← Chapters

အခန်း (၂၃)

Vol. 2 Ch. 23

အခန်း (၂၃)

Vol. 2 Ch. 23

"စီနီယာ ဘာလိုချင်လို့လဲ"

ရမ်ချင်းတုသည် လေးလေးနက်နက် အမူအရာဖြင့် မေးလိုက်၏။

လက်ရှိအချိန်မှာတော့ သူ၏ စိတ်အခြေအနေသည် မကောင်းတော့ချေ။ သူ၏ ဂိုဏ်းထဲရှိ လျှို့ဝှက်ချက်ကို ပြင်ပ လူတစ်ယောက်က သိရှိလို့နေ၏။ ထိုအရာသည် သူ့အား မသက်မသာ ခံစားရစေသည်။

ဤကိစ္စကြီးသည်သာ ပြင်ပသို့ ပေါက်ကြားသွားသည် ဆိုပါက တော်ဝင်ဓားဂိုဏ်း တစ်ခုလုံး အဆုံးသတ်သွားဖို့ ဆိုသည်မှာ သေချာသလောက်ပင်။

ပထမတုန်းက လျှို့ဝှက်ချက်အဖြစ် သိမ်းဆည်းရန် တစ်ဖက်လူကို သတ်ဖြတ်ပစ်ရန် စဉ်းစားလိုက်မိသေး၏။ ထိုပေမဲ့ ထိုအတွေးကို သူ ချက်ချင်းပဲ ဖယ်ရှားလိုက်၏။

ထိုစီနီယာသည် သူ၏အတွေးကို မြင်နိုင်ရုံသာမက အားအင်အဆင့်အရ ဆိုလျှင်လည်း သူ့ထက်ပိုမိုကာ အားကောင်းမှာ သေချာ၏။ ထို့ကြောင့် နှုတ်ပိတ်ရန် မည်သို့မှ ယုံကြည်ချက် မရှိတော့ချေ။

"ခင်ဗျားကို ချိန်းခြောက်နေတာ မဟုတ်ဘူး"

"ချိန်းခြောက်တာမဟုတ်ဘူး ဟုတ်လား" ရမ်ချင်းတုသည် တွန့်ကနဲ ဖြစ်သွားမိ၏။

အခြေအနေအားလုံးကို ရှင်းရှင်းလင်းလင်း သိရှိနေပြီး အကျိုးအပြစ် အားလုံးကိုလည်း ထုတ်ဖော် ပြောဆိုလျက် ရှိနေ၏။ တော်ဝင်ဓားဂိုဏ်းသည် ဖြေရှင်း၍မရသော ပြဿာနာ တစ်ခုထဲသို့ ကျရောက်နေသလိုပင် သူ့အား ပြောဆိုလျက် ရှိနေ၏။ ထိုအရာကို ချိန်းခြောက်မှုဟု မခေါ်နိုင်ဘူးလား။ စီနီယာ့အနေဖြင့် ထိုကဲ့သို့သော ကိစ္စကို အခွင့်ကောင်းယူကာဖြင့် များပြားလှသော အရင်းအမြစ်များကို တောင်းခံရန် စဉ်းစားနေသည်လား။

တွေးတောပြီးနောက် ရမ်ချင်းတုသည် ကျောရိုးမကြီး တစ်ခုလုံးပင် စိမ့်တက်သွားခဲ့၏။

စီနီယာသည်သာ တော်ဝင်ဓားဂိုဏ်းတွင် ရှိနေသည့် အရာအားလုံးကို ရယူချင်သည်ဆိုပါက သူ့အနေဖြင့် ခုခံနိုင်မည့် အခြေအနေတွင် မရှိချေ။ သူ့အား ပြောဆိုသိမ်းသွင်းသွားသည့် နည်းလမ်းများကို ကြည့်ရှုမည်ဆိုလျှင် သူ့၌ ထွက်ပေါက်မရှိဟု ခံစားမိစေသည်။

"လီအနေနဲ့ ခင်ဗျားကို ထွက်ပေါက်တစ်ခု ပြသချင်ရုံပါပဲ"

လီယွင်သည် ရှေ့သို့ ခြေတစ်လှမ်းတိုးကာဖြင့် ပြောလိုက်၏။ "အခု တော်ဝင်ဓားဂိုဏ်းက တည်ရှိနေသေးတယ် ဆိုပေမဲ့ ဘေးအန္တရာယ်ကြီး ကျလာတဲ့အချိန်မှာ အကုန်လုံး ပျောက်ကွယ်သွားနိုင်တယ်။ ဒါဆိုရင် အခု ပေးရမဲ့ တန်ကြေးထက် ပိုပြီးတော့ ဆုံးရှုံးမှုတွေ ဖြစ်လာမှာ မဟုတ်လား"

ဂိုဏ်းတစ်ခု ပျက်စီးသွားနိုင်သော သတင်းအချက်အလက်သာ ပျံ့နှံ့သွားပါက ကျိန်းသေပေါက် သူ့အနေဖြင့် ရစရာမရှိအောင် ဖြစ်သွားနိုင်၏။ ဤသတင်းအချက်အလက်သည် တော်ဝင်ဓားဂိုဏ်း တစ်ခုလုံးကို မွဲပြာကျသွားစေနိုင်သည့် သတင်းတစ်ခုဟု သုံးသပ်နိုင်သည်။

ရမ်ချင်းတုသည် အခြေအနေကို သုံးသပ်တွေးတောပြီး အကောင်းဆုံး ဆုံဖြတ်နိုင်မှ ဖြစ်ပေလိမ့်မည်။

"စီနီယာပြောတဲ့ ရှင်းလင်းတဲ့ လမ်းစဉ်ဆိုတာ ဘာကိုဆိုလိုတာလဲ မေးချင်ပါတယ်။ " ရမ်ချင်းတုသည် သံသယအပြည့်ဖြင့် မေးခွန်းထုတ်လိုက်၏။

"ဒါက ခင်ဗျားရဲ့ မေးခွန်းအပေါ်မှာ မူတည်တာပဲ" လီယွင်သည် သံသယအပြည့်ဖြင့် ပြန်လည် ပြောဆိုလိုက်သည်။

"ဆရာ စီနီယာက အရာ အားလုံးကို သိတယ်။ ဆရာ့ဆီမှာ အရင်းအမြစ်တွေသာရှိရင် စီနီယာဆီကနေ ဘာမဆို ဝယ်လို့ရတယ်" လျှိုချမ်းရွယ် သည် အချိန်ကိုက် ဝင်ရောက်ကာ ပြောဆိုလိုက်၏။

လီယွင်သည် လျှိုချမ်းရွယ် အား သဘောတကျဖြင့် လှမ်းကာ ကြည့်ရှုလိုက်၏။ နှစ်ရက်လောက် ကောင်းကောင်း ဧည့်ခံထားမှုဿည် အကျိုးမယုတ်လှချေ။ ကြည့်ရှုရသည်မှာ သူမသည် ဤကဲ့သို့သော အ​ခြေအနေမျိုးတွင် ဝင်ရောက်ကာ ပြောဆိုရမည်ဖြစ်ကြောင်း ကောင်းကောင်းသိရှိနေပုံပေါ်သည်။

"ကျုပ် …. ကျုပ်"

ရမ်ချင်းတုသည် တွန့်ဆုတ်နေ၏။ ခဏလောက် ကြာပြီးသည့်နောက် သူသည် မြန်မြန်ဆန်ဆန်ဖြင့် ပြောလိုက်၏။ "စီနီယာ…. တော်ဝင်ဓားဂိုဏ်းကို အရင်ကလိုမျိုး ပြန်ဖြစ်အောင် ပြုလုပ်နိုင်မဲ့ နည်းလမ်းများ ရှိလား"

"အဲတာက ခက်ခံတဲ့ ကိစ္စမဟုတ်ပါဘူး"

တော်ဝင်ဓားဂိုဏ်း ထိပ်ဆုံးအဆင့်သို့ ရောက်ရှိလာခြင်းသည် တော်ဝင်အင်ပါယာတစ်ယောက်ကို ပျိုးထောင်နိုင်ခြင်းကြောင့် မဟုတ်ပေ။ ထို့ပြင် ၎င်းတို့၌ အင်ပါယာလက်နက်လည်း မရှိချေ။

အကယ်၍ တော်ဝင်အင်ပါယာတစ်ယောက်၏ လိုဏ်ဂူကို ထုတ်ဖော် ပြောဆိုလိုက်ပြီး တော်ဝင်ဓားဂိုဏ်းမှ တစ်ယောက်ကို တူးဖော်ခိုင်းလိုက်လျှင် လက်နက်ကို ရရှိနိုင်ရုံသာမက ကံ​ကောင်းမည်ဆိုပါက အင်ပါရီယန် ကျမ်းစာကိုပင် ရရှိနိုင်လိမ့်မည်။ ထိုသို့ဆိုလျှင် ယခင်က အောင်မြင်ကျော်ကြားခဲ့သည့် အခြေအနေထက်ပင် သာလွန်သွာပေဦးမည်။

သို့ပေမဲ့ ရမ်ချင်းတုတွင် ပြဿနာတစ်ခု တည်ရှိနေ၏။ သတင်းအချက်အလက်များကို ဝယ်ယူရန် တတ်နိုင်ပါမည်လား ဆိုသည့် အချက်ပင်။

"ကျေးဇူးပြုပြီး ရှင်းရှင်းလင်းလင်း ပြောပါ စီနီယာ" ရမ်ချင်းတုသည် မြန်မြန်ဆန်ဆန်ဖြင့် ပြောလိုက်၏။

လီယွင်သည် တိတ်ဆိတ် ငြိမ်သက်လျက် ရှိနေ၏။ အဘယ့်ကြောင့် သတင်းအချက်အလက်များကို လွယ်ကူစွာ ရရှိလိမ့်မည်ဟု လူတိုင်းက ထင်မှတ်​နေကြသနည်း။ သတင်းများသည် လေတိုက်ကာ ရောက်ရှိလာသည်ဟု အားလုံးက ထင်မှတ်နေကြသည်လား။

"ဆရာ တကယ်လို့ စီနီယာ့ဆီက သတင်းအချက်အလက်တွေကို လိုချင်ရင် သင့်တော်တဲ့ ပမာဏနဲ့ လဲလှယ်ရမယ်။ မဟုတ်ရင် စီနီယာက ဘာမှပြောမှာ မဟုတ်ဘူး။ ယန်ရှိုက စီနီယာ့ဆီကနေ သတင်း အချက်အလက်တွေ ဝယ်သွားခဲ့တာလေ" လျှိုချမ်းရွယ် သည် ဝင်ရောက်ကာ ရှင်းပြလိုက်၏။

"ငါ သိပြီ” ရမ်ချင်းတုသည် ရုတ်တရက် နားလည်သွားမိသည်။

လီယွင်သည် လျှိုချမ်းရွယ်အား နှစ်သက်သဘောကျသည့် အကြည့်ဖြင့် လှမ်းကြည့်လိုက်၏။ ယခင်တုန်းက သူသည် သတိမပြုမိခဲ့ချေ။ ဤမိန်းကလေးသည် အခြေအနေကို ကြည့်တတ်ပြီး မည်သည့်အချိန်တွင် ဝင်ရောက် ပြောဆိုရမည်ကို ကောင်းကောင်းသိနေခဲ့၏။ အကယ်၍ ရမ်ချင်းတုသာ ခွင့်ပြုပါက သူမကို ဤလျို့ဝှက်နန်းဆောင် တွင် ထားရှိရန်ပါ တွေးတောလိုက်မိ၏။

"စီနီယာ တကယ်လို့ တော်ဝင်ဓားဂိုဏ်းကသာ အရင်တုန်းက အောင်မြင်မှုမျိုး ပြန်လည်ရရှိမယ်ဆိုရင် ဘယ်လောက်လောက် ကုန်နိုင်လဲ" ရမ်ချင်းတုက မေးမြန်းလိုက်သည်။

လီယွင်သည် ခဏလောက် စဉ်းစားလိုက်၏။ ပြီးသည့်နောက် ပြန်ပြောလိုက်၏။ "ခင်ဗျားတို့ တော်ဝင်ဓားဂိုဏ်းရဲ့ ပိုင်ဆိုင်မှုတစ်ဝက်လောက်ဆိုရင် လုံလောက်ပါပြီ"

ရမ်ချင်းတု၏ မျက်နှာတစ်ခုလုံးသည် အေးခဲသွားခဲ့၏။ တော်ဝင်ဓားဂိုဏ်းသည် ကြီးမားလှသည့် ကပ်ဘေးတစ်ခုတွင် ကျရောက်နေ၏။ ထို့ပြင် ထိုကဲ့သိုသော အခြေအနေမျိုးတွင် ဂိုဏ်း၏ ပိုင်ဆိုင်မှုတစ်ဝက်ကို ပျောက်ကွယ်အောင် ပြုလုပ်ခဲ့လျှင် ကြီးမားလှသည့် ပြစ်မှုကို ပြုလုပ်သည့် လူတစ်ယောက်ပင် ဖြစ်သွားပေလိမ့်မည်။ အနာဂတ်တွင် ဘိုးဘေးဟောခန်းသို့ပင် ဝင်ရောက်ခွင့်ပင် ရလိမ့်မည် မဟုတ်ချေ။

“အဟမ့် အဟမ့် ….”

ရမ်ချင်းတုသည် ချောင်းဟန့်ကာ ပြောလိုက်၏။ "ကျုပ်တို့အနေနဲ့ အခြားအရာတစ်ခုဆီ ပြောင်းကြရအောင်လေ။ စီနီယာ့အနေနဲ့ ဂိုဏ်းထဲမှာ ရှိနေတဲ့ အကြီးအကဲတစ်ယောက်ကို တော်ဝင်သူတော်စင်ကို ချိုးဖျက်နိုင်အောင် ပြုလုပ်ပေးနိုင်လား"

"တော်ဝင်သူတော်စင်"

ဤအဆင့်သည် ကွာစီအင်ပါယာ၏ အောက်တွင် ရှိနေသော အဆင့်ဖြစ်၏။ နတ်နယ်မြေများကို ပိုင်ဆိုင်သည့် မျိုးနွယ်စုများမှာပင်လျှင် ဤကဲ့သို့သော ကျင့်ကြံသူများမှာ အနည်းငယ်သာ ရှိ၏။ ရမ်ချင်းတု၏ အမူအရာကို ကြည့်ရှုရမည်ဆိုလျှင် ယခင်တုန်းက ၎င်းတို့၏ ဘိုးဘေးကြီးသည် ဤအဆင့်၌ တည်ရှိခဲ့ပုံပေါ်သည်။

"ကောင်းပြီ"

လီယွင်က ခေါင်းညိတ်လိုက်၏။ ပြီးနောက် ပြောလိုက်၏။ "သူတော်စင်ဘုရင် လက်နက် ခုနှစ်ခု ၊ ရှစ်ခုလောက် ယူခဲ့။ ပြီးတော့ သူတော်စင် သိုင်းနည်းစနစ်တွေရောပေါ့ ။ ဒီလီက ခင်ဗျားရဲ့ တောင်းဆိုမှုတွေကို ဖြည့်ဆီးပေးလိုက်မယ်။"

"ခုနှစ်ခု၊ ရှစ်ခု ဟုတ်လား" ရမ်ချင်းတုသည် ကြောင်အသွားမိ၏။

ဤအရာများကို လမ်းဘေးမှ ဂေါ်ဖီထုပ်များဟု ထင်မှတ်နေသည်လား။ မည်သည့် သူတော်စင် ဘုရင်သည် ဤမျှ များပြားလှသည့် လက်နက်ကို ကိုင်ဆောင်သနည်း။ သူတော်စင်ဘုရင် များ ဖန်တီးထားသည့် လက်နက် ဆိုသည်မှာ တန်ဖိုးကြီးလှ၏။ သူတော်စင်ဘုရင် ဖန်တီးထားသည့် လက်နက်ဆိုသည်မှာ ပို၍ပင် တန်ဖိုးကြီးသည်။ ရမ်ချင်းတုသည် အချိန်အတော်ကြာ တိတ်ဆိတ်သွား၏။ သူသည် စိတ်ဓာတ်တကျလည်း ဖြစ်လို့နေခဲ့၏။ သူသည် ဂိုဏ်းချုပ်တစ်ယောက် ဖြစ်သည်ဆိုလျှင်တောင်မှ ဂိုဏ်းတစ်ခုလုံးကို သူ၏နောက်ဘေးခြံဝန်းကဲ့သို့ လုပ်ချင်တိုင်း ပြုလုပ်၍ မရနိုင်ချေ။

ဂိုဏ်းထဲတွင် အခြားသော အကြီးအကဲများလည်း တည်ရှိနေသေး၏။ ရမ်ချင်းတုသည် ခေါင်းကို အသာ ငုံ့ပြီး သိုလှောင်လက်စွပ် ကို ကြည့်ရှုလိုက်၏။ လက်ရှိအချိန်မှာတော့ သူသည် ဆင်းရဲသားတစ်ယောက် ကဲ့သို့ပင် ခံစားနေမိ၏။ ကောင်းကင်လျို့ဝှက်နန်းဆောင်တွင် သတင်းတစ်ခုဝယ်ရန်ပင် မတတ်နိုင်ခဲ့ချေ။

"စီနီယာ သူတော်စင်တစ်ယောက်ဖြစ်လာဖို့ နည်းလမ်းကရော ဘယ်​လောက်ကျနိုင်လဲ" ရမ်ချင်းတု သည် ပြန်လည်ကာ မေးမြန်းလိုက်၏။

ယန်ရှိုသည် သူတော်စင်တစ်ယောက်ဖြစ်ရန် နည်းလမ်းကို ဝယ်ယူခဲ့၏။ ဂိုဏ်းချုပ်ဖြစ်သော သူသည် အဘယ့်ကြောင့် မတတ်နိုင်ရမည်နည်း။

All Chapters