← Chapters

အခန်း (၃၀)

Vol. 3 Ch. 30

အခန်း (၃၀)

Vol. 3 Ch. 30

ပိုင်တုရန်တောင်ကြား၏ မြောက်ဘက် မိုင်ရှစ်သန်းလောက် အကွာအဝေးမှာတော့ တော်ဝင်ရင်နိုင်ငံတော် တည်ရှိ၏။ ထိုတည်နေရာတွင် တကယ့်ကို ကြီးမားပြီး ခန့်ညားလွန်းလှသည့် အဆောက်အဦ တစ်ခု ရှိနေပြီး ထိုအထဲတွင် လူပေါင်းများစွာတို့ ထိုင်လျက်ရှိနေကြသည်။

ထိပ်ဆုံးတည်နေရာတွင် ဆံပင်အဖြူနှင့် အဘိုးအိုသည် ပျော့ပျောင်းလှသည့် ထိုင်ခုံပေါ်တွင် အသာလဲလျောင်း လျက်ရှိနေ၏။ ၎င်း၏ ခန္ဓာကိုယ်ဆီမှ အလွန် ကြီးမားသည် ဖိအားများ ထွက်ပေါ်လျက်ရှိနေ၏။ သို့ပေမဲ့ ၎င်းသည် သေဆုံးခါနီး အခြေအနေဆီသို့ လှမ်းဝင်လျက် ရှိနေသည့် အကြီးအကဲကြီး တစ်ယောက်ကဲ့သို့ပင် ခန္ဓာကိုယ်တစ်ခုလုံးသည် လှုပ်ရှားမှု ကင်းမဲ့နေ၏။ မျက်လုံးများသည်လည်း တည်ငြိမ်နေ၏။

သို့ပေမဲ့ ၎င်း၏ ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်လျက်ရှိနေသည့် ဆန်းကြယ်သော အော်ရာများသည် ဟောခန်း တစ်ခုလုံးကို ဖိနှိပ်ထားသောကြောင့် အားလုံးသောသူတို့သည် မထီမဲ့မြင် မပြုလုပ်ရဲကြချေ။

ရုတ်တရက် အဘိုးကြီးသည် မျက်လုံးများ ပွင့်လာ၏။ ပြီးနောက် တောက်ပလှသည့် ရောင်စဉ်တန်းများသည် မျက်လုံးဆီမှ ထွက်ပေါ်လာခဲ့သည်။ ၎င်းသည် ပိုင်တုရန်တောင်ကြား၏ တည်နေရာရှိရာသို့ လှမ်းကြည့်လိုက်၏။

“တော်ဝင်ဓားဂိုဏ်း”

ခြောက်ကပ်ကပ် အသံတစ်ခုသည် အဘိုးအိုဆီမှ ထွက်ပေါ်လာသည်။

အဘိုးအိုသည် ၎င်း၏ ပိန်လှီခြောက်ကပ်လျက် ရှိနေသည့် လက်ငါးချောင်းကို ခပ်တင်းတင်း ဆုပ်လိုက်၏။ လက်ထဲတွင် ကိုင်ဆောင်ထားသည့် အဖြူရောင်ကျောက်စိမ်း ခုနှစ်ခုလုံးသည် အမှုန့်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အော်ရာများသည် ဟောခန်းတစ်ခုလုံးကို ပျံ့နှံ့သွားခဲ့၏။

အားလုံးသော သူတို့သည် ကြီးမားလှသည့် တောင်ထွတ်ကြီးကို ထမ်းပိုးလိုက်ရသလိုပင် အောက်သို့ ဝပ်ကနဲ ဖြစ်သွားသည်။

“သားတော်” အဘိုးအိုသည် သူ၏ သားအား လှမ်းခေါ်လိုက်၏။

“သားတော် ရောက်လာပါပြီ” သက်လတ်ပိုင်းလူသည် ရှေ့ဆီသို့ လှမ်းတက်လာပြီး လေးလေးစားစား ဦးညွတ်လိုက်သည်။

“အခု အဆင့်ချိုးဖြတ်တဲ့လူ၊ အဲလူက တော်ဝင်ဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ် ရမ်ချင်းတု ဟုတ်တယ်မလား” အဘိုးအို သည် ခြောက်ကပ်ကပ်လေသံဖြင့် မေးလိုက်၏။

“အဖေ... အရာအားလုံးကို သေသေချာချာ မြင်နေရတာပဲ။ ဘယ်တစ်ခုကမှ အဖေ့ရဲ့ မျက်လုံးအောက်ကနေ လွတ်မြောက်နိုင်စွမ်း မရှိပါဘူး” သက်လတ်ပိုင်းလူသည် လေးနက်တည်ကြည်စွာ ပြန်ဖြေလိုက်သည်။

ဟား ဟား ဟား ဟား

အဘိုးအိုသည် အေးစက်စက် ရယ်မောလိုက်၏။ ပြီးနောက် ထူးမခြားနားသလို ခပ်တည်တည်ဖြင့် ပြောလိုက်၏။ “ရမ်ချင်းတုက မင်းရဲ့ ပြိုင်ဘက်ပဲ။ သူက သူတော်စင်အဆင့်ကို လှမ်းတက်နိုင်ပြီ။ ဒါပေမဲ့ မင်းရဲ့အဖေဖြစ်တဲ့ ဒီအင်ပါယာကတော့ နတ်အဆင့် ထိပ်ဆုံးအဆင့်မှာ တစ်လို့နေတယ်”

ဤအဘိုးကြီးသည် တော်ဝင်ရင်နိုင်ငံ၏ အင်ပါယာတစ်ပါးပင် ဖြစ်သည်။ စီနီယာသက်တမ်းအလိုက် ပြောဆို ရမည်ဆိုလျှင် ရမ်ချင်းတု၊ ယန်ရှိုတို့ထက် ပိုမိုကာ မျိုးဆက် တစ်ဆင့်မြင့်မားလှသည့် လူတစ်ယောက်ဖြစ်၏။ သို့ပေမဲ့ သူသည် သူတော်စင်အဆင့်သို့ လှမ်းတက် မရောက်ရှိနိုင်ခဲ့သေးချေ။ လူငယ်မျိုးဆက်များ သူ့ကိုကျော်ဖြတ်ကာ အဆင့် တိုးတက်သွားသည်ကိုသာ ဂုဏ်သိက္ခာမဲ့စွာ ကြည့်ရှုနေရသည်။

အဓိကဟောခန်းထဲတွင် ရှိနေသည့် အခြေအနေ တစ်ခုလုံးသည် ပိုမိုကာ လေးနက်လာခဲ့၏။ မည်သူမှသည် စကား မပြောဆိုရဲကြချေ။

“လုံလောက်ပြီ”

ထိုအချိန်မှာတော့ အဘိုးအိုသည် ထပ်မံကာ ပြောလိုက်၏။ “သားတော်... ပိုင်တုရန်တောင်ကြားကို ကိုယ်တိုင်ကိုယ်ကျ သွားလိုက်။ ပြီးတော့ ရမ်ချင်းတု ဘာတွေရှာဖွေတွေ့ရှိတယ်ဆိုတဲ့ အခွင့်အရေးကို ရှာဖွေခဲ့။ ပိုင်တုရန်တောင်ကြားက ငါတို့ ရင်နိုင်ငံတော်ရဲ့ နယ်နိမိတ်ထဲမှာ တည်ရှိတာလေ။ တခြားသူတွေ ဝင်လိုဝင်၊ သွားလိုသွား လုပ်နေတာကို ငါတို့ ဘယ်လို ခွင့်ပြုထားလို့ ရမှာလဲ”

“သားတော် လိုက်နာပါမယ်” သက်လတ်ပိုင်းလူသည် လေးစားစွာဖြင့် ပြောဆိုလိုက်သည်။

“ပြီးတော့”

အဘိုးအိုသည် ဖြည်းဖြည်းချင်း ငုတ်တုပ် ထထိုင်လိုက်၏။ သူ၏ မျက်လုံးများသည် တောက်ပလျက် ရှိနေ၏။ အသက်ဝင်လာသည့် ကျားရိုင်းကြီးတစ်ကောင် ကဲ့သို့ပင်။ ၎င်းသည် သေဆုံးခါနီး အခြေအနေမျိုး အထိ သက်တမ်းရောက်ရှိနေသည်ဆိုသော်လည်း နတ်အဆင့်ဆိုသော ကြီးမားသည့် အားအင်အဆင့်ကို ပိုင်ဆိုင်နေ၏။

သူ၏ သားကို လှမ်းမျှော်ကြည့်ရှုကာဖြင့် ခြောက်ကပ်ကပ်လေသံဖြင့် မှာကြားလိုက်သည်။ “မြန်မြန်လေ့ကျင့်၊ ငါ့ဆီမှာ အချိန်သိပ်မရှိတော့ဘူး”

“သားတော် နားလည်ပါပြီ”

သက်လတ်ပိုင်းလူသည် ဦးခေါင်းကို ငုံ့လိုက်၏။ သူ၏မျက်လုံးထဲတွင် နောင်တ တရားနှင့် မချိတင်ကဲ အရိပ်အယောင်များ ရှိလို့နေ၏။

“သွားလို့ရပြီ” အဘိုးအိုသည် လက်ကိုအသာဝှေ့ယမ်းလိုက်သည်။

“ကောင်းပါပြီ” သက်လတ်ပိုင်းလူသည် ဦးညွတ်ပြီးနောက် အဓိကဟောခန်းထဲမှ ထွက်ခွာသွားခဲ့၏။

...............

တော်ဝင်သဲကန္တာရမြို့၊ ကောင်းကင်လျှို့ဝှက်နန်းဆောင်၏အတွင်း တံစက်မြိတ်မှာတော့ လီယွင်နှင့် လျှိုချမ်းရွှယ် တို့သည် ဘေးချင်းကပ်ကာ ရပ်လျက်ရှိနေ၏။ ၎င်းတို့သည် ပိုင်တုရန်တောင်ကြား တည်ရှိရာ နေရာဆီသို့ လှမ်းမျှော်ကာ ကြည့်ရှုနေသည်။ အကွာအဝေးသည် အရမ်းကြီး မဝေးလှချေ။ ထို့ကြောင့် ဓားဆန္ဒများ ဖြစ်တည် နေသည်ကို ရှင်းရှင်းလင်းလင်း မြင်နေရ၏။ ထိုအထဲတွင် အလွန်ပြင်းထန်လှသည့် ဖိအားများ ပါဝင်လျက် ရှိနေသည်ကိုလည်း ခပ်ဖျော့ဖျော့ ခံစားမိနေသည်။

“ကြည့်ရတာ ခင်ဗျားဆရာကတော့ သူတော်စင် ဖြစ်လာခဲ့ပြီပဲ” လီယွင်သည် အမှတ်တမဲ့ဖြင့် ပြောဆိုလိုက်၏။

“အားလုံးက စီနီယာရဲ့ လမ်းညွှန်ပြသမှုကြောင့်ပါပဲ” လျှိုချမ်းရွှယ်သည် လေးလေးစားစား ပြောလိုက်သည်။

သို့ပေမဲ့ သူမ၏နှလုံးသားထဲတွင် ရှိနေသော ပျော်ရွှင်မှုများကိုတော့ မည်သို့မှ မထိန်းချုပ်နိုင်ခဲ့ချေ။ ထို့အပြင် သူမ၏ဆရာ သူတော်စင်ဖြစ်သည်ဆိုလျှင် သူမသည်လည်း ကြီးမားသည့် ဂုဏ်သိက္ခာ ပိုင်ဆိုင်တော့မှာဖြစ်၏။

............

“ဆိုးတာက” လီယွင်သည် ခေါင်းကို ခါယမ်းလိုက်မိ၏။

“စီနီယာက ယန်ရှိုကို အားနာသလို ခံစားနေရလို့လား” လျှိုချမ်းရွှယ်၏ နှလုံးသားများသည် ခုန်လျက်ရှိ၏။ စီနီယာ သည် သူတော်စင်ဖြစ်နိုင်မည့် လမ်းစဉ်ကို ညွှန်ပြခဲ့၏။ ထိုလမ်းစဉ်ကို သူမ၏ဆရာနှင့် ယန်ရှိုတို့အား အသီးသီး ရောင်းချခဲ့၏။ ယခု သူမ၏ဆရာ သူတော်စင် ဖြစ်သွားပြီ ဆိုသောကြောင့် စီနီယာသည် ယန်ရှိုကို အားနာနေပုံပေါ်သည်။

“မဟုတ်ဘူး” လီယွင်သည် နက်နက်နဲနဲဖြင့် သက်ပြင်းချလိုက်၏။ ပြီးနောက်အဝေးတစ်နေရာကို လှမ်းမျှော်ကြည့်ရှုလို့ နေသည်။

ရမ်ချင်းတု သူတော်စင်ဖြစ်သွားသည့် အကြောင်းကို သူက တွေးတော နေမိ၏။ ပြောရမည်ဆိုလျှင် သူတော်စင်ဖြစ်ရန် အခွင့်အရေးသည် မရှိတော့ပေ။ ထိုသို့ဆိုလျှင် တတိယလူကို သူ ဆက်လက်၍ မရောင်းနိုင်တော့ချေ။

ကောင်းကင်လျှို့ဝှက်အမှတ်များ အလကားရမည့် အခွင့်အရေးသည် ဆုံးရှုံးသွားခဲ့ပြီဖြစ်သည်။ နှမျောစရာ မကောင်းပေဘူးလား။ နောက်တစ်ကြိမ် ဤကဲ့သို့သော ကိစ္စမျိုး ဖြစ်လာမည်ဆိုပါက သူသည် လူများများကို ရောင်းချရန် စဉ်းစားထား၏။ ဟုတ်ပေသည်။ လူများစုဆောင်းကာ ဝယ်ရမည်ဆိုလျှင် ရှစ်ဆယ် ရာခိုင်နှုန်း လျော့ပေးရန်ပင် စဉ်းစားထားသည်။

နတ်အဆင့်လက်နက်များသည် တန်ဖိုးကြီးမားလှ၏။ သို့ပေမဲ့ သူတော်စင်တစ်ယောက်၏ အားအင်နှင့် နှိုင်းယှဉ်၍ ရနိုင်သည့်အရာမျိုး မဟုတ်ချေ။ သူတော်စင်အဆင့် ဆိုသည်မှာ တကယ်ပင် ကြောက်ခမန်းလိလိ တည်ရှိသော စွမ်းအားမြင့်ကျင့်ကြံသူပင်ဖြစ်၏။

“တော်သေးတာပေါ့”

လျှိုချမ်းရွှယ်သည် သူမ၏ရင်ဘတ်ကို အသာပုတ်ကာ စိတ်သက်သာရာ ရသလို သက်ပြင်းချ လိုက်မိ၏။ သူမ၏ဆရာ ဤစီနီယာကို အပြစ်ပြုမိသည်သာ မဟုတ်ပါက အရာအားလုံးကို ဖြေရှင်းဆွေးနွေး၍ ရနိုင်စွမ်း ရှိနေသေးသည်။

.............

“စီနီယာ”

ထိုအချိန်မှာပဲ ကောင်းကင်ယံထက်မှ ကြေကွဲဝမ်းနည်းနေသည့် အော်သံကြီးက ထွက်ပေါ်လာခဲ့သည်။ အသံရောက်ပြီးသည့်နောက် လူလည်း ရောက်ရှိလာခဲ့၏။

မြေပြင်ပေါ်သို့ ဘုတ်ကနဲ ပြုတ်ကျလာပြီးသည့်နောက် အမဲရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် အဘိုးအိုသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ရှေ့တွင် မတ်တပ်ရပ်နှင့် နေပြီးသား ဖြစ်သည်။

သူသည် ရင်ဘတ်ကို ဆုပ်ကိုင်ကာဖြင့် ပြောလိုက်၏။ “စီနီယာ.... ကျုပ်ရဲ့ သူတော်စင်ဖြစ်ဖို့ အခွင့်အရေးကို တခြားလူတစ်ယောက်က ခိုးယူသွားခဲ့တယ်”

“ဟုတ်လား” လီယွင်သည် မျက်ခုံးပင့်လိုက်၏။ သူသည် တစ်စုံတစ်ခုကို သိရှိသလို ယန်ရှိုကို အဓိပ္ပာယ်ပါပါ ကြည့်ရှုလိုက်၏။ ပြောနေစရာပင်မလို။ အခုလို လာရောက်ပြောဆိုရန် သတ္တိရှိနေသေးသည်လား။ သူတစ်ဖက်လူကို သုံးရက်တိတိ အခွင့်အရေး ပေးခဲ့၏။ သို့ပေမဲ့ သူတော်စင် မဖြစ်လာချေ။ ဤအရာသည် သူ၏ အပြစ်မဟုတ်ချေ။

ယန်ရှို၏ အချက်အလက်များကို စစ်ဆေးပြီးသည့်နောက် လီယွင်သည် ပိုမို၍ပင် ရယ်ချင်စိတ် ပေါက်သွားခဲ့၏။ အခွင့်အရေးသည် အရှေ့မှာ တည်ရှိနေသည်ဆိုလျှင်တောင်မှ အစီအရင်ထဲသို့ ဝင်ရောက်ပြီးသည်နောက် အစီအရင်ကို လေ့လာလို့နေခဲ့၏။ ထို့ကြောင့် တခြားသူတစ်ယောက်သည် အခွင့်အရေးကို အရယူသွားခဲ့သည်။ မည်သူ့ကို သွားရောက်ကာ အပြစ်တင်ရမည်နည်း။

“မစိုးရိမ်နဲ့”

လီယွင်သည် အသာလက်ကို ယမ်းခါကာဖြင့် ပြောလိုက်၏။ “ကံကောင်းခြင်းဆိုတာ နေရာတစ်ခုတည်း မှာပဲ သတ်မှတ်ထားတာ မဟုတ်ဘူး။ ရမ်ချင်းတုတောင် သူတော်စင်ဖြစ်လာနိုင်တယ်ဆိုရင် ခင်ဗျားလည်း ဖြစ်နိုင်တာပဲ။ အချိန်ကတော့ လိုအပ်တာပေါ့။ ပြီးတော့ ခင်ဗျားက သူတော်စင် မဖြစ်လာဘူး ဆိုရင်တောင်မှ အထဲမှာရှိတဲ့ ပစ္စည်းကောင်းတွေကို ရခဲ့တယ် မဟုတ်လား”

“ဒါပေမဲ့ ဒီအရာတွေ အကုန်လုံးက သူတော်စင်လောက်မှ တန်ဖိုးမကြီးတာ”

ယန်ရှိုသည် ခွန်းတုံ့ပြန်လိုက်မိ၏။ သူသည် အမှန်ပဲ နောင်တရလို့ နေခဲ့၏။ ရွေးချယ်ခွင့်သာ ရှိသည်ဆိုပါက လက်ရှိ သူရရှိထားသည့် အရာအားလုံးကို စွန့်လွှတ်ပြီး သူတော်စင် ဖြစ်ချင်စိတ်သာလျှင် သူ့မှာရှိသည်။

“သူတော်စင်ဖြစ်ဖို့ဆိုတာ ကိစ္စကြီး မဟုတ်ပါဘူး။ ခင်ဗျားသာ ငွေကြေး တတ်နိုင်တယ်ဆိုရင် နောက်ထပ် အခွင့်အရေး တစ်ခုကို ကျုပ် ပေးနိုင်တယ်လေ” လီယွင်သည် ပြုံးကာပြောလိုက်၏။

ယန်ရှို “..........”

သူတော်စင်ဖြစ်လာခြင်းဆိုသည်မှာ ကိစ္စကြီး မဟုတ်ချေ။ လောကကြီးတစ်ခုလုံးတွင် နေရာအနှံ့ တည်ရှိနေသည် ဟုများ ထင်မှတ်နေသည်လား မသိချေ။ ကျင့်ကြံခြင်းလောကတစ်ခုလုံးတွင် ထိုကဲ့သို့သော စကားကို ပြောဆိုနိုင်သူ သည် တစ်ဦးတည်းသာရှိ၏။ ထိုသူသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ နန်းဆောင်သခင် သာလျှင်ဖြစ်သည်။

All Chapters