← Chapters

အခန်း (၂၆)

Vol. 2 Ch. 26

အခန်း (၂၆)

Vol. 2 Ch. 26

ပိုင်တုရန်တောင်ကြားထဲမှာတော့ အလင်းတန်းတစ်ခုသည် လေဟာနယ်ကို ထိုးခွင်းကာ ရောက်ရှိလာခဲ့၏။ ရမ်ချင်းတုသည် အလျင်အမြန်ဖြင့် ရောက်ရှိလာခြင်းဖြစ်သည်။ သူ၏ ကျင့်ကြံခြင်းအဆင့် မြင့်မားသည်ကို ကျေးဇူးတင်ရပေမည်။ ယန်ရှိုထက်စာလျှင် သူသည် အချိန်အနည်းငယ်သာ ကုန်ဆုံးခဲ့၏။ တစ်နာရီလောက် အတွင်းမှာပဲ ဤတည်နေရာသို့ ရောက်ရှိလာခဲ့၏။

ဓားလမ်းစဉ်ကို ကျင့်ကြံသော ကျင့်ကြံသူတစ်ယောက် ဖြစ်သည်မို့ သူသည် အမြန်နှုန်းနှင့် တိုက်ခိုက်နိုင်မှု စွမ်းအင် နှစ်လုံးတွင် ပိုမိုကာ သာလွန်လွန်းလှ၏။ တခြားသော သူနှင့်ပြိုင်ဘက်များနှင့် နှိုင်းယှဉ်ရမည်ဆိုလျှင် သူ၏ အမြန်နှုန်းသည် အဆင့်တူအချင်းချင်းတွင် အဆင့်ကြီးတစ်ခုနီးပါးပင် ကွာခြားလျက် ရှိနေသည်။

“ဒါ ဘယ်လိုနေရာမျိုးလဲ”

ရမ်ချင်းတုသည် အောက်တွင်ရှိသော တည်နေရာတစ်ခုလုံးကို သေသေချာချာ ကြည့်ရှုလိုက်၏။ မြေပြင်တစ်ခုလုံးတွင် သဲများသာ ဖုံးလွှမ်းလျက်ရှိပြီး သဲကန္တာရကြီး တစ်ခုကဲ့သို့ပင် ဖြစ်လို့နေသည်။ မိုင်တစ်သောင်း ပတ်ဝန်းကျင်တစ်ခုလုံးတွင် မည်သည့် တစ်စုံတစ်ခုသော ပုံရိပ်ကိုမှ မမြင်ရချေ။

“ဒါ... ဒါ”

ရမ်ချင်းတု၏ မျက်နှာသွင်ပြင်တစ်ခုလုံးသည် မဲနက်သွားခဲ့၏။ သို့ပေမဲ့ သူသည် ဘာတစ်ခုမှ မဆိုခဲ့ချေ။ ဂိုဏ်းချုပ်တစ်ယောက် ဖြစ်သည်မို့ သူသည် အလွန်အမင်း တည်ငြိမ်အေးချမ်းနေလေပြီဖြစ်၏။

ပို၍ အရေးကြီးမားသည်မှာ ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ နန်းဆောင်သခင်သည် သူ့အား လိမ်ညာ လှည့်စားလိမ့်မည်ဟု မထင်ချေ။ သူ့လို ဂျူနီယာလေး တစ်ယောက်ထံမှ နတ်အဆင့်လက်နက်များကို ရရှိရန် အတွက် အလုပ်ရှုပ်ခံပြီး လိမ်ညာလှည့်ဖျားမည့် လူမျိုးမဟုတ်ကြောင်းကို သူက တထစ်ချ ယုံကြည်နေမိသည်။

“အမ်” ရမ်ချင်းတုသည် သူ၏လက်ညှိုးကို မြှောက်ကာဖြင့် လေဟာနယ်ထဲကို ဓားကဲ့သို့ ပိုင်းဖြတ်လိုက်၏။

ချလွမ်

ဓားရောင်စဉ်များသည် ရှေ့နောက် လွန်းထိုးသွားလာခဲ့ပြီးသည့်နောက် တောက်ပသည့် အလင်းတန်းများသည် ကောင်းကင်ယံထက်တွင် ဖြစ်တည်လာခဲ့၏။ တည်နေရာကြီး တစ်ခုလုံး တုန်ယင်သွားခဲ့ပြီးသည့်နောက် ပြင်ပပုံရိပ်ယောင်သည် ကောင်းကင် တာအို၏ နက်နဲလှသည့် နည်းစနစ်များ၏ ဖုံးလွှမ်းထားမှုမှ ပျောက်ကွယ်သွားခဲ့ပြီး ရှေ့မြင်ကွင်း၌ရှိသော အရာအားလုံးသည် ပြောင်းလဲသွားခဲ့လေသည်။

ဘုန်း ....။

ဓားရောင်စဉ်တန်းများ ထွက်ခွာသွားခဲ့ပြီးသည့်နောက် သူ၏ရှေ့တည်နေရာတွင် တကယ့်ကို ကြီးမားလွန်းလှသည့် သတ်ဖြတ်ခြင်း အစီအရင်ကြီး တစ်ခုက ပေါ်ပေါက်လာခဲ့၏။ အထဲတွင် ရေတွက်လို့မရအောင် များပြားလွန်း လှသည့် သွေးနီရောင်ဓားများသည် လိမ်ယှက်ကာ ပြေးလွှားသွားလာလျက် ရှိနေ၏။

အထဲသို့ ဝင်သွားသည်နှင့် တပြိုင်နက် အသားကြိတ်စက်ကြီးထဲသို့ ရောက်ရှိသွားခဲ့သလိုပင် ဖြစ်ပေလိမ့်မည်။

“အင်း.. အရှေ့မှာရှိတဲ့ ပုံရိပ်ယောင် အစီအရင်ကြီးကို ဖယ်ရှားပြီးတဲ့နောက်မှာ အထဲမှာ သတ်ဖြတ်ခြင်းအစီအရင် တစ်ခုက တည်ရှိနေတာကိုး” ရမ်ရှင်းတု၏ မျက်လုံးများသည် လင်းလက်သွားခဲ့၏။ သူသည် နန်းဆောင်သခင် ပေးလိုက်သည့် ကျောက်စိမ်းပြားကို ခပ်တင်းတင်း ဆုပ်ကိုင်ထားမိ၏။

နှလုံးသားထဲတွင် ရှိနေသည့် စိတ်လှုပ်ရှားမှုသည်လည်း ပိုမိုကာ တိုးတက်လာခဲ့သည်။ ထို့အတူ သူ၏စိတ် တစ်ခုလုံးသည်လည်း သက်တောင့်သက်သာနှင့် ခံစားနေမိသည်။ နန်းဆောင်သခင် ပြောဆိုသည်မှာ မှန်ပေ၏။ သူတော်စင်တစ်ယောက် ဖြစ်နိုင်သည့် နည်းလမ်းသည် ဤတည်နေရာတွင် ရှိလို့နေသည်။ ထို့ကြောင့် သူသည် ရှေ့ဆီသို့ လှမ်းတက်သွား၏။ ပြီးနောက် ရမ်ရှင်းတု၏ မျက်နှာတစ်ခုလုံးသည် လင်းလက်သွားခဲ့သည်။

သူ၏ပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်မည်ဆိုလျှင် နေရာအနှံ့တွင် စိတ်ဝိညာဉ်ဆေးပင်များ ယိမ်းထိုး လှုပ်ခါစွာဖြင့် တည်ရှိနေခဲ့သည်။ ဤနတ်ဘုံနတ်နန်းကဲ့သို့ တည်နေရာကြီးထဲတွင် ရှိနေသည့် ဆေးပင်များသည် သူတို့ တော်ဝင်ဓားဂိုဏ်းတွင် ရှိနေသော ဆေးဥယျာဉ်ထက် တစ်ဝက်မက ပိုမိုကာ ကြီးမားလွန်းလှ၏။ ထို့အပြင် တကယ့်ကို ရှားပါးလွန်းလှသည့် စိတ်ဝိညာဉ်ဆေးပင်များ တည်ရှိနေခြင်းဖြစ်ပြီး နှစ်သိန်းချီ ရှည်ကြာနေသည့် စိတ်ဝိညာဉ်ဆေးပင်များပင် ဖြစ်လို့နေ၏။

“ယန်ရှိုက ငါ့ထက်စောပြီးတော့ အစီအရင်ထဲကို ဝင်ခဲ့တာ။ သူ့ရဲ့ အားအင်အဆင့်နဲ့ နန်းဆောင်သခင်ရဲ့ အကူအညီ ပေးမှုအရဆိုလို့ရှိရင် ဒီသတ်ဖြတ်ခြင်းအစီအရင်ကို ကျိန်းသေပေါက် ကျော်လွှားသွားနိုင်မှာပဲ။ သူ့ကို ပိတ်မိထား စေနိုင်မှာ မဟုတ်ဘူး။ ဖြစ်နိုင်တာက”

ရမ်ချင်းတုသည် အစီအရင်ကြီးကို လှမ်းကာကြည့်ရှုလိုက်၏။ သူ၏ အတွေးထဲတွင် တစ်ချက်ကလေးမှ ကြောက်လန့်မှု မရှိချေ။ ကျောက်စိမ်းပြားပေါ်တွင် ရှိနေသည့် နည်းလမ်းများကို အသုံးပြုပြီး အစီအရင်ကြီးကို ချိုးဖြတ်ကာဖြင့် သူသည် အတွင်းပိုင်းဆီသို့ ဝင်ရောက်သွားခဲ့သည်။

အချိန်သည် လူကို မစောင့်ချေ။ သူ စိုးရွံ့ကြောက်လန့်နေမည်ဆိုပါက ယန်ရှိုတစ်ယောက် သူတော်စင် တစ်ယောက် ဖြစ်သွားနိုင်၏။ လက်ရှိ ယန်ရှိုတစ်ယောက် သူတော်စင်ဖြစ်သွားမည်ဆိုလျှင်တောင်မှ ကျင့်ကြံခြင်းအဆင့်သည် တည်ငြိမ်သေးလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ရမ်ရှင်းတုသည် မိမိကိုယ်ကိုယ် ကိုင်တွယ်နိုင်လိမ့်မည်ဟု ဆုံးဖြတ် ထားမိ၏။ ထို့ကြောင့် ရှေ့ဆီသို့ လှမ်းတက်လိုက်လေ၏။

သို့ပေမဲ့ ရမ်ရှင်းတုသည် အဆင့်နိမ့်အဆင့်တွင် သူ၏ပြိုင်ဘက်များနှင့် ရင်ဆိုင်ရန် ယုံကြည့်ချက် ရှိလှသည် ဖြစ်သော်လည်း အဆင့်မြင့် အဆင့်ဆီသို့ ရောက်ရှိသွားပြီ ဆိုပါက သွားရောက်တိုက်ခိုက်မည်ဆိုလျှင် မိမိကိုယ်ကို သတ်သေခြင်း ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် သေသေချာချာ စဉ်းစားပြီးမှာ ဆုံးဖြတ်ရန်လည်း စဉ်းစားတွေးတော နေမိသည်။

ဆယ့်ငါးမိနစ်ခန့် ကြာမြင့်ပြီးသည့်နောက်...

ဝှီး ဝှီ

လေဟာနယ်တစ်ခုလုံး တွန့်လိမ်သွားပြီးသည့်နောက် ရမ်ရှင်းတုသည် ပထမဦးဆုံး သတ်ဖြတ်ခြင်းအစီအရင်ကို ချိုးဖြတ်ကာ ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်၏။ ၎င်းသည် တည်နေရာပျက်တစ်ခုဆီသို့ ရောက်ရှိသွား၏။ ၎င်း တည်နေရာတွင် စိတ်ဝိညာဉ်စွမ်းအင်များ ပြည့်နှက်လျက် ရှိနေ၏။

ရမ်ရှင်းတုသည် ခန္ဓာကိုယ်တစ်ခုလုံး လေထဲတွင် လွင့်မျောနေသလို ခံစားနေမိပြီး ရက်ပေါင်းများစွာ ခရီးနှင်လာခဲ့ရသည့် ပင်ပန်းနွမ်းနယ်မှုများ အားလုံးသည် ပျောက်ကွယ်သွားခဲ့သည်။

“တကယ့်ကို နောက်ထပ် နတ်ဘုံနတ်နန်း တစ်ခုပဲ”

တည်နေရာပတ်ဝန်းကျင် တစ်ခုလုံးကို ကြည့်ရှုရမည်ဆိုလျှင် စိတ်ဝိညာဉ်ဆေးပင်များ အားလုံးသည် လေနှင့်အတူ ယိမ်းထိုးလျက် ရှိနေ၏။ ဤလျှို့ဝှက်နယ်မြေကြီး တစ်ခုလုံးသည် သူတို့ တော်ဝင်ဓားဂိုဏ်း၏ တည်နေရာ တစ်ဝက်နီးပါးခန့်ပင် ရှိ၏။

“တကယ့်ကို ကြီးမားတဲ့ အကျိုးကျေးဇူးပဲ။ အမြတ်အစွန်းတောင် ကျန်သေးတယ်”

ရမ်ရှင်းတုသည် အလွန်အမင်း စိတ်လှုပ်ရှားလျက် ရှိနေ၏။ လက်ရှိအချိန်မှာတော့ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်အပေါ် သူ၏ လေးစားမှုသည် အဆုံးမဲ့ မြစ်တစ်စင်းကဲ့သို့ပင် ဖြစ်တည်လာခဲ့လေသည်။

သူတော်စင်တစ်ယောက် ဖြစ်နိုင်မည့် နည်းလမ်းရှိသည်ဟု စီနီယာက ပြောဆိုကူညီခဲ့၏။ ထိုအရာသည် သူတို့ တော်ဝင်ဓားဂိုဏ်း၏ ဂုဏ်သိက္ခာကို ပိုမို တိုးတက်အောင် ကူညီခဲ့ခြင်းနှင့် ဆင်တူနေတော့၏။ ထို့အပြင် ဤဆေးမြက်ခင်းကြီးကိုလည်း ပူးတွဲပေးအပ်ခဲ့သေး၏။ တကယ့်ကို ကောင်းမွန်လှသည့် စီနီယာတစ်ယောက်ကို အစတုန်းက နားလည်မှု လွဲခဲ့သည့်အတွက် သူသည် အားနာသလိုပင် ခံစားနေမိ၏။

“အမ်”

ထိုအချိန်မှာတော့ ရမ်ချင်းတုသည် မျက်မှောင်ကုတ်လိုက်မိ၏။ သူသည် စွမ်းအင်များဖြင့် ဖန်တီးထားသည့် ကြီးမားသော လက်ကြီးတစ်ခုကို ထုတ်ဖော်ကာဖြင့် လေဟာနယ်ထဲကို လှမ်းကာဆွဲလိုက်၏။ ထိုအထဲတွင်တော့ အမဲရောင်အော်ရာ အရိပ်တစ်ခုက ဖြစ်တည်နေ၏။

“မိစ္ဆာချီတွေလား။ ယန်ရှိုက ဒီမှာနေသွားပုံရတယ်”

ရမ်ချင်းတုသည် ပတ်ဝန်းကျင် တည်နေရာအနှံ့ကို လိုက်လံကာ ကြည့်ရှုခဲ့၏။ သို့ပေမဲ့ ယန်ရှို၏ အရိပ်အယောင် တစ်ခုတစ်လေကိုမှ မမြင်ရချေ။ နောက်ဆုံးမှာတော့ သူ၏ အကြည့်သည် ဆေးစိုက်ခင်း၏ အတွင်းပိုင်း တည်နေရာဘက်ဆီသို့ အကြည့်ရောက်သွား၏။ ထိုနေရာတွင် ကြီးမားလွန်းလှသည့် စင်ကြီးတစ်ခု တည်ရှိနေသည်။

“ကြည့်ရတာ ယန်ရှိုက သူတော်စင်တစ်ယောက်ဖြစ်ဖို့ နည်းလမ်းကို အဲကိုသွားရှာတာ နေလိမ့်မယ်။ ငါ ထပ်ပြီး နှောင့်နှေးနေလို့ မဖြစ်တော့ဘူး”

ရမ်ချင်းတု၏ နှလုံးသားတစ်ခုလုံးသည် တင်းကျပ်သွားခဲ့၏။ သူသည် ချက်ချင်းပဲ ထိုနေရာဆီသို့ အလျင်အမြန် လှမ်းတိုးလိုက်၏။

တခြားသော တစ်ဖက်မှာတော့ ယန်ရှိုသည် ကျောက်စိမ်းပြားကို အသာကိုင်ပြီးသည့်နောက် အစီအရင်ထဲတွင် စိတ်တိုင်းကျ လှည့်လည်ကာ သွားလာလျက်ရှိ၏။ ဤနေရာတွင် သူတစ်ယောက်တည်းသာလျှင်ရှိ၏။ ထို့ကြောင့် နှစ်ပေါင်းတစ်ထောင် သို့မဟုတ် နှစ်ပေါင်းတစ်သောင်းလောက် နေထိုင်ရမည် ဆိုလျှင်တောင်မှ ကိစ္စမရှိချေ။ ထို့အပြင် ဤတည်နေရာတွင် ရှိနေသည့် စိတ်ဝိညာဉ်စွမ်းအင်များသည် အလွန်ပင် ပေါကြွယ်လွန်းလှသည်။

ဤတည်နေရာသည် သူတော်စင်တစ်ယောက် နေထိုင်ခဲ့ဖူးသည့် တည်နေရာတစ်ခု ဖြစ်သည်မို့ ပတ်ဝန်းကျင် တည်နေရာရှိ စိတ်ဝိညာဉ်စွမ်းအင်များသည် တကယ်ပင် အားကောင်းလွန်းလှ၏။

ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းတွင် ရှိနေသည့် သူ၏ဌာနေ လှိုဏ်ဂူထက် ပိုမိုကာ ကောင်းမွန်သည့် တည်နေရာ ဖြစ်သည်မို့ ပြန်မသွားဘဲ ဤတည်နေရာ တွင် နေရမည်ဆိုလျှင်တောင်မှ သူသည် တစ်ချက်ကလေးမှ ငြိုငြင်နေလိမ့်မည် မဟုတ်ချေ။

“အင်း... ဒီ သတ်ဖြတ်ခြင်းအစီအရင်က အပြင်မှာရှိတဲ့ဟာထက် ပိုပြီး အားကောင်းပုံပေါ်တယ်။ သူတော်စင်ထိပ်ဆုံး အဆင့်ကျင့်ကြံသူတစ်ယောက်တောင်မှ ဒီအထဲကို ဝင်သွားမယ်ဆိုရင် ဒုက္ခရောက်သွားနိုင်လောက်တယ်”

ယန်ရှို သည် အစီအရင်ထဲတွင် မတ်မတ်ရပ်လျက်ရှိပြီး သေချာ တွက်ချက်သုံးသပ်လျက် ရှိနေ၏။

အပြင်ဘက် အစီအရင်သည် လုံလောက်အောင် ကြောက်မက်ဖွယ်ရာ ကောင်းပြီးသားဖြစ်၏။ သို့ပေမဲ့ ဤတစ်ခုသည် ပိုမိုကာ အားကောင်းနေ၏။ ဤအရာကိုသာ ဖြုတ်ပြီး ဂိုဏ်းဆီသို့ ယူဆောင်သွားမည်ဆိုပါက ကျိန်းသေပေါက် ဂိုဏ်းတစ်ခုလုံး၏ လုံခြုံမှုသည် တိုးတက်သွားပေလိမ်မ့ည်။

ထို့အပြင် ဂိုဏ်းတိုင်း၊ဂိုဏ်းတိုင်းတွင် အကာအကွယ် အစီအရင်ဆိုသည်မှာ တည်ရှိသည် မဟုတ်ပါလား။ ဤကဲ့သို့သော သတ်ဖြတ်ခြင်း အစီအရင်မျိုး ထားရှိထားမည်ဆိုပါက မည်မျှကြောက်မက်ဖွယ်ရာ ကောင်းလိုက်မည်နည်း။

“အင်း ... ဒီအစီအရင်က မိုင်ရာပေါင်းများစွာကို ဖုံးလွှမ်းထားခဲ့တာပဲ။ တကယ့်ကို အစီအရင်ကြီးတစ်ခု ဖြစ်ပုံရတယ်။ အင်း.. ဒါကိုသာ ထုတ်ပြီးတော့ ရောင်းလိုက်မယ်ဆိုရင်ကော”

ယန်ရှို၏ မျက်လုံးထဲတွင် စိတ်အား တက်ကြွမှုများနှင့် ပြည့်နှက်လာခဲ့၏။

ရှေးယခင်ကတည်းက ချန်ခဲ့သည့် ရှေးအစီအရင်ကြီးသည် ရေတွက်လို့မရအောင် များပြားလှသော ဂိုဏ်းများ ထိုအရာကို ရရှိရန်အတွက် ကြမ်းကြမ်းတမ်းတမ်း ပြင်းပြင်းထန်ထန်နှင့် တိုက်ခိုက်ကြရမည့် အရာဖြစ်သည်။ အထူးသဖြင့် လုံလောက်သည့် အမွေအနှစ်တည်ရှိသည့် ဂိုဏ်းများသည် လုံလောက်သည့် အစီအရင်ကို လိုအပ်ကြ၏။ ဂိုဏ်းတစ်ခုဆီသို့ အစီအရင်ကို ရောင်းချမည့်အကြံအစည်ကို တွေးတောပြီးသည့်နောက် ယန်ရှိုသည် စိတ်လှုပ်ရှားနေ၏။

ဂိုဏ်း - ဂိုဏ်းဆိုသည်မှာ တစ်ဦးတည်း ကျင့်ကြံသူများ မဟုတ်ပေ။ ချမ်းသာကြွယ်ဝမှုနှင့် တန်ဖိုးထားရသည့် အရာများအား ထိန်းသိမ်းထားရန် တကယ်ပင် လိုအပ်သည်။

“အင်း.. နန်းဆောင်သခင်က တကယ့်ကို ကြင်နာတတ်တာပဲ” ယန်ရှိုသည် အမှတ်မထင် တွေးတာဖြင့် သက်ပြင်း ချလိုက်မိ၏။ သူ သူတော်စင်တစ်ယောက် ဖြစ်သည်ဆိုသည်နှင့် များပြားလှသည့် ရတနာများကို သွားရောက်ကာ ပေးပို့ရပေလိမ့်မည်။

အခြားအကြောင်းကြောင့် မဟုတ်ချေ။ နန်းဆောင်သခင်ကို ရက်ရောလွန်းလှသည့် လက်ဆောင်များ ပေးအပ် ပြီးသည့်နောက် ပိုမိုအားကောင်းလှသည့် အရာများကို လမ်းညွှန်ပြသဖို့ တောင်းဆိုနိုင်သည် မဟုတ်ပါလား။ နန်းဆောင်သခင်၏ ထောက်ပံ့မှု မရှိလျှင် သူတော်စင်တစ်ယောက်၏ အိမ်မက်ကို မက်ရဲရန် မပြောနှင့် သူ၏ အတွင်းစိတ်မိစ္ဆာဆိုးကို ဖြေရှင်းနိုင်ရန် နည်းလမ်းကိုပင် ရှာဖွေတွေ့ရှိနိုင်လိမ့်မည် မဟုတ်ချေ။

All Chapters