ငါ နိုင်မှာ
Vol. 47 Ch. 691
ဟွမ်ရှင်း သီချင်းဆို၍ ပြီးသွားလေသည်။ ထို့နောက် ယွီမောင် (Feather) စင်ပေါ် တက်ရမည့် အလှည့်သို့ ရောက်လာသည်။
ယွီမောင်၏ အသံက အလွန် နူးညံ့သိမ်မွေ့ပြီး ကျန်းနန်၏ ရွာဒေသခံများ၏ အရည်အသွေးမျိုး ရှိည်။ သူမ သီဆိုသည့် သီချင်းမှာ ပြီးပြည့်စုံသော ပျော်ရွှင်မှု ဖြစ်သည်။ ၎င်းမှာ အေအဆင့် အနုပညာတစ်ယောက်၏ အဆင့်အတန်း ဖြစ်ပြီး ခံစားချက်ကို ပြီးပြည့်စုံစွာ ပုံဖော်နိုင်သည်။
သူမ၏ လှပသော ကိုယ်ခန္ဓာကောက်ကြောင်းပါ ပေါင်းလိုက်သောအခါ သူမသည် တေးသီချင်း လောက၏ နတ်မိမယ်လေးသဖွယ် ဖြစ်သွားစေသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် သူမက သာမန်လူတစ်ယောက် မဟုတ်သည်မှာ အသေအချာပင်။
သို့သော်ငြားလည်း သူမ ရှုံးသွားခဲ့လေသည်။
အထုတ်ခံလိုက်ရပြီးနောက် ယွီမောင် (Feather) သည် မျက်နှာဖုံးကို ချွတ်ရန်ပင် မစဉ်းစားဘဲ စင်ပေါ်မှ ဆင်းလာခဲ့သည်။
လက်ရှိတွင် အစီအစဉ်သည် ငပျော့ကောင်များ၏ စင်အဖြစ်သို့ ပြောင်းလဲနေ၏။
စင်နောက်၌ ယွီမောင် (Feather) ဝင်လာသည်ကို မြင်သောအခါ ဆရာထန့်က သူမကို နှစ်သိမ့်ပေးရန် ကြိုးစားလေသည်။
“သွားကြစို့၊ သူတို့က သူတို့ရဲ့ အင်အား တစ်စိတ်တပိုင်းလို့ ပြောလို့ရတဲ့ သူတို့ ပရိသတ်တွေကို အားကိုးနေတာ”
“ကျွန်မမှာ ဒါကို စိတ်တိုဖို့ အချိန်မရှိပါဘူး၊ ဂီတနဲ့ ပတ်သက်ပြီး ဘာမှမသိတဲ့ ငပျော့ကောင်တစ်ကောင်က အဆိုတော်တွေရဲ့ ဘုရင်ဆိုတဲ့ နာမည်ကို ရသွားနိုင်တာကို တွေးမိရင် ရယ်ချင်စရာကောင်းလို့ပါ”
ယွီမောင် (Feather) သည် ငယ်သေးသော်လည်း ဒေါသက အနည်းငယ် ကြီးသည်။
သူမသည် ဟွမ်ရှင်းကို ရှုံးသွားသည့်အတွက် မကျေနပ်မှန်း သိသာလှသည်။ သို့သော် သူမ ဘာမှမတတ်နိုင်ချေ။ ထို့ကြောင့် သူမသည် ရှက်စရာကောင်းလွန်းသည် သူမမျက်နှာဖုံးကိုပင် မချွတ်တော့ချေ။
တကယ်တမ်းတွင် ဆရာထန့်တောင်မှ မကျေနပ်ပေ။ သို့သော် သူ့အသက်ကြောင့် သူက ပို၍ လွယ်ကူနေခဲ့သည်။
ထိုအခိုက်တွင် ပြိုင်ပွဲကို ရှုံးသွားသော်လည်း ဆရာလောက စိတ်အအေးဆုံး ဖြစ်နေသည်။ အကြောင်းမှာ သူသည် ရဲ့လင်းချန်ကို ရှုံးသွားခဲ့ခြင်း ဖြစ်ပြီး မျှတသော ရှုံးနိမ့်မှုဟု ဆိုနိုင်ပေသည်။
“ငါတို့တွေ ငပျော့ကောင်တွေအတွက် ခေတ်ထဲကို ရောက်နေတယ်လို့ လူတော်တော်များများ ပြောတာကို ငါ ကြားခဲ့တယ်၊ အစက ဒါ လေသက်သက်ပဲလို့ ငါ ထင်ခဲ့တာ၊ အနုပညာလောကက ဒီလို ဖြစ်သွားပြီလို့ ငါ ထင်မထားမိဘူး”
ဆရာထန့်က ပြောလာသည်။
“Masked Singer က ဒီလို ဖြစ်လိမ့်မယ်ဆိုတာကို သိခဲ့ရင် ကျွန်မ ဝင်ပြိုင်ခဲ့မှာ မဟုတ်ဘူး”
ယွီမောင် (Feather) က စိတ်ဆိုးမာန်ဆိုး ပြောလာသည်။
ထိုစဉ် ပြိုင်ပွဲ၏ လေးပွဲမြောက် စနေပြီ ဖြစ်သည်။
“နောက်ထပ် ငပျော့ကောင် တစ်ကောင်ပဲ”
ယွီမောင် (Feather) အံကြိတ်လိုက်မိသည်။
“သူတို့တွေ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ”
စင်အောက်၌ ပရိသတ်များက ပြန်၍ ဆူညံနေသည်။ ပြိုင်ပွဲဝင် ရှစ်ယောက်၌ နာမည်ကြီး ငပျော့ကောင် သုံးယောက် ပါနေလိမ့်မည်ဟု သူတို့ထဲက ဘယ်သူမှ ထင်မထားမိပါ။
“အဲ့ဒီ စူပါမန်းတော့ တော်တော်လေး ဖိအားများနေမှာပဲ”
ဆရာလောက ရေရွတ်လာသည်။
ဒုတိယပိုင်းသည် ရှုံးထွက်အဆင့်ကို သုံးသည့် နောက်ဆုံးအပိုင်း ဖြစ်သည်။ စုစုပေါင်း လူလေးယောက်တွင် သုံးယောက်က ငပျော့ကောင်များ ဖြစ်သည်။ ရဲ့လင်းချန်သည် နောက်ဆုံး၌ ရောက်နိုင်ချေ များပြီး အဖြုတ်ခံရမည့် ကံပါနေသည်။
“သူ ပြန်တိုက်နိုင်မယ်လို့ ငါ မျှော်လင့်တယ်၊ မဟုတ်ရင် ငပျော့ကောင်တွေ အထိန်းအကွပ်မဲ့တော့မှာ”
ဆရာထန့်က မှတ်ချက်ချသည်။
ငပျော့ကောင်များနှင့် ရင်ဆိုင်ရချိန်တွင် ငပျော့ကောင်များ၌ အမာခံ ပရိသတ်အင်အား များစွာ ရှိသဖြင့် သူတို့ စိတ်ပျက်ခဲ့ရသည်။ သူတို့ ဘာများ တတ်နိုင်မည်နည်း။
ထိုညနေတွင် ပြိုင်ပွဲ၏ ပထမပိုင်း ပြီးသွားလေသည်။
သတင်းများ ပျံ့နေခဲ့သည်။ Masked Singers ၏ ပထမအပိုင်းမှ ဖိုင်နယ်တက်နိုင်သည့် သူများကို အတည်ပြု သွားခဲ့သည်။ လက်ရှိတွင် ငပျော့ကောင် သုံးယောက် ရုတ်တရက် ပေါ်လာခြင်းကြောင့် အစီအစဉ်၏ ရေပန်းစားမှုက ပိုကြီးမားလာခဲ့သည်။
Weibo ပေါ်၌:
[လခွမ်း Masked Singers တော့ ဒီတစ်ခေါက် တကယ်ကြီး လုပ်ချလိုက်ပြီဟေ့]
[မြတ်စွာဘုရား၊ ဒါ ဟွမ်ရှင်း၊ ထောင်ထောင်နဲ့ ပင်းပင်းပဲ]
[အား … ဒီလို ဖြစ်မယ်မှန်းသာသိရင် ငါ တိုက်ရိုက် အစီအစဉ်ကို ဘယ်လိုနေနေ သွားပါတယ်၊ ဒါကြီးက တအား လန်းနေပြီ]
[မင်းတို့တွေ ဘာကို စိတ်လှုပ်ရှားနေတာလဲ၊ ဒါ သီချင်းဆိုတဲ့ အစီအစဉ်လေ၊ ငပျော့ကောင်တွေက ဒီမှာ ဘာလုပ် နေတာလဲ]
[သေစမ်း … မျက်နှာဖုံး အစီအစဉ်က ဘာဖြစ်သွားတာလဲ၊ ဒီငပျော့ကောင်တွေက တကယ်ကို ဒရာမာ အပြည့်ပဲ]
[ဆရာထန့်တောင်မှ ငပျော့ကောင်ကို ရှုံးသွားတယ်၊ ဟီးဟီးဟီး … ဟားဟားဟား …]
[သူတို့ အရည်အချင်းနဲ့ ဇွဲလုံ့လကို အားထားတဲ့ အဆိုတော်တွေအတွက် ငါ စိတ်မကောင်း ဖြစ်မိတယ်]
[ကျန်နေတဲ့ အဆိုတော် ဘာဖြစ်မလဲဆိုတာကို ငါ သိချင်လိုက်တာ]
[ဟုတ်တယ် နောက်လာမှာက ရှုံးထွက်ပွဲပဲလေ၊ ငပျော့သုံးကောင်နဲ့ယှဉ်ရင် သူ အရင်ဆုံး ပြုတ်မယ်ဆိုတာ သေချာတယ်]
[ဟူး … ငါတို့ ဘယ်လိုလောကကြီးထဲ ရောက်နေတာလဲ၊ စူပါမန်းက တကယ် အရည်အချင်း ရှိတယ်လို့ ငါ ခံစားရတယ်]
[ဟုတ်တယ်၊ စူပါမန်း ဆိုသွားတာ သိပ်ကောင်းတယ်၊ ငါ ကွမ်တုန်းက အချစ်ပုံပြင်ကို အခါခါ ပြန်နားထောင်နေတုန်းပဲ၊ ငပျော့ကောင် သုံးကောင်နဲ့ သူ ပြိုင်ရမှာက ဆိုးတာပဲ]
[ငပျော့ကောင် နိုင်မှာဆိုတာ သေချာတဲ့ပွဲမို့လို့လား၊ ငါတော့ ငါ့မှာ ရှိသမျှအရာအားလုံးနဲ့ စူပါမန်းကို အားပေးမှာပဲ၊ စူပါမန်း နိုင်မှာ]
ကျန်းထောင်၏ ပရိသတ် စကားပြောခန်းအတွင်း၌။
[အား … ထောင်ထောင် ပါတာပဲ၊ ငါ ပထမပွဲ လွတ်သွားတယ်၊ ငါ သေချာပေါက် ဒုတိယပွဲကို သွားအားပေးမှာ]
[ငါ့ထောင်ထောင်က ပထမရမှာ သေချာတယ်]
[ထောင်ထောင်အပြင် ငါ ဟွမ်ရှင်းနဲ့ ပင်းပင်းကိုလဲ ကြိုက်တယ်၊ ငါ အဲ့ဒီ စူပါမန်းကို ဖြုတ်တာနဲ့ စလိုက်မယ်]
[ဟားဟားဟား၊ နင် ပြောတာ မှန်တယ်၊ သူက ဘယ်သူလဲဆိုတာ ငါ မသိဘူး၊ ဒါပေမဲ့ သူ့က ငါ့ထောင်ထောင်ကို ရုပ်ရည်အားဖြင့် မယှဉ်နိုင်တာ သေချာတယ်]
ဟွမ်ရှင်း၏ ပရိသတ်များ စကားပြောခန်းအတွင်း၌။
[အဲ့ဒီ စူပါမန်းက ဘာမှမဟုတ်ဘူး၊ ပြဿနာ ရှိမှာ မဟုတ်ဘူး]
[ဟုတ်တယ်၊ ငါတို့ရဲ့ ပြိုင်ဘက်အစစ်က ကျန်းထောင်နဲ့ ပင်းပင်းပဲ]
[အကောင်းဆုံး ကြိုးစားထား၊ ဟွမ်ရှင်း၊ ရှင်က အတော်ဆုံးပဲ၊ ရှင် နိုင်မှာ]
ဒိုင်များနှင့် ဧည့်သည်များသည် ပွဲအတွင်း၌ ဘာမှမပြောသော်လည်း ထိုကိစ္စကို သိုသိုသိပ်သိပ် ဆွေးနွေးကြသည်။
စူပါစတားလျှို: ငါ နားမလည်တော့ဘူး၊ ဒီငပျော့ကောင်တွေက ဘာလို့ အဲ့လောက် နာမည်ကြီးနေတာလဲ၊ သူတို့အသံက သာမန်ပါပဲ
တုန်းချိုး: ဒါ ကြော်ငြာခေတ်လေ၊ သူတို့ ဘာအရည်အချင်းအစစ်ကိုမှ မလိုဘူး၊ သူတို့ရဲ့ ကြော်ငြာကို သုံးလိုက်ရုံပဲ၊ အဲ့ဒါက သူတို့ပရိသတ်လေ
ဖုန့်ရှောင်ရှင်းက ဝင်ပြောသည်။
“အခုက အရင်နဲ့ မတူတော့ဘူး၊ အခုက အရည်အချင်းတွေက နာမည်ကြီးတာကို အရှုံးပေးလိုက်ရပြီ၊ မင်း နာမည်ကြီးသရွေ့ အားလုံးက ဖြစ်နိုင်တယ်”
“ဟုတ်တယ်၊ တစ်နေရာရာက အလှမယ် ပြိုင်ပွဲက ပရိသတ်အများကြီး ရှိလို့ အရမ်း အကျဉ်းတန်းတဲ့ ပြိုင်ပွဲဝင်ကို ချန်ပီယံအဖြစ် ရွေးလိုက်တယ်လို့ ငါ ကြားဖူးတယ်”
“ငါတို့ရဲ့ လက်ရှိ လူ့အဖွဲ့အစည်းက ရေပန်းစားတာကိုပဲ အာရုံစိုက်နေတာ၊ ချက်ချင်း နာမည်ကြီးဖို့အတွက် သူတို့က သူတို့ ဝိညာဉ်ကိုတောင် ရောင်းစားလောက်တယ်”
“ဟူး … အဲ့ဒီ စူပါမန်းက တော်တော်လေး အရည်အချင်းရှိပြီး တော်တော်လေး ငယ်တယ်၊ သူ အထုတ်ခံရရင် နှမြောစရာပဲ”
“သူ နိုင်ပါစေလို့ ငါ မျှော်လင့်တယ်၊ ဒါပေမဲ့ ငပျော့ကောင်တွေနဲ့ ယှဉ်ရင် … ဟူး …”
ချန်ရှောင်ယွင်သည် နှုတ်ခမ်းကိုက်၍ ငြိမ်နေသည်။ သူမ ဖုန်းထုတ်၍ ရဲ့လင်းချန်ထံ စာပို့လိုက်သည်။
[အကောင်းဆုံး ကြိုးစားနော်၊ ကျွန်မ ရှင့်ကို ယုံတယ်]
အခြားသူများ၏ အာရုံထားခြင်း ခံရမည်ကို စိုးရိမ်သဖြင့် ရဲ့လင်းချန်ကို သူမ ပေါ်ပေါ်ထင်ထင် မကြည့်နိုင်ခဲ့ပေ။
မကြာခင်မှာပင် သူမ စာပြန်ရလာခဲ့သည်။
[ငါ နိုင်မှာ]
တစ်ချိန်တည်းမှာပင် ရဲ့လင်းချန်သည် ဖုန်းကို ဘေးချ၍ စိတ်ဓာတ်ကျနေသော အမူအရာ ဖြစ်နေသည့် ဆုမိုကို ကြည့်လိုက်သည်။ သူ မနေနိုင်ဘဲ ရယ်လိုက်မိသည်။
“ဘာလို့ အဲ့လိုမျက်နှာ ဖြစ်နေတာလဲ”
“ရှင် ဘယ်လိုလုပ် ရယ်နိုင်နေသေးတာလဲ”
ဆုမို နှုတ်ခမ်းဆူသွားသည်။
“အရည်အချင်းရှိပြီး အဖြုတ်ခံလိုက်ရတဲ့ အဆိုတော်တွေတော့ အခု အရမ်း မကျေမနပ် ဖြစ်နေမှာပဲ၊ ကျွန်မလဲ နေလို့မကောင်းဘူး၊ ရယ်မနေနဲ့၊ မနက်ဖြန်အတွက် ရှင့်အစီအစဉ်က ဘာလဲ”
“ငါလား”
ရဲ့လင်းချန် ရယ်လိုက်သည်။
“ငပျော့ကောင်လေးတွေပါပဲ၊ ဘာမှစိတ်ပူစရာ မလိုပါဘူး၊ ငါ သူတို့တွေကို နင်းခြေဖူးပါတယ်”
ပြန်စဉ်းစားကြည့်မည်ဆိုလျင် သူ အနုပညာလောကသို့ ခြေချစဉ်ကတည်းက လမ်းတစ်လျှောက်တွင် ငပျော့ကောင်အချို့ကို နင်းခြေခဲ့ဖူးသည်။ ဝူဟန်မှ ကိုရီးယားနိုင်ငံ၏ ကင်ဟျွန်းမင်။ ငပျော့ကောင်လေး သုံးကောင်က သူ့အတွက် ဘာမှမဟုတ်ချေ။
ထို့အပြင် သူသည် သူတို့အား ဤနေရာတွင်သာ နင်းခြေမည် မဟုတ်ပါ။ စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေး ပွဲဦးထွက် ထုတ်လွှင့်ချိန်တွင်လည်း သူတို့ကို သူ ထပ်၍ နင်းခြေဦးမှာပင်။
“ဟွန့် …. ငကြွားကြီး”
ဆုမိုက မကျေမနပ် ပြန်ပြောသည်။ ထို့နောက် သူမက မျက်ရည်များကို သုတ်၍ စိတ်အားထက်သန်စွာ မေးလိုက်သည်။
“ရှင် တကယ် နိုင်မှာလား”
“အင်း”
…
ထို့နောက် ရဲ့လင်းချန်သည် စင်နောက်၌ ထုတ်ပယ်ခံရသည့် ပြိုင်ပွဲဝင် လေးယောက်နှင့် ဆုံလေသည်။ သူတို့၏ မျက်နှာတွင် စိတ်ပျက်သော အမူအရာ ရှိနေသည်။ ရဲ့လင်းချန်ကို ရှုံးသွားသည့် ဆရာလောသာလျင် ပြုံးနိုင်ပြီး ရဲ့လင်းချန်ကို အားပေးလာသည်။
“စူပါမန်းလေး မင်းကိုယ်မင်း တအား ဖိအား မပေးနဲ့ဦး၊ မနက်ဖြန် မင်း အကောင်းဆုံး ကြိုးစားလိုက်၊ ဂီတကို အကျမခံနဲ့”
ရဲ့လင်းချန် ခေါင်းညိတ်လိုက်သည်။
“ဟုတ်ကဲ့ ဆရာလော၊ ကျွန်တော် အကောင်းဆုံး လုပ်မှာပါ”
ဆရာထန့်ကလဲ ရဲ့လင်းချန်ကို ပခုံးပုတ်လာသည်။
“နိုင်တာ၊ ရှုံးတာက ပြဿနာ မဟုတ်ဘူး၊ ဂီတအပေါ် ထားတဲ့ မင်းနှလုံးသားကို မယိမ်းယိုင်စေနဲ့၊ ငါတို့က အသက် ကြီးနေပြီဆိုတော့ မင်းတို့လို လူငယ်တွေ နေရာယူလို့ လိုအပ်တယ်၊ မင်း တေးဂီတကောင်း ဆက်ရှင်သန်နိုင်အောင် ကူညီမှရမယ်”
ထိုစဉ် ယွီမောင် (Feather) က တဲ့တိုးပြောလာသည်။
“အဲ့ဒီ ငပျော့ကောင်တွေကို ရှုံးခဲ့တဲ့အတွက် ကျွန်မ စိတ်ပျက်မိတယ်၊ ရှင် ကျွန်မအတွက် လက်စားချေပြီး ကျွန်မတို့ ဂီတရဲ့ နေရာအတွက် ကူပြီး တိုက်ခိုက်ပေးပါ”