ပြန်လည်ရောက်ရှိလာခြင်း
Vol. 135 Ch. 2017
ဧကရာဇ်ဂူသင်္ချိုင်းထဲတွင်...။
ဆူဇီမိုသည် ဧကရာဇ်ဂူသင်္ချိုင်းသို့ ဝင်ရောက်သောဤခရီးစဥ်ကနေ အကျိုးအမြတ်ကြီးမားစွာရရှိခဲ့၏။
လျှို့ဝှက်ဆန်းကြယ်သော ကျောက်စိမ်းအဆောင်၊ ဝိညာဥ်မီးအိမ်နှင့် ရောင်စဥ်ခုနှစ်သွယ် အင်မော်တယ်ဂျင်ဆင်းကဲ့သို့ ရတနာများအပြင် သူ၏ ကျင့်ကြံမှုအဆင့်သည် အဆင့်ကြီးတစ်ဆင့်သို့ ချိုးဖျက်တက်လှမ်းခဲ့ပြီး အဆင့်-၁ ကမ္ဘာမြေအမြုတေနယ်ပယ်သို့ ရောက်ရှိလာခဲ့၏။
သူသည် အထက်ဘုံသို့ တက်လှမ်းလာခဲ့သည်မှာ နှစ်တစ်ထောင်ကျော်ကျော်သာလျှင် ရှိသေးလေသည်။
အထက်ဘုံ၏ ဒေသခံသက်ရှိများကို မပြောနှင့် ရှေးတော်ဝင်မိသားစုများနှင့် ဂိုဏ်းတချို့မှ လက်ရင်းတပည့်များပင်လျှင် သူ၏ ကျင့်ကြံမှုအမြန်နှုန်းကို လိုက်မီလိမ့်မည် မဟုတ်ပေ။
တစ်ချိန်တည်းမှာပင်...။
ငရဲဖိနှိမ်မီးဖိုသည် တတိယမြောက်မီးဖိုနံရံကို ပြန်လည်ပြင်ဆင်နိုင်ခဲ့ပြီး အထွတ်အမြတ်တောကောင် မဟူရာကုန်းလိပ်က ၎င်းပေါ်မှာ ပေါ်ထွက်လာခဲ့၏။
ဆူဇီမိုသည် မဟူရာကုန်းလိပ် အထွတ်အမြတ်ဝိညာဥ်ထံမှ လျှို့ဝှက်အတတ်တစ်ခုကိုပင်ရရှိခဲ့၏။
သို့သော်လည်း သူသည် အဲ့ဒါကိုကျင့်ကြံဖို့အတွက် စိတ်အာရုံခွဲမပေးနိုင်သေးပေ။
အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် အဆင့်-၁၀ သို့ တက်လှမ်းသွားခဲ့ပြီး ရတနာတစ်ခုဖြစ်သော သုံးပါးတစ်ဆူ မင်္ဂလာကျောက်စိမ်းကို ထုတ်ဖော်ပေးခဲ့၏။
သူကထိုရတနာနှင့်ပတ်သက်၍ စူးစမ်းလိုစိတ်ပိုများနေ၏။
ထိုအခိုက်အတန့်မှာ ဆူဇီမိုသည် သူ၏ ကျင့်ကြံမှုအဆင့်ကို တည်ငြိမ်စေရင်း ကျောက်စိမ်းလက်နက်ကို လေ့လာအကဲခတ်နေ၏။ ခဏကြာသည်အထိ သူရောက်ရှိနေသည့်နေရာကို မေ့လျော့သွားခဲ့၏။
သူသည် ဖန်တီးခြင်းကြာပဒုမ္မာ၏ အမွေအနှစ်မှတ်ဉာဏ်တချို့ကိုရရှိခဲ့ပြီး ထိုကျောက်စိမ်းအဆောင်သည် သုံးပါးတစ်ဆူမင်္ဂလာကျောက်စိမ်းဟု ခေါ်ဆိုကြောင်း သိရှိထားသော်လည်း သူက ၎င်း၏ အသုံးဝင်ပုံများကို မဖော်ထုတ်နိုင်သေးပေ။
ဆူဇီမို၏ စိတ်က သုံးပါးတစ်ဆူ မင်္ဂလာကျောက်စိမ်းထဲမှာ လုံးဝကိုနစ်မျောနေ၏။ ထိုရတနာက အလွန်တရာလျှို့ဝှက်ဆန်းကြယ်ပြီး အဲ့ဒါကို ရှာဖွေဖော်ထုတ်လေလေ ၎င်း၏ နောက်ကွယ်မှ ကြီးမားသောစွမ်းအားကို ပို၍အာရုံခံမိနိုင်လေဖြစ်၏။
အချိန်အတော်ကြာပြီးနောက် ဆူဇီမိုသည် နောက်ဆုံးမှာ သုံးပါးတစ်ဆူ မင်္ဂလာကျောက်စိမ်း၏ အံမခန်းအသုံးဝင်မှုများထဲမှတစ်ခုကို ရှာဖွေတွေ့ရှိနိုင်ခဲ့၏။ သူက တိတ်တဆိတ်ကျေနပ်သဘောကျနေစဥ်... တုန်ခါလှိုင်းတစ်ခုကို ခံစားလိုက်ရပြီး သူ၏ ကျင့်ကြံရာကနေ နိုးထလာခဲ့၏။
ဧကရာဇ်ဂူသင်္ချိုင်းက ပြင်းထန်စွာ လှုပ်ခါလာပြီး လောကကလည်ပတ်လာ၏။ မရေမတွက်နိုင်သောကြယ်အလင်းရောင်များက မိုးကောင်းကင်ထက်ကနေထိုးဆင်းလာပြီး ကမ္ဘာဖျက်ကပ်ဘေးတစ်ခုရောက်ရှိလာတော့မည့်အလား မြေပြင်ကအက်ကွဲလာ၏။
ဧကရာဇ်ဂူသင်္ချိုင်းသည် ဂမ္ဘီရမိုးကောင်းကင် ကုန်းမြေတိုက်ကနေထွက်ခွာပြီး လေဟာနယ်ထဲသို့ ဝင်ရောက်တော့မယ်ဆိုတာကို သူက နားလည်သိရှိလိုက်၏။
တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ သူက သိုလှောင်အိတ်ထဲကနေ တည်နေရာရွှေ့ပြောင်းအဆောင်ကို ထုတ်ယူပြီး အဲ့ဒါကိုချိုးချေလိုက်၏။
သူ၏ နောက်ဘက်မှာ အာကာသဥမင်တစ်ခုပေါ်ထွက်လာပြီး သူ့ကိုဝါးမျိုကာ သိပ်မကြာခင် ဧကရာဇ်ဂူသင်္ချိုင်းထဲကနေ ပျောက်ကွယ်သွား၏။
အစိမ်ရောင်တိမ်စိုင်တိုင်းပြည် မင်းသားယွမ်ကျော၏ ဂေဟာတွင်...။
ဖုန့်ကျစ်ရီသည် နံရံကို အားအင်ချည့်နဲ့စွာဖြင့် မှီထား၏။
သူမသည် မင်းသားယွမ်ကျော၏ အသံပိုင်းလျှို့ဝှက်အတတ်ကြောင့် ဒဏ်ရာအပြင်းအထန် ရရှိထား၏။
ယခုဆို... သူမ၏ သွေးချီက ပျက်ပြယ်သွားပြီး သူမ၏ အရွတ်များနှင့်အရိုးများက ကွဲထွက်ကုန်ပြီသကဲ့သို့ ခံစားနေရ၏။ နာကျင်မှုက မခံမရပ်နိုင်အောင်ဖြစ်ပြီး သူမသည် လုပ်ကြံသတ်ဖြတ်ဖို့နေနေသာ မင်းသားယွမ်ကျော၏ စိတ်ဝိညာဥ်အသိစိတ် ဖိအားအောက်မှာ မတ်တတ်ပင်ကောင်းကောင်းမရပ်နိုင်တော့ပေ။
သူတို့နှစ်ယောက်ကြား ခွန်အားကွာဟချက်က အရမ်းကိုကြီးမားနေ၏။
အဲ့ဒါသည် တိတ်တဆိတ်လုပ်ကြံသတ်ဖြတ်ကြိုးပမ်းမှုတစ်ရပ်ဖြစ်မည်ဆိုလျှင် သူမသည် အနိုင်ရဖို့အတွက် အခွင့်အရေးတစ်ခုရှိကောင်းရှိနေနိုင်၏။
ယခု... သူမ၏ သရုပ်သကန်က ဖော်ထုတ်ခံထားရပြီး သူမသည် မင်းသားယွမ်ကျောကို ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ရာ သူမမှာ အနိုင်ရဖို့အတွက် အခွင့်အရေးလုံးဝမရှိတော့ပေ။
“မင်းရဲ့ဉာဏ်ရည်နဲ့ဆို ဖုန့်စန်းထျန်ရဲ့ရည်ရွယ်ချက်ကို ပြောနိုင်မှာပဲ...ဟုတ်တယ်မလား”
မင်းသားယွမ်ကျောက ဖုန့်ကျစ်ရစ်ကိုကြည့်ပြီး ဖြည်းဖြည်းချင်းပြောလိုက်၏။
“သူက... ပကတိတစ်ဆယ်ငရဲကနေ ရုန်းထွက်လာပြီးတဲ့နောက် မင်းကိုပါခေါ်မသွားဘူးဆိုတာ သူအမဲလိုက်ခံရတဲ့အခါ မင်းပါဒုက္ခရောက်မှာကို စိုးရိမ်နေခဲ့လို့ပဲ”
ဖုန့်ကျစ်ရီက အသံတိတ်နေ၏။
တကယ်တော့ သူမသည် ဖုန့်စန်းထျန်နှင့် လုံးဝပင်မတွေ့ဆုံခဲ့ရပေ။
အတိအကျဆိုရလျှင် ဖုန့်စန်းထျန်သည် သူမကဲ့သို့ မြေးတစ်ယောက်ရှိသည်ဆိုတာကိုပင် မသိရှိခဲ့ပေ။
ဖုန့်စန်းထျန်သည် ပကတိတစ်ဆယ်ငရဲမှာ နှစ်ပေါင်းသိန်းချီကြာအောင် ဖိနှိမ်ခံခဲ့ရပြီး သူမ၏ အသက်က နှစ်ထောင်ဂဏန်းတချို့သာလျှင်ရှိသေး၏။ သူတို့နှစ်ယောက်က ယခင် တစ်ခါမှပင် မတွေ့ဖူးခဲ့ကြပေ။
ဖုန့်ကျစ်ရီ၏ အနီးစပ်ဆုံးဆွေမျိုးသားချင်းက သူမ၏ မိဘနှစ်ပါးနှင့် သူမ၏ ဆရာ ဖြစ်လေသည်။
သို့သော်လည်း သူမသည် ဖုန့်စန်းထျန်နှင့်ပတ်သက်သည့် ဒဏ္ဍာရီများစွာကို ကြားဖူးခဲ့ပြီး သူမအထင်ကြီးလေးစားရဆုံးသူက သူမတစ်ခါမှမတွေ့မြင်ဖူးသည့် ဤအဖိုးဖြစ်လေသည်။
ဖုန့်စန်းထျန်က ဖိနှိမ်ခံထားရသည်မှာ နှစ်ပေါင်းမရေမတွက်နိုင်အောင်ကြာမြင့်ခဲ့၏။ သူက အသက်ရှိနေသေးသည်ဆိုလျှင်တောင် သူ့မှာ ဘဝသက်တမ်းများစွာကျန်ရှိတော့မည် မဟုတ်ပေ။
သူမက ပကတိတစ်ဆယ်ငရဲသို့ မသွားရောက်ဘူးဆိုလျှင် သူမ၏ ဘဝမှာ သူမ၏ အဖိုးနှင့် ကိုယ်တိုင်တွေ့ဆုံဖို့အခွင့်အရေးရှိတော့မည်မဟုတ်ကြောင်း ဖုန့်ကျစ်ရီက သူမ၏ ရင်ထဲမှာ သိရှိနေခဲ့၏။
ထို့ကြောင့်ပင်လျှင် အန္တရာယ်လွန်စွာများနေတာတောင် သူမသည် ဖုန့်စန်းထျန်ကို တွေ့ဆုံဖို့အတွက် ပကတိတစ်ဆယ်ငရဲသို့ အတင်းအကျပ်ဝင်ရောက်ခဲ့ခြင်းဖြစ်၏။
ဖုန့်စန်းထျန်သည် ပကတိတစ်ဆယ်ငရဲသို့ ဝင်ရောက်ခဲ့သော ဤခရီးစဥ်မှာ သူမကို တကယ်ပင် စိတ်မပျက်စေခဲ့ပေ။
တကယ်ဆို... အဲ့ဒါက သူမစိတ်ထဲမှာတွေးထင်ထားသည်ထက်ပင် ပို၍ခမ်းနားထည်ဝါပြီး ပြိုင်ဘက်ကင်းနေခဲ့၏။ ထိုမာန်မာနနှင့် ပြိုင်ဘက်ကင်းအော်ရာက လောကမှာ မည်သူမှ မယှဥ်နိုင်သည့် တစ်စုံတစ်ရာဖြစ်နေခဲ့၏။
သူမ၏ အဖိုးက လွတ်မြောက်သွားခဲ့၏။
အဲ့ဒါသည် ပြီးခဲ့သည့်နှစ်ပေါင်းထောင်ချီအတွင်း ဖုန့်ကျစ်ရီကို ပျော်ရွှင်အောင်လုပ်ပေးနိုင်သည့် တစ်ခုတည်းသောအရာဖြစ်ခဲ့၏။
သူမက သေရတော့မည်ဖြစ်သော်လည်း ဖုန့်စန်းထျန်က ရှင်သန်နိုင်ခဲ့ပြီဖြစ်၏။
သူမအဖိုး၏ ပြိုင်စံရှားဂုဏ်ကျက်သရေကို သူမကိုယ်တိုင်ပင်မြင်တွေ့ခဲ့ရပြီး သူမ၏ ဘဝမှာ နောင်တဆိုတာမရှိတော့ပေ။
ထိုသို့အတွေးဖြင့် ဖုန့်ကျစ်ရီက ရယ်မောလိုက်၏။
သူမသည် ဤကဲ့သို့ ပျော်ရွှင်စွာမပြုံးပျော်နိုင်ခဲ့သည်မှာ ဘယ်လောက်တောင်ကြာသွားခဲ့ပြီလဲ မမှတ်မိတော့ပေ။
အဲ့ဒါသည် သူမ၏ မိဘနှစ်ပါးသေဆုံးပြီးကတည်းက သူမ၏ မျက်နှာပေါ်မှာ အပြုံးတစ်ခုရှိမလာတော့တာ ဖြစ်ကောင်းဖြစ်နိုင်၏။
ထိုအခိုက်အတန့်မှာ သူမ၏ အပြုံးက သိပ်ပြီးအသက်မဝင်သော်လည်း တစ်မူထူးခြားစွာလှပနေ၏။
“နင်က... ပြုံးနေနိုင်သေးတာလား”
မင်းသားယွမ်ကျောက သူ၏ ခေါင်းကိုညင်သာစွာခါပြီး ပြောလိုက်၏။
“ငါတစ်ခုတော့သိချင်မိတယ်... ဖုန့်စန်းထျန်က ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီ... ဒါပေမဲ့နင်က ရုတ်ရုတ်သဲသဲအခြေအနေကနေ ထွက်ပြေးဖို့ကို မရွေးချယ်ခဲ့ဘူး... အဲ့ဒီအစား နင်ကငါ့ဘေးကိုရောက်လာပြီး ငါ့ကိုလုပ်ကြံသတ်ဖြတ်ချင်ခဲ့တာလား”
“ဟီးဟီး... နင်လိုချင်တာအတိအကျကဘာလဲ”
“နင့်အဖေကို သတ်ဖြတ်ခဲ့တဲ့သူက ငါ့အစ်ကိုပဲ... ဖုန့်စန်းထျန်ကိုဖိနှိမ်ခဲ့တဲ့သူကလည်း ဘုရင်ထျန်ရှင်းပဲ... နင်ကငါ့ဆီကိုဘာလို့ရောက်လာတာလဲ”
ဖုန့်ကျစ်ရီ၏ မျက်နှာပေါ်ရှိအပြုံးက တဖြည်းဖြည်းပျောက်ကွယ်သွားပြီး မင်းသားယွမ်ကျောကို အေးစက်စွာစိုက်ကြည့်နေ၏။
“ဘာလို့လည်းဆိုတော့... နင်က သေသင့်သေထိုက်လို့ပဲ... ငါက ဘုရင်ကျင်းနဲ့ ဘုရင်ကျင်းရဲ့အမွေဆက်ခံသူကို သူတို့ရဲ့ဆွေမျိုးသားချင်းဆုံးရှုံးရတဲ့နာကျင်မှုကို ကိုယ်တိုင် တွေ့ကြုံခံစားစေချင်တယ်”
ဖုန့်ကျစ်ရီက အဲ့ဒါကို အတန်ကြာသည်အထိ စဥ်းစားခဲ့ပြီး သူမ၏ ပစ်မှတ်အဖြစ် မင်းသားယွမ်ကျောကို ရွေးချယ်ဖို့ ဆုံးဖြတ်ခဲ့၏။
ပထမတစ်ချက်... မင်းသားယွမ်ကျောသည် အသက်မကြီးသေးဘဲ သူ့ကို ဘုရင်ကျင်း၏ အငယ်ဆုံးသားများထဲမှတစ်ယောက်ဟု ဆိုရပေမည်။
သူ၏ ကျင့်ကြံမှုက မမြင့်မားသော်လည်း သူသည် ဘုရင်ကျင်း၏ ကြီးလေးသောတာဝန်တစ်ခု အပ်နှင်းခံရခြင်းနှင့်အတူ ယုံကြည်ကိုးစားခံရ၏။
သူက ထိုသူ၏ နှလုံးသားမှာ ဘယ်လောက်ထိမြင့်မားစွာနေရာယူထားသလဲသိသာနေ၏။
ဒုတိယတစ်ချက်... မင်းသားများစွာကြားမှာ မင်းသားယွမ်ကျော၏ ကျင့်ကြံမှုနယ်ပယ်က မြင့်မားခြင်းမရှိဘဲ သူ့ကိုလုပ်ကြံသတ်ဖြတ်ဖို့က အောင်မြင်နိုင်ခြေအမြင့်မားဆုံးဖြစ်၏။
“ဟီးဟီး”
မင်းသားယွမ်ကျောက အထင်အမြင်သေးသောအမူအရာဖြင့် သူ၏ လက်ကို ညင်သာစွာခါလိုက်၏။ သူ၏ ဝတ်ရုံစက ပေပေါင်းများစွာ ဆန့်ထွက်သွားပြီး ဖုန့်ကျစ်ရီ၏ လည်ပင်းကို ပေါ့ပါးဖျတ်လတ်သော စပါးအုံးမြွေတစ်ကောင်ကဲ့သို့ ရစ်ပတ်ကာတင်းကျပ်သွားလေသည်။
ဖုန့်ကျစ်ရီသည် ဝတ်ရုံစဖြင့်ရစ်ပတ်ကာ ဖြည်းဖြည်းချင်း မယူခံလိုက်ရ၏။
ချက်ချင်းပင် သူမ၏ မျက်နှာက နီရဲ၍ သူမ၏ နှုတ်ခမ်းများက ပြာနှမ်းလာခဲ့၏။ မင်းသားယွမ်ကျော၏ ဖျစ်ညှစ်မှုဖြင့် သူမ၏ လည်ပင်းက ကျိုးလုမတတ်ဖြစ်လာခဲ့၏။
ချွမ်း...
ဖုန့်ကျစ်ရီ၏ လက်နှစ်ဖက်က အားပျော့သွားပြီး သူမသည် နက်မှောင်နေသော ဓားမြှောင်များကိုပင် ဆုပ်ကိုင်မထားနိုင်တော့ဘဲ သူတို့က ကြမ်းပြင်ပေါ်သို့လွတ်ကျသွား၏။
မင်းသားယွမ်ကျောက သူ၏ ဝတ်ရုံစကို အတွေးတစ်ချက်နှင့်အတူ တင်းကျပ်လိုက်သည်နှင့်အမျှ သူက သူမကို သတ်ဖြတ်နိုင်ပေလိမ့်မည်။
“ခွေးမ... နင်ကငါ့ကိုသတ်ဖို့ ရွေးချယ်ရလောက်အောင် အတွေ့အကြုံနုနေသေးတာပဲ”
မင်းသားယွမ်ကျောက ဖုန့်ကျစ်ရီကို စိုက်ကြည့်ပြီး လှောင်ရယ်လိုက်၏။
“ဒီနေ့... ငါနင့်ကိုအရင်သတ်မယ် နောက်ရက်နဲနဲကြာရင် ငါကနင့်ကိုအဖော်ပြုပေးဖို့အတွက် ခွေးအိုကြီးဖုန့်စန်းထျန်လွှတ်လိုက်မယ်”
“အဲ့ဒီအချိန်ကျရင် နင်တို့မိသားစုတွေက ငရဲမှာပြန်ဆုံနိုင်ပြီ... အဲ့ဒါက တော်တော်ကိုစည်ကားနေမှာပဲ... ဟားဟားဟားဟား”
မင်းသားယွမ်ကျောက ဟားတိုက်ရယ်မောလိုက်၏။
သူက ဖုန့်ကျစ်ရီကိုသတ်ဖြတ်တော့မည့်ဆဲဆဲမှာပင် ထူးဆန်းသော စွမ်းအင်အတက်အကျတစ်ခုက သူ၏ နောက်ဘက်မှာ ပေါ်ထွက်လာ၏။
“ဟမ်...”
မင်းသားယွမ်ကျောက ဘေးသို့တစ်ချက်စွေကြည့်လိုက်၏။
ခန်းမထဲကနေ မလှမ်းမကမ်းရှိလေဟာနယ်က ဖြည်းဖြည်းချင်းအက်ကွဲသွားပြီး ပိန်းပိတ်အောင် နက်မှောင်နေသောဥမင်တစ်ခုက မကောင်းဆိုးဝါးဆန်ဆန်လေပြင်းတစ်ချက်နှင့်အတူပေါ်ထွက်လာ၏။
ထိုသည်ကို တွေ့မြင်သောအခါ မင်းသားယွမ်ကျောက ရင်တစ်ချက်ထိတ်သွားပြီး ကျေနပ်သဘောကျသွား၏။
ဆူဇီမို...။
ဆူဇီမိုကပြန်ရောက်လာခဲ့လေပြီ။
မင်းသားယွမ်ကျောသည် အာကာသဥမင်ကို မျှော်လင့်စောင့်စားနေသော အမူအရာတစ်ခုနှင့်အတူ မမှိတ်မသုန် စိုက်ကြည့်နေ၏။
သိပ်မကြာခင် ပုံရိပ်တစ်ခုက အာကာသဥမင်ထဲကနေ တကယ်ပင် ထွက်လာခဲ့ပြီး ကြမ်းပြင်ပေါ်သို့ မဆင်းသက်ခင် သူ့ကိုယ်သူဟန်ချက်ညီအောင်ထိန်းလိုက်၏။
ထိုလူ့မှာ အနက်ရောင်ဆံပင်များနှင့် ကြော့ရှင်းသောသွင်ပြင်များရှိပြီး အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားလေသည်။
အဲ့ဒါက ဆူဇီမိုဖြစ်၏။
“ကောင်းလိုက်တာကွာ... ကောင်းတယ်... သိပ်ကောင်းတယ်ဟေ့”
မင်းသားယွမ်ကျောက ဆူဇီမိုကိုကြည့်ပြီး ဝမ်းသာအားရဖြစ်နေကာ ထပ်တလဲလဲ ချီးကျူးလိုက်၏
“ဆူဇီမို... မင်းငါ့ကို စိတ်မပျက်စေဘူးပဲ”