ရေနက်
Vol. 4 Ch. 47
ထိုတခဏတွင် အားလုံး၏ အကြည့်က နတ်ဆိုးအောင်နိုင်သူကျောင်းတော်ဆီသို့ ရောက်သွားကြသည်။
ဝေ့ထျန်းပြောသည့်လူမှာ ကိုရင် လောမင် ပင် ။
သို့သော် ကိုရင်လောမင်က ဝေ့ထျန်း၏ ရန်စကားကို ဂရုမစိုက်ဟန်ဖြင့် အေးအေးဆေးဆေးပင် ရှိနေ၏ ။
ကိုရင်လောမင်က ဂရုမစိုက်သည့်တိုင် သူ့ဘေးမှ ကိုရင်တစ်ဦးကမူ ဒေါမထိန်းနိုင်တော့ပေ ။
" ဝေ့ .. မင်းက ပါးစပ်နဲ့ ဖင်ပေါက်နဲ့ မှားပြီး မွေးလာတာလား ၊ မင်းပါးစပ်က ဘာလို့ ချီးစကားတွေပဲ ထွက်နေတာလဲ "
သူက ဒေါသတကြီး အော်လိုက်သည်။
ထိုစကားကို ကြားသောအခါ အားလုံး ခေတ္တမျှ တိတ်ဆိတ်သွား၏ ။ ထို့နောက် ဝါးလုံးကွဲ ရယ်သံကြီး ထွက်ပေါ်လာသည်။
ကိုရင်လောမင်က သူ့ဘေးမှ သူကို အသာငဲ့ကြည့်ကာ ပြောလိုက်သည်။
" ညီလေး လောဟွေ့ ၊ မင်း ကျောင်းတော်ရဲ့ စည်းမျဥ်းစည်းကမ်းတွေကို မေ့သွားပြီလား ။ ဘာဖြစ်လို့ အကြောင်းမရှိဘဲ ခုလို ရိုင်းပျတဲ့စကားတွေပြောပြီး အပြစ်ကျုးလွန်လိုက်ရတာလဲ "
လောဟွေ့က ခေါင်းကုတ်ကာ ပြန်ပြော၏။
" အကြောင်းမရှိဘဲတော့ မဟုတ်ပါဘူးဗျာ ။ ဒီကောင်က လွန်လွန်းလို့ပါ "
လောမင်က ဘာမှ ထပ်မပြောတော့ဘဲ သူ့ညီငယ်ကိုကြည့်၍ ခေါင်းယမ်းလိုက်သည်။
တစ်ဖက်တွင်မူ လောဟွေ့၏ စကားကြောင့် ဝေ့ထျန်းယီ အံ့သြမှင်သက်သွား၏။
သူ မည်သူမှန်း ပြောပြပြီးသွားသည့်တိုင် သူ့ကို ထိုသို့ ပြန်အော်ရဲသူ ရှိလိမ့်မည်ဟု ထင်မထားခဲ့ပါ ။
" ဟား ဟား .. ကောင်းတယ် ၊ သိပ်ကောင်းတယ် ။ ခေါင်းပြောင် သူခိုး .. မင်း သတ္တိရှိရင် ထွက်လာပြီး လာတိုက်ခိုက်လေ "
သူက စိန်ခေါ်လိုက်သည်။
လောဟွေ့ ရှူးရှူးရှားရှား ဖြစ်သွား၏။
" ငါက မင်းကို ကြောက်ရမှာလား "
ထို့နောက် သူက ခြေဖျားထောက်ကာ ဝေ့ထျန်းယီရှေ့သို့ တဟုန်ထိုး သွားလိုက်သည်။
" ကျုပ်က နတ်ဆိုးအောင်နိုင်သူကျောင်းတော်က ကိုယ်တော်လောဟွေ့ပဲ ။ ကျုပ် မင်းကို တိုက်ခိုက်ဖို့ စိန်ခေါ်တယ် "
သူ အော်လိုက်သည်။
" လောဟွေ့ ဟုတ်လား .. လောမင် မဟုတ်ဘူးလား "
ဝေ့ထျန်းယီ မျက်မှောင်ကြုံ့သွားသည်။
" မင်း ငါ့ကို နိုင်အောင် တိုက်ခိုက်နိုင်ရင် ငါ့အကို ထွက်လာလိမ့်မယ် ။ ဒါပေမယ့် ငါ့မှာ မင်းကိုတိုက်ဖို့ လုံလောက်တဲ့ အစွမ်းရှိပါတယ်ကွ ။ တစ်ခုတော့ ကြိုပြီး မေးထားမယ် ။ ငါတို့ တိုက်ခိုက်ရင် မင်းနောက်က လေးယောက်က ဝင်ပါမှာလား "
လောဟွေ့ ထပ်အော်လိုက်သည်။
သူသည် ဝေ့ထျန်းယီအား ဂရုမစိုက်လှသော်လည်း ထုံရွှယ်အဆင့်မှ ထိုလူလေးယောက်ကိုမူ ကြောက်ရွံ့၏။
ဝေ့ထျန်းယီက သူ့ကို ပြန်ကြည့်ကာ ပြောလိုက်သည်။
" ဘယ်ပါမလဲကွ ၊ ဒါက ငါတို့ လူငယ်တွေကြားက တိုက်ပွဲပဲ "
ထိုစကားကို ကြားမှသာ လောဟွေ့ စိတ်သက်သာရာ ရသွားသည်။
" ကောင်းပြီ ။ ယွိလုံနိုင်ငံက လူငယ်လေး စောင့်သာကြည့်လိုက်ပါ။ ငါတို့ ယဲ့ဖုန်းနိုင်ငံက လူငယ်တွေ ဘယ်လောက်အစွမ်းထက်တယ်ဆိုတာ ပြမယ် "
လောဟွေ့ အော်ကာ ရှေ့သိူ့ လက်သီးဖြင့် ထိုးလိုက်သည်။
သူ လက်သီးချက် ပစ်လွှတ်လိုက်သည်နှင့် သူ့နောက်တွင် ရွှေရောင်အလင်းတန်းတစ်ခု စုစည်းလာ၏။
" ဟင် .. အဆုံးအစမဲ့ ဗုဒ္ဓကျင့်စဥ်ပါလား .. လောဟွေ့ကလဲ ဒီကျင့်စဥ်ကို သုံးနိုင်တာပဲ "
" ဒီကျင့်စဥ်က နတ်ဆိုးအောင်နိုင်သူကျောင်းတော်ရဲ့ ပြိုင်ဘက်ကင်း ကျင့်စဥ်သုံးခုထဲက တစ်ခုပဲ ။ ကျောင်းတော်ရဲ့ မျိုးဆက်သစ် လူငယ်တွေထဲမှာ လောမင် အပြင် ဒီကျင့်စဥ်ကို အသုံးချနိုင်တဲ့ နောက်ထပ်တစ်ယောက် ရှိနေတာ အံ့သြစရာပဲ ။ သူ စိန်ခေါ်ရဲတာ မဆန်းတော့ပါဘူး "
ယဲ့ဖုန်းနိုင်ငံမှ လူများ စိတ်ဝင်တစား ကြည့်နေကြသည်။
သူတို့အားလုံးပင် ဝေ့ထျန်းယီ နောင်ကျဥ်အောင် အလုပ်ခံရသည်ကို ကြည့်ချင်နေကြ၏ ။
ထိုလူက ယဲ့ဖုန်းတစ်နိုင်ငံလုံးကို စော်ကားခဲ့သည်ဖြစ်ရာ အားလုံး ထိုသို့ ခံစားနေကြသည်မှာ မဆန်းပေ။
သို့သော် ...
ဘုန်း ..
လောဟွေ့၏လက်က ဝေ့ထျန်းယီကို မထိရသေးခင်မှာပင် ဝေ့ထျန်းယီက လက်တစ်ဖက်တည်းဖြင့် လောဟွေ့၏ လက်ကောက်ဝတ်ကို ဖမ်းဆုပ်လိုက်သည်။
" ဟင် .. "
လောဟွေ့ အံ့အားသင့်သွားပြီး ချက်ချင်းပင် အားကုန်သုံးကာ ဝေ့ထျန်းယီလက်မှ လွတ်ရန် ကြိုးစားလိုက်သည်။
သို့သော် ဝေ့ထျန်းယီ၏လက်က သံညှပ်ကြီးတစ်ခုပမာ မြဲမြံလှသည့်အတွက် လောဟွေ့ မည်မျှရုန်းစေကာမူ နေရာလုံးဝ ရွှေ့မသွားချေ။
" ဟင် .. "
ထိုမြင်ကွင်းကို ကြည့်နေကြသည့် လူများအားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။
လောဟွေ့ကျင့်ကြံသည့် ကျင့်စဥ်မှာ ခန္ဓာကိုယ်စွမ်းအားကို အခြေခံထားသည့် အစွမ်းတစ်ခုဖြစ်သည်။
သို့သော် ယခု ခန္ဓာကိုယ်အစွမ်းချင်း ယှဥ်လျှင်ပင် လောဟွေ့ ရှုံ့နိမ့်သွားခဲ့ရလေပြီ။
သူတို့ရှေ့တွင် ရှိနေသည့် ဝေ့ထျန်းယီက အားလုံးထင်ထားသည်ထက် များစွာပို၍ အစွမ်းထက်နေဟန်ပင် ။
ဝေ့ထျန်းယီက သူ့လက်ထဲတွင် ရုန်းကန်နေသည့် လောဟွေ့ကိုကြည့်ကာ လှောင်ပြုံး ပြုံးလိုက်သည်။
" မင်းလို မျိုးမစစ်ကောင်ကများ ငါ့ကို စိန်ခေါ်ရဲတယ်ပေါ့ ။ မင်းကို ငါ သင်ခန်းစာ ပေးမှဖြစ်တော့မယ် "
သူက ထိုသို့ ပြောပြီးသည်နှင့် လက်ထဲသို့ စွမ်းအင်များ ပို့လွှတ်လိုက်သည်။
လောဟွေ့၏ လက်ကောက်ဝတ် ချက်ချင်း ကျိုးသွား၏ ။ ထို့နောက် ဝေ့ထျန်းယီက သူ့အား အမှိုက်တစ်ခုကဲ့သို့ လွှင့်ပစ်လိုက်တော့သည်။
" အား .. "
လောဟွေ့၏ နာကျင်စွာ အော်ဟစ်သံ ထွက်ပေါ်လာသည်။ သူသည် တောင်စောင်းသို့ ပြုတ်ကျသွားပြီး အချိန်အတန်ကြာ ကြိုးစားပြီးမှသာ ပြန်မတ်တပ်ရပ်နိုင်လာ၏။
" ညီလေး .. "
နတ်ဆိုးအောင်နိုင်သူကျောင်းတော်မှ လူများအားလုံးပင် သူ့ဆီသို့ အပြေးအလွှား ရောက်သွားကြသည်။
သူတို့ထဲမှ လောမင်က အမြန်ဆုံးနှင့် အစောဆုံး ရောက်သွား၏ ။
" အကိုကြီး လောမင် .. ကျုပ် လက် .. ကျုပ် အဆစ်တွေ .. "
လောဟွေ့မှာ နာကျင်မှုကြောင့် စကားအနည်းငယ်သာ ပြောနိုင်ပြီး မေ့လဲကျသွားသည်။
လောမင် အလွန်အံ့သြသွား၏။ သူ လောဟွေ့အား စစ်ဆေးကြည့်လိုက်သောအခါ သူ့လက်ကောက်ဝတ် တစ်ခုတည်းကသာ ကျိုးနေသည် မဟုတ်ဘဲ သူ့လက်တစ်ချောင်းလုံးရှိ အရိုးအဆစ်များတွင် ဖျက်ဆီးနိုင်စွမ်း ကြီးမားသည့် စွမ်းအားတစ်ခု ရှိနေသည်ကိုပါ တွေ့လိုက်ရသည်။
သူ့ လက်တစ်ချောင်းလုံးရှိ အရိုးအဆစ်များအားလုံး ဖြတ်တောက်ခံထားရလေပြီ ။
" ဒါ ... "
လောမင် တုန်လှုပ်သွားသည်။
လောဟွေ့၏ လက်မှ အဆစ်များအားလုံး ဖျက်ဆီးခံလိုက်ရပြီကို သူ နားလည်လိုက်သည်။
နောင် အနာဂါတ်တွင် ကျိုးနေသည့် အရိုးများက ပြန်ကောင်းလာနိုင်သည့်တိုင် ထိုလက်ကမူ ကျင့်ကြံရာ၌ လုံးဝ သုံး၍ ရတော့မည် မဟုတ်ပါချေ။
" ပြိုင်ဘက်က အင်မတန် ရက်စက်တာပဲ "
လောမင်၏ ယခင် ထူးမခြားနား ရှိနေသည့် မျက်နှာက ချက်ချင်းပြောင်းသွားကာ ဝေ့ထျန်းယီအား လှည့်ကြည့်လိုက်သည်။
" ဟားဟား .. မင်းနာမည်က လောမင် မလား ။ ကျုပ် ယဲ့ဖုန်းနိုင်ငံကို ရောက်တော့ မင်းအကြောင်းကို အများကြီး ကြားခဲ့ရတယ် ။ မင်း ညီလေးအတွက် လက်တုန့်ပြန်ချင်တယ်ဆို လာခဲ့လေ "
ဝေ့ထျန်းယီက အပြုံးဖြင့် စိန်ခေါ်လိုက်သည်။
လောမင်က လက်ဝေ့ယမ်းလိုက်ပြီးအခြားညီအကိုများကို လောဟွေ့အား အောက်သို့ သယ်သွားရန် ပြောလိုက်သည်။ ထို့နောက် သူက ဝေ့ထျန်းယီအား တစ်ယောက်တည်း ရင်ဆိုင်လိုက်၏ ။
" ကောင်းပြီလေ ၊ မင်းက တိုက်ခိုက်ချင်နေမှတော့လဲ ကျုပ်က မင်းဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့ "
သူက ထိုသို့ ပြောပြီးသည်နှင့် လက်နှစ်ဖက်ကို စုစည်းလိုက်သည်။
ဝီ ...
သူ့နောက်တွင် ရွှေရောင် စကြာပုံသဏ္ဍာန်တစ်ခု စုစည်းလာ၏ ။
" ဟင် .. တကယ်လဲ စိတ်ဝင်စားစရာ ကောင်းတာပဲ "
ဝေ့ထျန်းယီက မျက်လုံးမှေး၍ ကြည့်လိုက်သည်။
" နတ်ဆိုးကို အောင်နိုင်စေ "
လောမင်က ကျယ်လောင်စွာ အော်ဟစ်ကာ လက်သီးဖြင့် ထိုးလိုက်သည်။
ဝေ့ထျန်းကလည်း လက်မြှောက်ကာ ပြန်ထိုးလိုက်၏။
ဒေါင် ...
လက်သီးနှစ်ခု တိုက်မိသွားရာမှ ခေါင်းလောင်းသံကဲ့သို့ ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာပြီး အသံလှိုင်းများ အဝေးသို့ လွင့်ပျံ့သွားသည်။
ထိုလူနှစ်ယောက် တိုက်ခိုက်သည်ကို ကြည့်နေကြသော ယဲ့ဖုန်းနိုင်ငံမှ လူငယ်အားလုံး၏ မျက်နှာထက်တွင် အပြုံးများ ပေါ်လာကြသည်။
" ဝေ့ထျန်းယီရယ် .. မင်း ဒီလောက် မောက်မာနေတာ ၊ ခု လောမင်နဲ့တွေ့တော့ ဘာတတ်နိုင်သေးလဲ "
" အမှန်ပဲ .. မောက်မာတဲ့ကောင်က အခုတော့ ဖိနှိပ်ခံ ၊ အရိုက်ခံနေရပြီ "
အားလုံးပင် စိတ်အနည်းငယ် သက်သာရာ ရသွားသကဲ့သို့ ခံစားလိုက်ကြရသည် ။
သို့သော် တစ်ဖက်တွင် ရှိနေသည့် ဝေ့ထျန်းယီကမူ လောမင်နဲ့ သိုင်းကွက်ဆယ်ကွက်မျှ တိုက်ခိုက်လိုက်ပြီးနောက် သူ့မျက်လုံးများတွင် စိတ်ပျက်မှု အရိပ်အယောင်များ ထွက်ပေါ်လာ
၏။
" ဒါ အကုန်ပဲလား ..ကြည့်ရတာ ကျုပ်မင်းကို အထင်ကြီးလွန်းသွားပြီနဲ့ တူတယ်။ အခုပဲ အဆုံးသတ်လိုက်ကြတာပေါ့ ။ ရေနက် "
ဝေ့ထျန်းယီက ထိုသို့ ပြောနေရင်း လက်တစ်ဖက်ဖြင့် အကာအကွယ် ပုံစံတစ်ခု ပြုလုပ်လိုက်သည်။
ဝုန်း ...
ချက်ချင်းပင် သူ့အနောက်ဘက်၌ အနက်ရောင် စိတ်စွမ်းပင်များ ထိုးတက်လာပြီး ရေနက်လှိုင်းလုံးကြီးများကဲ့သို့ ဖြစ်သွားသည်။
ထို့နောက်တွင်မူ ဝေ့ထျန်းယီက လက်ခုပ်တစ်ချက် တီးလိုက်တိုင်း သူ့အနောက်ဘက်မှ ရေနက်လှိုင်းလုံးကြီးများ ဝုန်းခနဲ ကျလာ၏ ။
လူ့လက်၏ အစွမ်းကလည်း အဆပေါင်း မရေမတွက်နိုင်အောင်ပင် ထိုးတက်သွားသည်။
အစပိုင်းတွင် သူနှင့် ယှဥ်နိုင်နေခဲ့သည့် လောမင်မှာ ယခုတွင် ရှုံ့နိမ့်တော့မည့်အသွင် ဖြစ်နေလေပြီ။
ဝေ့ထျန်းယီ၏ လက်ဝါးချက်ကို တစ်ချက် ခံလိုက်ရတိုင်း သူ နောက်သို့ ပေများစွာ ဆုတ်သွားရ၏ ။
ဝေ့ထျန်းယီ၏ ၇ ကြိမ်မြောက် လက်ဝါး ကျလာသည့်အချိန်တွင်မူ လောမင်၏ နောက်မှ ရွှေရောင်စကြာပုံကြီးက ရုတ်တရက် ပြိုကျပျက်စီးသွားတော့သည်။
အွတ် ..
သူ့ပါးစပ်မှလည်း သွေးများ ထွက်ကျလာပြီး နောက်သို့ လွင့်ထွက်သွား၏ ။
" လောမင် "
နတ်ဆိုးအောင်နိုင်သူကျောင်းတော်မှ အသက်ကြီးကြီး ဆရာတော်က လောမင်အား မြန်မြန်ဆန်ဆန် ဖမ်းထိန်းထားလိုက်သည်။
" ဦးလေးဆရာ .. ကျွန်တော် .. "
လောမင် စကားပြောရန်ပင် ကြိုးစားနေရ၏။
" စကားမပြောနဲ့တော့ ၊ မင်းရဲ့ ဒဏ်ရာတွေကိုပဲ မြန်မြန် ကုသလိုက် "
ဆရာတော်အိုကြီးက ပြောလိုက်သည်။
လောမင် စကားထပ်မပြောတော့ဘဲ မျက်လုံးများ မှိတ်ထားလိုက်သည်။
တစ်ဖက်တွင်မူ လဲကျနေသည့် လောမင်ကို ကြည့်နေသာ ဝေ့ထျန်းယီသံမှ လှောင်ရယ်သံ ထွက်ပေါ်လာ၏ ။
" အိုး .. ဒါ ယဲ့ဖုန်းနိုင်ငံရဲ့ ထိပ်တန်း ပါရမီရှင် ဆိုပါလား ။ တော်တော် အသုံးမကျတာဘဲ ။ ခင်ဗျားကြီးတို့က ဒီလိုကောင်မျိုးကိုများ ရတနာတစ်ခုလို ဆက်ဆံနေကြသေးတယ်။ ကြည့်ရတာတော့ ယဲ့ဖုန်းနိုင်ငံက လူတွေအားလုံးက အမှိုက်တွေနဲ့ တူပါတယ် "
ဝေ့ထျန်းယီ ရယ်လိုက်သည်။
ယဲ့ဖုန်းနိုင်ငံမှ လူများအားလုံး ဒေါသထွက်သွားကြသော်လည်း မည်သူမှ ခွန်းတုန့်မပြန်ရဲကြပါချေ။
ထိုလူက သူတို့ထက် များစွာပို၍ အစွမ်းနေသည် မဟုတ်ပါလား ။
ထိုအချိန်တွင် လူတစ်ယောက်က ကျယ်လောင်စွာ အော်လိုက်သည်။
" ဝေ့ထျန်းယီ အဲ့လောက် မာန်တက်မနေနဲ့ ။ ငါ မင်းနဲ့ တိုက်ခိုက်မယ် "