← Chapters

အခန်း (၁၈)

Vol. 2 Ch. 18

အခန်း (၁၈)

Vol. 2 Ch. 18

“ကံတရားကတော့ ငါ့ကို မျက်နှာသာပေးနေပြီပဲ”

ယန်ရှိုသည် သက်ပြင်းရှည်ကြီး ချလိုက်မိ၏။ သူသည် လှုပ်ရှားလျက်ရှိနေသည့် သူ၏ စိတ်ခံစားချက်များကို တည်ငြိမ်အောင် ကြိုးစားလျက် ရှိနေ၏။

ပထမဦးဆုံး သူသည် အစီအရင်ထဲမှ များပြားလွန်းလှသည့် ပစ္စည်းပစ္စယ လက်နက်ပစ္စည်းများ အားလုံးကို သိမ်းဆည်း ရယူလိုက်၏။ လက်ရှိအခြေအနေမှာတော့ ရေတွက်လို့မရအောင် များပြားလွန်းလှသည့် စိတ်ဝိညာဉ် ဆေးပင်များ တည်ရှိရာ နတ်ဘုံနတ်နန်းကဲ့သို့ တည်နေရာထဲသို့ ခြေလှမ်းကာ ရောက်ရှိနေပြီဖြစ်သည်။

ဤနှစ်ခုကို ပေါင်းစပ်လိုက်မည်ဆိုလျှင် ယခင်တုန်းက ဆုံးရှုံးခဲ့သည့် ငွေကြေးများကို ပြန်လည် ကာမိရုံသာမက အကျိုးအမြတ်များပင် ရရှိနေပြီ ဖြစ်၏။

ပိုမို၍ အရေးကြီးသည်မှာ ကောင်းကင်လျှို့ဝှက်နန်းဆောင် သခင်ပြောခဲ့သည့် စကားအရဆိုလျှင် ဤနတ်ဘုံထဲတွင် သူတော်စင်တစ်ယောက် ဖြစ်လာနိုင်စွမ်းရှိသည့် နည်းလမ်းတစ်ခုခု ရှိနေသည်ဟု ဆိုခြင်းပင်။ ဤအရာသည် ဖုံးကွယ်လျက်ရှိနေခြင်းသာ ဖြစ်ပေလိမ့်မည်။ အချက်အလက်သုံးခုကို ပေါင်းစပ်ရမည်ဆိုလျှင် သူ၏ချမ်းသာ ကြွယ်ဝမှုများသည် ယခင်ကထက်ပင် အဆပေါင်း များစွာ ပိုမိုကာ တိုးတက်ကြွယ်ဝလာသည်ဟု ပြောရပေမည်။

“သူတော်စင် ဖြစ်ပြီးသွားပြီဆိုရင် သူတော်ဆင့်အဆင့်လက်နက်တစ်ခုကို ငါ ကျိန်းသေပေါက် သန့်စင်ရမယ်” ယန်ရှိုသည် ဘဝင်ခိုက်လျက် ရှိနေသည်။

သူတော်စင်အဆင့် ဆိုသည်မှာ နှိုင်းယှဉ်၍ မရအောင် အားကောင်းလှသည့် ကျွမ်းကျင်သူတစ်ယောက်၏ အဆင့်ပင် ဖြစ်သည်။ ခြေတစ်လှမ်း လှမ်းလိုက်တိုင်းတွင် သန်းနှင့်ချီသည့်မိုင် ပတ်ဝန်းကျင်အတွင်း တုန်ခါအောင် ပြုလုပ်နိုင်စွမ်း ရှိနေသည့် လူတစ်ယောက်လည်း ဖြစ်၏။ ထို့အပြင် ဤကဲ့သို့သော စွမ်းအားမြင့် ကျင့်ကြံသူ တစ်ယောက် တည်ရှိခြင်းသည် ကြီးမားလွန်းလှသော ဂိုဏ်းတစ်ခု၏ အခြေခံကို ပိုမိုကာ မြင့်တက်သွားစေနိုင်လိမ့်မည်။

ထိုကဲ့သို့သော အဆင့်ကို ရောက်ရှိမည်ဆိုပါက သူ့အနေနှင့် နတ်အဆင့်လက်နက်များကို အသုံးပြု၍ မည်ကဲ့သို့ ဖြစ်မည်နည်း။ သို့ပေမဲ့ နတ်အဆင့်လက်နက်တစ်ခုကို သွန်းလုပ်ရန်ပင် ပါဝင်သည့် ပစ္စည်းများမှာ အလွန်တရာ တန်ဖိုးကြီးမားနေ၏။ သူတော်စင်အဆင့် လက်နက်ဆိုလျှင် ပြောနေစရာပင် မလိုအပ်ချေ။

“ဒီစိတ်ဝိညာဉ်ဆေးပင်တွေ ပေါင်းစပ်လိုက်မယ်ဆိုရင် ကောင်းကင်လျှို့ဝှက်နန်းဆောင်ကနေပြီးတော့ နတ်ဘုရား အဆင့်ရွှေတွေ၊ သတ္တုတွေ ဘယ်နားရှာရမလဲဆိုတဲ့ သတင်းအချက်အလက်ကို ဝယ်ယူကောင်း ဝယ်ယူနိုင်မှာပဲ”

အားလုံးသောသူတို့သည် ဖြတ်လမ်းနည်းကို ကြိုက်နှစ်သက်ကြ၏။ လွယ်ကူသည့်နည်းလမ်း မရှိသည်ဆိုပါက ယန်ရှိုအနေဖြင့် လက်နက်များ သွန်းလုပ်ရန်အတွက် လိုအပ်သည့် ပစ္စည်းပစ္စယပေါင်းများစွာကို နှစ်ခုနှစ်ရာ၊ ရှစ်ရာခန့် လိုက်လံရှာဖွေရပေလိမ့်မည်။ သို့ပေမဲ့ သူ့၌ ဖြတ်လမ်းနည်းတစ်ခုက တည်ရှိနေ၏။ ထိုအရာသည် လုံလောက်သည့် အရင်းအမြစ်ကို ပေးအပ်လိုက်ခြင်းသာဖြစ်၏။

ဘာမှန်းပင် သေသေချာချာ မသိရှိသေးသော်လည်း ယန်ရှိုသည် လက်ရှိအချိန်မှာတော့ ကောင်းကင်လျှို့ဝှက် နန်းဆောင်၏ သစ္စာရှိဖောက်သည်တစ်ယောက်ကဲ့သို့ပင် ဖြစ်၍လာခဲ့ပြီဖြစ်သည်။

“အင်း... အရေးအကြီးဆုံးကိစ္စက အတွင်းစိတ်မိစ္ဆာဆိုးကို ဖယ်ရှားတဲ့ကိစ္စပဲ”

ယန်ရှိုသည် ပတ်ဝန်းကျင်တွင် ရှိနေသည့် စိတ်ဝိညာဉ်ဆေးပင်များ အားလုံးကို တစ်ချက်လှမ်းကြည့်လိုက်၏။ သို့ပေမဲ့ ထိုအရာများကို ခူးဆွတ်ရန် အစီအစဉ် မရှိသေးချေ။

စိတ်ဝိညာဉ်ဆေးပင်များ ဆိုသည်မှာ အမှန်ပင် ထိလွယ်ရှလွယ်ဖြစ်၏။ မမှန်ကန်သည့် နည်းလမ်းများဖြင့် ခူးယူသည် ဆိုပါက ဆေးစွမ်းအင်များသည် ကျဆင်းသွားမှာဖြစ်၏။ တချို့သောဆေးပင်များဆိုလျှင် မည်သည့် အခါကမှ မရှိခဲ့သလို ပျောက်ကွယ်ကောင်း ပျောက်ကွယ်သွားနိုင်၏။

ဤကဲ့သို့သော နတ်ဘုံနတ်နန်းငယ်လေးထဲတွင် ရေတွက်လို့ မရနိုင်အောင် များပြားလှသည့် စိတ်ဝိညာဉ်ဆေးပင် များ မြောက်များစွာ ရှိနေ၏။ တစ်ခုချင်းစီကို လိုက်လံကာ ခူးယူရမည်ဆိုလျှင်လည်း အချိန်မည်မျှ ကြာမည်မှန်း မသိချေ။ ထို့အပြင် ထိုအရာများကို ခူးပြီးသည့်နောက် သေသေချာချာ ထိန်းသိမ်းထားရန်လည်း လိုအပ်နေသေး၏။ ထိန်းသိမ်းမှုနည်လမ်း မမှန်သည်ဆိုပါက စိတ်ဝိညာဉ်စွမ်းအင်များ ကျဆင်းသွားနိုင်သည့် အခြေအနေကိုလည်း ကြုံရနိုင်သေးသည်။

ထို့ကြောင့် အားအင်များကို ဖြုန်းတီးမည့်အစား ဤဆေးပင်များကို ဤနေရာတွင် ဆက်လက်ပေါက်ရောက်အောင် ထားခြင်းကသာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ ထို့အပြင် ဤတည်နေရာတွင် နတ်ဘုံနတ်နန်းကဲ့သို့ ကုန်းမြေလေးတစ်ခု တည်ရှိသည်ကို သိရှိသူဟူ၍ သူနှင့် ကောင်းကင်လျှို့ဝှက်နန်းဆောင်မှ နန်းဆောင်သခင် တို့သာလျှင်ရှိ၏။

ယန်ရှို၏ တွက်ချက်မှုအရဆိုလျှင် နန်းဆောင်သခင်သည် အစောကြီးကတည်းက ဤနေရာကို သိရှိပြီးသားဖြစ်၏။ သူ့အနေနှင့် လိုချင်သည်ဆိုပါက အစောကြီးကတည်းက ယူဆောင်သွားဖို့သာရှိသည်။

ထိုအတွေးကို တွေးမိပြီးသည့်နောက် ယန်ရှိုသည် စိတ်အေးသက်သာသလို ခံစားလိုက်မိ၏။

သူသည် အသူရာကောင်းကင် စိတ်ဝိညာဉ်မြက်ကို သေသေချာချာ နှုတ်ယူလိုက်၏။ ပြီးနောက် အစိတ်အပိုင်း တစ်ခုကို ဖြတ်လိုက်သည်။ ကျန်သော အစိတ်အပိုင်းများကိုတော့ ကျောက်စိမ်းသေတ္တာလေးတစ်ခုအတွင်း ထည့်ကာဖြင့် အပေါ်တွင် များပြားလှသည့် ကန့်သတ်ခြင်းအစီအရင်များကို ဖန်တီးကာ သိမ်းဆည်းထားလိုက်သည်။

နှစ်တစ်သိန်း သက်တမ်းရှိသည့် စိတ်ဝိညာဉ်ဆေးပင်ဆိုသည်မှာ ခန့်မှန်း၍ မရအောင် အားကောင်းလှသည့် ဆေးစွမ်းအင်များ ပါဝင်မှာ သေချာ၏။ သူ့အနေနှင့် အများကြီး အသုံးပြု၍ မရချေ။ ဆိုးရွားသည့် အကျိုးဆက် ကိုပင် ရောက်ရှိသွားနိုင်၏။ ထို့အပြင် သိမ်းဆည်းထားသည့်အရာများကို ပြန်လည်ကာ ရောင်းချလိုက်မည်ဆိုပါက ထိုက်တန်သည့် အကျိုးအမြတ်ကို ရရှိမှာ သေချာ၏။

အရင်းအမြစ်များ တိုးတက်လာသည်နှင့်အညီ သူသည် ကောင်းကင်လျှို့ဝှက်နန်းဆောင် သခင်ဆီမှ သူတော်စင် ဘုရင်ဖြစ်မည့် အခွင့်အရေးကို မည်ကဲ့သို့ ရယူရမည်နည်းဆိုသည့် သတင်းအချက်အလက်ကို သွားရောက် ဝယ်ယူကောင်း ဝယ်ယူနိုင်၏။ သူသည် သူတော်စင်ပင် မဖြစ်သေးသော်လည်း အနာဂတ်လမ်းစဉ်အတွက် ကြိုတင်ကာပင် အစီအစဉ် ချမှတ်ပြီးသား ဖြစ်လို့နေသည်။

လက်ရှိအချိန်မှာတော့ ယန်ရှိုသည် မြေပေါ်တွင် ခြေချိတ်ကာ ထိုင်လိုက်ပြီး သူ၏စိတ်ပိုင်းဆိုင်ရာတစ်ခုလုံးကို ပြန်လည်ကာ ထိန်းချုပ်လိုက်၏။ သူသည် စိတ်ဝိညာဉ်စွမ်းအင်များကို ခန္ဓာကိုယ်အတွင်းတွင် လှည့်ပတ်လိုက်၏။ ပြီးနောက် အသူရာကောင်းကင်စိတ်ဝိညာဉ်မြက်ကို အသာမျိုချလိုက်၏။ သူ၏ပါးစပ်ထဲသို့ ထိုဆေးပင် ဝင်ဝင်သွားချင်းမှာပဲ နွေးထွေးလှသည့် စွမ်းအင်စီးကြောင်းတစ်ခုသည် သူ၏ မရီဒန်များဆီသို့ လှည့်ပတ်သွားပြီး သူ၏သိစိတ်ပင်လယ်ထဲသို့ ရောက်ရှိလာ၏။

“ဟမ်”

ရုတ်တရက် ဆိုသလိုပဲ ယန်ရှို၏ စိတ်တစ်ခုလုံးသည် တုန်ခါသွားခဲ့၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး၌ တော်ဝင်လမ်း၏ အငွေ့အသက်များ ထွက်ပေါ်လာခဲ့၏။ ကောင်းကင်နှင့်မြေကြီး၏ သဘာဝစွမ်းအင်များနှင့် ပေါင်းစပ်လိုက် သကဲ့သို့ပင်။ သူ၏ အနီးနားတဝိုက်တွင် အမဲရောင် နတ်ဆိုးပန်းများသည် တစ်ခုပြီးတစ်ခု ဖူးပွင့် လာခဲ့သည်။

ယခင်တုန်းက သူ့ကို တလျှောက်လုံး နှိပ်စက်ကာ ဒုက္ခပေးလျက်ရှိနေသည့် အတွင်းစိတ်မိစ္ဆာဆိုးသည်လည်း ချက်ချင်းဆိုသလိုပဲ ပျောက်ကွယ်သွားခဲ့၏။ သူ၏ စီနီယာအစ်ကိုကို သတ်ဖြတ်ခဲ့ခြင်းနှင့်ပတ်သက်သည့် အကြောင်းအရာများ အားလုံးသည် သူ၏သိစိတ်ထဲမှ ပျောက်ကွယ်သွားခဲ့၏။ ထိုအရာသည် လေတိုက်၍ လွင့်စင်သွားသည့် ဖုန်မှုန့်များအလားပင်။ သူသည် ဉာဏ်အလင်း ရရှိခဲ့၏။

..............

ယန်ရှိုတစ်ယောက် ၎င်း၏ ကျင့်ကြံခြင်းကို တစိုက်မတ်မတ် ပြုလုပ်နေတုန်းမှာပဲ တစ်ရက်တာ ကုန်လွန်သွားခဲ့၏။ မနက်စောစော နေထွက်လာသည့်အချိ်နမှာတော့ လူတစ်စုသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ ချဉ်းကပ် လာခဲ့သည်။

ရှေ့ဆုံးမှ ဦးဆောင်နေသည့်လူသည် ချပ်ဝတ်အပြည့်အစုံကို ဝတ်ဆင်ထားလေ၏။ ဤလူသည် ဟန်ဖန်ဟု အမည်ရပြီး တော်ဝင်သဲကန္တာရမြို့ မြို့တော်ဝန်၏အောက် အစောင့်အရှောက်ခေါင်းဆောင်လည်း ဖြစ်၏။ သူ၏ ပုံမှန်တာဝန်ဆိုသည်မှာ တော်ဝင်သဲကန္တာရမြို့ကို စောင့်ကြပ်ရန်ဖြစ်သည်။ သို့ပေမဲ့ ယနေ့အချိန် မှာတော့ မတူညီသည့် တာဝန်အမျိုးအစားနှင့် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ လှမ်းလာခဲ့ရ၏။ သူသည် နန်းဆောင်သခင်နှင့် လာရောက်ကာ တွေ့ဆုံခြင်းပင်။

ဟန်ဖန်သည် အဝတ်အစားများကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြုလုပ်ပြီးသည့်နောက် ရှေ့ဆီသို့ လှမ်းလျှောက် လိုက်၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ ရှေ့ဆီသို့ ရောက်ရှိလာပြီးသည့်နောက် လေးလေးစားစားဖြင့် အော်လိုက်သည်။ “တော်ဝင်သဲကန္တာရမြို့မှ ဟန်ဖန်.. စီနီယာနဲ့ လာရောက်တွေ့ဆုံပါတယ်”

“ဟန်ဖန် ဟုတ်လား” ကောင်းကင်လျှို့ဝှက်နန်းဆောင် အတွင်းမှာတော့ လီယွင်သည် ဇဝေဇဝါ ဖြစ်လို့နေ၏။ သူသည် ဤနာမည်နှင့် ရင်းနှီးသည့်ပုံ မပေါ်ချေ။ မနက်စောစောစီးစီး စီးပွားရေးလုပ်ရန် လူတချို့ လာရောက်ကာ တံခါးခေါက်လေသည်လား။ ထိုသို့ဆိုလျှင် အလွန်ပဲ ကောင်းမွန်လှ၏။

လီယွင်သည် စိတ်အားတက်ကြွသွားမိ၏။ သူသည် လည်ချောင်းဟန့်ကာဖြင့် ပြောလိုက်မိသည် “တာအိုရောင်းရင်း ဟန် ..... ကျေးဇူးပြုပြီး ဝင်ခဲ့ပါအုံး”

“ကျေးဇူးပါပဲ စီနီယာ”

အထဲဆီမှ အသံကို ကြားရသည့်အချိန်မှာတော့ ဟန်ဖန်သည် စိတ်လှုပ်ရှားသလို ခံစားနေမိ၏။ ဤစီနီယာသည် ပြောရဆိုရ ခက်ခဲလှသည့် ဟန်ပန်မျိုး မဟုတ်ချေ။ သူထင်မှတ်ထားသည်ထက် ပိုမိုကာ သဘောကောင်းလို့နေ၏။

ဟန်ဖန် ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲသို့ ဝင်ရောက်လိုက်ချင်းချင်းမှာပဲ အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင် ထားသည့်လူတစ်ယောက်ကို မြင်လိုက်ရ၏။ သူသည် ချက်ချင်းပဲ လက်သီးကို ဆုပ်ကာဖြင့် လေးလေးစားစား ဦးညွတ်လိုက်သည်။

“ဂျူနီယာဟန်ဖန်က တော်ဝင်သဲကန္တာရမြို့ရဲ့ မြို့တော်ဝန် အမိန့်အရ စီနီယာကို ကျေးဇူးတင်စကား လာပြော တာပါ”

ပြောပြီးသည့်နောက် ဟန်ဖန်သည် လက်ထဲတွင် ရှိနေသည့် ကျောက်စိမ်းသေတ္တာတစ်ခုကို အသာကမ်းပေး လိုက်၏။ ပြီးနောက် သူသည် လေးလေးစားစားဖြင့် ဦးညွတ်ကာ ထပ်ပြောလိုက်၏။

“ဒါက မြို့တော်ဝန်ရဲ့ ကျေးဇူးတင်ခြင်းလက်ဆောင်ပါပဲ။ ကျေးဇူးပြုပြီး လက်ခံပေးပါ စီနီယာ”

..........

All Chapters