မောက်မာရိုင်းစိုင်းလှသည့် ဝေ့ထျန်းယီ
Vol. 4 Ch. 46
" သူက မသေမျိုး ဓားသမားလေး ရှောက်လင်လား .. သူက ကျန့်ယွီ ဂိုဏ်းကနေ ဓားထိန်းချုပ်နည်း ပညာကို အသက် ၆ နှစ်အရွယ်တည်းက သင်ယူခဲ့တာလို့ ကြားတယ်။ ပြီးတော့ သူက ဓားပျံနဲ့ သွားနိုင်တယ်တဲ့ ။ ဒီနှစ်အစောပိုင်းကတောင် စိတ်ဝိဥာဥ် အသွင်ပြောင်းအဆင့်က နတ်ဆိုးသားရဲတစ်ကောင်ကို လက်နဲ့သတ်ခဲ့သေးတယ် ပြောတယ် "
" ဘယ်လို .. သူက စိတ်စွမ်းအင်စုဆောင်းခြင်း အဆင့်ကိုးမှာပဲ ရှိသေးတာတောင် စိတ်ဝိဥာဥ်အသွင်ပြောင်းအဆင့်က နတ်ဆိုးသားရဲကို သတ်လိုက်နိုင်တယ် .. တော်တော်အစွမ်းထက်တာပဲ "
အားလုံးပင် ရှောက်လင်အား လေးစားအားကျစွာ ကြည့်လိုက်ကြသည်။
ထိုအချိန်တွင် ..
လေထုကို ဖြိုခွင်းလာသည့် အသံတစ်သံ ထွက်ပေါ်လာပြီး အဘိုးအိုတစ်ယောက်နှင့် လူငယ်တစ်ယောက် ရောက်လာ၏ ။
" ဟင် .. ယဲ့ဖုန်းနိုင်ငံမှာ အရေးပါဆုံး ချန်မိသားစုက ရှင်းချန်ပဲ ။ သူတို့ နှစ်ယောက်တည်း လာခဲ့ကြတာလား "
" နှစ်ယောက်တည်း ဆိုပေမယ့် အဲ့ဒီလူငယ်က အင်မတန်အစွမ်းထက်တဲ့ သူတစ်ယောက်ပဲ ။ သူက ဓားသိုင်းကျင့်စဥ်မှာ အင်မတန် ထူးချွန်တဲ့ ပါရမီရှင်တစ်ယောက်လို့ ကြားတယ်။ ပြီးတော့ သူက အခြေခံ ဓားစိတ်ဆန္ဒကို ကျင့်ကြံတဲ့နေရာမှာ အတော်ဆုံးလို့လဲ ကြားတယ် "
" ဓားစိတ်ဆန္ဒ .. ဟုတ်လား "
အားလုံး အံ့သြတုန်လှုပ်သွားကြပြန်သည်။
" ဟိုမှာ .. ကွေ့ယွမ်ဂိုဏ်းကလူတွေလဲ လာနေကြပြီ "
အားလုံး အသံလာရာဘက် လှည့်ကြည့်လိုက်သောအခါ နဂါးတစ်ကောင်ကို စီးနင်းလာသည့် ကွေ့ယွမ်ဂိုဏ်း ဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်တစ်ယောက်ကို တွေ့လိုက်ကြသည်။ ထိုနဂါးက တောင်ထိပ်တွင် ဆင်းသက်လိုက်၏ ။ လူငယ်၏အသွင်မှာ အလွန်ခန့်ငြားနေသည်။
" ကျုပ် အဲ့တစ်ယောက်ကို သိတယ် ။ သုက ကွေ့ယွမ်ဂိုဏ်း မျိုးဆက်သစ်လူငယ်တွေထဲက လောချန်ပဲ ။ သူက နည်းနည်း ထူးဆန်းတယ်လို့လဲ ကောလဟလ ကြားဖူးတယ် "
" ထူးဆန်းတယ် .. ဟုတ်လား .. ဘာဖြစ်လို့လဲ "
" အင်း .. ဘယ်လိုပြောရမလဲ ၊ သူ့ကျင့်ကြံခြင်းအဆင့်က ဘာမှမထူးခြားသလိုမျိုး သာမာန်ပဲ ။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ်တွေက သူ တခြားဂိုဏ်းတွေက ပါရမီရှင်တွေ အများကြီးနဲ့ တိုက်ခိုက်ခဲ့သေးတယ်။ တိုက်ပွဲတိုင်းက သရေကျသွားတာချည်းပဲ "
" ဟင် .. ထျန်ကျောင်းနဲ့တောင် သရေ ကျခဲ့တာလား .. ။ ဒါဆို သူက အရမ်းအစွမ်းထက်တယ်ဆိုတဲ့ အဓိပ္ပါယ်ပဲလေ "
" ခင်ဗျား ကျုပ်ပြောတာ သဘောမပေါက်ဘူးနဲ့တူတယ် ။ သူက ဘယ်ကျင့်ကြံခြင်းအဆင့်က ပြိုင်ဘက်နဲ့မဆို လက်ရည်တူနေတာ "
" ဟင် .. မယုံနိုင်စရာပဲ ။ သူက သူ့အစွမ်းကို တမင် ဖုံးထားတာရော မဖြစ်နိုင်ဘူးလား "
" ဖြစ်နိုင်တယ် ၊ ဒါပေမယ့် သူနဲ့ တိုက်ခိုက်ဖူးတဲ့ အကိုတစ်ယောက်ကို ကျုပ် မေးကြည့်တာတော့ သူက အစွမ်းကုန်ကြိုးစားပြီး တိုက်ခိုက်ခဲ့တာတဲ့ ။ သူ့အစွမ်းကို ဖုံးကွယ်မထားဘူး လို့ ပြောတယ် "
" ဒါ .. တော်တော်လေး ထူးဆန်းတာပဲ "
အားလုံး ခေါင်းညိတ်လိုက်ကြသည်။
သို့သော် ထိုအချိန်တွင် ...
ဘုန်း ...
အလွန်ကျယ်လောင်သော အသံတစ်သံ လေထဲမှ ထွက်ပေါ်လာ၏ ။
အသံနှင့် မရှေးမနှောင်းမှာပင် မြင်းနဂါး ၇၂ ကောင် ဆွဲလာသည့် ဧရာမ ရထားတစ်စင်းက ကောင်းကင်ယံမှ ဆင်းသက်လာသည်။
" ဟာ .. ဒါ ဘယ်အဖွဲ့ကလဲ .. မြင်းနဂါး ၇၂ ကောင်တောင်မှ .. တောင်တော်ချမ်းသာတဲ့ အဖွဲ့တစ်ခုကပဲ ဖြစ်ရမယ် "
အားလုံး အံ့အားသင့်နေစဥ်မှာပင် ထိုရထားကြီးက တောင်စောင်းတစ်ခုဆီသို့ တဖြည်းဖြည်း ဆင်းသက်လိုက်သည်။
သို့သော် ထိုတောင်ပေါ်တွင် အသင့်နေရာယူထားကြသည့် အဖွဲ့နှစ်ခု ရှိနေ၏ ။
ရထားဆင်းသက်လာသည်ကို မြင်သည်နှင့် ထိုနှစ်ဖွဲ့ထဲမှ မိသားစုတစ်ခု၏ အကြီးကဲက ဦးညွှတ်ကာ ပြောလိုက်သည်။
" ဘယ်မိသားစုကလဲဆိုတာ မသိပေမယ့် ဒီနေရာက နေရာယူထားပြီးသားမို့ တခြား ဘက်ကို နည်းနည်းသွားပြီး နေရာရှာပါလို့ ပြောပါရစေ "
သို့သော် ..
" ဘေးဖယ်ကြ "
ရထားပေါ်မှ လူက အေးစက်စက် ပြန်ပြော၏။
တောင်ပေါ်တွင် ရှိနေသည့် အဘိုးအို မျက်မှောင်ကြုုံသွားသည်။ သူက ယဥ်ယဥ်ကျေးကျေး ပြောခဲ့သော်လည်း တစ်ဖက်လူက ရိုင်းစိုင်းလှ၏ ။
" သခင်ကြီးက ဘယ်သူလဲဆိုတာ မသိပေမယ့် ကျုပ်က ဟယ်လုံအဖွဲ့က ပထမအကြီးအကဲပါ ။ ဟယ်လုံအဖွဲ့ဟာ ယဲ့ဖုန်းနိုင်ငံမှာ ဒုတိယတန်းအဆင့်ပဲရှိတဲ့ အဖွဲ့ ဆိုပေမယ့် ကျုပ်တို့ကို တခြားသူတွေ လာပြီး အနိုင်ကျင့်တာမျိုးကို ကျုပ် .. "
အကြီးအကဲက တစ်ခုခုပြောရန် ပြင်လိုက်သော်လည်း သူစကားမဆုံးခင်မှာပင် ...
ရထားကြီးပေါ်မှ လက်တစ်ဖက် ဆန့်ထွက်လာပြီး သူ့ကို ရိုက်ချလိုက်တော့သည်။
ဝုန်း ..
" ဟင် .. "
အကြီးအကဲကား စကားပင် ဆုံးအောင် မပြောလိုက်ရဘဲ တစ်ချက်တည်း အရိုက်ခံရတာ နေရာ၌ပင် သေဆုံးသွား၏ ။
" ဒါ ထုံရွှယ်အဆင့် အစွမ်းပဲ ။ ဒီလူက အနည်းဆုံး ထုံရွှယ်အဆင့်ငါးရဲ့ အထက်ကို ရောက်နေပြီ ... ဘယ်သူများ ပါလိမ့် "
" ဘယ်သူဖြစ်ဖြစ် ထုံရွှယ်အဆင့် ကျင့်ကြံခြင်း ရှိထားရုံနဲ့ လူတွေကို ဆန္ဒရှိသလို သတ်လို့မရဘူးလေ ။ ဟယ်လုံအဖွဲ့က လူတွေက အမှားယွင်းကြီးကြီး လုပ်ထားတာလဲ ရှိမှမရှိတာ ။ ဒီလို သတ်ချင်တိုင်းသတ်တာတော့ မဖြစ်သင့်ဘူးမလား "
" ဒီလူ ဘယ်သူလဲဆိုတာ သိချင်လိုက်တာ ။ တော်တော်မောက်မာတဲ့သူပဲ "
ရထားပေါ်မှ လူ၏ လုပ်ရပ်ကြောင့် လူများ ဒေါသူပုန်ထသွားကြသည်။
ချက်ချင်းဆိုသလိုပင် ထုံရွှယ်အဆင့် သခင်ကြီးသုံးဦးကလည်း လေထဲသို့ ပျံတက်ကာ ရထားအား ပိတ်ဆို့ထားလိုက်ကြသည်။
သို့သော် ထိုအချိန်မှာပင် ရထားတွင်းမှ အေးစက်စက် ရယ်သံတစ်ခု ထွက်လာ၏။
" ဟားဟား .. ယဲ့ဖုန်းနိုင်ငံက ပုရွက်ဆိတ်တွေအားလုံးက အသက်နှစ်ချောင်းပါတယ်လို့များ ထင်နေကြတာလား "
ပြောပြောဆိုဆိုပင် ရထားအစွန်မှ လူငယ်တစ်ယောက် ထွက်လာသည်။ ထိုလူငယ်က လက်ကို နောက်ပစ်လျက် အားလုံးကို အထင်သေးဟန်ဖြင့် ငုံ့ကြည့်နေ၏ ။
ထိုလူငယ်ကို သူတို့ မကြောက်လှသော်လည်း သူ့ဘေးတွင် ရှိနေသည့် လူများကြောင့် အားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။
လူငယ်၏ ဘေးတွင် အရပ်အမောင်း၊ ခန္ဓာကိုယ်ပုံစံ တစ်မျိုးစီရှိသည့် လူလေးယောက် ရပ်နေ၏ ။
ထိုလူများမှ ထုတ်လွှတ်ထားသည့် ကိုယ်အရောင်အဝါ အလင်းတန်းများကို ကြည့်ခြင်းဖြင့်ပင် ထိုလေးယောက်လုံးက ထုံရွှယ်အဆင့် ကျင့်ကြံသူများ ဖြစ်ကြောင်း အားလုံး သိလိုက်ကြသည်။
ထို့အပြင် သူတို့၏ ကျင့်ကြံခြင်းက အနည်းဆုံး ထုံရွှယ်အဆင့် ငါးတွင် ရှိထားကြ၏။
ဘာတွေ ဖြစ်နေပါသနည်း ။
ယဲ့ဖုန်းနိုင်ငံတွင် အဖွဲ့ထဲ၌ ထုံရွှယ်အဆင့် ကျင့်ကြံသူတစ်ယောက် ရှိပါက ထိုအဖွဲ့ကို ဒုတိတန်းအဆင့် ဟု သတ်မှတ်နိုင်ပြီး ..
ထုံရွှယ်အဆင့် ကျင့်ကြံသူ သုံးယောက် ဆိုပါက ပထမတန်းအဆင့် အဖွဲ့တစ်ခု ဖြစ်သွားပြီ ဖြစ်သည်။
ယခုမူ ရထားပေါ်၌ ထုံရွှယ်အဆင့် ကျင့်ကြံသူ လေးယောက် တစ်ပြိုင်တည်း ရှိနေကြ၏ ။
ထို့ထက်ပိုအရေးကြီးသည်မှာ ထို ထုံရွှယ်အဆင့် သခင်ကြီး လေးယောက်လုံးက လူငယ်လေးကို တလေးတစား ဆက်ဆံနေကြခြင်းဖြစ်သည်။
ကြည့်ရသည်မှာ သခင်နှင့် အစေခံကြားမှ ဆက်ဆံရေးနှင့်ပင် တူနေ၏ ။
ထို ထုံရွှယ်အဆင့် သခင်ကြီးလေးယောက်က လူငယ်၏ အစေခံများလား .. ။
တော်ဝင်မိသားစုတွင်ပင် ထိုသို့သော အစွမ်း မရှိနေချေ .. ။
" သခင်လေးက ယဲ့ဖုန်းနိုင်ငံက မဟုတ်ဘူးလား "
ထုံရွှယ်အဆင့် အဘ်ုးအိုတစ်ယောက်က မေးလိုက်သည်။
" ယဲ့ဖုန်းနိုင်ငံ ဟုတ်လား .. ကျုပ်က ဒီအမှိုက်လိုနိုင်ငံက ဘယ်ဟုတ်မလဲ ကွ ။ ကျုပ်က ယွိလုံ နိုင်ငံ ( ကျောက်စိမ်းနဂါး နိုင်ငံ ) က ဝေ့ မိသားစုရဲ့ သခင်လေး ဝေ့ထျန်းယီ ပဲ "
သူက ဂုဏ်မောက်စွာ ပြန်ပြောသည်။
" ယွိလုံ နိုင်ငံက ..ဟုတ်လား .. သူက တကယ် ယွိလုံနိုင်ငံကလား .. "
" ယွိလုံနိုင်ငံက ကျုပ်တို့ ယဲ့ဖုန်းနိုင်ငံထက် ဆယ်ဆလောက် ပိုပြီး အစွမ်းထက်တယ် ။ သူတို့က အခု ဘာဖြစ်လို့ ယဲ့ဖုန်းနိုင်ငံကို လာခဲ့ကြတာလဲ "
" ယွိလုံနိုင်ငံက ဝေ့မိသားစုအကြောင်းကို ကျုပ် ကြားဖူးတယ်။ ဝေ့မိသားစုက ဘိုးဘေးက ကွေ့ရှ အဆင့် ၇ ရှိတဲ့ အစွမ်းထက်ကျင့်ကြံသူတစ်ယောက်လို့ ပြောတယ် "
" ကွေ့ရှ အဆင့် .. အဆင့် ၇ .. နောက်နေတာလားဟ "
ယဲ့ဖုန်းနိုင်ငံတွင် ကွေ့ရှအဆင့် အစွမ်းထက် ကျင့်ကြံသူ မရှိသည်မှာ နှစ်ပေါင်းများစွာ ကြာသွားခဲ့ပြီဖြစ်သည်။
ယခု သူတို့ရှေ့မှ လူငယ်လေး၏ မိသားစုတွင် အမှန်တကယ် ကွေ့ရှအဆင့် ၇ ရှိသည့် ဘိုးဘေးတစ်ဦး ရှိနေ၏ ။
သူတိူ့ နိုင်ငံနှစ်ခုကြားမှ ကွာခြားချက်က ကြီးမားလှပေသည်။
" ဘာလဲ .. ကျုပ်တို့ ဝေ့မိသားစုက ဒီမှာ နေချင်တာကို မြင်နေတာတောင် ခင်ဗျားကြီးတို့က တားချင်သေးတာလား "
ဝေ့ထျန်းယီ သည် ယဲ့ဖုန်းနိုင်ငံမှ လူများ ဖြစ်ပျက်သွားသည့် မျက်နှာကိုကြည့်ကာ အလွန်ကျေနပ်အားရနေ၏ ။
ထို့နောက် သူက အားလုံူကို စိန်ခေါ်သည့်အကြည့်ဖြင့် ကြည့်လိုက်သည်။
ထိုအချိန်တွင် အစောပိုင်းက ရထားကို တားရန် လာခဲ့သည့် ထုံရွှယ်အဆင့် ကျင့်ကြံသူသုံးယောက်လုံး မျက်နှာပျက်နေကြသည်။
ဝေ့မိသားစု၏ ဂုဏ်သတင်းကို သူတို့အားလုံး ကြားဖူးထားရာ သူတို့အနေဖြင့် ထိုလူငယ်အား မတားရဲတော့ပါချေ။
အားလုံးမှာ ဒေါသကိုသာ မြိုချ၍ ပြန်နောက်ဆုတ်သွားကြသည်။
" သခင်လေးဝေ့က အရမ်းယဥ်ကျေးလွန်းနေပါပြီ ။ ကျုပ်တို့ ကွေ့ယွမ်ဂိုဏ်းကို သခင်လေးဝေ့ လာခဲ့တာကိုက ကျုပ်တို့အတွက် ဂုဏ်ယူစရာ ဖြစ်နေပါပြီဗျာ ။ သခင်လေးကို ဘယ်သူမှ မတားဝံ့ပါဘူး ။ အစောပိုင်းက လူတွေက သခင်လေးကို ဘယ်သူမှန်း မသလိုက်ကြလို့ပါ "
လောချန်က အပြုံးဖြင့် ပြောလိုက်သည်။
" ဟမ့် ... ခင်ဗျားတို့ ယဲ့ဖုန်းနိုင်ငံက အမှိုက်လိုကောင်တွေက ကျုပ်ကို တားရဲမယ်လို့လဲ ကျုပ်က မထင်ပါဘူး "
ဝေ့ထျန်းယီက ပြောကာ သူ့အဖွဲ့အား အောက်ဆင်းရန်အတွက်လှေကားတစ်ခု ချပေးရန် လက်ဖြင့် အချက်ပြလိုက်သည်။
မောက်မာရိုင်းစိုင်းလှသည့် သူ့ကိုကြည့်ကာ ယဲ့ဖုန်းနိုင်ငံမှ လူများ အံကြိတ်လိုက်ကြသည်။
ထိုလူက မုန်းစရာ အလွန်းကောင်းလှပေသည်။
လောချန်က ရထားရှေ့သို့ ရောက်လာကာ ဦးညွှတ်အရိုသေ ပေးလိုက်၏ ။
" သခင်လေး ဒီကို ဘယ်လိုအကြောင်းကြာင့် ရောက်လာတာလဲခင်ဗျာ "
ဝေ့ထျန်းယီက သူ့အား ထီမထင်သလို ငုံ့ကြည့်ကာ
" ဘာအကြောင်းမှ မရှိဘူး ။ ဒီတိုင်း ခရီးထွက်လာရင်းနဲ့ ဒီနေရာမှာ လျှို့ဝှက်ဒေသတစ်ခု ဖွင့်တော့မယ်ကြားလို့ လာခဲ့တာ ။ ယဲ့ဖုန်းနိုင်ငံက ပါရမီရှင်တွေအများကြီး ဒီမှာ ရှိနေကြမယ်ဆိုလို့ ဘယ်လိုလဲ သိရအောင် လာကြည့်တာပဲ ။ ဒါနဲ့ .. ကျုပ်တစ်ခု သိချင်လို့ ။ ခင်ဗျားတို့လို အမှိုက်နိုင်ငံမှာ နေနေတဲ့ ဘယ်လိုကောင်မျိုးက သူ့ကိုယ်သူ ပါရမီရှင်လို့ ခေါ်ရဲရတာလဲ "
ဟု ပြောလိုက်သည်။
သူက ထိုသို့ ပြောပြီးသည်နှင့် ရှေ့သို့ လျှောက်သွားကာ လူအုပ်အား ဝေ့ဝဲကြည့်လိုက်သည်။
" နတ်ဆိုး အောင်နိုင်သူကျောင်းတော် ဆိုတဲ့နေရာမှာ ပါရမီရှင်လို့ခေါ်တဲ့ ခေါင်းပြောင်နဲ့ လူတစ်ယောက် ရှိတယ်လို့ ကျုပ် ကြားထားတယ်။ အဲ့ဒီ လူ ထွက်လာပြီး ကျုပ်ကို လာတွေ့ပါ "