← Chapters

ခင်ဗျားကြီးကို အနိုင်ယူမယ်

Vol. 4 Ch. 55

ခင်ဗျားကြီးကို အနိုင်ယူမယ်

Vol. 4 Ch. 55

ဝေ့ပုဒေါက်သည် လူ့လောကတွင် အသက်ရှင်နေထိုင်လာသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့သည့်တိုင် ဤမျှ အစွမ်းထက်သည့် ကိုယ်ခန္ဓာသန့်စင်ခြင်းပညာကို မတွေ့ဖူးခဲ့ပေ ။

အကယ်၍ သူသာယခု အခွင့်အရေးကို အမိအရ ယူနိုင်ခဲ့ပါက သူ့မိသားစုဝင်များ၏ အစွမ်းက များစွာ တိုးတက်လာနိုင်သည့်အပြင် ...

သူ၏ ကိုယ်ပိုင် ကျင့်ကြံခြင်းအဆင့်ကလည်း တိုးတက်လာနိုင်၏။

ဝေ့ပုဒေါက်၏ ကျင့်ကြံခြင်းအဆင့်သည် ကွေ့ရှ အဆင့်၇ ၌သာ တစ်နေသည်မှာ နှစ်ပေါင်းတစ်ရာကျော် ရှိသွားခဲ့ပြီဖြစ်သည်။

သူအသက်ဆက်ရှင်ရန် အချိန်အချို့ ကျန်သေးသည်ဟု ပြော၍ရသော်လည်း ...

ဤနှုန်းအတိုင်း ဆိုပါက ကြုံလာရမည့် ကပ်ဘေးကြီးကို သူ ကျော်လွှားနိုင်လိမ့်မည် မဟုတ်ချေ ။

၎င်းက လွန်ခဲ့သော နှစ်တစ်ရာကျော် ကာလအတွင်း သူအစိုးရိမ်ရဆုံး ကိစ္စတစ်ခု ဖြစ်နေခဲ့၏။

ထို့ကြောင့်လည်း ဝေ့ထျန်းယီ၏ စကားကို ကြားပြီးနောက် သူ အလွန်ပျော်သွားရခြင်းဖြစ်သည်။

လောမိသားစုအား အချိန်တိုအတွင်း အလွန်အစွမ်းထက်လာအောင် လုပ်နိုင်သည့် အရာမှာ ရတောင့်ရခဲလှသော ပစ္စည်းမျိုး ဖြစ်ရမည်ဟု သူ နားလည်ထား၏။

ထို့နောက် သူက လောထျန်းရှေ့သွားကာ အပြုံးဖြင့် ပြောလိုက်သည်။

" ကောင်လေး .. မင်းက ငါ့မိသားစုက လူတွေကို သတ်ပစ်ခဲ့ရုံတင် မကဘူး ၊ ငါ့ ​မြစ်လေးကိုလဲ ဒဏ်ရာကြီးကြီးရအောင် လုပ်ခဲ့တယ် ။ ဒီကိစ္စကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းလို့တော့ မရဘူးကွ "

" ဒါပေမယ့် ငါက ကြင်နာတတ်တဲ့ နှလုံးသား ရှိတဲ့သူမို့ မင်းလို ပါရမီရှင်တစ်ယောက် သေသွားတာကိုတော့ မကြည့်ရက်ဘူး ။ ဆိုတော့ ဒီလိုလုပ်မယ်လေ ။ မင်းနဲ့ မင်းမိသားစုကလူတွေ ယွိလုံနိုင်ငံကို လာခဲ့ကြ ၊ ငါက မင်းတို့ကို တပည့်အဖြစ် လက်ခံပေးမယ် ။ ဒီနေ့ မင်းကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် ငါတို့ ဝေ့မိသားစုကို နှစ်ပေါင်းတစ်ရာ အမှုထမ်းပေးရမယ် "

ဝေ့ပုဒေါက်ထံမှ ထိုစကားကို ကြားလိုက်ရသောအခါ မည်သို့ ဖြစ်ပျက်နေသည်ကို နားမလည်နိုင် ဖြစ်နေခဲ့ကြသူများ အံ့သြမှင်သက်သွားကြသည်။

" ဝေ့မိသားစုက လူတွေက အကုန် စိတ်ထင်ရာစိုင်းတဲ့ သူတွေလို့ ထင်နေခဲ့တာ ။ ဒါပေမယ့် ဝေ့ပုဒေါက်ကတော့ တော်တော်စိတ်ထားကောင်းတာပဲ "

" ဝေ့ မိသားစု ဒီလောက်အစွမ်းထက်နေရတဲ့ အကြောင်းကလဲ ဒါကြောင့်ပဲ ဖြစ်မှာပဲ ။ မိသားစုမှာ ဒီလို အမြင်ကျယ်တဲ့သူမျိုး ရှိထားတာ တကယ်​ကောင်းတာပဲ "

လူငယ်များစွာပင် ထိုအကြံကို သဘောတူ ထောက်ခံလိုက်ကြသည်။

သို့သော် လူတိုင်းက ထိုသို့ တွေးသည်တော့ မဟုတ်ချေ ။

" ဝေ့ပုဒေါက် က တော်တော်ယုတ်မာပါလား "

လုံယင့်ချုံ က ဝေ့ပုဒေါက်ကို ကြည့်ကာ ခေါင်းယမ်းလိုက်သည်။

" ဆရာ .. ဘာဖြစ်လို့လဲ ၊ ဝေ့ပုဒေါက် ခုလိုလုပ်တာ တရားတယ် မဟုတ်ဘူးလား "

ဝူယွီရို့က နားမလည်နိုင်ဟန်ဖြင့် မေးလိုက်သည်။

လုံယင့်ချုံက အပြစ်ကင်းသည့် သူ့တပည့်ကိုကြည့်ကာ သက်ပြင်းချလိုက်၏။

" သိုင်းလောကထဲမှာ မင်းရဲ့ အတွေ့အကြုံက အရမ်းနည်းနေသေးတယ် ။ ဝေ့ပုဒေါက် ခုလို ပြောတာ လုံးဝ မတရားတဲ့ကိစ္စပဲ "

" သူ ခုလိုပြောရတဲ့ အကြောင်းရင်း ၂ ခုရှိတယ် ။ ပထမတစ်ခုက သူက လူငယ်တွေကို အနိုင်ကျင့်တဲ့သူဆိုပြီး နာမည်တွင်သွားမှာစိုးလို့ .. "

" နောက်တစ်ခုက အင်အားကြီးလာမယ့် အဖွဲ့တွေကို တားဆီးချင်လို့ပဲ ။ သူက တရားမျှတမှုလို့ နာမည်တပ်ပြီးတော့ လောမိသားစုကို နိုင်ငံထဲက ဆွဲထုတ်ပြီး သူတို့ရဲ့ အဖိုးတန်ပစ္စည်းကို ယူချင်နေတာ ။ လောထျန်း သူ့တပည့် ဖြစ်လာတာနဲ့ လောထျန်းရဲ့ အဖိုးတန်ပစ္စည်းကို ယူဖို့ သူ့အတွက် အခွင့်အရေး အပြည့်ရသွားပြီလေ ။ အဲ့ကျရင် လောမိသားစုကို သတ်ဖို့လဲ မခက်တော့ဘူး "

ထိုအချိန်မှသာ ဝူယွီရို့ ထိတ်လန့်တုန်လှုပ်သွားသည်။

"ဒီလူကြီးက တော်တော်ယုတ်မာတာပဲ ။ ဆရာ ..ကျွန်မတို့ လောထျန်းကို သတိပေးလိုက်သင့်လား "

လုံယင့်ချုံ ခေါင်းယမ်း၍ ပြန်ပြောသည်။

" မိန်းကလေး ၊ ဝေ့မိသားစုရဲ့ ကိစ္စတွေမှာ ငါတို့လို လုံလောက်တဲ့အစွမ်း မရှိတဲ့သူတွေ ဝင်ပါခွင့် မရှိဘူးကွ "

ဝူယွီရို့က လောထျန်းအား စိုးရိမ်တကြီး ကြည့်လိုက်သည်။

" ဒါဆို လောထျန်း ဘယ်လိုလုပ်မှာပါလိမ့် "

လုံယင့်ချုံ သက်ပြင်းရှည်ကြီး ချလိုက်သည်။

" အခု လောထျန်း လုပ်လို့ရတာက တစ်ခုပဲရှိတယ် ။ လောလောဆယ်မှာ ဝေ့ပုဒေါက်ရဲ့ စကားကို ခဏ သဘောတူထားပြီးတော့ နောက်မှ ထွက်ပြေးဖို့ ကြိုးစားရုံပဲ "

သူက ပြောပြီးသည်နှင့် သက်ပြင်းထပ်ချလိုက်ပြန်သည်။

အောင်မြင်လာတော့မည့် မိသားစုတစ်ခုက ယခုကဲ့သို့ ပျက်စီးခြင်းမျိုးနှင့် ကြုံတွေ့ရတော့မည် ဖြစ်သဖြင့် သူ နောင်တရသကဲ့သို့လည်း ခံစားနေရ၏။

ထိုစဥ် ဝေ့ပုဒေါက်က လောထျန်းအား မျက်လုံးစောင်း၍ ကြည့်ကာ မေးလိုက်သည်။

" ကောင်လေး .. ငါပြောတာကို ကြားလိုက်လား "

လောထျန်းကမူ ထိုအချိန်တွင် ဝေ့ပုဒေါက်ကို ခြေဆုံးခေါင်းဆုံး ကြည့်နေ၏။

" ခင်ဗျားက ကွေ့ရှအဆင့်မှာလား "

လောထျန်းက မေးလိုက်သည်။

ဝေ့ပုဒေါက် ခေတ္တမျှ အံ့အားသင့်သွားပြီး ပြုံး၍ ပြန်ဖြေ၏။

" ဟုတ်တယ် ၊ ငါ့ရဲ့ ခန္ဓာကိုယ်အစစ်က ကွေ့ရှ အဆင့် ၇ ကို ရောက်သွားပြီ ။ ဒီ ကိုယ်ပွားပုံရိပ်ကတော့ ငါ့ ခန္ဓာကိုယ်အစစ်ထက် အများကြီး ပိုအစွမ်းနိမ့်တယ် ။ ဒါပေမယ့် ဒီကိုယ်ပွားက တိုက်ရည်ခိုက်ရည်မှာတော့ ကွေ့ရှ အဆင့် ၁ မှာ ရှိတယ်ကွ ။ ဒါနဲ့ မင်းက ဘာဖြစ်လို့ ဒါတွေ မေးနေတာလဲ "

လောထျန်းက သက်ပြင်းချ၍ ပြောလိုက်သည်။

" ကွေ့ရှ အဆင့် ၁ လား .. တော်တော်တော့ အစွမ်းနိမ့်တာပဲ၊ ဒါပေမယ့် ရပါတယ်လေ ။ အဘိုးကြီး .. ကျုပ် ခင်ဗျားကို အနိုင်ယူမယ် "

" ဘာ .. "

ဝေ့ပုဒေါက်သည် လောထျန်းက သူ့မိသားစုဝင်များကို ငဲ့ကာ အရှုံးပေးလိမ့်မည်ဟုသာ ထင်ထားခဲ့၏။

သို့သော် လောထျန်းက ယခုကဲ့သို့ သူ့အား အစွမ်းနိမ့်သည်ဟု ပြောလာလိမ့်မည်မှန်း သူ လုံးဝ ထင်မထားခဲ့ပါ ။

ထိုကောင်လေးက ရူးနေသည်လား ..

သူ နားမလည်နိုင် ဖြစ်နေစဥ်မှာပင် လောထျန်းက သူ့အား လက်သီးဖြင့် ထိုးလိုက်သည်။

" နဂါးလေးလွှာလက်သီး ၊ ပထမသိုင်းကွက် .. ဖိချေပစ်စေ "

ချက်ချင်းပင် လက်သီးမှ ထွက်လာသည့်အစွမ်းက နဂါးအရိပ်အဖြစ်သို့ ပြောင်းသွားပြီး ဝေ့ပုဒေါက်ဆီသို့ တိုးဝင်သွားသည်။

" ဟင် .. "

ဝေ့ပုဒေါက် လန့်ဖျန့်သွားကာ လက်တစ်ဖက်တည်းဖြင့် ကာလိုက်သည်။

သူသည် အစပိုင်းတွင် သိုင်းကွက်အား အလွယ်တကူ တားနိုင်လိမ့်မည်ဟု ထင်ထားခဲ့သော်လည်း နဂါးအရိပ်နှင့် ထိလိုက်သည်နှင့် ပြောမပြနိုင်သည့် ဖိအားတစ်ခုကို ခံစားလိုက်ရ၏  ။

ဘုန်း ...

ကျယ်လောင်သော အသံတစ်သံနှင့်အတူ ဝေ့ပုဒေါက် အဝေးသို့ လွင့်ထွက်သွားတော့သည်။

" ဒါ .. "

ဝေ့ပုဒေါက်၏ ခန္ဓာကိုယ် ချာချာလည်သွားပြီး မတ်တပ်ရပ်လျက် ကျသွား၏။ ပုံပျက်ပန်းပျက် ကျမသွားသည်ကပင် သူ့အတွက် ကံကောင်းသည်ဟု ပြောရပေမည်။

သို့သော် လောထျန်း၏ လက်သီးကို တားလိုက်သည့် သူ့လက်တစ်ဖက်ကမူ လုံးဝ လှုပ်ရှား၍ မရတော့ချေ ။

" တော်တော်အစွမ်းထက်တာပဲ "

ဝေ့ပုဒေါက်က လောထျန်းအား အံ့သြတကြီး လှည့်ကြည့်လိုက်သည်။

" ဘာတွေ ဖြစ်သွားတာလဲ "

တစ်ဖက်တွင် ရှိနေသည့် လုံယင့်ချုံမှာလည်း အံ့သြတုန်လှုပ်သွား၏။

လောထျန်းက ဝေ့ပုဒေါက်အား ထိုသို့ တိုက်ခိုက်လိမ့်မည်ဟု သူ မထင်ထားခဲ့ပါ ။

သို့သော် လောထျန်းက ပထမသိုင်းကွက်ဖြင့်ပင် အသာစီးရသွားခဲ့၏။

ထိုလူငယ်လေးက ရူးနေတာလား ...

ထိုအချိန်မှာပင် လောထျန်းက ကျယ်လောင်စွာ အော်လိုက်သည် ။

" အဘိုးကြီး .. ဒီမှာ ထပ်လာပြီ "

သူက ထိုသို့ ပြောပြီးသည်နှင့် သူ့ခြေချောင်းများကို လက်ညိုးထိုး၍ တည်နေရာ ရွှေ့ပြောင်းလိုက်ရာ မျက်တောင်တစ်ခတ်အတွင်း ဝေ့ပုဒေါက်ရှေ့၌ ထွက်ပေါ်လာသည် ။

" ဘယ်လို ခန္ဓာကိုယ် ရွှေ့ကွက်မျိုးပါလိမ့် "

ဝေ့ပုဒေါက် အံ့အားသင့်သွားရပြန်သည်။

လောထျန်း၏ ရွှေ့ကွက်များမှာ မြန်လွန်းနေသဖြင့် သူ့မျက်လုံးဖြင့်ပင် သေချာမမြင်နိုင်ပါချေ ။

သို့သော် သူ မသိသည်မှာ လောထျန်းက ကောင်းကင်ဘုံခန္ဓာကိုယ် သိုင်းကွက်ကို သုံးကာ တမဟုတ်ချင်း တည်နေရာ ရွှေ့ပြောင်း၍ ရနေခြင်းဖြစ်သည်။

" ကောင်းကင်ဘုံ လက်ဝါးသိုင်း "

လောထျန်းက ထိုသို့ပြောကာ သူ့အား ရိုက်ချလိုပြန်သည်။

ဖုန်း ..

ကြီးမားသော ရွှေရောင် လက်ကြီးတစ်ခု ပေါ်လာ၏။

" ရေနက်လှိုင်းလုံးတွေ တက်လာစေ "

ဝေ့ပုဒေါက်မှာ လျှော့မတွက်ရဲတော့ဘဲ ချက်ချင်း အစွမ်းကုန် ထုတ်သုံးလိုက်သည်။

ဝေ့ထျန်းယီသည်လည်း ထိုနည်းကို သုံးခဲ့ဖူး၏။

သို့သော် ယခု ဝေ့ပုဒေါက် သုံးလိုက်သောအခါ ယခင်ကထက် အဆများစွာ ပို၍ အစွမ်းထက်သွားသည်။

ထိုတခဏတွင် ရေနက်လှိုင်းလုံးများက ပင်လယ်ကြီးတစ်ခုသဖွယ် ဖြစ်နေပြီး လောထျန်း၏ ရွှေလက်ဝါးကြီးဆီသို့ တိုးဝင်သွားကြသည်။

သို့သော်  ...

ဘုန်း ..

လက်ဝါးချက် တစ်ချက်တည်းဖြင့်ပင် ရေနက်ပင်လယ်ပြင်ကြီးက ပြိုကွဲပျက်စီးသွားတော့သည်။

" ဘာ .. "

ဝေ့ပုဒေါက် အလွန်အံ့သြတုန်လှုပ်သွား၏။ ထို့နောက် သူက ချက်ချင်းပင် လက်ကွက်တစ်ခု ပြုလုပ်ကာ ပြန့်ကျဲနေသည့် စိတ်စွမ်းအင်များကို အတင်းစုစည်းလိုက်သည်။

သို့သော် ထိုအချိန်မှာပင် လောထျန်းက တည်နေရာရွှေ့ပြောင်းကာ သူ့နောက်သို့ ရောက်လာပြီး သစ်ကိုင်းခြောက်တစ်ခု ကောက်ကိုင်လိုက်သည်။

" ကောင်းကင်ဘုံ ဓားသိုင်း .. ဓားတစ်ချောင်း "

လောထျန်းက ပြောကာ ဓားတစ်လက်အလား ခုတ်လိုက်သည်။

" ချီးပဲ .. မင်းက ငါကို လွယ်လွယ်နဲ့ အနိုင်ယူလို့ရမယ်လို့ ထင်နေတာလား .. နတ်ဘုရားဧကရာဇ် ဓားသိုင်း .. ကျိုးပျက်စေ "

ဝေ့ပုဒေါက်၏ နဖူးမှ သွေးကြောများ ထောင်လာ၏။ သူက ဝေ့ထျန်းယီ၏ ဓားကို ချက်ချင်း ခေါ်ယူကာ ခုတ်လိုက်သည်။

ဓားစွမ်းအင်နှစ်ခု တွေ့ဆုံသွားပြီး တစ်စက္ကန့်မျှ အကြာတွင် ဝေ့ပုဒေါက်၏ ဓားစွမ်းအင် ပြိုကွဲပျက်စီးသွား၏။ သို့သော် လောထျန်း၏ ဓားစွမ်းအင်ကမူ အစွမ်းလျော့သွားခြင်း မရှိဘဲ သက်တန့်တစ်ခုအလား ဝေ့ပုဒေါက်ဆီသို့ တိုးဝင်သွားသည်။

" ဟာ .. "

ဝေ့ပုဒေါက် ထိတ်လန့်တုန်လှုပ်သွားသည် ။

သူသည် ဓားအစစ်တစ်လက်ကို သုံးခဲ့သော်လည်း တစ်ဖက်လူကမူ သစ်ကိုင်းခြောက်တစ်ခုကိုသာ သုံးသွားခဲ့၏။

သို့တိုင် နောက်ဆုံးတွင် သူ ရှုံးနိမ့်သွားခဲ့ရသည်။

၎င်းမှာ ပြိုင်ဘက်၏ ဓားစိတ်ဆန္ဒက သူ့ထက်များစွာ ပို၍ အစွမ်းထက်နေသည်ကို ပြနေခြင်းပင် ။

သူ အံ့သြတူန်လှုပ်နေစဥ်မှာပင် လောထျန်းက သူ့မျက်စိရှေ့မှ ပျောက်ကွယ်သွားပြန်၏။

" ဘိုးဘေး .. အနောက်ဘက်မှာ "

အဝေးမှ ဝေ့ထျန်းယီက အခြေနေကို သတိထားမိကာ အသံကျယ်ဖြင့် အော်၍သတိပေးလိုက်သည်။

" ဟင် "

ဝေ့ပုဒေါက် ချက်ချင်း နောက်လှည့်ကြည့်လိုက်ရာ သူမသိလိုက်ဘဲ သူ့နောက်သို့ ရောက်နေသည့် လောထျန်းကို တွေ့လိုက်ရသည်။

သူ့လက်ထဲတွင်လည်း သစ်ကိုင်းခြောက်က ရှိနေဆဲပင် ။ သို့သော် သူက ဤတစ်ကြိမ်တွင် ၎င်းကို ဓားတစ်လက်အဖြစ် မသုံးဘဲ လှံရှည်တစ်ခုအဖြစ် ကိုင်ထား၏။

" ခင်ဗျားကြီးက ကွေ့ရှအဆင့်တောင်ရှိတဲ့ အစွမ်းထက် ကျင့်ကြံသူဆိုတော့ ကျုပ်ရဲ့ ကောင်းကင်ဘုံ လှံသိုင်းကွက်ကို တစ်ချက်လောက် ထပ်ခံလိုက်ပေါ့ဗျာ "

လောထျန်းက ပြောကာ သစ်ကိုင်းခြောက်ဖြင့် ထိုးလိုက်သည်။

All Chapters