ရပြီးသည့်နောက် လီယွင်သည် စိတ်သက်သာရာ ရသွားမိသည်။

"ဒါဆိုရင် ကောင်းကင် လျို့ဝှက်အမှတ် တစ်သောင်းကို သုံးပြီးတော့ ကောင်းကင်အင်ပါယာကျမ်းရဲ့ ပထမပိုင်း ကို ဝယ်ယူမယ်"

[ဒင် … လက်ခံသူသည် ကောင်းကင်လျို့ဝှက်အမှတ် တစ်သောင်းကို အသုံးပြုပြီးတော့ ကောင်းကင်အင်ပါယာကျမ်း ကို ဝယ်ယူခဲ့၏။ (အပိုင်းတစ်။ ကောင်းကင်မူလအဆင့်၊ နတ်အဆင့်အထိ ကျင့်ကြံနိုင်)]

"စျေးကြီးလိုက်တာ" လီယွင်သည် အမှတ်မထင်ပဲ စောဒကတက်လိုက်မိ၏။

ကောင်းကင်လျို့ဝှက်အမှတ် တစ်သောင်းကို အသုံးပြုပြီးနောက် သူသည် ကျင့်ကြံခြင်း နည်းစနစ်၏ အစိတ်အပိုင်းတစ်ချို့ကိုသာ ဝယ်ယူနိုင်ခဲ့၏။ ယခုထက်မြင့်မားသော အဆင့်ကို ရောက်ရှိနိုင်ရန်အတွက် မည်မျှ ကုန်ကျလိမ့်မည်နည်း။ အင်ပါယာနှင့် တော်ဝင်အင်ပါယာအဆင့်များကို ရောက်ရှိရန်အတွက် ဆိုလျှင် လီယွင်သည် တွေးပင် မတွေးရဲတော့ချေ။ သူ့ဆီသို့ ရောက်ရှိလာခဲ့သော သိုးဝကြီးကို အရေခွံပါ ချွတ်ယူခဲ့သော်လည်း လုံလောက်သည့် အရာမျိုးမဖြစ်ခဲ့ချေ။ သောက်ကျိုးနည်းလှချေသည်တကား။

[သိုင်းကျင့်ကြံခြင်း နည်းစနစ်ဆိုသည်မှာ အရေးကြီးသည့် အခြေခံပင် ဖြစ်၏။ တန်ဖိုးနိမ့်ကျလေ၊ ရရရှိနိုင်သည့် အကျိုးကျေးဇူးသည်လည်း နိမ့်ကျလေ ဖြစ်၏။ ထို့ကြောင့် လက်ခံသူအနေဖြင့် ပိုမိုအကောင်းလှသည့် ကျင့်ကြံခြင်း အဆင့်ကို ပိုင်ဆိုင်နိုင်ရန် ပိုမိုအကောင်းလှသည့် နည်းစနစ်ကို ကျင့်ကြံရန် လိုအပ်သည်။]

"ကောင်းပြီ"

စနစ်ဆီမှ အသံကို ကြားပြီးသည့်နောက် လီယွင်သည် သူ့ထံတွင် ရှိနေသော အတွေးများကို စွန့်ပစ်လိုက်၏။ ပြီးသည့်နောက် ကျန်ရှိနေသော ကောင်းကင်လျို့ဝှက် အမှတ်များကို ကြည့်ပြီး ပြောလိုက်၏။

"စနစ် ဒါတွေကိုသုံးပြီးတော့ ငါ့ရဲ့ ကျင့်ကြံခြင်းကို တိုးမြင့်လို့ ရလား"

[ဒင် …. လက်ခံသူသည် ကောင်းကင်လျို့ဝှက်အမှတ် ရှစ်ရာ့လေးဆယ်ကို အသုံးပြုပြီးနောက် အားအင်အဆင့်ကို တိုးမြှင့်ခဲ့သည်။ ]

"ကောင်းပြီ"

အသံထွက်ပေါ်လာပြီးနောက် လီယွင်၏ ကိုယ်ထဲတွင် ရှိနေသော ချီများသည် ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်ဖြင့် ထိုးတက်လာခဲ့၏။

ဘုန်း …။

ကောင်းကင်လျို့ဝှက် ခန်းဆောင်ထဲတွင်တော့ ရွှေရောင်လကြီးတစ်စင်းသည် ပေါ်ပေါက်လာခဲ့၏။ ထိုအရာသည် တောက်ပလျက် ရှိနေသည့် အော်ရာများကို ထုတ်ဖော်လျက် ရှိနေ၏။ ထိုအော်ရာများသည် လှိုင်းများကဲ့သို့ တလိမ့်လိမ့်နှင့် ဖြစ်ပေါ်လာခဲ့ပြီး နတ်ဘုရားနိယာမများလည်း ပါဝင်လျက် ရှိနေ၏။ ထိုအော်ရာများနှင့်အတူ ရွှေရောင်လကြီး၏ လွှမ်းခြုံမှုအောက်မှာတော့ လီယွင်သည် အမှန်ပင် ခမ်းနား ကြီးကျယ်လွန်းလှ၏။ ၎င်းသည် သက်တမ်းအလိုက် ဖြစ်တည်လာခဲ့သည့် အင်မော်တယ် တစ်ပါးကဲ့သို့ပင်။ ကောင်းကင်နှင့် မြေကြီးရှိ အားလုံးသော သူတို့သည် သူ့အား မော့ကြည့်ရသည့် အခြေအနေမျိုးလိုပင်။

"ဘာတွေဖြစ်နေတာလဲ"

လျှိုချမ်းရွှယ်သည် မျက်လုံးများ ပေကလပ် ပေကလပ်နှင့် ဖြစ်လို့နေသည်။ ရှေ့မှ မြင်ကွင်းကို ကြည့်ရှုပြီးနောက် သူမသည် မျက်လုံးထဲတွင် စိတ်ဝင်စားမှုများနှင့် ပြည့်နှက်လာခဲ့၏။ သူမသည် တီးတိုး ရေရွတ်လိုက်မိ၏။ "စီနီယာ ကျင့်ကြံနေတာလား။ အဲလိုပုံလည်း မပေါ်ပါဘူး"

ကောင်းကင် လျှို့ဝှက် နန်းဆောင်ထဲတွင် ဖိအားများကို တားဆီးနိုင်စွမ်း ရှိနေ၏။ ထို့ကြောင့် လျှိုချမ်းရွှယ်သည် မည်သည့်ဖိအားကိုမှ မခံစားရပဲ ပြောင်းလဲမှုကို ကြည့်ရှုနိုင်၏။ ထိုအရာသည် သူမကို အမှန်ပင် အံ့အားသင့်စေ၏။

ဘုတ် ……

သူမသည် ရှေ့ဆီသို့ ခြေတစ်လှမ်း တိုးလိုက်၏။ သူမ၏ရှေ့တွင် ရှိနေသော ရွှေရောင်အလင်းတန်းသည် တဖြည်းဖြည်းခြင်း ပြောင်းလဲလာခဲ့၏။ အလွန်ကျယ်ပြောလှသော ရွှေရောင်အလင်းတန်းများသည် လှိုင်းကဲ့သို့ ဖြစ်တည်လာခဲ့ပြီးနောက် အရွက်လေးခုပါသော အစိမ်းရောင် ကြာပန်းကြီးကဲ့သို့ ပုံပေါ်လာသည်။ ထိုအစိမ်းရောင် ကြာပန်းကြီးသည် မြူများအဖြစ် ပြောင်းလဲသွားပြီ စီနီယာ၏ ကိုယ်ထဲသို့ တိုးဝင်သွားလေသည်။

"မဟုတ်သေးဘူး"

လျှိုချမ်းရွှယ်သည် စိတ်မသက်သာသလို ခံစားလိုက်မိ၏။ သူမသည် အမှန်ပင် စပ်စုလွန်းလှ၏။ ကောင်းကင်လျို့ဝှက် နန်းဆောင်သခင်သည် အမှန်ပင် ဆန်းကြယ်လွန်းလှ၏။ သူမသည် အံ့ချီးနပမ်း ခံစားနေမိ၏။

ယခုကဲ့သို့ စပ်စုမိသည်ကိုလည်း သူသည် သူမကိုယ်သူမ အပြစ်တင်နေမိ၏။ အလုံးစုံ ဝါးမြိုလုမတတ် ဖြစ်နေသည့် ရွှေရောင်နေကြီးသည် ပျောက်ကွယ်သွားခဲ့၏။ ပြီးသည့်နောက် ကောင်းကင်လျို့ဝှက် နန်းဆောင်သည် ပြန်လည်ပေါ်ပေါက်လာခဲ့၏။ သူမ၏ ရှေ့၌ ဖြစ်ခဲ့သော အရာအားလုံးသည် ပုံရိပ်ယောင် ကဲ့သို့ပင်။ သူမ၏ ခန္ဓာကိုယ်မှ ချွေးစေးများပင် ထွက်ပေါ်လာခဲ့၏။ အရာအားလုံးသည် အစစ်အမှန် အဖြစ်သို့ ပြန်လည် ရောက်ရှိခဲ့သည်။

"ဒါ… ဒါ… ဒါက ဘာအဆင့်လဲ"

အခြားတစ်ဖက်မှ ကြည့်ရှုရမည်ဆိုလျှင် လီယွင်သည် မျက်လုံးကို ဖြည်းညင်းစွာ ဖွင့်လိုက်၏။ လက်ရှိလောက၏ အားအင်အဆင့်အရဆိုလျှင် သူသည် နတ်ဘုရား စွမ်းအား အဆင့်သို့ ရောက်ရှိသွားပုံပေါ်၏။

လူငယ်မျိုးဆက်များထဲတွင် တကယ့်ကို ပါရမီထူးလှသော ကျင့်ကြံသူများသာ ပိုင်ဆိုင်နိုင်သည့် အဆင့်ဖြစ်၏။ သို့ပေမဲ့ သူသည် ထိုအရာကို အရမ်းကို ကြီးမားလှသည်ဟု တွေးခြင်းတော့ မရှိချေ။ တစ်ရက်တည်းနှင့် ရရှိလာသည့် အောင်မြင်မှုအကြောင်း စဉ်းစားပြီးနောက် သူ၏နှလုံးသား တစ်ခုလုံးသည် ပြန်လည်ကာ အေးချမ်းသွားခဲ့သည်။

"ကောင်းကင်လျို့ဝှက်အမှတ်တွေ ကုန်သွားပြန်ပြီကိုး"

လီယွင်သည် သက်ပြင်းချလိုက်၏။ ရှာဖွေရသည်မှာ မြန်လှသလို၊ အသုံးပြုရသည်မှာလည်း မြန်လှ၏။ ကောင်းကင်လျို့ဝှက်အမှတ် တစ်သောင်း ….. ထိုအရာသည် သူသည် နွေးအောင်ပင် မကိုင်လိုက်ရချေ။ ​ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။

လက်ရှိအခြေအနေမှာတော့ လျှိုချမ်းရွှယ်၏ ဆရာ မကြာခင် ရောက်ရှိလာရန်သာ မျှော်လင့်နေမိသည်။

All Chapters