ဘဝသက်တမ်း ယိုယွင်းပျက်စီးခြင်း
Vol. 135 Ch. 2020
အရင်တုန်းက ဆူဇီမို၏ ဘယ်ဘက်မျက်လုံးသည် နောက်ထပ်တာအိုစက္ခုနည်းစနစ် တမလွန်မီးရောင်မျက်လုံးကို ထုတ်ဖော်နိုင်ခဲ့၏။ သို့သော်လည်း ဧကရာဇ်ဂူသင်္ချိုင်းထဲမှာ အထီးကျန်ကျွန်းကနေထွက်လာခဲ့ပြီးနောက် သူ၏ ဘယ်ဘက်မျက်လုံးမှာ တစ်စုံတစ်ရာဖြစ်ပွားခဲ့၏။
အလွန်တရာသန့်စင်သော အမှောင်စွမ်းအားတစ်ခုက သူ၏ ဘယ်ဘက်မျက်လုံးထဲမှာ ကိန်းအောင်းနေခဲ့၏။
တမလွန်မီးရောင်ကျောက်တုံးသည် အမှောင်စွမ်းအားအလုံးအတွင်းမှာရှိနေခဲ့၏။
သို့သော်လည်း ဆူဇီမိုက အဲ့ဒါကို မည်သို့အကဲစမ်းသည်ဖြစ်စေ မည်သည့်ရလဒ်မှ ထွက်ပေါ်မလာခဲ့ပေ။
သူ၏ စိတ်ဝိညာဥ်အသိစိတ်က ဘယ်ဘက်မျက်လုံးထဲသို့ ဝင်ရောက်သောအခါ အဲ့ဒါသည် အမှောင်စွမ်းအားဖြင့် ဝါးမျိုခြင်းခံရပြီး ပျောက်ကွယ်သွားခဲ့၏။
တစ်နည်းအားဖြင့်ဆိုလျှင် သူ၏ တမလွန်မီးရောင်မျက်လုံးကို အချိန်တိုအတွင်းမှာ ဆက်လက်၍ မထုတ်ဖော်နိုင်တော့ပေ။
သို့သော်လည်း ဆူဇီမိုက အချက်တစ်ချက်ကို ကောင်းကောင်းသိထား၏။
သူ၏ ဘယ်ဘက်မျက်လုံးထဲရှိအမှောင်စွမ်းအားက အရမ်းကိုကြောက်စရာကောင်းလေသည်။
အထီးကျွန်းမှာဖြစ်ပွားခဲ့သောမြင်ကွင်းက သူ၏ မှတ်ဉာဏ်ထဲမှာ စွဲထင်နေဆဲဖြစ်၏။
တမလွန်မီးရောင်ကျောက်တုံးကြောင့်သာ မဟုတ်လျှင် သူက ထိုအထီးကျန်ကျွန်းမှာ သေဆုံးခဲ့ရပေလိမ့်မည်။
ထို့ကြောင့် မင်းသားယွမ်ကျော၏ စက္ခုနည်းစနစ်က သူ၏ ဘယ်ဘက်မျက်လုံးသို့ ဝင်ရောက်လာသည်ကို အာရုံခံမိသောအခါ ဆူဇီမိုက အဲ့ဒါကို မရှောင်တိမ်းလိုက်ပေ။
ထိုအပြုအမူက အနည်းငယ်တော့ အန္တရာယ်များလေသည်။
သို့သော်လည်း တကယ်တမ်းမှာ သူက ထိုအလောင်းအစားကနေ အနိုင်ရခဲ့၏။
မင်းသားယွမ်ကျော၏ စက္ခုနည်းစနစ်သည် သူ၏ ဘယ်ဘက်မျက်လုံးထဲသို့ ဝင်ရောက်လာပြီး သိပ်မကြာခင် အမှောင်စွမ်းအား၏ ဝါးမျိုဖျက်ဆီးခြင်းကိုခံလိုက်ရ၏။ တကယ်ဆို သူသည် မည်သည့်အရာကိုမှပင် မခံစားလိုက်ရပေ။
“ကောင်းတယ်ကွာ... ကောင်းတယ်... ကောင်းတယ်”
ထိုသည်ကိုတွေ့မြင်သောအခါ မင်းသားယွမ်ကျောက တွေဝေရှုပ်ထွေးသွား၏။
သို့သော်လည်း သူက အလျင်အမြန်တုံ့ပြန်ပြီး ဆူဇီမိုကို စိုက်ကြည့်ကာ လှောင်ရယ်လိုက်၏။
“အောက်ဘုံက နိမ့်ကျတဲ့အညတရကောင်... မင်းက ဒီလိုပုံစံနဲ့ ငါ့ကိုထိခိုက်အောင်လုပ်နိုင်မယ်ထင်နေလို့လား... မင်းက ရိုးစင်းလွန်းတယ်”
မင်းသားယွမ်ကျောက သူ၏ သိုလှောင်အိတ်ကိုပုတ်ပြီး ဆေးလုံးတစ်လုံးကို ထုတ်ယူကာ မျိုချလိုက်၏။
အဲ့ဒါက ဘယ်လိုထူးခြားအံ့မခန်း ဆေးလုံးဖြစ်သည်ကို မသိရပေ။
အသက်ရှုချိန်အနည်းငယ်မျှနှင့် မင်းသားယွမ်ကျော၏ ခန္ဓာကိုယ်က အဆုံးမဲ့အသက်ဓာတ်အားနှင့်အတူ တောက်ပလာခဲ့၏။
သူ၏ ကျိုးကြေသွားသောလက်က အလျင်အမြန်ပြန်ဆက်သွားပြီး သူ၏ ရင်ဘတ်ထဲရှိ အရိုးများကလည်း တဖြည်းဖြည်းပြန်လည်သက်သာကောင်းမွန်လာ၏။ သူ၏ ကွယ်နေသောမျက်လုံးကို ပြန်လည်ပြင်ဆင်နေပြီး သူ၏ နှလုံးကလည်း ဆက်လက်၍ သွေးမထွက်တော့ပေ။
ဘာပဲပြောပြော သူက မင်းသားတစ်ပါးဖြစ်ပြီး သူ့မှာ အသက်ကယ်ရတနာများစွာရှိနေ၏။
ဆူဇီမိုက သူ့ကို ချက်ချင်းလက်ငင်းမသတ်ဖြတ်နိုင်သရွေ့ အဲ့ဒီမှာ နောက်ထပ်အခွင့်အရေးရှိတော့မည် မဟုတ်ပေ။
ကမ္ဘာမြေအင်မော်တယ်များသည် အစကတည်းက ပြတ်တောက်သွားသောခြေလက်များကို ပြန်ပေါက်စေနိုင်၏။ စောစောက အင်မော်တယ်ဆေးလုံး၏ ဆေးအာနိသင်နှင့်ပေါင်းစပ်လိုက်သောအခါ မင်းသားယွမ်ကျော၏ ထိခိုက်ဒဏ်ရာများက မြင်နိုင်သောနှုန်းထားဖြင့် သက်သာပျောက်ကင်းလာနေ၏။
သူတို့ကြား ကျင့်ကြံမှုအဆင့် ကွာဟချက်က အလွန်ကြီးမားနေ၏။ ဆူဇီမိုအနေဖြင့် သူ့ကို ဒဏ်ရာအပြင်းအထန် ရရှိအောင်လုပ်ဖို့ သို့မဟုတ် သူ၏ အခြေခံအုတ်မြစ်ကိုထိခိုက်အောင်လုပ်ဖို့က အင်မတန်ခဲယဥ်းလေသည်။
ဆူဇီမိုသည် မင်းသားယွမ်ကျောကို သရော်တော်တော်အမူအရာတစ်ခုနှင့်အတူ အေးစက်စွာသာကြည့်နေ၏။ မင်းသားယွမ်ကျော၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများက သက်သာပျောက်ကင်းလာနေ၏။ သို့သော်လည်း သူ၏ နာထင်စပ်က အနည်းငယ်ဖြူဖွေးလာပြီး သူ၏ မျက်နှာက အနည်းငယ်အိုစာသည့်ပုံပေါက်လာခဲ့၏။
“ဟမ်...”
ထိုစဥ်မှာပင် မင်းသားယွမ်ကျောကလည်း သူ၏ ခန္ဓာကိုယ်နှင့်ပတ်သက်၍ တစ်စုံတစ်ရာလွဲမှားနေသည်ကို သတိထားမိသွား၏။
“ငါ့ရဲ့ဘဝသက်တမ်း”
မင်းသားယွမ်ကျော၏ မျက်လုံးက တုန်လှုပ်စွာဖြင့် ပြူးကျယ်သွား၏။
အစကတော့ သူ့သည် အသက်နှစ်လေးသောင်းကျော်သာရှိခဲ့လေသည်။
နှစ်နှစ်သိန်းဘဝသက်တမ်းရှိသော ကမ္ဘာမြေအင်မော်တယ်တစ်ယောက်အတွက် သူ့ကိုလူငယ်တစ်ယောက်ဟုဆိုရပေမည်။
သို့သော်ယခု သူသည် အသက်နှစ်တစ်သိန်းခြောက်သောင်းကျော်သို့ရောက်ရှိသွားခဲ့ပြီး သူ့မှာအသက်ရှင်ဖို့အတွက် ဘဝသက်တမ်းနှစ်လေးသောင်းပင် မကျန်ရှိတော့ပေ။
သူ၏ အသက်က တစ်ခါတည်းနှင့် နှစ်တစ်သိန်းနှစ်သောင်းကျော် ပိုကြီးသွား၏။
အဲ့ဒါက ဘယ်လိုဖြစ်ရတာလဲ။
မင်းသားယွမ်ကျောသည် သူ၏ အမြုတေစိတ်ဝိညာဥ်ကို အဆက်မပြတ်လှည့်ပတ်ပြီး သူ၏ လျော့ကျသွားသောဘဝသက်တမ်းကို ပြန်လည်ရယူဖို့အတွက် နတ်ဘုရားစွမ်းအားများကို ထုတ်ဖော်လိုက်၏။
သို့သော်လည်း သူကမည်သို့သောနည်းလမ်းများကို ထုတ်ဖော်သည်ဖြစ်စေ... သူ၏ ဆုံးရှုံးသွားသော ဘဝသက်တမ်းကို ပြန်လည်ရရှိမည့် မည်သည့်လက္ခဏာမှ ပြသမလာပေ။
“မင်း... မင်းဘာလုပ်လိုက်တာလဲ”
မင်းသားယွမ်ကျောက ဆူဇီမိုကို အရှင်လတ်လတ်အရေခွံစုတ်ချင်နေသည့်အလား စိုက်ကြည့်နေ၏။
ဆူဇီမိုက လှောင်ရယ်လိုက်၏။
သူသည် မင်းသားယွမ်ကျောနှင့် စစချင်းတိုက်ခိုက်ဖလှယ်ပြီးနောက် အဆင့်-၁၀ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာပင်လျှင် ထိုသူကို ဒဏ်ရာအပြင်းအထန်ရရှိအောင် လုပ်နိုင်မည်မဟုတ်ကြောင်း နားလည်သဘောပေါက်ခဲ့၏။
ထို့ကြောင့် နောက်ပိုင်းတိုက်ခိုက်လိုက်သောတိုက်ခိုက်မှုနှစ်ရပ်မှာ ဆူဇီမိုသည် အပေါ်ယံအားဖြင့် မင်းသားယွမ်ကျောကို သူ၏ လက်ဝါးဖြင့် ပစ်ရိုက်ခဲ့ခြင်းသာဖြစ်၏။
သို့သော်လည်း တကယ်တမ်းမှာတော့... သူသည် အဆင့်မြင့်နတ်ဘုရားစွမ်းအား ဆေဘာတစ်လက်ကဲ့သို့ အချိန်ကို စုဖွဲ့ပြီး နှစ်ကြိမ်စလုံးမှာ အဲ့ဒါကိုမင်းသားယွမ်ကျောအပေါ် ထုတ်ဖော်ခဲ့၏။
ထိုအချိန်တုန်းက နှစ်ယောက်စလုံးက အကြိတ်အနယ်တိုက်ခိုက်နေကြပြီး မင်းသားယွမ်ကျောက အဆက်မပြတ်ဒဏ်ရာအပြင်းအထန်ရရှိခဲ့၏။ သူ၏ မျက်စိတစ်ဖက်ကလည်း ကွယ်သွားခဲ့ပြီး သူ၏ ဘဝသက်တမ်းယိုယွင်းပျက်စီးမှုကို ချက်ချင်းသတိမထားမိခဲ့ပေ။
ယခုအခါမှသာ သူ့ခန္ဓာကိုယ်၏ အခြေအနေကိုသူက နားလည်သဘောပေါက်သွား၏။
ဖျတ်ခနဲဆို ဆူဇီမိုက မင်းသားယွမ်ကျောထံသို့ နောက်တစ်ဖန်ပြေးဝင်လိုက်၏။
မင်းသားယွမ်ကျောသည် အချိန်ဆေဘာဖြင့် နောက်တစ်ဖန်ထိခတ်ခံရသည်နှင့် သူက အဆင့်-၇ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ဆိုလျှင်တောင် သူ၏ ဘဝသက်တမ်း ကုန်ဆုံးမှုကနေ သေဆုံးရပေလိမ့်မည်။
ဆူဇီမိုသည် သူ၏ လျှို့ဝှက်အတတ်ကိုလှည့်ပတ်ပြီး သူ၏ ဘေးမှာ မီးတောက်လုံးလေးလုံးကို ရုတ်တရက်ပေါ်ထွက်လာစေ၏။
ထို့နောက်ချက်ချင်းပင် မီးတောက်လုံး လေးလုံးက အတူတကွစုစည်းသွားပြီး မင်းသားယွမ်ကျောရှိရာသို့ ပစ်ဝင်သွား၏။
အဲ့ဒါက ထိတွေ့တော့မည့်ဆဲဆဲမှာပင် ဆူဇီမိုသည် စိတ်ဝိညာဥ်အသိစိတ်မီးတောက်တစ်ခုကိုထုတ်ဖော်ပြီး လေးရောင်စပ်မီးတောက်ထဲသို့ ဝင်ရောက်သွားစေ၏။
ပဉ္စဝဏ္ဏတာအိုမီး...။
ပဉ္စဝဏ္ဏတာအိုမီးသည် မင်းသားယွမ်ကျောပေါ်ကိုဆင်းသက်ပြီး ဒေါသူပုန်ထနေသော မီးတောက်များဖြင့် လောင်ကျွမ်းလိုက်၏။
ရုတ်တရက်ဆိုသလို...။
မီးတောက်ထဲကနေ ကြောက်စရာကောင်းသောစွမ်းအားတစ်ခုက ပေါက်ကွဲထွက်ပေါ်လာ၏။
ရှဲ...
ထို့နောက် ချက်ချင်းပင်ထူးဆန်းသောအသံတစ်ခုက ထွက်ပေါ်လာ၏။
မင်းသားယွမ်ကျော၏ ပုံရိပ်က ပြန်လည်ပေါ်ထွက်လာပြီး သူ၏ ခန္ဓာကိုယ်ပေါ်မှာ ဒေါသူပုန်ထနေသော ဒီရေလှိုင်းတစ်ခုပေါက်ကွဲထွက်ပေါ်ကာ ပဉ္စဝဏ္ဏတာအိုမီးကို ဖိနှိမ်၍ အဲ့ဒါကို တဖြည်းဖြည်းငြိမ်းသေသွားစေ၏။
ဆူဇီမိုက တိတ်တဆိတ်ထိတ်လန့်သွား၏။
ကျင့်ကြံမှုအဆင့် ကွာဟချက်က အလွန်ကြီးမားနေပြီး ပဉ္စဝဏ္ဏတာအိုမီးကပင် အဲ့ဒါကို မဖာထေးပေးနိုင်ပေ။
အစိမ်းရောင်မီးခိုးများကြားမှာ မင်းသားယွမ်ကျော၏ မျက်နှာက ညိုမည်း၍ သူ၏ မျက်လုံးများက သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်နေ၏။ သူသည် လက်နှစ်ဖက်ဖြင့် လက်ဟန်ချိပ်စည်းများကိုလှုပ်ရှားပြီး ဆူဇီမိုထံသို့ ဖြည်းဖြည်းချင်းလျှောက်လှမ်းလာ၏။
ဆူဇီမိုကလည်း အကြောက်အလန့်ကင်းမဲ့လေသည်။
သံရှည်တစ်ချက်ဆွဲ၍ ဟိန်းဟောက်ပြီး သူက ပင်ကိုနတ်ဘုရားစွမ်းအား အစွယ်ခြောက်ချောင်းနတ်ဆင်ခွန်အားကို ထုတ်ဖော်လိုက်၏။
သူ၏ သွေးချီ၊ ကိုယ်ကာယနှင့် အမြုတေစိတ်ဝိညာဥ်စွမ်းအားက တလိပ်လိပ်ထိုးတက်လာ၏။
သူ၏ ကျင့်ကြံမှုနယ်ပယ်က အဆင့်-၁ ကမ္ဘာမြေအမြုတေနယ်ပယ်မှာသာရှိသော်လည်း သူ၏ အမြုတေစိတ်ဝိညာဥ်သည် အဆင့်-၃ ကမ္ဘာမြေအမြုတေနယ်ပယ်မှာရှိနေခဲ့၏။
ယခု... အစွယ်ခြောက်ချောင်းနတ်ဆင်ခွန်အား၏ တိုးမြှင့်ပေးမှုနှင့်အတူ သူ့အမြုတေစိတ်ဝိညာဥ်၏ စွမ်းအားက ဆပွားတိုးလာပြီး အဲ့ဒါက အဆင့်-၄ ကမ္ဘာမြေအမြုတေနယ်ပယ်သို့ ရောက်ရှိလာခဲ့၏။
ထိုသို့ဆိုလျှင်တောင် သူသည် မင်းသားယွမ်ကျော၏ အမြုတေစိတ်ဝိညာဥ်ကျင့်ကြံမှုနှင့် အဆင့်သုံးဆင့် ကွာဟနေဆဲ ဖြစ်၏။
“ဘာလို့လဲ... မင်းက မင်းရဲ့အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်ကို အသုံးချချင်လို့လား”
မင်းသားယွမ်ကျောက သရော်တော်တော်အမူအရာတစ်ခုနှင့်အတူ သူ၏ ခေါင်းကို ခါယမ်းလိုက်၏။
“မင်းက... မီးနဲ့လာပြီးကစားနေတာပဲ... မင်းသေချင်နေတာပဲ ဖြစ်ရမယ်”
သူ့စကားမဆုံးသေးခင်မှာပင် မင်းသားယွမ်ကျောသည် အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်တစ်ခုကို အလျင်အမြန်စုဖွဲ့ပြီး အဲ့ဒါကိုထုတ်ဖော်ကာ ဆူဇီမိုထံသို့ ဝင်ရောက်သွားစေ၏။
အခြားတစ်ဘက်မှာ ဆူဇီမို၏ အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်ကလည်း ထွက်ပေါ်လာခဲ့၏။
ဒါ့အပြင် အဲ့ဒါက တစ်ခုတည်းမဟုတ်ပေ။
အချိန်တိုအတွင်းမှာပင် ဆူဇီမိုသည် အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်လေးခုကို ထုတ်ဖော်လိုက်၏။
ဘက်ပြန်ကြေးခွံ၊ ရူလိုင်းဓမ္မချိပ်စည်း၊ စိတ်ဝိညာဥ်နှိမ်နှင်းကျာပွတ်နှင့် အစိမ်းရောင်ကြာပန်းဓားတို့က ဒေါသူပုန်ထနေသော ဒီရေလှိုင်းများနှင့် သည်းထန်စွာရွာသွန်းနေသော မိုးပေါက်များကဲ့သို့ ထွက်ပေါ်လာ၏။
“အား...”
မင်းသားယွမ်ကျောသည် အစက ယုံကြည်မှုကောင်းကောင်းရှိနေခဲ့၏။ သို့သော်လည်း သူ၏ အမူအရာက ရုတ်ချည်းပင်ပြောင်းလဲသွား၏။
သူ၏ သူငယ်အိမ်နှစ်ဖက်က တင်းကျပ်သွားပြီး သူက ကျိန်ဆဲချင်၏။
သို့သော်လည်း သူသည် ဆူဇီမို၏ စိတ်ဝိညာဥ်လျှို့ဝှက်အတတ်လေးခုဖြင့် အသည်းအသန် ရင်ဆိုင်ရတော့မည် ဖြစ်လေသည်။
ပုံမှန်အမြုတေစိတ်ဝိညာဥ်တိုက်ပွဲများမှာဆိုလျှင် နှစ်ဖက်စလုံးသည် အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်တစ်ခုစီကိုသာ ထုတ်ဖော်ကြမည်ဖြစ်၏။
အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်လေးခုကို တစ်ခါတည်းထုတ်ဖော်နိုင်သည့်သူကို သူတစ်ခါမှ မတွေ့မြင်ဖူးခဲ့ပေ။
ဤကဲ့သို့ သိပ်သည်းပြင်းထန်သော စွမ်းအင်သုံးစွဲမှုနှင့် ဝန်ထုပ်ဝန်ပိုးကို ဘယ်လိုအမြုတေစိတ်ဝိညာဥ်က တောင့်ခံနိုင်မှာလဲ။
သူ၏ အမြုတေစိတ်ဝိညာဥ်နယ်ပယ်က ဆူဇီမိုထက် တကယ်ပင် အဆင့်သုံးဆင့် မြင့်မားလေသည်။
သို့သော်လည်း သူ၏ ဘဝသက်တမ်းက အပြင်းအထန်လျော့ကျခဲ့ပြီး သူသည် သူ့ဘဝ၏ နှောင်းပိုင်းအရွယ်သို့ ဝင်ရောက်သွားခဲ့၏။ သူ၏ အမြုတေစိတ်ဝိညာဥ်က ယခင်ကကဲ့သို့ သိပ်သည်းကျစ်လစ်မှု မရှိတော့ပေ။
ယခု... သူ၏ အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်သည် ဆူဇီမို၏ အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်လေးခုနှင့် ထိတွေ့ရိုက်ခတ်ပြီးနောက် ခန်းမထဲရှိလေဟာနယ်က ပြင်းထန်စွာတုန်ခါကာ အနိုင်ရရှိသူကို ဆုံးဖြတ်နိုင်ဖို့ခက်ခဲနေ၏။
သူတို့နှစ်ယောက်စလုံးသည် ဆတ်ခနဲတုန်ယင်၍ နာကျင်စွာအော်ဟစ်ရင်း သူတို့၏ ဦးခေါင်းများကို လက်နှစ်ဖက်ဖြင့် အုပ်ကိုင်ထားကြ၏။
ဆူဇီမိုသည် ဘာပဲပြောပြော အစိမ်းရောင်ကြာပန်း အမြုတေစိတ်ဝိညာဥ် ဖြစ်ပြီး သူ့ကို ဖန်တီးခြင်းကြာခုံက အားဖြည့်ပေးနေ၏။
သူ့အမြုတေစိတ်ဝိညာဥ်က လှုပ်ခတ်သွားသော်လည်း သူ၏ အခြေခံအုတ်မြစ်က မထိခိုက်သွားပေ။
သို့သော်လည်း မင်းသားယွမ်ကျော၏ အမြုတေစိတ်ဝိညာဥ်ပေါ်မှာ ပါးလွှာသော အက်ကွဲကြောင်းများ ပေါ်ထွက်လာ၏။
“နိမ့်ကျအညတရကောင်.... ပုရွက်ဆိတ်...”
မင်းသားယွမ်ကျောက ဒေါသူပုန်ထနေပြီး ဟိန်းဟောက်လိုက်၏။
ထိုစဥ်မှာပင် သူ၏ နောက်ဘက်မှာ ပုံရိပ်ယောင်ကဲ့သို့ ပုံရိပ်တစ်ခုက ပေါ်ထွက်လာ၏။ အမူအရာကင်းမဲ့စွာဖြင့် ထိုပုံရိပ်က ထက်ရှသော ဓားသွားတစ်ခုကို လက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်ပြီး တိတ်တဆိတ်ရောက်ရှိလာခဲ့၏။