မျက်စိကွယ်သွားခြင်း
Vol. 135 Ch. 2019
မင်းသားယွမ်ကျော၏ နောက်သို့ရောက်လာပြီး ဆူဇီမိုက မဟာကစဉ့်ကလျားအမြုတေလက်ဝါးကို ဆင့်ခေါ်ကာ ထိုသူ၏ ဦးခေါင်းကို ပစ်ရိုက်ချလိုက်၏။
ထိုတိုက်ခိုက်မှုနှင့် ထိခိုက်ခံရလျှင် အဲ့ဒါက မင်းသားယွမ်ကျော၏ ဦးခေါင်းကို မခွဲနိုင်ဘူးဆိုလျှင်တောင် အဲ့ဒါက သူ၏ အရိုးများကိုထိုးဖောက်ပြီး သူ၏ အမြုတေစိတ်ဝိညာဥ်ကို သေချာပေါက် ဒဏ်ရာအပြင်းအထန် ရရှိစေပေလိမ့်မည်။
ဒါ့အပြင် မင်းသားယွမ်ကျော၏ ကိုယ်ကာယနှင့် မျိုးဆက်သွေးသည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကို မယှဥ်နိုင်ပေ။
ထိုအချိန်ကျလျှင် ဆူဇီမိုက အနားသို့ချဥ်းကပ်ပြီး ကြမ်းကြုတ်ခက်ထန်သောတိုက်ခိုက်မှုတစ်ရပ်ကို ထုတ်ဖော်ပါက မင်းသားယွမ်ကျောသည် ထွက်ပြေးလွတ်မြောက်နိုင်တော့မည် မဟုတ်ပေ။
မင်းသားယွမ်ကျော၏ မျက်လုံးထဲတွင် နတ်ဘုရားဆန်ဆန်အလင်းတစ်ခုက ဖျတ်ခနဲလက်သွား၏။ ဆူဇီမို သူရှေ့ကနေ ပျောက်ကွယ်သွားသည်ကို တွေ့မြင်သောအခါ သူ၏ တုံ့ပြန်မှုကလည်း တုန်လှုပ်စရာကောင်းလောက်အောင် မြန်ဆန်၏။
သူသည် ထူးဆန်းသောခြေနင်းကွက်တစ်ခုကို အသုံးချပြီး မဟာကစဉ့်ကလျားအမြုတေလက်ဝါး၏ သက်ရောက်မှုကနေ ခြေလှမ်းအနည်းငယ်ဖြင့် ရှောင်တိမ်းလိုက်၏။
အတွေ့အကြုံအရဖြစ်စေ... နည်းစနစ်အပိုင်းအရဖြစ်စေ... နယ်မြေဒေသတစ်ခုကို ဦးဆောင်နေသော မင်းသားတစ်ပါးတစ်ပါးသည် ကျင့်ကြံမှုအဆင့်တူခြင်းမှာ အခြားသောကျင့်ကြံသူများထက် များစွာသာလွန်လေသည်။
သူသည် အစစ်အမှန်နဂါးလျှပ်စီးကိုးချက်ကို အရင်က တစ်ခါမှမတွေ့မြင်ဖူးခဲ့လျှင်တောင် သူသည် ဆူဇီမို၏ သတ်ဖြတ်ကွက်ကို သူ၏ လျှို့ဝှက်ဆန်းကြယ်သော လှုပ်ရှားမှုနည်းစနစ်နှင့်အတူ ရှောင်တိမ်းလိုက်နိုင်ဆဲ ဖြစ်၏။
ဆူဇီမို၏ အကြည့်က သိပ်သည်းစုဖွဲ့လာခဲ့၏။ သံရှည်တစ်ချက်ဆွဲ၍ ဟိန်းဟောက်ပြီး သူ၏ ပုံရိပ်က နောက်တစ်ဖန်ဖျတ်ခနဲလက်ကာ ပျောက်ကွယ်သွား၏။
ဒုတိယမြောက်လျှပ်စီး...။
သူသည် မင်းသားယွမ်ကျောကို အသက်ရှုခွင့်ပင် ပေးလို့မရပေ။
သူတို့နှစ်ယောက်က အကွာအဝေးတစ်ခုခြားသွားသည်နှင့် မင်းသားယွမ်ကျောသည် သတိကောင်းကောင်းရရှိလာပြီး အမျိုးမျိုးသော အင်မော်တယ်ပညာရပ်များ၊ လျှို့ဝှက်အတတ်များနှင့် နတ်ဘုရားစွမ်းအားများကို ထုတ်ဖော်ကာ ဆူဇီမိုက အဲ့ဒါကို ခုခံနိုင်တော့မည်မဟုတ်ပေ။
သူတို့၏ ကျင့်ကြံမှုနယ်ပယ်ကွာဟချက်က ကြီးမားနေဆဲ ဖြစ်၏။
ထိုလျှို့ဝှက်ဆန်းကြယ်သော ခြေကွက်အပေါ်မှီခိုပြီး မင်းသားယွမ်ကျောက ဆူဇီမို၏ မဟာကစဉ့်ကလျားအမြုတေလက်ဝါးကနေ လွတ်မြောက်လာခါစမှာပင် သူက တန်ပြန်တိုက်ခိုက်ဖို့ ပြင်ဆင်လိုက်၏။
ထိုအချိန်မှာပင် သူ၏ ဘေးမှာ ပေါ်ထွက်လာသော ဆူဇီမို၏ ပုံရိပ်က နောက်တစ်ဖန်ပျောက်ကွယ်သွား၏။
“မပြီးနိုင်တော့ဘူးလား”
မင်းသားယွမ်ကျောက ဒေါသချောင်းချောင်းထွက်သွားပြီး သူ၏ အမြုတေစိတ်ဝိညာဥ်ကို ၎င်း၏ အကန့်အသတ်ထိ လှည့်ပတ်လိုက်၏။ သူခြေလှမ်းတစ်လှမ်း လှမ်းတိုင်း အေးစက်နေသော ဆေဘာသံက သူ၏ ခြေဖဝါးအောက်ကနေ ပေါက်ကွဲထွက်ပေါ်လာ၏။
ထိုလှုပ်ရှားမှုနည်းစနစ်သည် ဘုရင်ထျန်ရှင်း၏ လျှို့ဝှက်အတတ် ကွပ်မျက်ခြေလှမ်းများဖြစ်၏။
ကွပ်မျက်ခြေလှမ်းများသည် ခက်ခဲနက်နဲရုံသာမက လျှို့ဝှက်အတတ်တစ်ခုကို လှည့်ပတ်လိုက်သည်နှင့် သူတို့သည် ခြေလှမ်းတိုင်းမှာ အေးစက်စက်ဆေဘာအလင်းတစ်ခုကို စုဖွဲ့ပြီး တန်ပြန်တိုက်ခိုက်နိုင်မည်ဖြစ်၏။
အဲ့ဒါက အရမ်းကို စွမ်းအားကြီးမားလေသည်။
အစကတော့... မင်းသားယွမ်ကျောသည် ဆူဇီမိုနှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ချင်၏။
သို့သော်လည်း ဆူဇီမို နောက်တစ်ဖန်ပျောက်ကွယ်သွားလိမ့်မည်ဟု သူက ထင်မှတ်မထားခဲ့ပေ။
အစစ်အမှန်နဂါးလျှပ်စီးကိုးချက်၏ တတိယမြောက်လျှပ်စီး...။
ဤတစ်ခေါက်မှာတော့ ဆူဇီမိုသည် မင်းသားယွမ်ကျော၏ နောက်ဘက်မှာ ပေါ်ထွက်လာခဲ့၏။
ထိုအခိုက်အတန့်မှာ မင်းသားယွမ်ကျောက သူ၏ ဆေဘာအလင်းကို ထုတ်ဖော်လိုက်ခါစဖြစ်၏။
ပုံမှန်အခြေအနေမှာဆိုလျှင် မင်းသားယွမ်ကျောသည် ကွပ်မျက်ခြေလှမ်းများအပေါ်မှီခိုထားမည်ဆိုလျှင် ဆူဇီမိုက အစစ်အမှန်နဂါးလျှပ်စီးကိုးချက်ကို သုံးကြိမ်ဆက်တိုက်အသုံးပြုမည်ဆိုလျှင်တောင် သူက မင်းသားယွမ်ကျောကို ထိခိုက်အောင်လုပ်နိုင်လိမ့်မည် မဟုတ်ပေ။
သို့သော်လည်း သူက အမျက်ဒေါသထွက်နေပြီး ဆူဇီမိုကို တန်ပြန်တိုက်ခိုက်ကာ သတ်ဖြတ်ချင်၏။
သူက... ဆေဘာအလင်းကို ထုတ်ဖော်လိုက်သည့်အချိန်မှာပင် သူ၏ လှုပ်ရှားမှုနည်းစနစ်က ခဏမျှရပ်တန့်သွားခဲ့၏။
ထိုရပ်တန့်မှုက လျစ်လျူရှု၍ ရသလောက်နီးပါးဖြစ်ပြီး သက်ရောက်မှုမရှိသလောက်နီးပါးပင်။
သို့သော်လည်း ပညာရှင်များအကြားတိုက်ပွဲတစ်ခုမှာ လှုပ်ရှားမှုတစ်ချက်က အရာရာတိုင်းကို အဆုံးအဖြတ်ပေးနိုင်၏။
မင်းသားယွမ်ကျောသည် သူ၏ ဆေဘာကို ထုတ်ဖော်လိုက်စဥ် ဆူဇီမိုက အစစ်အမှန်နဂါးလျှပ်စီးကိုးချက်ကိုသုံးပြီး သူ၏ နောက်ဘက်မှာ ပေါ်ထွက်လာကာ လက်ပြန်ပစ်ရိုက်ချလိုက်၏။
မင်းသားယွမ်ကျောသည် စဦးအရေးနိမ့်သွားပြီး ထိုလက်ဝါးရိုက်ချကို မရှောင်တိမ်းနိုင်တော့ပေ။ သူက သေကွင်းသေကွက်ကို ရှောင်လွှဲဖို့အတွက်သာ အတတ်နိုင်ဆုံးကြိုးစားလိုက်ရ၏။
ဘန်း...
ဆူဇီမိုသည် မင်းသားယွမ်ကျော၏ ပခုံးကိုပြင်းထန်သွာပစ်ရိုက်ချလိုက်၏။
သူ၏ လက်ဖဝါးဆင်းသက်လာသည့်ခဏမှာပင် မီးခိုးရောင်မြူခိုးတစ်ခုက သူ၏ လက်ဖဝါးထဲကနေ တလိပ်လိပ်တိုးထွက်လာပြီး တစ်စုံတစ်ရာကို စုဖွဲ့ချင်နေသည့်အလား အလျင်အမြန် ပြောင်းလဲကာ မင်းသားယွမ်ကျော၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွား၏။
မင်းသားယွမ်ကျောသည် နာကျင်စွာဖြင့်အော်ဟစ်လိုက်၏။ သူ၏ ပခုံးက ဆူဇီမို၏ လက်ဝါးရိုက်ချက်ဖြင့် ကြေမွလုနီးပါး ဖြစ်သွားပြီး သူက သူ၏ ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်တော့ဘဲ ရှေ့သို့ယိုင်ထွက်သွားလေသည်။
အခြားတစ်ဘက်မှာ... ဖုန့်ကျစ်ရီသည် သူမ၏ လည်ပင်းပေါ်ရှိ ဝတ်ရုံစက အနည်းငယ်ပြေလျော့သွားသည်ဟု ခံစားလိုက်ရ၏။ တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ သူမ၏ စိတ်ဝိညာဥ်အသိစိတ်က လှုပ်ရှားသွားပြီး နက်မှောင်နေသောဓားမြှောင်နှစ်လက်က သူမ၏ လက်ထဲသို့ ခုန်ဝင်လာခဲ့၏။
အေးစက်စက်အလင်းတစ်ချက်က ဖျတ်ခနဲလက်သွား၏။
ဖုန့်ကျစ်ရီသည် သူမ၏ လက်နှစ်ဖက်ကို ကြက်ခြေခတ်ပြီး သူမ၏ လည်ပင်းပတ်လည်ရှိ ဝတ်ရုံစကို လှီးဖြတ်ကာ လွတ်မြောက်သွား၏။
မင်းသားယွမ်ကျော၏ အမူအရာက သုန်မှုန်လာခဲ့၏။
ဆူဇီမိုက သူ့ကိုတိုက်ခိုက်လိုက်သည့်အချိန်မှာပင် သူကဖုန့်ကျစ်ရီကို အသေသတ်ဖြတ်ချင်ခဲ့၏။
သို့သော်လည်း ဆူဇီမိုက အဆက်မပြတ် တိုက်ခိုက်နေပြီး သူ့မှာထိုသို့ပြုလုပ်ဖို့အတွက် အခွင့်အရေးမရခဲ့ပေ။
သူက ဖုန့်ကျစ်ရီကို အသေသတ်ဖို့နေနေသာ သူက စိတ်အာရုံအနည်းငယ်ပျက်ယွင်းသွားလျှင်ပင် စောစောက ဆူဇီမို၏ လက်ချက်ဖြင့် ဒဏ်ရာအပြင်းအထန် ရရှိသွားနိုင်၏။
မင်းသားယွမ်ကျောက ဖုန့်ကျစ်ရီကို ဆက်လက်၍ ဂရုမစိုက်နိုင်တော့ပေ။
ထိုသူနှင့်ယှဥ်လျှင် ဆူဇီမိုက သူ့အတွက်ခြိမ်းခြောက်နိုင်စွမ်းပိုမိုကြီးမားနေ၏။
ဆူဇီမိုကို ကိုင်တွယ်ပြီးသည်နှင့် ဖုန့်ကျစ်ရီက သူ့အတွက် ခြိမ်းခြောက်မှုတစ်ခု မဟုတ်တော့ပေ။
မင်းသားယွမ်ကျောသည် ဆူဇီမို၏ လက်ဝါးရိုက်ချက်ဖြင့် ထိခိုက်ခံစားလိုက်ရပြီး ရှေ့သို့ဟပ်ထိုးသွားကာ သူတို့နှစ်ယောက်ကြား အကွာအဝေးက တိုးသွား၏။
ဖုန့်ကျစ်ရီက ထွက်ပြေးလွတ်မြောက်သွားသည်ကို တွေ့မြင်သောအခါ သူက သူမကို လျစ်လျူရှုပြီး သူ၏ စိတ်ဝိညာဥ်အသိစိတ်ကို လှည့်ပတ်ကာ ဆူဇီမိုကို သတ်ဖြတ်ဖို့အတွက် နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များကို ထုတ်ဖော်ဖို့ပြင်လိုက်၏။
တစ်ဖက်မှာတော့... ဆူဇီမိုသည် သူ၏ တောင်ပံသုံးစုံကို တဖျပ်ဖျပ်ခတ်လိုက်၏။ သူ၏ ခန္ဓာကိုယ်က ရွှေရောင်အလင်းနှင့် မိုးကြိုးလျှပ်စီးနှင့်အတူ တောက်ပသွားပြီး မင်းသားယွမ်ကျောထံသို့ တစ်ဖန်ပြေးဝင်သွား၏။
“ဂါး...”
ရုတ်တရက် ဆူဇီမိုက သူ၏ ပါးစပ်ကို ဖွင့်ဟပြီး ခံ့ညား၍ ကြောက်စရာကောင်းသော ဟိန်းဟောက်သံကို သူ၏ လည်ချောင်းအနက်ပိုင်းထဲကနေ ထုတ်ဖော်လိုက်၏။ အဲ့ဒီမှာ သက်ရှိအားလုံးကို အထင်အမြင်သေး၍ လောကကို သူ၏ ခြေဖဝါးအောက်မှာ နင်းချေပစ်ချင်နေသည့်အလား အန္တိမစိတ်ဆန္ဒတစ်ခု ပါဝင်နေ၏။
နဂါးဟိန်းသံလျှို့ဝှက်အတတ်...။
မင်းသားယွမ်ကျော၏ ကျင့်ကြံမှုနယ်ပယ်က အဆင့်-၇ ကမ္ဘာမြေအမြနုယ်ပယ်သို့ ရောက်ရှိနေပြီး ဤအသံပိုင်းလျှို့ဝှက်အတတ်က သူ့ကိုနာကျင်အောင်လုပ်နိုင်လိမ့်မည် မဟုတ်ပေ။
သို့သော်လည်း ဤမျှနီးကပ်သော အကွာအဝေးမှာသူက ဆူဇီမို၏ နဂါးဟိန်းသံလျှို့ဝှက်အတတ်ဖြင့် သူက ဆတ်ခနဲတုန်ယင်သွားပြီး နေရာမှာပင်ခဏမျှမှင်တက်သွား၏။
သူ၏ နတ်ဘုရားစွမ်းအားများနှင့်လျှို့ဝှက်အတတ်များက အပြည့်အဝ ဖြစ်ပေါ်မလာခင်မှာပင် သူတို့က ပျက်ပြယ်တော့မည့်လက္ခဏာများပြသလာ၏။
သို့သော်လည်း သူသည် သိပ်မကြာခင် သူ၏ အသိစိတ်ကို ပြန်လည်ရရှိသွား၏။
သူ၏ မြင်ကွင်းကို မနှိုင်းယှဥ်သာအောင် ကျိန်းစပ်နေသောအလင်းတစ်ခုက ဖုံးအုပ်သွားပြီး သူ၏ မျက်လုံးနှစ်ဖက်ကို မဖွင့်နိုင်တော့ပေ။
ဖောက်...
နောက်ခဏ၌ အလင်းတန်းတစ်ခုက သူ၏ မျက်လုံးအိမ်ထဲသို့ ပစ်ဝင်သွား၏။
စက္ခုနည်းစနစ်... မီးပဒေသာမျက်လုံး... ။
“ဟား...”
မင်းသားယွမ်ကျောက ပျက်ယွင်းနေသောအမူအရာနှင့်အတူ စူးစူးဝါးဝါး အော်ဟစ်လိုက်၏။
သူ၏ မျက်နှာက နာကျင်မှုဖြင့် ရှုံ့မဲ့သွား၏။
သူ၏ ဘယ်ဘက်မျက်လုံးက မီးပဒေသာမျက်လုံးကြောင့် ကန်းသွားခဲ့ပြီဖြစ်၏။
သူ၏ မျက်လုံးက လုံးဝကိုကြေမွသွား၏။ သို့သော်လည်း မည်သည့်သွေးမှ ထွက်မလာခဲ့ပေ။
သူ၏ မျက်လုံးအိမ်ထဲရှိ သွေးများသည် မီးပဒေသာမျက်လုံး၏ စွမ်းအားဖြင့် လောင်ကျွမ်းကာအငွေ့ပြန်သွားပြီး တူးချစ်နေသောအမှတ်အသားများသာလျှင် ကျန်ရစ်ခဲ့၏။
အဲ့ဒါသည် အဆင့်-၇ ကမ္ဘာမြေအမြုတေနယ်ပယ်ဖြစ်၏။
အဲ့ဒါက အခြားသော ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ယောက်သာဆိုလျှင် မီးပဒေသာမျက်လုံးသည် သူတို့၏ ဦးခေါင်းကို ထိုးဖောက်ပြီး သူတို့၏ အမြုတေစိတ်ဝိညာဥ်ကို နေရာမှာပင်သတ်ဖြတ်နိုင်ဖို့ များလေသည်။
သို့သော် ယခု... မင်းသားယွမ်ကျောက သူ၏ မျက်လုံးတစ်ဖက်ကို ကွယ်သွားစေရုံမျှသာဖြစ်၏။
“သေစမ်း”
မင်းသားယွမ်ကျော ဟိန်းဟောက်လိုက်၏ ။
သူသည် ဒဏ်ရာအပြင်းအထန်ရရှိသွားသော်လည်း သူ၏ ကျန်ရှိနေသောမျက်လုံးတစ်ဖက်က စက္ခုနည်းစနစ်တစ်ခုကို ထုတ်ဖော်လိုက်၏။
ရှေးကျသောဓားသွားတစ်ခုက သူ၏ မျက်လုံးထဲကနေ အံ့မခန်းအမြန်နှုန်းဖြင့် ပစ်လွင့်ထွက်ပေါ်လာ၏။ အဲ့ဒါက လေဟာနယ်၏ အချုပ်အနှောင်ကို ချိုးဖျက်လိုက်သည့်အလား တစ်ခဏချင်းပင် ဆူဇီမို၏ ဘယ်လက်မျက်လုံးရှေ့သို့ ရောက်ရှိလာခဲ့၏။
ဆူဇီမိုက သူ၏ မျက်လုံးကို အနည်းငယ်မှေးကျဥ်းလိုက်ပြီး ထိုတာအိုစက္ခုနည်းစနစ်ကို မရှောင်တိမ်းပေ။ သူက နောက်တစ်ဖန်တိုက်ခိုက်လိုက်ပြီး မင်းသားယွမ်ကျော၏ ရင်ဘတ်ကို ပစ်ရိုက်ချလိုက်၏။
ဖြောင်း...
မင်းသားယွမ်ကျော၏ ရင်ညွန့်ရိုးက ဆူဇီမို၏ လက်ဝါးရိုက်ချက်ဖြင့် ကျိုးကြေသွား၏။
ကျိုးသွားသောနံရိုးတချို့က မင်းသားယွမ်ကျော၏ နှလုံးကိုပင် ထိုးဖောက်ကာ သူ၏ သွေးချီကို အလျင်အမြန်ဆုတ်ယုတ်သွားစေ၏။
သို့သော်လည်း သူက အံကိုတင်းတင်းကြိတ်ပြီး အဲ့ဒါကို ဂရုမစိုက်သည့်ပုံရှိလေသည်။
သူက ဆူဇီမိုကို အေးစက်စွာသာစိုက်ကြည့်ပြီးပြောလိုက်၏။
“မင်းက ငါ့မျက်လုံးတစ်ဖက်ကို ကွယ်အောင်လုပ်တဲ့အတွက် မင်းအသက်နဲ့ပြန်ပြီးပေးဆပ်ရမယ်”
မင်းသားယွမ်ကျောက အဆင့်-၇ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ဖြစ်၏။
ဆူဇီမိုသည် သူ၏ စက္ခုနည်းစနစ်ကို လုံးဝခုခံနိုင်လိမ့်မည်မဟုတ်ဟု သူက ယုံကြည်မှုရှိနေ၏။ စက္ခုနည်းစနစ်၏ စွမ်းအားကနေစုဖွဲ့ထားသည့် ရှေးဟောင်းဆေဘာသည် ဆူဇီမို၏ ဘယ်ဘက်မျက်လုံးကို ထိုးဖောက်ပြီး သူ၏ အသိစိတ်ထဲသို့ ဝင်ရောက်ကာ သူ၏ အမြုတေစိတ်ဝိညာဥ်ကို ဖျက်ဆီးပစ်ဖို့လုံလောက်နေ၏။
မင်းသားယွမ်ကျောထင်မှတ်ထားသည့်အတိုင်းပင်.. သူ၏ စက္ခုနည်းစနစ်ရှေးဟောင်းဆေဘာက တကယ်ပင် ဆူဇီမို၏ ဘယ်ဘက်မျက်လုံးထဲသို့ ဝင်ရောက်သွား၏။
သို့သော်လည်း အဲ့ဒါက ပင်လယ်ထဲသို့ကျဆင်းသွားသော ရွှံ့ရုပ်တစ်ရုပ်အလား တစ်စွန်းတစ်စမကျန် ပျောက်ကွယ်သွား၏။
တကယ်ဆို... အဲ့ဒီမှာ မည်သည့်ဝဲဂယက်မှပင် ထွက်ပေါ်မလာခဲ့ပေ။
ဆူဇီမိုက လုံးဝကိုအဆင်ပြေပြေရှိနေ၏။