← Chapters

လှောင်အိမ်ထဲကငှက်

Vol. 135 Ch. 2015

လှောင်အိမ်ထဲကငှက်

Vol. 135 Ch. 2015

ဖုန့်စန်းထျန်အကြောင်းပြောချိန်မှာ တစ်နှစ်ကြာပြီးတာတောင် မင်းသားယွမ်ကျော၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှုအရိပ်အယောင်တစ်ခုက ရှိနေဆဲဖြစ်၏။

သို့သော်လည်း ထိုအရိပ်အယောင်က သိပ်မကြာခင်ပျောက်ကွယ်သွား၏။

ယခုအချိန်မှာ ဖုန့်စန်းထျန်းနောက်ကို လိုက်လံဖမ်းဆီးနေသည်မှာ ဘုရင်ထျန်ရှင်းတစ်ယောက်သာလျှင် မကပေ။ ဘုရင်ကျင်း၏ အမွေဆက်ခံသူ သူ၏ အစ်ကိုကလည်း မထိုးဖောက်နိုင်သော ထောင်ချောက်တစ်ခုကို ခင်းကျင်းကာ ဖုန့်စန်းထျန်ကို ကိုယ်တိုင်သတ်ဖြတ်ဖို့အတွက် ပြင်ဆင်ထားပြီးပြီဖြစ်၏။

ဖုန့်စန်းထျန်သည် ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပြီး မဟာကျင်းအင်မော်တယ်နိုင်ငံမှ ထွက်ပြေးလွတ်မြောက်နိုင်စရာအကြောင်းမရှိတော့ပေ။ သူ၏ ခြေရာလမ်းကြောင်းက ပေါက်ကြားသွားသည်နှင့် သူကသေချာပေါက်သေရပေလိမ့်မည်။

သူက ခြိမ်းခြောက်မှုတစ်ရပ်ဆက်လက်၍ မဟုတ်နိုင်တော့ပေ။

“သူက ထွက်ပြေးသွားခဲ့တာမဟုတ်ဘူး”

ဖုန့်ကျစ်ရီက အမူအရာကင်းမဲ့နေပြီး အေးစက်စွာပြောလိုက်၏။

“သူက ပကတိတစ်ဆယ်ငရဲကနေ ရုန်းထွက်လာပြီးတဲ့နောက် ပကတိအင်မော်တယ်ဆယ်ယောက်ကို သတ်ဖြတ်ခဲ့တယ်... သူက ပကတိမိုးကြိုးမြို့တော်ကို ဖျက်ဆီးပြီးတော့ ပေါ်ပေါ်ထင်ထင်ထွက်သွားခဲ့တာ”

“ဟဲဟဲ... “

မင်းသားယွမ်ကျောက ပြုံး၍ ပခုံးတွန့်ပြလိုက်၏။

“ဘယ်လိုပဲဖြစ်ဖြစ် ရလဒ်က အတူတူပါပဲ”

“ဒါနဲ့... နင်အဲ့ဒါကိုသိချင်မှသိဦးမှာ... ငါ့ရဲ့အစ်ကို ဘုရင်အန်ရှီက ဒီတစ်ခေါက်တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာပြီးတော့ ဖုန့်စန်းထျန်ကို ရှာတွေ့သွားပြီး သူ့ကို ထိခိုက်ဒဏ်ရာရစေခဲ့တယ်... ဖုန့်စန်းထျန်က တစ်ခါထပ်ပြီး ထွက်ပြေးသွားပေမယ့် သူက သိပ်ကြာကြာတောင့်ခံနိုင်မှာ မဟုတ်တော့ဘူး”

ဘုရင်အန်ရှီဟူသောအသံကိုကြားရချိန်တွင်... ဖုန့်ကျစ်ရီက ဆတ်ခနဲတုန်ယင်သွားပြီး သူမ၏ မျက်လုံးနှစ်ဖက်က အဆုံးမဲ့မကျေမချမ်းမှုများဖြင့် ပြည့်နှက်လာ၏။

သူမ၏ စိတ်နေစရိုက်နှင့်ပင်လျှင် ထိုအမည်ကို ကြားရချိန်မှာ သူမ၏ စိတ်ခံစားချက်များကို မထိန်းချုပ်နိုင်တော့ပေ။ သူမက ဣန္ဒြေပျက်သွားပြီး စကားကိုတစ်လုံးချင်းပြောလိုက်၏။

“ဘုရင်ကျင်းရဲ့... အမွေဆက်ခံသူ”

ဖုန့်ကျစ်ရီက ဘုရင်ကျင်း၏ အမွေဆက်ခံသူကို အပိုင်းပိုင်းဆုတ်ဖြဲပစ်ချင်နေသည့်အလား အံကိုတင်းတင်းကြိတ်လိုက်၏။

“အို...”

မင်းသားယွမ်ကျောက သူ၏ နဖူးကိုလက်ဖြင့်ရိုက်ပြီး နားလည်သဘောပေါက်သွားဟန်ဖြင့် ပြောလိုက်၏။

“ငါ့ရဲ့မှတ်ဉာဏ်တွေက သိပ်မကောင်းတော့ဘူးပဲ... နင့်ရဲ့မိဘတွေကို ကိုယ်တိုင်သတ်ဖြတ်ခဲ့တဲ့သူက ငါ့အစ်ကိုဆိုတာကို ငါတကယ်ပဲမေ့နေတာ... ငါတကယ်ပဲ စိတ်မကောင်း​ပါဘူး”

မင်းသားယွမ်ကျောက အပေါ်ယံအားဖြင့် တောင်းပန်လိုက်သော်လည်း သူ၏ မျက်လုံးများက လှောင်ပြောင်ထေ့ငေါ့မှုကို ဖော်ပြနေ၏။

ဖုန့်ကျစ်ရီက သူမ၏ တည်ငြိမ်မှုကို ဆုံးရှုံးရလေလေ သူက ပို၍အူမြူးအားရလေဖြစ်၏။

“အာ... အဲ့ဒါက ငါ့အစ်ကိုရဲ့အမှားတော့လည်း မဟုတ်ပါဘူး”

မင်းသားယွမ်ကျောက သနားဂရုဏာသက်နေသည့်အလား သူ၏ ခေါင်းကို ညင်သာစွာခါ၍ သက်ပြင်းချလိုက်၏။

“နင်တို့အပြစ်သားတွေက... ဖုန့်စန်းထျန် ဖိနှိမ်ခံရပြီးတဲ့နောက် ကိုယ့်နေရာကိုယ်သိကြမယ်ဆိုရင် ကောင်းတာပေါ့... နင်တို့က တော်ဝင်မိသားစုကလူတွေကို အထူးတလည်လုပ်ကြံသတ်ဖြတ်ဖို့အတွက် အကြွင်းအကျန်ညလို့ခေါ်တဲ့... လုပ်ကြံသတ်ဖြတ်ရေးအဖွဲ့တစ်ဖွဲ့ကိုတောင် ဖွဲ့စည်းလိုက်သေးတယ်... အဲ့ဒါက နင်တို့ရဲ့သေမင်းကို ဖိတ်ခေါ်ခဲ့တာ မဟုတ်ဘူးလား”

ဖုန့်ကျစ်ရီက သူမ၏ လက်သီးနှစ်ဖက်ကို ဆုပ်ပြီး သူမ၏ ရင်ထဲရှိအမျက်ဒေါသကို ဖိနှိမ်ဖို့ အတတ်နိုင်ဆုံး ကြိုးစားနေ၏။

မင်းသားယွမ်ကျောက သူမ၏ အမျက်ဒေါသကို တမင်သက်သက်ဆွပေးနေခြင်းဖြစ်ကြောင်း သူမသိထား၏။

ဖုန့်ကျစ်ရီ၏ လက်သည်းများက သူမ၏ လက်ဖဝါးထဲသို့ ထိုးစိုက်သွားခဲ့ပြီဖြစ်ပြီး သွေးများက စီးကျလာသော်လည်း သူမက လုံးဝကြောက်ရွံ့သည့်ပုံမပြသပေ။

မင်းသားယွမ်ကျောက ဆက်ပြောလိုက်၏။

“သိပ်လည်းဒေါသမထွက်ပါနဲ့....အရင်တုန်းက ငါ့အစ်ကိုက ပကတိအင်မော်တယ်အဆင့်မှာပဲ... သူက အဲ့ဒီအချိန်တုန်းက နင့်အဖေနဲ့ ကျင့်ကြံမှုအဆင့်တူပဲ သူတို့နှစ်ယောက်က မျှမျှတတ တိုက်ခိုက်ခဲ့တာပဲ... နင့်အဖေက အားနည်းလို့သာသေသွားရတာ အဲ့ဒါကဘာမှပြောပလောက်စရာ မဟုတ်ပါဘူး”

“အဓိပ္ပါယ်မရှိတာ...”

ဖုန့်ကျစ်ရီက အော်ပြောလိုက်၏။

“အရင်တုန်းက... ငါ့အမေက နင်တို့ရဲ့ထောင်ချောက်ဆင်ဖမ်းဆီးတာကိုခံခဲ့ရတယ်... ဘုရင်ကျင်းရဲ့အမွေဆက်ခံသူက ငါ့အမေကိုဓားစားခံလုပ်ပြီး ငါ့အဖေကို သူနဲ့တိုက်ခိုက်ဖို့ အတင်းအကျပ်ဖိအားပေးခဲ့တာပဲ”

“အဲ့တော့... ဘာဖြစ်လဲ အနဲဆုံးတော့ အဲ့ဒီတိုက်ပွဲကို လူတိုင်းက စောင့်ကြည့်နေတာ... ငါ့အစ်ကိုက မျှမျှတတနဲ့ ရှင်းရှင်းလင်းလင်း အနိုင်ရခဲ့တာပဲ... သူက နင့်အဖေကို သတ်ချင်တယ်ဆိုရင် အမွေဆက်ခံသူဆိုတဲ့ သူ့ရဲ့အဆင့်အတန်းနဲ့ဆို သူက အဲ့ဒါကို ကိုယ်တိုင်လုပ်နေစရာတောင်မလိုဘူး”

မင်းသားယွမ်ကျောက လှောင်ရယ်လိုက်၏။

“မျှမျှတတနဲ့ ရှင်းရှင်းလင်းလင်း.... မျှမျှတတနဲ့ ရှင်းရှင်းလင်းလင်း...”

ဖုန့်ကျစ်ရီက တစ်စုံတစ်ရာကို တွေးမိသွားပုံရပြီး သူမ၏ မျက်လုံးများက နီရဲလာကာ မင်းသားယွမ်ကျောကို တင်းမာခက်ထန်စွာ စိုက်ကြည့်နေ၏။

သူမသည် ဒေါသထွက်သွားသောကြောင့် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးက တဆတ်ဆတ်တုန်ယင်လာ၏။

ဆူဇီမိုသာ အဲ့ဒါကိုတွေ့မြင်မည်ဆိုလျှင် သူကသေချာပေါက်တုန်လှုပ်သွားပေလိမ့်မည်။

သူ၏ ထင်မြင်ချက်အရ ဖုန့်ကျစ်ရီသည် အကြီးမားဆုံးကိစ္စတစ်စုံတစ်ရာနှင့် ကြုံတွေ့ရလျှင်တောင် ဤကဲ့သို့သောစိတ်ခံစားချက်မျိုးကို ထုတ်ဖော်ပြသလိမ့်မည် မဟုတ်ပေ။

ရုတ်တရက် ဖုန့်ကျစ်ရီက သူမ၏ မျက်လုံးနှစ်ဖက်ကိုမှိတ်ပြီး မင်းသားယွမ်ကျောကို ဆက်လက်၍ မကြည့်ရှုတော့ပေ။

ခဏနေပြီးနောက် သူမ၏ စိတ်က တဖြည်းဖြည်းတည်ငြိမ်လာခဲ့၏။

သူမ၏ မျက်လုံးနှစ်ဖက်ကို ပြန်လည်ဖွင့်လိုက်သည့်အချိန်မှာ မည်သည့်စိတ်ခံစားချက်မှမရှိတော့ဘဲ သူမ၏ အမူအရာက တည်ငြိမ်နေ၏။

မင်းသားယွမ်ကျော၏ မျက်လုံးထဲတွင်... နှမြောသည့်အကြည့်တစ်ခု ဖျတ်ခနဲပေါ်ထွက်လာ၏။

အစကတော့... ဖုန့်ကျစ်ရီသည် သူမကိုယ်သူမ ဆက်လက်မထိန်းချုပ်နိုင်တော့ဘဲ သူ့ကိုတိုက်ခိုက်လာဖို့ သူကမျှော်လင့်ထား၏။

ယခု... ဖုန့်ကျစ်ရီက သူမ၏ သန်မာသောစိတ်စွမ်းအားနှင့်အတူ သူမ၏ တည်ငြိမ်မှုကို ပြန်လည်ရရှိသွားပြီဖြစ်၏။

မင်းသားယွမ်ကျောက အလောတကြီးရှိမနေဘဲဆက်ပြောလိုက်၏။

“နောက်ပြီး... စစချင်း ငါနင့်ကိုသတိထားမိခဲ့တာမဟုတ်ဘူး... ဒါပေမဲ့ ဖုန့်စန်းထျန်လွတ်မြောက်သွားတာကြောင့် သူ့ကိုတစ်ယောက်ယောက်ကူညီပေးတာဖြစ်ရမယ်လို့ ငါနားလည်သဘောပေါက်လာတယ်”

“ပကတိတစ်ဆယ်ငရဲရဲ့ ဖွဲ့စည်းတည်ဆောက်ပုံကို ငါကောင်းကောင်းသိတာပေါ့... ပြင်ပအကူအညီမရှိဘဲ ဖုန့်စန်းထျန်က အဲ့ဒီကနေလွတ်မြောက်စရာမရှိဘူး”

“အဲ့ဒါကြောင့် ငါ့လူတွေကိုခေါ်ပြီး နင့်ရဲ့သရုပ်သကန်ကို ထပ်ပြီး စစ်ဆေးကြည့်ခိုင်းခဲ့တယ်... ဒါပေါ့ နင့်ရဲ့ရုပ်ဖျက်မှုက ဘယ်လောက်ပဲတော်တော် ငါတို့သေသေချာချာ စစ်ဆေးကြည့်မယ်ဆိုရင် ဟာကွက်ဆိုတာ အမြဲတမ်းရှိနေတာပဲ”

ဖုန့်ကျစ်ရီက နားလည်သဘောပေါက်သွား၏။

ဖုန့်စန်းထျန်ကို ပကတိတစ်ဆယ်ငရဲကနေလွတ်မြောက်အောင်ကူညီပေးခဲ့တဲ့သူက... သူမဖြစ်သည်ဟု မင်းသားယွမ်ကျောကထင်နေ၏။

သို့သော်လည်း တကယ်တမ်းမှာ သူမတွင် ထိုကဲ့သို့သောအစီအစဉ်ရှိခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

ယခုအချိန်ထိကို ဖုန့်စန်းထျန်က မည်သို့မည်ပုံလွတ်မြောက်သွားခဲ့သလဲ... သို့မဟုတ် ပကတိတစ်ဆယ်ငရဲမှာ ဘာတွေဖြစ်ခဲ့သလဲ သူမမသိပေ။

တကယ်တော့... မင်းသားယွမ်ကျောက လူမှားစွပ်စွဲနေသည်ဆိုမှတော့... သူမကလည်း အဲ့ဒါကိုရှင်းပြနေလိမ့်မည်မဟုတ်ပေ။

မင်းသားယွမ်ကျောက ပြုံးပြလိုက်၏။

“နင်က... နင့်ကိုယ်နင်ကောင်းကောင်းဖုံးကွယ်ထားခဲ့တာပဲ... ကံဆိုးတာကတော့ ငါက နင့်ကိုရှာဖွေဖော်ထုတ်နိုင်ခဲ့တာပဲ... ကျွတ်...ကျွတ်...”

တကယ်တော့... ဖုန့်ကျစ်ရီ၏ သရုပ်သကန်ပေါက်ကြားသွားမှုက တိုက်ဆိုင်သွားမှုသာဖြစ်၏။

ဖုန့်စန်းထျန်က ထွက်ပြေးလွတ်မြောက်နိုင်ခဲ့ခြင်းမရှိလျှင် သူမသည် မင်းသားယွမ်ကျော၏ စိတ်အာရုံကို ဆွဲဆောင်မိခဲ့လိမ့်မည် မဟုတ်ပေ။

“နင်က... ငါ့ရဲ့သရုပ်သကန်ကို အရင်တည်းက ရှာဖွေဖော်ထုတ်နိုင်ခဲ့တာဆိုတော့... ငါ့ကိုဘာလို့တစ်ခါတည်း မသတ်ခဲ့တာလဲ”

ဖုန့်ကျစ်ရီက မေးလိုက်၏။

မင်းသားယွမ်ကျောက ညင်သာစွာပြုံးလိုက်၏။

“ငါနင့်ကိုထိန်းသိမ်းထားမှပဲ... ဧကရာဇ်ဂူသင်္ချိုင်းထဲမှာ ငါနင့်ကိုအသုံးချနိုင်မှာပေါ့... နင့်ကို ငါကဘာလို့အလောတကြီးသတ်နေရမှာလဲ”

“နင်က ငါ့ရဲ့လက်ထဲကနေဘယ်တော့မှမလွတ်မြောက်နိုင်ဘဲ လှောင်အိမ်ထဲကငှက်တစ်ကောင်ပဲ”

ဖုန့်ကျစ်ရီက အသံတိတ်နေ၏။

သူမသည် မင်းသားယွမ်ကျောက်ကို အထင်သေးခဲ့မိသည်ကို ဝန်ခံရပေမည်။

ဤလူသည် သူမ၏ သရုပ်သကန်ကို ကြိုတင်သိရှိသွားခဲ့သော်လည်း သူမကိုသတိဝင်စေမည့် မည်သည့်ဟာကွက်ကိုမှ မပြသခဲ့ပေ။

အပေါ်ယံမှာကြည့်လျှင်တော့... သူသည် သောက်စားပျော်ပါးနေသော အလေလိုက်နေသည့်မင်းသားတစ်ပါးနှင့်တူလေသည်။ သို့သော်လည်း သူက အလွန်တရာစေ့စပ်သေချာပြီး မျက်တောင်တစ်ချက်မခတ်ဘဲ အရာရာတိုင်းကို ထိန်းချုပ်နိုင်သူဖြစ်၏။

ဤလူသည် ပကတိတစ်ဆယ်ငရဲမှာ ဖုန့်စန်းထျန် မွှေနှောက်ဖျက်ဆီးပြီး ထွက်သွားခဲ့စဉ်က လိပ်ပြာလွင့်မတတ်ကြောက်လန့်မသွားဘဲ ပြန်လာခဲ့သည်က သူ့သတ္တိကို သက်သေပြပေးနေ၏။

ဘုရင်ကျင်းမှာ မျိုးဆက်များစွာရှိသော်လည်း သူတို့တစ်ယောက်ချင်းစီက တိုင်းပြည်တစ်ခုကို မအုပ်စိုးနိုင်ကြပေ။ သူတို့ထဲမှအများစုက အမည်ခံမျှသာဖြစ်၏။

ကြည့်ရသည်မှာ မင်းသားယွမ်ကျောက တစ်မူထူးခြားမှုရှိနေသည့်ပုံပင်။

ဖုန့်ကျစ်ရီကိုအပြစ်တင်လို့လည်း မရပေ။

မင်းသားယွမ်ကျောသည် ကမ္ဘာမြေအမြုတေနယ်ပယ်မှာရှိသော်လည်း သူသည် မင်းသားများစွာကြားမှာ တကယ်ပင်ထူးချွန်ထက်မြတ်သည့်သူ မဟုတ်ပေ။

ဒါ့အပြင် မင်းသားယွမ်ကျောသည် အပျော်အပါးမက်သောမင်းသားတစ်ပါးအဖြစ် နာမည်ဆိုးရှိလေသည်။ ထို့ကြောင့် ဖုန့်ကျစ်ရီက သူ့ကို အထင်သေးမိခဲ့၏။

“နင်ငါနဲ့ စကားတွေအများကြီးပြောနေတယ်ဆိုတာ... နင့်ရဲ့ခန္ဓာကိုယ်ထဲက ဧကရာဇ်ဂူသင်္ချိုင်းရဲ့ကျိန်စာကို ဖယ်ထုတ်နေတာမလား”

မင်းသားယွမ်ကျောက သူမ၏ အတွေးအကြံများနှင့် အပြုအမူများကို ထွင်းဖောက်မြင်နေရသည့်အလား ပြုံးစစဖြင့် ဖုန့်ကျစ်ရီကိုကြည့်နေ၏။

တကယ်တမ်းမှာလည်း သူပြောသည့်အတိုင်းပင်ဖြစ်၏။

ဖုန့်ကျစ်ရီသည် မင်းသားယွမ်ကျောကို မေးခွန်းများစွာမေးမြန်းနေခဲ့သည်မှာ အချိန်ဆွဲဖို့အတွက်ဖြစ်၏။

သူမသည် မဟူရာအမြုတေနယ်ပယ်မှာသာရှိနေခဲ့ပြီး သူမစွန်းထင်းခဲ့သော ကျိန်စာစွမ်းအားက သူမအပေါ်ခြိမ်းခြောက်မှုများစွာ မရှိပေ။

သူမသည် ဗလာနယ်မိုးကြိုးကျင့်စဥ်ကို လှည့်ပတ်ပြီး ဧကရာဇ်ဂူသင်္ချိုင်း၏ ကျိန်စာကို သူမ၏ ခန္ဓာကိုယ်ထဲကနေ ဖယ်ထုတ်ပစ်နေ၏။

တကယ်တော့... အချိန်ဆွဲရခြင်း၏ သူမ၏ ရည်ရွယ်ချက်က ကျိန်စာစွမ်းအားကို ဖြေရှင်းဖို့အတွက်သာလျှင် မဟုတ်ပေ။

သူမသည် ကမ္ဘာမြေအမြုတေနယ်ပယ်သို့ တစ်ခါတည်းချိုးဖျက်တက်လှမ်းချင်သောကြောင့်ဖြစ်၏။

ဖုန့်ကျစ်ရစ်သည် ကမ္ဘာမြေအမြုတေနယ်ပယ်သို့ ချိုးဖျက်တက်လှမ်းနိုင်ခဲ့သည်မှာ ကြာခဲ့ပြီဖြစ်၏။

သူမသည် ပကတိတစ်ဆယ်ငရဲသို့ ဝင်ရောက်ပြီး ဖုန့်စန်းထျန်နှင့် တွေ့ဆုံလိုသောကြောင့်သာ သူမ၏ ကျင့်ကြံမှုအဆင့်ကို တစ်ချိန်လုံးဖိနှိမ်ထားခဲ့ခြင်းဖြစ်၏။

နောက်ပိုင်းမှာ ဖုန့်စန်းထျန်က ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး သူမက ဧကရာဇ်ဂူသင်္ချိုင်းထဲသို့ ဝင်ရောက်ခဲ့၏။ ထိုသို့ဖြင့် သူမသည် အဆင့်ချိုးဖျက်တက်လှမ်းဖို့အတွက် အခွင့်အရေးလုံးဝမရခဲ့ပေ။

ဧကရာဇ်ဂူသင်္ချိုင်းထဲမှာ ကျိန်စာမိခဲ့ပြီးနောက် သူမက အဆင့်ချိုးဖျက်တက်လှမ်းဖို့ရွေးချယ်မည်ဆိုလျှင် အဲ့ဒါက သေမင်းကိုဖိတ်ခေါ်သကဲ့သို့ ဖြစ်နေပေလိမ့်မည်။

ယခု... သူမသည် မင်းသား၏ ဂေဟာသို့ ပြန်လည်ရောက်ရှိလာပြီး ဧကရာဇ်ဂူသင်္ချိုင်း၏ ကျိန်စာကို ဖယ်ထုတ်ပစ်ခဲ့၏။ ဖုန့်ကျစ်ရီ၏ ရှေ့မှာရှိသော အတားအဆီးများအားလုံးက ရှင်းလင်းသွားလေပြီ။ သူမ၏ ခန္ဓာကိုယ်ထဲရှိ အမြုတေချီက ကမ္ဘာမြေအမြုတေနယ်ပယ်၏ အဟန့်အတားကို ပစ်တိုက်လာခဲ့ပြီဖြစ်၏။

All Chapters