← Chapters

ဝေ့ မိသားစု ဘိုးဘေး ၊ ကွေ့ရှအဆင့် ကျင့်ကြံသူ

Vol. 4 Ch. 54

ဝေ့ မိသားစု ဘိုးဘေး ၊ ကွေ့ရှအဆင့် ကျင့်ကြံသူ

Vol. 4 Ch. 54

ထုံရွှယ်အဆင့် အစွမ်းထက်ကျင့်ကြံသူ လေးဦးက ထိုသို့ ပျောက်ကွယ်သွားရသည်လား ။

သူတို့ တိုက်ခိုက်နေစဥ်တစ်လျှောက်တွင် ဝေ့ထျန်းယီ၏ မျက်နှာ၌ မောက်မာခက်ထန်သည့်အပြုံး ရှိနေခဲ့သော်လည်း ...

လက်ရှိအချိန်တွင် ထိုအပြုံးက ပျောက်ကွယ်နေပြီး မျက်နှာသေဖြင့် ရှိနေ၏။

အားလုံးက အချိန်တိုအတွင်း အလွန်လျှင်မြန်စွာ ဖြစ်သွားခဲ့သည့်အတွက် သူ မယုံနိုင်ဘဲ ဖြစ်နေသည်။

" မင်းက လောမိသားစုကို ဖျက်ဆီးချင်တယ်လို့ ပြောခဲ့တာမလား "

ထိုစဥ် လောထျန်းက လက်ကို နောက်ပစ်လျက် ဝေ့ထျန်းယီရှေ့သို့ လျှောက်လာ၏။

ဝေ့ထျန်းယီ ​က ကြောက်လန့်တကြား တံတွေးမြိုချကာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။

" အ .. အကိုကြီး .. နားလည်မှု လွဲတာပါ ၊ နားလည်မှု လွဲသွားတာပါဗျာ "

သူက ဟန်ဆောင်ပြုံး၍ ပြောသည်။

လောထျန်းက ဘာစကားမှ ထပ်မပြောတော့ဘဲ သူ့အား ဖျတ်ရိုက်လိုက်သည်။

ဖျန်း ..

ဝေ့ထျန်းယီမှာ နေရာတွင်ပင် ချာခနဲ လည်သွားပြီး သူ့ပါးစပ်မှ သွားများနှင့် သွေးများ ထွက်ကျလာ၏။

" မင်း .. မင်းက ငါ့ကို ရိုက်ရဲတယ်ပေါ့ "

ဝေ့ထျနိးယီက ဒဏ်ရာရသွားသော ပါးစပ်ကို လက်ဖြင့်အုပ်ကာ အထိတ်တလန့် ပြောလိုက်သည်။

" ရိုက်ရုံတင် မကဘူး ၊ ငါ မင်းကို သတ်ပါ သတ်ပစ်မှာ "

လောထျန်းက ပြောကာ ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။ ရွှေရောင် ကောင်းကင်ဘုံလက်ဝါးကြီး ထွက်ပေါ်လာပြန်၏။

၎င်းကို မြင်သောအခါ ဝေ့ထျန်းယီ အလွန်ထိတ်လန့်တုန်လှုပ်သွားသည်။

ထိုလက်ဝါးကြီး၏ ရိုက်ချက်က မည်မျှအစွမ်းထက်သည်ကို သူ ယခုလေးတွင် မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရသည် မဟုတ်ပါလား ။

ထိုလက်ဝါးကြီးဖြင့်သာ သူ့ကို ရိုက်လိုက်ပါက သူ ချက်ချင်း အသားလုံးကြီးအဖြစ်သိူ့ ပြောင်းသွားရပေလိမ့်မည်။

" ခန နေပါဦး .. မင်း ငါ့ကို သတ်လို့မရဘူး ။ မင်း ငါ့ကို သတ်လိုက်ရင် ငါ့ ဘိုးဘေးက မင်းကို ဒီတိုင်းလွတ်ထားမှာ မဟုတ်ဘူး ။ သူ့ ကျင့်ကြံခြင်းက ကွေ့ရှ အဆင့် ၇ ကို ရောက်နေပြီကွ ။ ငါက သူ အချစ်ဆုံး  မြစ်ပဲ  "

ထိုသို့ ပြောပြီးသည်နှင့် ဝေ့ထျန်းယီက ကျောက်စိမ်းအဆောင်တစ်ခုကို ထုတ်လိုက်သည်။ ထို့နောက် သူက ၎င်းကို သွားဖြင့်ကိုက်ကာ ဆက်ပြော၏။

" ဒါ ငါ့ဘိုးဘေးက ငါ့ကို ပေးထားတဲ့ အဆောင်ကျောက်ပြားပဲ ။ ဒီဟာနဲ့ ငါ့ဘိုးဘေးရဲ့ ကိုယ်ပွားပုံရိပ်ကို ခေါ်လို့ရတယ် ။ မင်း ငါ့ကို ထပ်တိုက်ခိုက်မယ်ဆိုရင် ငါ ဒီကျောက်ပြားကို သုံးရလိမ့်မယ် "

စကားဆုံးသောအခါ ပတ်ဝန်းကျင်တစ်ခုလုံး ဆူဆူညံညံအသံများ ထွက်လာသည်။

" ဝေ့ မိသားစုရဲ့ ဘိုးဘေးက ကွေ့ရှ အဆင့် ၇ မှာတဲ့ "

" ဝေ့ မိသားစုက အစွမ်းထက်တာတော့ သိပေမယ့် ခုလောက် အစွမ်းထက်လိမ့်မယ်လို့ ထင်မထားမိဘူး "

ယဲ့ဖုန်းနိုင်ငံမှ လူများအားလုံး အံ့သြတုန်လှုပ်သွားကြသည်။

သူတို့သာမက ဟန်ဝမ်ကျိုးသည်ပင် ထိုအချိန်၌ အနည်းငယ် ထိတ်လန့်သွား၏။

အမှန်တွင်မူ ဟန်ဝမ်ကျိုးသည်လည်း ယဲ့ဖုန်းနိုင်ငံသို့ လာခဲ့စဥ်က ထုံရွှယ်အဆင့် အစောင့်အရှောက်အချို့ ခေါ်လာခဲ့သည်။

သူနှင့် ဝေ့ထျန်းယီတို့ကြား မတူသည့်အချက်မှာ သူ့အစောင့်ရှောက်များက သူ့ကို လှို့ဝှက်နေရာမှ တိတ်တဆိတ် စောင့်ရှောက်ပေးနေခြင်းဖြစ်သည်။

သို့သော် ဝေ့ထျန်းယီက သူ့မိသားစု ဘိုးဘေး၏ ကိုယ်ပွားပုံရိပ်ကို သူနဲ့တစ်ပါတည်း ယူလာလိမ့်မည်ဟု ဟန်ဝမ်ကျိုး ထင်မထားမိခဲ့ပါ ။

အားလုံး အံ့သြတုန်လှုပ်သွားသည်ကို ကြည့်ကာ ဝေ့ထျန်းယီ မိမိကိုယ်ကို ယုံကြည်မှု ပြန်ရလာ၏။ သူက အဆောင်ကျောက်​ပြားကို လက်ထဲတွင် ကိုင်ကာ လောထျန်းအား ပြောလိုက်သည်။

" သခင်လေး .. ကျုပ် ဘိုးဘေးကို မခေါ်စေချင်ဘူး မလား "

တစ်ဖက်မှ လောထျန်းသည် အစပိုင်းတွင် တိုက်ခိုက်ရန် အသင့်ဖြစ်နေခဲ့သော်လည်း ထိုစကားကို ကြားပြီးနောက် သူ၏ ရွှေရောင်လက်ဝါးကြီးကို ခန ပြန်သိမ်းထားလိုက်သည်။

" နေဦး ..မင်းက မင်းဘိုးဘေးရဲ့ ကိုယ်ပွားပုံရိပ်ကို မင်းနဲ့အတူ ယူလာတယ်လို့ ပြောလိုက်တာလား "

လောထျန်းက ဝေ့ထျန်းယီကို စေ့စေ့ကြည့်ကာ မေးလိုက်သည်။

" အမှန်ပဲ "

ဝေ့ထျန်းယီ ပြန်ပြော၏။

" မင်းရဲ့ ဘိုးဘေးက ကွေ့ရှအဆင့်မှာနော် .. ဟုတ်လား "

လောထျန်းက ခပ်မြန်မြန် ထပ်မေးလိုက်သည်။

ဝေ့ထျန်းယီက အပြုံးဖြင့် ပြန်ဖြေ၏။

" ဟုတ်တယ် "

လောထျန်း၏ မျက်နှာကိုကြည့်ကာ ဝေ့ထျန်းယီ သဘောပေါက်လိုက်သည်။

သူ့ဘိုးဘေး၏ အစွမ်းကို သိလိုက်ရသဖြင့် တစ်ဖက်လူက ကြောက်သွားခြင်းပင် ။

ယဲ့ဖုန်းနိုင်ငံကဲ့သို့ နေရာတွင် ကွေ့ရှအဆင့် ကျင့်ကြံသူ မရှိသည်မှာ နှစ်ပေါင်း ရာနှင့်ချီ ကြာသွားခဲ့ပြီဖြစ်သည် ။

ယခု သူ့အဘိုး၏ ကျင့်ကြံခြင်းအဆင့်ကို ကြားပြီးနောက်တွင် လောထျန်း မကြောက်ရွံ့ဘဲ နေနိုင်ပါမည်လား ။

ထိုတခဏတွင် ဝေ့ထျန်းယီသည် တိမ်ထူနေသော ကောင်းကင်ကြီး ပြန်ကြည်လင်ကာ သာယာသွားသကဲ့သို့ ခံစားလိုက်ရသည်။

" အခြေအနေက ဘယ်လောက် အရေးကြီးလဲဆိုတာ အခု မင်းသိပြီမလား ။ အခု  မင်း ငါ့ကို လွတ်ပေးလိုက်ရင် မင်းအသက် ချမ်းသာရာ ရလိမ့်မယ် ။ ဒီလို မဟုတ်ဘဲ ငါ့ကို ထပ်ပြီး မလေးမစား လုပ်ရင်တော့ မင်း သတိသာ ထားပေါ့ကွာ "

ဝေ့ထျန်းယီသည် ရိုင်းစိုင်းသော စကားလုံးများသုံး၍ ဆက်ခြိမ်းခြောက်ရန် ပြင်လိုက်စဥ်မှာပင် ...

ဖုန်း ...

လောထျန်းက သူ့မျက်နှာအား ရိုက်ချလိုက်ပြန်သည်။ ဝေ့ထျန်းယီ၏ ကျန်နေသော သွားအားလုံး ကျွတ်ထွက်သွားကုန်၏။

' အား .. မင်းက ငါကို ရိုက်ရဲတယ်ပေါ့လေ "

ဝေ့ထျန်းယီက လောထျန်းအား မယုံနိုင်စွာ ကြည့်လိုက်သည်။ သွားများ မရှိတော့သဖြင့် သူ့စကားသံက မပီမသ ဖြစ်နေ၏။

ထိုအခြင်းအရာကို မြင်သောအခါ အခြားလူများ အံ့သြမှင်သက်ကုန်ကြသည်။

လောထျန်းက မည်သည့်အတွက် ထိုသို့ လုပ်ခဲ့ရပါသနည်း ။

တစ်ဖက်လူတွင် အစွမ်းထက်သော ဝှက်ဖဲတစ်ချပ် ကိုင်ထားသည်ကို သိနေပါလျက် သူက အဘယ့်ကြောင့် တိုက်ခိုက်ခဲ့ရပါသနည်း ။

သို့သော် ထိုစဥ်မှာပင် လောထျန်းက ဝေ့ထျန်းယီအား ပြောလိုက်သည်။

" မင်းရဲ့ ဘိုးဘေးကို လာဖို့ ခေါ်လိုက်လေ ။ မခေါ်နိုင်ရင် ငါ မင်းကို အပိုင်းပိုင်းဖြတ်သွားအောင် ဖြတ်ပစ်မယ် ၊ နားလည်လား .. "

" ဟင် "

ဝေ့ထျန်းယီ ခေတ္တမျှ စကားမပြောနိုင် ဖြစ်သွားသည်။

ထိုလူက ရူးသွပ်နေသည်လား ။

သူ့ဘိုးဘေးက အလွန်အစွမ်းထက်သည်ကို သိထားပြီးသည့်တိုင် ထိုစကားမျိုး ပြောရဲနေ၏။

လောထျန်းက ဦးနှောက်ရော ကောင်းပါသေးရဲ့လား ။

လောထျန်း မည်သို့ တွေးနေသည်ကို သူ လုံးဝ နားမလည်နိုင်တော့ပါ ။

အမှန်တွင်မူ လောထျန်းသည် သူ့အဖေ လောဖုန်းက ' သူ့အစွမ်း ဘယ်အဆင့်သို့ ရောက်နေပြီလဲ' ဟု မေးခဲးပြီးသည့် အချိန်မှစ၍ သူ ထိုမေးခွန်ကို နေ့တိုင်း အဖြေရှာနေမိခဲ့သည်။

သူနှင့် ကွေ့ရှအဆင့် အစွမ်းထက် ကျင့်ကြံသူတို့ ယှဥ်လျှင် မည်သူက ပိုအစွမ်းထက်မည်ကို သူ အမှန်တကယ် သိချင်နေခဲ့၏။

ထိုသိချင်စိတ်ကြောင့် အိပ်မပျော်သည့် ညများပင် ရှိခဲ့ရသည်။

သို့သော် ယဲ့ဖုန်းနိုင်ငံသည် အလွန်သေးငယ်ပြီး ကွေ့ရှအဆင့် ကျင့်ကြံသူလည်း တစ်ဦးမှ ရှိမနေချေ။

ထို့ကြောင့် ဝေ့ထျန်းယီက ကွေ့ရှအဆင့် ​ဘိုးဘေးအကြောင်း ပြောလာသည်နှင့် သူ အလွန်စိတ်ဝင်စားသွားခဲ့ခြင်းဖြစ်သည်။

" မင်းဘိုးဘေးကို မြန်မြန်မခေါ်ရင် ငါ မင်းရဲ့ ခြေတွေလက်တွေကို အရင် ဖြတ်ပစ်မယ် "

လောထျန်းက အော်လိုက်သည်။

ဝေ့ထျန်းယီ အလွန်ကြောက်ရွံ့သွားကာ မျက်နှာချက်ချင်း ဖြူဖျော့သွား၏။ ကျောက်စိမ်းပြားအဆောင်ကိုလဲ ချက်ချင်း အသုံးပြုလိုက်သည်။

ဝီ ...

တမဟုတ်ချင်းပင် စိတ်စွမ်းအင်များ တဟုန်ထိုး တိုးဝင်လာပြီး သူ့လက်ပေါ်၌ စူးရှတောက်ပသော အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။

ထို့နောက် ချက်ချင်းဆိုသလိုပင် တောင်များကြားမှ ကြီးကျယ်ခန့်ငြားသော ကိုယ်အရောင်အဝါတစ်ခု တိုးထွက်လာ၏။

မကြာမီပင် စိတ်စွမ်းအင်အလင်းတန်း ပျောက်ကွယ်သွားပြီး ဝေ့ထျန်းယီရှေ့တွင် အဘိုးအိုတစ်ယောက်၏ ပုံရိပ် ထွက်ပေါ်လာသည်။

ဟန်ဝမ်ကျိုးမှာ အဘိုးအို၏ ပုံရိပ်ကို စိုက်ကြည့်ရုံဖြင့်ပင် တစ်ကိုယ်လုံး တုန်ယင်သွား၏။

" တကယ် သူပဲ .. ဝေ့မိသားစုရဲ့ ဘိုးဘေး ၊ ယွိလုံနိုင်ငံရဲ့ ဧရာမလူကြီး ဝေ့ပုဒေါက် ပဲ "

ဝေ့ပုဒေါက်က မျက်လုံးများ ဖြည်းညင်းစွာ ဖွင့်လိုက်ရာ သူ့မျက်လုံးအိမ်မှ စူးရှသော အလင်းတန်းနှစ်ခု ရုတ်ချည်း ထွက်ပေါ်လာပြီး ကောင်းကင်ဘုံနှင့် မြေကြီးသို့ တိုးဝင်သွားကြသည်။

" ဟင် .. ထျန်းယီ .. မင်းက သိုင်းသမား သခင်ကြီး ကျီဝေ့ရဲ့ အမွေအနှစ်ကို ယူဖို့ ယဲ့ဖုန်းနိုင်ငံကို သွားနေတာ မဟုတ်ဘူးလား ။ အခု ဘာဖြစ်လို့ ငါ့ရဲ့ ကိုယ်ပွားပုံရိပ်ကို ခေါ်လိုက်ရတာလဲကွ "

ဝေ့ပုဒေါက် မေးလိုက်သည်။

သို့သော် မကြာမီပင် သွေးများ ပေနေသည့် ဝေ့ထျန်းယီကို တွေ့သွားပြီး သူ့မျက်လုံးတွင် အေးစက်စက် အလင်းတန်းတစ်ခု ဖြတ်ခနဲ လင်းလာ၏။

" ဘာတွေ ဖြစ်နေတာလဲ ၊မင်းကို ခုလိုဖြစ်အောင် ဘယ်သူက လုပ်လိုက်တာလဲ ။ မင်း အစောင့်ရှောက်တွေကရော ဘယ်မှာလဲ ။  ဒီကောင်တွေက ဒီလောက် ရိုးရှင်းတာလေးကိုတောင် မလုပ်နိုင်တာ ။ ငါသတ်ပစ်မှာကို မကြောက်ကြဘူးလား ဒီကောင်တွေ "

ဝေ့ပုဒေါက်က ဒေါသတကြီး အော်လိုက်သည်။

သူ့အော်သံတွင် လူသတ်လိုသည့် အရိပ်အငွေ့များဖြင့် ပြည့်နေပြီး ကောင်းကင်နှင့် မြေကြီးပင် ချက်ချင်း အရောင်ပြောင်းသွား၏။

အနီးတဝိုက်ရှိ လူများမှာ ကြောက်မက်ဖွယ် ဖိနှိပ်မှုကို ခံစားလိုက်ရသဖြင့် အသက်ပင် မရှူရဲကြချေ။

ကွေ့ရှအဆင့် ကျင့်ကြံသူတစ်ဦး၏ ကိုယ်အရောင်အဝါက ကြောက်စရာ ကောင်းလွန်းလှပေသည်။

" ဘိုးဘေး .. သူတို့တွေအားလုံး သေသွားကြပြီ "

ဝေ့ထျန်းယီက ခြောက်ကပ်ကပ်အပြုံးဖြင့် ပြောလိုက်သည်။

" ဘာ .. သေသွားကြပြီ .. ယဲ့ဖုန်းနိုင်ငံက ဘယ်ကောင်က သူတို့ကို သတ်လိုက်တာလဲ ။ ဟို ဘုရင်ရှန်းဝူဆိုတဲ့ ကောင်လား ။ ဒါမှမဟုတ် နတ်ဆိုးအောင်နိုင်သူကျောင်းတော်က ခေါင်းပြောင်နဲ့ အဖိုးကြီးလား ။ သူတို့က ငါတို့ ဝေ့မိသားစုက လူတွေကို သတ်ရဲတယ်ပေါ့လေ ။ သူတို့အကုန်လုံး မျိုးပြုတ်သွားမှာ မကြောက်ကြဘူးလား "

ဝေ့ပုဒေါက်က အေးစက်စက် ပြောလိုက်သည်။

ဝေ့ မိသားစုသည် ယွိလုံနိုင်ငံတွင် အရေးပါဆုံး မိသားစုတစ်ခုဖြစ်ရာ ထိုသို့သော အဖြစ်မျိုးနှင့် ကြုံရလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ချေ ။

" တစ်ခုမှ မဟုတ်ဘူး ဘိုးဘေးရဲ့ ။ ဒီမိသားစုကကောင်က သူတို့ကို သတ်ပစ်လိုက်တာ ။ ပြီးတော့ ကျုပ် ဘိုးဘေးကို ပြောစရာ သတင်းတစ်ခုလဲ ရှိသေးတယ် "

ဝေ့ထျန်းယီက ဖြစ်ပျက်ခဲ့သမျှကို ပြန်ပြောပြ၏။

စကားဆုံးအောင် နားထောင်ပြီးသွားသောအခါ ဝေ့ပုဒေါက်က သူ့အနောက်ဘက်မှ လောထျန်းနှင့် လောမိသားစုဝင်များအား အံ့သြတကြီး လှည့်ကြည့်လိုက်သည်။

" ထျန်းယီ .. မင်းက လက်တုန့်ပြန်ဖို့အတွက် ဇာတ်လမ်းထွင်ပြီး လျှောက်ပြောနေတာတော့ မဟုတ်ဘူး မလား ။ ဒီ ကိုယ်ခန္ဓာသန့်စင်ခြင်းအဆင့်က ကောင်လေးတွေက ထန်တျောင်လုံနဲ့ မင်းကို အနိုင်ယူသွားခဲ့တယ်လို့ ပြောနေတာလား ။ ပြီးတော့ လောထျန်းဆိုတဲ့ကောင်ကလဲ မင်းရဲ့ ထုံရွှယ်အဆင့် အစောင့်အရှောက်တွေကို သတ်ပစ်လိုက်တယ် .. ဟုတ်လား "

ဝေ့ပုဒေါက်မှာ သူ့စကားများကို မယုံနိုင်ဘဲ ဖြစ်နေ၏။

ဝေ့ထျန်းယီက ဝမ်းနည်းနေသည့် မျက်နှာဖြင့် ပြောသည်။

" အဘိုး .. ကျုပ် ဘယ်လိုလုပ်ပြီး လိမ်ပြောဝံ့ပါ့မလဲဗျာ ။ ကျုပ် ပြောတာတွေ အားလုံးက အမှန်တွေပါ ။ အဘိုးမယုံရင် ဟန်ဝမ်ကျိုးကို မေးကြည့်လို့ရတယ် "

ဝေ့ပုဒေါက်က ဟန်ဝမ်ကျိုးဘက်သို့ ချက်ချင်း လှည့်ကြည့်လိုက်သည်။

ဟန်ဝမ်ကျိုးမှာ ကြောက်မက်ဖွယ် ဖိအားတစ်ခုကို ရုတ်ချည်း ခံစားလိုက်ရ၏။

" သခင်ကြီး ဝေ့ ၊ ညီလေး ဝေ့ထျန်းယီ ပြောသွားတာတွေ အားလုံးက အမှန်တွေပါ "

ဟန်ဝမ်ကျိုးက ချက်ချင်း ပြောလိုက်သည်။

သူသည် ဝေ့ပုဒေါက်ရှေ့တွင် အနည်းငယ်မျှပင် မလေးမစား မလုပ်ရဲပါချေ။

ထိုစကားကို ကြားပြီးသွားသောအခါ ဝေ့ပုဒေါက်၏ မျက်လုံးထဲတွင် ပျော်ရွှင်မှုဖြင့် ဖျတ်ခနဲ အရောင်လက်သွား၏။

" ဒါ တကယ့်အခွင့်ရေးကောင်းကြီးပဲကွာ ။ ကိုယ်ခန္ဓာသန့်စင်ခြင်းအဆင့်က ဒီကောင်လေးတွေကိုတောင် အစွမ်းထက်လာအောင် လုပ်နိုင်တဲ့အရာဆိုတော့ သိုင်းသမား သခင်ကြီး ကျီဝေ့ရဲ့ အမွေအနှစ်ထက်တောင် ပိုတန်ဖိုးရှိတာပဲ ။ ထျန်းယီ .. မင်း ဆုံးဖြတ်ချက် မှန်တယ် "

ဝေ့ပုဒေါက်က အပြုံးဖြင့် ပြောလိုက်သည်။

All Chapters