← Chapters

သုံးပါးတစ်ဆူ မင်္ဂလာကျောက်စိမ်း

Vol. 135 Ch. 2013

သုံးပါးတစ်ဆူ မင်္ဂလာကျောက်စိမ်း

Vol. 135 Ch. 2013

ဧကရာဇ်ဂူသင်္ချိုင်း၏ အခြားတစ်ဘက်မှာ...။

ဆူဇီမို၏ ဘေးပတ်လည်ရှိ လျှပ်စီးပင်လယ်ကို အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကနေ စုပ်ယူပြီးသွားခဲ့ပြီဖြစ်ပြီး သူ၏ ခန္ဓာကိုယ်ထဲမှာ အလွန်တရာ ကြောက်စရာကောင်းသော စွမ်းအားတစ်ခုက အချိန်မရွေး ဖိတ်စင်လျှံထွက်လာနိုင်၏။

ထိုအခိုက်အတန့်မှာ... ဆူဇီမို၏ ခန္ဓာကိုယ်ထဲရှိ ကျောက်စိမ်းရောင်အရိုးတစ်ချောင်းချင်းစီကို လျှပ်စီးများက ရစ်ပတ်နေပြီး လျှပ်စီးလျှပ်ပန်းများက သူ၏ ခြင်ဆီထဲမှာ ကခုန်နေ၏။

သူ၏ အသစ်ဖြစ်ပေါ်လာသော မျိုးဆက်သွေးမှာ မိုးကြိုးစွမ်းအားအမျှင်တစ်ခုပင် ပါဝင်လာခဲ့ပြီဖြစ်၏။

သူသည် မိုးကြိုးအရိုးကြံ့ခိုင်စေခြင်း အပိုင်းကို အဆင့်မြင့်ကျွမ်းကျင်မှုရရှိသွားခဲ့လေပြီ။

အဲ့ဒါသည် မိုးကြိုးဧကရာဇ်၏ တစ်ဘဝစာ လေ့လာသင်ယူမှုများနှင့်အတူ သူက ဒုက္ခသုက္ခခံ၍ နားလည်ဆင်ခြင်ထားသော တစ်စုံတစ်ရာဖြစ်၏။

ပုံမှန်အခြေအနေမှာဆိုလျှင် အဲ့ဒါကို ကျင့်ကြံနိုင်ဖို့က အလွန်တရာခက်ခဲလေသည်။

ဆူဇီမို၏ ပါရမီအလားအလာနှင့်ပင်လျှင် သူ့အနေဖြင့် နှစ်ပေါင်းသိန်းချီ အချိန်မယူဘဲ ဤလျှို့ဝှက်အတတ်ကို အဆင့်မြင့်ကျွမ်းကျင်မှုရရှိဖို့ မဖြစ်နိုင်ပေ။

သူသည် ဤလျှို့ဝှက်အတတ်ကို တစ်နှစ်အတွင်း အဆင့်မြင့်ကျွမ်းကျင်မှု ရရှိလာသည်မှာ အဓိကအကြောင်းအရင်းနှစ်ခုရှိ၏။

ပထမတစ်ချက်... မိုးကြိုးဧကရာဇ်သည် သူ၏ ကျင့်ကြံရေးနည်းစနစ်ကို လုံးဝထိန်ချန်ခြင်းမရှိဘဲ သင်ကြားပေးခဲ့၏။

ဒုတိယတစ်ချက်မှာ တာအိုသစ်သီးအပိုင်းအစများကို မိုးကြိုးဧကရာဇ်သည် ဆူဇီမို၏ ခန္ဓာကိုယ်ထဲမှာ ချိပ်ပိတ်ပေးထားခဲ့၏။

သူတို့သည် နှစ်ပေါင်းသိန်ချီကြာပြီးနောက် စွမ်းအားများစွာမကျန်ရှိတော့သည့် အပိုင်းအစများသာဖြစ်သော်လည်း အဲ့ဒီမှာ မိုးကြိုးဧကရာဇ် ချန်ထားရစ်ခဲ့သည့် နားလည်ဆင်ခြင်မှုများနှင့် ထိုးထွင်းအသိမြင်များက ကျန်ရှိနေဆဲ ဖြစ်၏။

တာအိုသစ်သီးအပိုင်းအစများကို သန့်စင်ပြီးနောက် ဆူဇီမိုသည် မိုးကြိုးဧကရာဇ်၏ ကျင့်ကြံရေးအသိအမြင်များကို အပြည့်အဝ အမွေဆက်ခံလာနိုင်ခဲ့ပြီး သူက အဲ့ဒါကို တကူးတကနားလည်ဆင်ခြင်နေစရာပင် မလိုတော့ပေ။

သူသည် အရာရာတိုင်းကို ချက်ချင်းပင် ဉာဏ်အလင်းပွင့်၍ နားလည်ဆင်ခြင်လာနိုင်သည့်အလားပင်။

အစကတော့... အဲ့ဒါသည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသာလျှင်ဖြစ်၏။ ဆူဇီမို၏ ကိုယ်ကာယနှင့် မျိုးဆက်သွေးစွမ်းအားသည် သူနှင့်အဆင့်တူများကြားမှာ ပြိုင်ဘက်ကင်းသလောက်နီးပါးဖြစ်ခဲ့၏။

ယခု.... မိုးကြိုးအရိုးများကို ရရှိလာပြီး သူ၏ ကိုယ်ကာယနှင့် မျိုးဆက်သွေးစွမ်းအားသည် တစ်ဖန်ထပ်၍ ဆပွားတိုးလာခဲ့ပြီဖြစ်၏။

သူသည် ယွင်ထင်နှင့် နောက်တစ်ခါရင်ဆိုင်ရမည်ဆိုလျှင်တောင် သူက သူ၏ မျိုးဆက်သွေးကို အသုံးပြုခြင်းမရှိလျှင်တောင် ထိုသူကို ဖိနှိမ်နိုင်မည်ဟု ယုံကြည်မှုရှိနေ၏။

တကယ်တော့... အဲ့ဒါက စိတ်ကူးစိတ်သန်းတစ်ခုမျှသာဖြစ်၏။

ဘာပဲပြောပြော ယွင်ထင်၏ ကျင့်ကြံမှုကလည်း ရပ်တန့်နေလိမ့်မည် မဟုတ်ပေ။

ယွင်ထင်သည် ဤတစ်ခေါက်မှာ ကြီးမားသော ဆုံးရှုံးမှုတစ်ရပ်ကို ထိခိုက်ခံစားခဲ့ရ၏။ သူ၏ တာအိုနှလုံးသားက သက်ရောက်ခြင်းမခံရသရွေ့ သူ၏ ကျင့်ကြံမှုကလည်း သေချာပေါက်မြင့်တက်လာပေလိမ့်မည်။

အခြားအရာများကိုအသာထား... ယွင်ထင်သည် သူ၏ မျိုးဆက်သွေးနယ်မြေကို ထိန်းချုပ်လာနိုင်လျှင်တောင် သူက ဆူဇီမိုကို ကောင်းကောင်းဒုက္ခပေးနိုင်ပေလိမ့်မည်။

ထိုအချိန်ကျလျှင် သူတို့နှစ်ယောက် တစ်ဖန်တွေ့ဆုံမည်ဆိုပါက မည်သူက အနိုင်ရရှိမလဲ မသိနိုင်သေးပေ။

နှစ်တစ်ဝက်ကျော်ကြာအောင် ကျင့်ကြံပြီးနောက် ဆူဇီမိုရရှိလာသည့်အရာများက ထိုမျှသာမကပေ။

သူသည် မိုးကြိုးတာအိုသစ်သီးကို သန့်စင်သောအခါ သူသည် မိုးကြိုးလေပြေတောင်ပံများကိုလည်း ကျွမ်းကျင်တတ်မြောက်လာခဲ့၏။

ဆိုလိုသည်မှာ သူ၏ လှုပ်ရှားမှုနည်းစနစ်သည် နောက်တစ်ဆင့်သို့ ထပ်မံတိုးမြင့်သွားပြီး သာမန် ကမ္ဘာမြေအင်မော်တယ်များပင်လျှင် သူကိုလိုက်မီဖို့ မလွယ်တော့ပေ။

အခြားတစ်ဘက်မှာ ပြီးခဲ့သည့်အချိန်အတောအတွင်း ငရဲဖိနှိမ်မီးဖို၏ စုပ်ယူသန့်စင်မှုကလည်း ပြီးသလောက်နီးပါးဖြစ်လာခဲ့၏။

တတိယမြောက် မီးဖိုနံရံကို ပြန်လည်ပြင်ဆင်နိုင်တော့မည်ဖြစ်၏။

ပေါ်ထွက်လာသောပုံသဏ္ဌာန်က အထွတ်အမြတ်တောကောင် မဟူရာကုန်းလိပ်ဖြစ်၏။

ထိုရရှိမှုများနှင့် တိုးတက်မှုများက မလုံလောက်သေးပေ။

ဆူဇီမိုက ကျင့်ကြံမှုကို မရပ်တန့်လိုက်ပေ။

သူသည် ကမ္ဘာမြေအမြုတေနယ်ပယ်သို့ တစ်ခါတည်းချိုးဖျက်တက်လှမ်းချင်နေ၏။

ဆူဇီမို၏ အသိစိတ်ထဲမှာ ဗုဒ္ဓပုံရိပ်ယောင်များက ပေါ်ထွက်လာပြီး ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်၏ အသံများက အဆက်မပြတ်ထွက်ပေါ်လာကာ ဖန်တီးခြင်းကြာခုံက လျင်မြန်စွာလည်ပတ်နေ၏။

သူ၏ အသိစိတ်ထဲမှာ ရွှေရောင်ဗုဒ္ဓအလင်းနှင့် အစိမ်းရောင်အလင်းတို့က အင်မော်တယ်နိုင်ငံများ၏ သန့်စင်ကုန်းမြေတစ်ခုကဲ့သို့ လုံးဝတောက်ပလာ၏။

အမြုတေစိတ်ဝိညာဥ်တစ်ခုက သန့်စင်ကုန်းမြေပေါ်မှာထိုင်နေ၏။

ဆူဇီမို၏ မျိုးဆက်သွေးက လည်ပတ်နေပြီး ဆူနာမီအသံတစ်ခုကို ကြားနေရ၏။

ဆူနာမီအသံက အလွန်တရာတုန်လှုပ်စရာကောင်းပြီး မိုးကြိုးအသံပါ ပါဝင်နေ၏။

အဲ့ဒါက ခံ့ညားထည်ဝါ၍ ကျယ်လောင်နေ၏။

အခွင့်အလမ်းတစ်ခုကလွဲလျှင် အရာရာတိုင်းက အဆင်သင့်ဖြစ်နေလေပြီ။

ရုတ်တရက်ဆိုသလို...။

အခြားတစ်ဘက်မှာ... ငရဲဖိနှိမ်မီးဖိုက အနည်းငယ်တုန်ခါသွားပြီး ရှေးကျသောအသက်ဓာတ်အားတစ်ခုက တတိယမြောက်မီးဖိုနံရံပေါ်ကနေ ဖြာထွက်လာ၏။

မဟူရာကုန်းလိပ်အထွတ်အမြတ်ဝိညာဥ်က ရုတ်တရက် ၎င်း၏ မျက်လုံးနှစ်ဖက်ကို ဖွင့်လိုက်ပြီး ဂမ္ဘီရအလင်းတစ်ခုကိုထုတ်လွှတ်ကာ ဆူဇီမို၏ အသိစိတ်ထဲသို့ ဝင်ရောက်သွားစေ၏။

ထိုဂမ္ဘီရအလင်းက လိုအပ်နေသော အခွင့်အလမ်းဖြစ်၏။

ဝဲဂယက်တစ်ထောင်ကိုဖြာထွက်စေသည့် ကျောက်တုံးတစ်တုံးကဲ့သို့ ထိုဂမ္ဘီရအလင်းက သူ၏အသိစိတ်ထဲသို့ ဝင်ရောက်သွားပြီး ရွှေရောင်ဗုဒ္ဓအလင်းနှင့် အစိမ်းရောင်ကြာပန်းအလင်းကို အဆက်မပြတ်တောက်ပ၍ ယှက်ဖြာသွားစေ၏။

“အား...”

ဆူဇီမိုက သူ၏ ခေါင်းကိုမော့၍ ကောင်းကင်ထက်သို့ ဟိန်းဟောက်လိုက်၏။

သူ၏ ခန္ဓာကိုယ်ထဲရှိ ကောင်းကင်နှင့်မြေကြီး အမြုတေချီက အဆက်မပြတ် တလိပ်လိပ်ထိုးတက်လာပြီး ၎င်း၏ အကန့်အသတ်ထိ အလျင်အမြန်မြင့်တက်လာ၏။

ထို့နောက် သူသည် အချုပ်အနှောင်တချို့ကနေလွတ်မြောက်သွားသည့်အလား သူ၏ ခန္ဓာကိုယ်က ပေါ့ပါးသွားသည်ဟု ခံစားလိုက်ရ၏။

သူ၏ ဘဝသက်တမ်းက နှစ်ဆ.. နှစ်နှစ်သိန်းဖြစ်လာခဲ့သည်ကို သူက ရှင်းလင်းစွာခံစားမိလိုက်ပြီဖြစ်၏။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် ပို၍ပင်ကြွယ်ဝသော ကောင်းကင်နှင့်မြေကြီး အမြုတေချီများကို စုဆောင်းလာနိုင်၏။ အသက်တစ်ချက်ရှူလိုက်တိုင်း အမြုတေချီများက သူ၏ ခန္ဓာကိုယ်ထဲသို့ တလိပ်လိပ်တိုးဝင်လာ၏။

သူက အဆင့်ချိုးဖျက်တက်လှမ်းသွားခဲ့လေပြီ။

ကမ္ဘာမြေအမြုတေနယ်ပယ်...။

အသွင်ပြောင်းလဲမှုက ယခုအချိန်ထိ မပြီးဆုံးသေးပေ။

သူ၏ အသိစိတ်ထဲမှာ ဖန်တီးခြင်းကြာခုံကလည်း ပြောင်းလဲသွား၏။ ကြာပန်းပွင့်ချပ်များအားလုံးက ကွာကျသွားပြီး အသစ်တစ်ဖန်ပြန်ပေါက်လာကာ ဧရာမအဖြူရောင်ပန်းဖူးတစ်ခုကလည်း ပေါ်ထွက်လာ၏။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် ရောင်စဥ်ခုနှစ်သွယ် အင်မော်တယ်ဂျင်ဆင်း၊ မိုးကြိုးတာအိုသစ်သီးနှင့် အခြားသောအန္တိမအဆုံးစွန်ရတနာများကို ရရှိလာပြီးနောက် သူသည်လည်းပဲ အသွင်ပြောင်းလဲမှုတစ်ရပ်ကို ဖြတ်ကျော်လာခဲ့၏။

မိုးကြိုးအရိုးများနှင့် အစိမ်းရောင်ကြာပန်းမျိုးဆက်သွေး...။

အဆင့်-၁၀ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ... ။

သူပြုလုပ်လိုက်သော လှုပ်ရှားမှုတစ်ခုချင်းစီမှာ လောကကို လှုပ်ခတ်စေနိုင်သည့် အဆုံးမဲ့စွမ်းအားများ ပါဝင်နေပုံရသည်ဟု ဆူဇီမိုက ခံစားနေရ၏။

ထိုစဥ်မှာပင် သူ၏ အသိစိတ်ထဲမှာ ကြာခုံပေါ်ရှိ ပန်းဖူးက စတင်ဖူးပွင့်လာပြီး ကြာပန်းပွင့်ချပ်အလွှာများက တစ်ခုပြီးတစ်ခုပေါ်ထွက်လာ၏။ နဝမမြောက်ပွင့်ချပ်အလွှာအပြီး၌ နောက်ထပ်ပွင့်ချပ်အလွှာတစ်ခုက ထပ်မံ၍ပေါ်ထွက်လာ၏။

ကြာခုံပေါ်ရှိ ကြာစိမ့်ပေါက် အရေအတွက်ကလည်း ကိုးဆယ်တိတိဖြစ်လာခဲ့၏။

ဖန်တီးခြင်းကြာခုံသည် အဆင့်-၁၀ သို့ တက်လှမ်းလာခဲ့ပြီဖြစ်၏။

ထိုအခိုက်အတန့်မှာ ကြာဖူးက ဖူးပွင့်သွားပြီး ကြာခုံပေါ်မှာ အစိမ်းရောင်ကြာပန်း အမြုတေစိတ်ဝိညာဥ်က ထိုင်နေ၏။

ချို့ယွင်းချက်ကင်းမဲ့ပြီး အစိမ်းရောင်ကြာပန်းအမြုတေစိတ်ဝိညာဥ်က မနှိုင်းယှဥ်သာအောင် သိပ်သည်းကျစ်လစ်နေ၏။ ၎င်း၏ ကျင့်ကြံမှုနယ်ပယ်ကလည်း ကြောက်စရာကောင်းသော အဆင့်-၃ ကမ္ဘာမြေအမြုတေနယ်ပယ်သို့ ရောက်ရှိသွားခဲ့လေပြီ။

အစိမ်းရောင်ကြာပန်း အမြုတေစိတ်ဝိညာဥ်ကို တာအိုအလင်းရောင်ခြည်များဖြစ် အသွင်ပြောင်းလဲသွားသော ကြာစေ့၉၀က ဝန်းရံထား၏။

အဲ့ဒါသည် ခပ်ဖျော့ဖျော့မွှေးရနံ့တစ်ခုဖြင့် သင်းပျံ့နေပြီး လောကကိုဆင်းသက်လာသည့် နတ်ဘုရားတစ်ပါးနှင့်တူနေ၏။

ထူးဆန်းသောအရာမှာ အစိမ်းရောင်ကြာပန်း အမြုတေစိတ်ဝိညာဥ်သည် ကျောက်စိမ်းလက်နက်တစ်ခုကို ကိုင်ဆွဲထားခြင်းဖြစ်၏။

ဆူဇီမိုသည် ဤကျောက်စိမ်းလက်နက်ကို အရင်က... တစ်ခါမှ မတွေ့မြင်ဖူးခဲ့ပေ။

သူအဆင့်ချိုးဖျက်တက်လှမ်းပြီးနောက် ကျောက်စိမ်းလက်နက်သည် အသစ်ဖြစ်ပေါ်လာသော ကြာခုံနှင့်အတူတွဲဖက်၍ မွေးဖွားလာသည့်အလားပင်။

အဲ့ဒါက အစိမ်းရောင်ကြာပန်း အမြုတေစိတ်ဝိညာဥ်နှင့်အတူ တစ်ချိန်တည်းမှာပင် ကြာခုံပေါ်မှာ ပေါ်ထွက်လာ၏။

“ငါသိပြီ...”

ဆူဇီမို၏ စိတ်ထဲသို့ အတွေးတစ်ခု ဖျတ်ခနဲဝင်ရောက်လာ၏။

သူ၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် အဆင့်-၉ သို့ ချိုးဖျက်တက်လှမ်းခဲ့စဥ်ကလည်း အလားတူဖြစ်ရပ်မျိုး ပေါ်ထွက်ခဲ့ပြီး ကောင်းကင်ဘုံကိုးလွှာ သက်ရှိမြေဆီလွှာက မွေးဖွားပေါ်ထွက်လာခဲ့၏။

ယခု... အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် အဆင့်-၁၀ သို့ ကြီးထွားလာပြီး နောက်ထပ်အတုမဲ့ရတနာတစ်ခုက မွေးဖွားပေါ်ထွက်လာ၏။

ဆူဇီမိုက ကျေနပ်သဘောကျသွား၏။

ကောင်းကင်ဘုံကိုးလွှာ သက်ရှိမြေဆီလွှာပေါ်ထွက်လာပြီးကတည်းက အဲ့ဒါသည် အလွန်တရာစွမ်းအားကြီးမားပြီး လျှို့ဝှက်ဆန်းကြယ်နေခဲ့၏။ ၎င်း၏ ခံစစ်အားက ပြိုင်ဘက်ကင်းပြီး ခန့်မှန်း၍ မရနိုင်အောင်ပင်။

ပို၍အရေးကြီးသည်မှာ ကောင်းကင်ဘုံကိုးလွှာ သက်ရှိမြေဆီလွှာသည် အစကတည်းက ဖန်တီးခြင်းကြာပဒုမ္မာ၏ တစ်စိတ်တစ်ပိုင်းဖြစ်နေခဲ့၏။ သူ၏ ကျင့်ကြံမှုအဆင့် တိုးတက်လာသည်နှင့်အမျှ ကောင်းကင်ဘုံကိုးလွှာ သက်ရှိမြေဆီလွှာ၏ စွမ်းပကားကလည်း တိုးမြင့်လာပေလိမ့်မည်။

ယခု... နောက်ထပ်ကျောက်စိမ်းလက်နက်တစ်ခုက မွေးဖွားပေါ်ထွက်လာပြီး အဲ့ဒါကလည်း ကောင်းကင်ဘုံကိုးလွှာသက်ရှိမြေဆီလွှာထက် သေချာပေါက်အားနည်းလိမ့်မည် မဟုတ်ပေ။

ထိုစဥ်မှာပင် ဖန်တီးခြင်းကြာပဒုမ္မာ၏ အမွေအနှစ် မှတ်ဉာဏ်များနှင်ဆင်တူသော သတင်းအချက်အလက်အပိုင်းအစတစ်ခုက ဆူဇီမို၏ စိတ်ထဲသို့ ဝင်ရောက်လာ၏။

သို့သော်လည်း ထိုသတင်းအချက်အလက်က ပြီးပြည့်စုံမှုမရှိဘဲ ကျောက်စိမ်းလက်နက်၏ မူလဇာစ်မြစ်နှင့်ပတ်သက်၍ အကြမ်းဖျင်းမိတ်ဆက်ပေးမှုတစ်ခုမျှသာဖြစ်၏။

“သုံးပါးတစ်ဆူ မင်္ဂလာကျောက်စိမ်းတဲ့လား”

ဆူဇီမိုက တီတိုးရေရွတ်၍ အာရုံစိုက်ပြီးကြည့်လိုက်၏။

မင်္ဂလာကျောက်စိမ်း၏ ဦးခေါင်းပိုင်းသည် မှေးမှိန်နေသော ပုတီးစေ့သုံးစေ့နှင့်အတူ မင်္ဂလာတိမ်စိုင်တစ်ခု၏ ပုံသဏ္ဌာန်မှာရှိ၏။

ဖန်တီးခြင်းကြာပဒုမ္မာ၏ အမွေအနှစ်မှတ်ဉာဏ်များအရ ထိုပုတီးစေ့သုံးစေ့မှာလည်း စွမ်းအားကြီးမားသော နောက်ခံများရှိနေ၏။

သူတို့ကို နေ၊ လနှင့် ကြယ်တို့၏ အမြုတေကနေစုဖွဲ့ထားပြီး ကောင်းကင်၊ ကမ္ဘာမြေနှင့် လူသားကို ကိုယ်စားပြုလေသည်။ သူတို့သည် ကောင်းကင်ဘုံ၏ ကောင်းချီးပေးခြင်းကိုခံရပြီး တာအိုနှင့်အတူ မွေးဖွားပေါ်ထွက်လာ၏။ အဲ့ဒါသည် သုံးပါးတစ်ဆူဟူသော ဝေါဟာရ၏ အဓိပ္ပါယ်လည်းဖြစ်၏။

မင်္ဂလာကျောက်စိမ်း၏ လက်ကိုင်ပေါ်မှာ ငွားငွားစွင့်စွင့်မြင့်မားသော ဦးချိုများနှင့်အတူ ပုံသဏ္ဌာန်အမျိုးမျိုးနှင့် လက်သည်းငါးဖက် ရွှေရောင်နဂါးကိုးကောင်ရှိနေ၏။

ရွှေရောင်နဂါးကိုးကောင်သည် သူတို့ကိုယ်ပိုင် နတ်ဘုရားညှို့ငင်ဓာတ်ကို ပိုင်ဆိုင်ထားပြီး သူတို့သည် မင်္ဂလာတိမ်စိုင်များကြားမှာ လှုပ်ရှားသွားလာနေသည့်အလား အသက်ဝင်နေ၏။ သူတို့၏ ခန္ဓာကိုယ်ပေါ်ရှိ ကြေးခွံများ၊ နှုတ်ခမ်းမွေးများနှင့် လက်သည်းများကို သိသာထင်ရှားစွာမြင်နေရ၏။

နဂါးများ၏ ခန္ဓာကိုယ်ပေါ်တွင် ခပ်ဖျော့ဖျော့ရွှေရောင်အလင်းများက တောက်ပနေပြီး သူတို့သည် တိမ်စိုင်များအကြားပျံတက်၍ မြစ်များ၊ သမုဒ္ဒရာများကို မှောက်လှန်ချင်သည့်အလား သူတို့၏ ဦးခေါင်းများကို မော့ထားကြ၏။

နဂါးနှုတ်ခမ်းမွေးများက တဖျတ်ဖျတ်လက်၍ သူတို့၏ မျက်လုံးများက မီးဝင်းဝင်းတောက်ကာ ကြေးခွံများနှင့်လက်သည်းများက ထက်ရှနေ၏။

သူတို့၏ ကြီးမားသော နဂါးခန္ဓာကိုယ်များသည် လေနှင့် တိမ်စိုင်များကို မွှေနှောက်လိုက်ပြီး လောကကို လှုပ်ခါသွားစေ၏။ သေးငယ်သော ဤကျောက်စိမ်းလက်နက်သည် ရပ်တန့်၍ မရနိုင်သော စီးပိုးခြယ်လှယ်သောအော်ရာတစ်ခုကို ထုတ်ဖော်ပြသပေးနေ၏။

မင်္ဂလာကျောက်စိမ်း၏ အောက်ပိုင်းမှာ ထူးဆန်းသောအကွက်အပြောက်များနှင့် လင်ဇီးတစ်ခု၏ ပုံသဏ္ဌာန်ရှိနေ၏။ ၎င်း၏ စုတ်ချက်များက ရေကဲ့သို့ ချောမွတ်နေပြီး အကဲဖြတ်ဖို့ခက်ခဲသော အဆုံးမဲ့လျှို့ဝှက်ဆန်းကြယ်မှုများဖြင့် ပြည့်နှက်နေ၏။

All Chapters