← Chapters

လက်စသတ်တော့ အဲ့ဒါမင်းပဲ

Vol. 135 Ch. 2021

လက်စသတ်တော့ အဲ့ဒါမင်းပဲ

Vol. 135 Ch. 2021

ဖုန့်ကျစ်ရီ...။

သူမသည် လွတ်မြောက်သွားခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သော်လည်း သူမကချက်ချင်း တိုက်ခိုက်မလာခဲ့ပေ။

ထိုအစား သူမက အခွင့်အလမ်းတစ်ရပ်ကို စိတ်ရှည်လက်ရှည်စောင့်ဆိုင်းနေခဲ့၏။

ယခု... မင်းသားယွမ်ကျော၏ ဘဝသက်တမ်းက ကျဆင်းသွားခဲ့ပြီး သူ၏ အမြုတေစိတ်ဝိညာဥ်က တိုက်ခိုက်ခံနေရကာ အဲ့ဒါကရှားရှားပါးပါး အခွင့်အလမ်းတစ်ရပ်ဖြစ်၏။ ထိပ်သီးလုပ်ကြံသတ်ဖြတ်သူတစ်ယောက်အနေဖြင့် သူမက အဲ့ဒါကိုသေချာပေါက်လက်လွှတ်ခံမည်မဟုတ်ပေ။

နက်မှောင်နေသော ဓားမြှောင်များက လေထုကိုဖြတ်ကျော်လာပြီး မင်းသားယွမ်ကျော၏ လည်ပင်းနှင့် ဦးခေါင်းဆီသို့ ခုတ်ပိုင်းချလိုက်၏။

ဓားမြှောင်များက နက်မှောင်၍ထက်ရှနေသော်လည်း သူတို့က လေဟာနယ်ထဲမှာ ပုန်းကွယ်နေသည့်အလား မည်သည့်အရောင်အဝါမှ မရှိပေ။

ဖုန့်ကျစ်ရီသည် မည်သည့်သတ်ဖြတ်ခြင်းစိတ်ဆန္ဒကိုမှ ထုတ်ဖော်မထားခဲ့ပေ။

ဓားမြှောင်များက ဖုန့်ကျစ်ရီနှင့်ပေါင်းစည်းသွားပြီး သူမ၏ လက်များကဲ့သို့ ဖြစ်လာပုံရ၏။

တစ်ချိန်တည်းမှာပင် ဆူဇီမို၏ အမြုတေစိတ်ဝိညာဥ်က ဖန်​တီးခြင်းကြာခုံ၏ အားဖြည့်ပေးမှုနှင့်အတူ မင်းသားယွမ်ကျောထက် ပို၍မြန်ဆန်စွာ အားအင်ပြည့်ဝလာ၏။

သူက မြေပြင်ကိုဆွဲကျုံ့နိုင့်သည့် လှုပ်ရှားမှုနည်းစနစ်ကို လှည့်ပတ်ပြီး ခြေလှမ်းအနည်းငယ်အတွင်း ထိုသူ၏ ရှေ့သို့ ရောက်ရှိလာ၏။

ဆူဇီမိုက အသံမထွက်ဘဲ သူ၏ လက်ဖဝါးကိုလှုပ်ရှားကာ မင်းသားယွမ်ကျော၏ ဦးခေါင်းအပေါ်ကနေဖိချလိုက်၏။

“နိမ့်ကျသက်ရှိနှစ်ကောင်... သွားစမ်း”

မင်းသားယွမ်ကျောက သူ၏ အမြုတေစိတ်ဝိညာဥ်မှ ဆုတ်ဖြဲခံနေရသည့် နာကျင်မှုကို ဆက်လက်၍ ဂရုမစိုက်တော့ပေ။

ရုတ်တရက် သူက သူ၏ နှာရောင်ကို ညင်သာစွာထိပြီး နက်မှောင်နေသောစာလိပ်တစ်လိပ်ကို ဆွဲထုတ်လိုက်၏။

ဝေါ...

မင်းသားယွမ်ကျောက နက်မှောင်နေသောစာလိပ်ကို ဖြန့်လိုက်ပြီး သူ့ပေါ်ကနေလွှမ်းခြုံလိုက်၏။

အဲ့ဒါသည် မင်းသားယွမ်ကျော၏ မူပိုင်ဓမ္မလက်နက် အမဲလိုက်အဆင့်သတ်မှတ်ချက်ဖြစ်၏။

နက်မှောင်နေသောဓားမြှောင်များက မင်းသားယွမ်ကျောပေါ်သို့ ဆင်းသက်မလာနိုင်တော့ပေ။ ထိုအစား သူတို့သည် အမဲလိုက်အဆင့်သတ်မှတ်ချက်၏ ပိတ်ဆို့တားဆီးခြင်းကို ခံလိုက်ရ၏။

အမဲလိုက်အဆင့်သတ်မှတ်ချက်ပေါ်ရှိ နက်မှောင်နေသော ပိတ်စများက အနည်းငယ်တုန်ခါသွားပြီး သိပ်သည်းပြင်းထန်သော ပြန်ကန်အားတစ်ခုကို ထုတ်ဖော်ကာ ဓားမြှောင်နှစ်လက်ကို ခန်မ၏ သံနံရံရှိရာသို့ လွင့်စင်ထွက်သွားစေ၏။

စွမ်းအားက အရမ်းကိုသန်မာပြီး ဖုန့်ကျစ်ရီ၏ လက်ဖဝါးကလည်း စုတ်ပြဲသွား၏။ ခပ်သဲ့သဲ့ ညည်းတွားရင်း သူမသည်လည်း နောက်တစ်ဖန်လွင့်စင်ထွက်ကာ သွေးများစွာကို အန်ထုတ်လိုက်ရ၏။

ဆူဇီမိုက အပေါ်စီးကနေ ပစ်ရိုက်ချလိုက်ပြီး အမဲလိုက်အဆင့်သတ်မှတ်ချက်ပေါ်ရှိ သွေးနီရောင်အမည်များက သွေးရောင်အလင်းတစ်ခုနှင့်အတူ ပေါက်ကွဲထွက်လာ၏။

ဆူဇီမို၏ အမည်ကလည်း သူတို့ကြားမှာပါဝင်လေသည်။

ဖောက်... ​ဖောက်... ​​ဖောက်...

သွေးရောင်အလင်းက အလွန်တရာကြောက်စရာကောင်းပြီး စွမ်းအားကြီးမားနေ၏။ ဆူဇီမို၏ လက်ဝါးက အဆင့်-၁၀ ဖန်တီးခြင်းကြာပဒုမ္မာဖြစ်သည်ဆိုလျှင်တောင် အဲ့ဒါက သွေးရောင်အလင်းကို မထိုးဖောက်နိုင်ပေ။

ဆူဇီမိုက ရင်တစ်ချက်ထိတ်သွားပြီး သူ၏ အမူအရာက အနည်းငယ်ပြောင်းလဲကာ နောက်သို့အလောတကြီးဆုတ်လိုက်၏။

သူသည် သွေးရောင်အလင်းဖြင့် လွှမ်းခြုံခြင်းခံရလျှင် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာပင်လျှင် စကာပေါက်ဖြစ်သွားရပေလိမ့်မည်။

ဆူဇီမို၏ လက်ဖဝါးပေါ်ရှိ သွေးသံရဲရဲအပေါက်က အလွန်တရာတိုက်စားတတ်သော အော်ရာတစ်ခုကို ဖြာထုတ်ပေးပြီး သူ၏ လက်ဖဝါးတစ်ဖက်လုံးကို ဆက်လက်၍ တိုက်စားပစ်ချင်နေ၏။

သို့သော်လည်း ဖန်တီးခြင်းကြာခုံမှာ စွမ်းအားကြီးမားသောမျိုးဆက်သွေးနှင့် တုန်လှုပ်စရာကောင်းသော ပြန်လည်ကုသနိုင်စွမ်းရှိလေသည်။

လျှပ်စီးလျှပ်ပန်းများက သူ၏ ဒဏ်ရာပေါ်မှာ ပေါ်ထွက်လာပြီး အမဲလိုက်အဆင့်သတ်မှတ်ချက်၏ ဆိုးယုတ်သွေးရောင်အလင်းကိုဖိနှိမ်လိုက်၏။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာနှင့် မိုးကြိုးအရိုးများနှင့်အတူ သူ၏ လက်ဖဝါးပေါ်ရှိသွေးသံရဲရဲအပေါက်က ဖြည်းဖြည်းချင်းသက်သာပျောက်ကင်းလာ၏။

“ဟီးဟီးဟီးဟီး.... ဟားဟားဟားဟား....”

အမဲလိုက်အဆင့်သတ်မှတ်ချက်က မင်းသားယွမ်ကျောဦးခေါင်းထက်မှာ ရစ်ဝဲနေ၏။ အရင်ဆုံး သူက နက်ရှိုင်းစွာလှောင်ရယ်လိုက်ပြီ ထို့နောက် သူ၏ ခေါင်းကိုမော့ကာ ဟားတိုက်ရယ်မောလိုက်၏။

“မင်းတို့ ပုရွက်ဆိတ်နှစ်ကောင်က ငါ့ကိုသတ်ဖြတ်ဖို့ဘယ်လိုတောင် ကြိုးစားရဲတာလဲ”

မင်းသားယွမ်ကျောက အံကိုကြိတ်လိုက်၏။ သူကပြုံးနေသော်လည်း သူ၏ မျက်လုံးများက အဆုံးမဲ့အမျက်ဒေါသဖြင့်ပြည့်နှက်နေ၏။

ဘုရင်ကျင်း၏ သား... နယ်မြေဒေသတစ်ခုကို အုပ်စိုးသော မင်းသားတစ်ပါးအနေဖြင့် သူသည် ဤကဲ့သို့သောကြီးမားသည့် ဆုံးရှုံးမှုတစ်ရပ်နှင့် မကြုံတွေ့ခဲ့ရသည်မှာ ကြာခဲ့ပြီဖြစ်၏။

ဖုန့်ကျစ်ရီက သူ့ကိုတိုက်ခိုက်လာသည်ကို သူကနားလည်ပေးနိုင်၏။

ဘာပဲပြောပြော သူတို့ကြားမှာ နက်ရှိုင်းသောရန်ငြိုးရန်စတစ်ခုရှိနေ၏။

ဒါ့အပြင် သူက ဖုန့်ကျစ်ရီ၏ သရုပ်သကန်ကို ဖော်ထုတ်ခဲ့ပြီဖြစ်၏။ သူမက မတိုက်ခိုက်ဘူးဆိုလျှင်တောင် သူက သူမကို သတ်ဖြတ်ရပေလိမ့်မည်။

သို့သော်လည်း ဆူဇီမိုကတော့... သူနှင့်ဘာမှပတ်သက်မှုမရှိပေ။

အောက်ဘုံကနေတက်လှမ်းလာသည့် ဘာမဟုတ်သည့်လူတစ်ယောက်က သူ့ကိုဘယ်လိုကြောင့် တိုက်ခိုက်ရဲတာလဲ။

ဒါ့အပြင် ထိုဘာမဟုတ်သည့်လူကြောင့် သူကထိခိုက်ဒဏ်ရာရရှိထားခဲ့၏။

မင်းသားယွမ်ကျောသည် သူ၏ ဂုဏ်သိက္ခာက ထိပါးခံရပြီး အရှက်ခွဲစော်ကားခံရသည်ဟု ခံစားနေရ၏။

သူရှေ့မှာရှိသော ဆူဇီမို၏ သရုပ်သကန်က ဘာလဲ...။

သူတို့ထဲမှတစ်ယောက်က အမြင့်ဆုံးမှာရှိနေပြီး တစ်ယောက်က အောက်ဆုံးမှာရှိနေ၏။

အားနည်းသောနှံကောင်က သူ၏ လမ်းကြောင်းကိုပိတ်ဆို့ဖို့တားဆီးခဲ့ပြီး သူ့ကို ထိခိုက်အောင်ပင်လုပ်နိုင်ခဲ့သည့်အလား ခံစားနေရ၏။

မင်းသားယွမ်ကျော၏ ရင်ထဲရှိ အမျက်ဒေါသကို စဥ်းစားကြည့်နိုင်၏။

“မင်း... နိမ့်ကျသက်ရှိ ငါ့ကိုတိုက်ခိုက်ဖို့သတ္တိ မင်းကိုဘယ်သူပေးထားတာလဲ”

မင်းသားယွမ်ကျောက ကြမ်းကြုတ်ခက်ထန်သော အကြည့်တစ်ခုနှင့်အတူ ဆူဇီမိုကိုစိုက်ကြည့်ပြီး အံကိုကြိတ်ကာမေးလိုက်၏။

“ဆူဇီမို... နင်ထွက်သွားနိုင်တယ်ဆိုရင်... မြန်မြန်သွားတော့ ငါ့ကိုဂရုစိုက်မနေနဲ့”

ဖုန့်ကျစ်ရီက သူမ၏ စိတ်ဝိညာဥ်အသိစိတ်ဖြင့် အသံတစ်ခုကို ပို့လွှတ်လိုက်၏။

“သူက အမဲလိုက်အဆင့်သတ်မှတ်ချက်ကို ထုတ်ဖော်ခဲ့ပြီးပြီ... ဒီရတနာက သူ့ကိုကာကွယ်ပေးထားရင် ငါတို့သူ့ကို ဘာမှလုပ်နိုင်မှာမဟုတ်တော့ဘူး”

“အဲ့လိုလည်း မဟုတ်လောက်ပါဘူး”

ဆူဇီမိုက သူ၏ ခေါင်းကို ညင်သာစွာခါ၍ မင်းသားယွမ်ကျောရှိရာသို့ ဆက်လက်လျှောက်လှမ်းလိုက်၏။

“ဟုတ်ပြီလေ”

ဆူဇီမိုက ဆက်လက်တိုက်ခိုက်ချင်သည်ကိုတွေ့မြင်သောအခါ မင်းသားယွမ်ကျောက မကောင်းဆိုးဝါးဆန်ဆန် ရယ်မောလိုက်၏။

“မင်းက... သေချင်နေတယ်ဆိုမှတော့လည်း ငါက မင်းဆန္ဒကို ဖြည့်ပေးတာပေါ့”

မင်းသားယွမ်ကျောက ရှေ့သို့ စေညွှန်ပြီး သူ၏ ဦးခေါင်းထက်ရှိ အမဲလိုက်အဆင့်သတ်မှတ်ချက်ကို လည်ပတ်ကာ ဆူဇီမိုထံသို့ ပျံသန်းသွားစေ၏။

အဲ့ဒါက သွေးရောင်အလင်းစီးကြောင်းများကိုထုတ်ဖော်ပြီး ဆူဇီမိုကိုလုံးဝဝါးမျိုပစ်ချင်နေ၏။

ဆူဇီမိုက အကြောက်အလန့်ကင်းမဲ့နေပြီး သူ၏ နှာရောင်က ပွင့်ဟသွားလေသည်။ အစိမ်းရောင်အလင်းတစ်ခုက ပျံသန်းထွက်လာပြီး သူ၏ ရှေ့မှာ လျ​င်မြန်စွာပြန့်ကားသွား၏။ အဲ့ဒါက လူတစ်ယောက်၏ အရပ်တစ်ဝက်လောက်ရှိသော လေးထောင့်စပ်စပ် ကြေးမီးဖိုတစ်လုံးအဖြစ် အသွင်ပြောင်းလဲသွား၏။

စတုရန်းကြေးမီးဖိုက ဆင်းသက်လာခဲ့ပြီး ရှေးကျသောအော်ရာတစ်ခုကို ဖြာထုတ်ပေးနေ၏။

မီးဖို၏ နံရံသုံးဖက်ပေါ်မှာ အသက်ဝင်နေသောပုံသဏ္ဌာန်များရှိနေ၏။ မိုးပြာနဂါးက လှည့်ပတ်နေပြီး ဟင်္သပဒါးငှက်က မီးတောက်များကြားမှာရှိနေကာ လိပ်နှင့်မြွေတို့က ယှက်ဖြာပြီး အထွတ်အမြတ်တောကောင်သုံးကောင်၏ ပုံပန်းသွင်ပြင်များကို ထုတ်ဖော်ပြသနေ၏။

မီးဖို၏ နောက်ဆုံးနံရံက ကြေမွ၍ ၎င်းပေါ်မှာရှိသော ပုံသဏ္ဌာန်ကို လုံးဝမတွေ့မြင်ရပေ။

“ဒီမီးဖိုက...”

မင်းသားယွမ်ကျောက ဆတ်ခနဲ တုန်ယင်သွားပြီး အဲ့ဒါကိုတစ်နေရာမှာတွေ့မြင်ဖူးသည့်အလား စတုရန်းကြေးမီးဖိုက သူနှင့် ရင်းနှီးနေသည်ဟုခံစားရ၏။

ဖုန့်ကျစ်ရီက စတုရန်းကြေးမီးဖိုကိုတွေ့မြင်သောအခါ သူမသည်လည်း တုန်လှုပ်သွားပြီး တစ်စုံတစ်ရာကို အမှတ်ရသွား၏။

“လက်စသတ်တော့... အဲ့ဒါနင်ပဲ”

“လက်စသတ်တော့... အဲ့ဒါမင်းပဲ”

တစ်ချိန်တည်းနီးပါးမှာပင် မင်းသားယွမ်ကျောနှင့် ဖုန့်ကျစ်ရီတို့က လွှတ်ခနဲပြောဆိုလိုက်ကြ၏။

လွန်ခဲ့သည့်တစ်နှစ်က ဖုန့်စန်းထျန်သည် ပကတိတစ်ဆယ်ငရဲကနေ လွတ်မြောက်လာခဲ့ပြီး ပကတိအင်မော်တယ် ၁၁ ယောက်နှင့် ဆန့်ကျင်တိုက်ခိုက်ခဲ့၏။ သူက ပကတိမိုးကြိုးမြို့တော်မှာ ပကတိမိုးကြိုးနတ်ဘုရားကျော်တိုင်၏ ဖိနှိမ်ခြင်းကိုခံရပြီး ရှုံးနိမ့်လုနီးပါးဖြစ်ခဲ့ရ၏။

ဖုန်းစန်းထျန်သည် ရုတ်တရက် ယိုယွင်းပျက်စီးနေသော စတုရန်းကြေးမီးဖိုတစ်လုံးကို ဆင့်ခေါ်နိုင်ခဲ့ခြင်းကြောင့်သာ သူသည် ပကတိမိုးကြိုးနတ်ဘုရားကျောက်တိုင်ကို ခြေမွှဖျက်ဆီးပြီး နတ်ဆိုးနှိမ်နင်းလှံကို ဆင့်ခေါ်ကာ အခြေအနေကို ပြန်လည်ပြောင်းပစ်နိုင်ခဲ့ခြင်းဖြစ်၏။

မင်းသားယွမ်ကျောနှင့် ဖုန့်ကျစ်ရီသည် အဲ့ဒါကိုချက်ချင်းမမှတ်မိသည့်အကြောင်းအရင်းမှာ ငရဲဖိနှိမ်မီးဖို၏ နောက်ထပ်နံရံတစ်ဖက်ကို ပြင်ဆင်ပြီးသွားခဲ့ပြီး အဲ့ဒါက ယခင်ကနှင့် ကွာခြားသွားသောကြောင့်ဖြစ်၏။

ဖုန့်စန်းထျန်ကို လွတ်မြောက်အောင်ကူညီပေးခဲ့သည့်သူက ဖုန့်ကျစ်ရီဖြစ်သည်ဟု မင်းသားယွမ်ကျောက ​အမြဲတမ်းတွေးထင်ထားခဲ့၏။

ဖုန့်ကျစ်ရီကတော့ သူမသည်လည်း အတော်လေးတွေဝေရှုပ်ထွေးခဲ့ပြီး ဖုန့်စန်းထျန်က ပကတိတစ်ဆယ်ငရဲ၏ အချုပ်အနှောင်ကနေ မည်သို့မည်ပုံ လွတ်မြောက်လာခဲ့သလဲ မသိရှိခဲ့ပေ။

သူတို့နှစ်ယောက်စလုံးက အလွန်တရာဉာဏ်ကောင်းကြလေသည်။

သူတို့သည် ဆူဇီမိုဆင့်ခေါ်လိုက်သော စတုရန်းကြေးမီးဖိုကို တွေ့မြင်လိုက်သည်ခဏမှာပင် သူတို့က ကိစ္စများစွာကို နားလည်သဘောပေါက်သွား၏။

“လက်စသတ်တော့... မင်းက အကြွင်းအကျန်ညက ရှင်သန်ကျန်ရစ်သူတစ်ယောက်ပဲ”

မင်းသားယွမ်ကျောက တင်းမာခက်ထန်စွာပြောလိုက်၏။

“အဲ့ဒါလည်းကောင်းတာပေါ့... ငါကမင်းတို့နှစ်ယောက်ကို ဒီနေရာမှာ ကြေးငှက်မောင်နှံလိုမျိုး သေခွင့်ပေးမယ်”

ထိုသို့သူပြောလိုက်သည့်ခဏမှာပင် အမဲလိုက်အဆင့်သတ်မှတ်ချက်ပေါ်ရှိ သွေးရောင်အလင်းက ဝင်းလက်တောက်ပလာပြီး ဆူဇီမို၏ ပုံရိပ်ကို လွှမ်းခြုံသွား၏။

သူ့အမြုတေစိတ်ဝိညာဥ်မှ နာကျင်မှုကိုတောင့်ခံရင်း မင်းသားယွမ်ကျောက အမဲလိုက်အဆင့်သတ်မှတ်ချက်ကို အဆက်မပြတ်လှည့်ပတ်လိုက်၏။ ၎င်းပေါ်ရှိသွေးရောင်အလင်းက အဆက်မပြတ်တလက်လက်တောက်ပလာပြီး သွေးပင်လယ်တစ်ခုကို ဖြစ်ပေါ်လာစေလုနီးပါးပင်။

ခန်းမတစ်ခုလုံးက သိပ်သည်းပြင်းထန်သော သွေးနံ့ဖြင့် ပြည့်နှက်သွား၏။

ရုတ်တရက်ဆိုသလို...။

သွေးပင်လယ်ထဲကနေ တဖျတ်ဖျတ်တလက်လက် ဂမ္ဘီရအလင်းတစ်ခုက ပစ်လွင့်ထွက်ပေါ်လာပြီး နေရာတစ်ခုလုံးကို နေ့ဘက်အလားထိန်းထိန်လင်းသွားစေ၏။ ငရဲဖိနှိမ်မီးဖို၏ ပုံပန်းသဏ္ဌာန်က ပေါ်ထွက်လာခဲ့လေသည်။

ငရဲဖိနှိမ်မီးဖို၏ နံရံတစ်ဘက်ပေါ်မှာ အစက မျက်လုံးနှစ်ဖက်မှိတ်ထားသော မဟူရာကုန်းလိပ်က မသိလိုက်မသိဘာသာနှင့်ပင် သူ၏ မျက်လုံးနှစ်ဖက်ကို ဖွင့်လိုက်ပြီဖြစ်၏။

အထွတ်အမြတ်တောကောင် မဟူရာကုန်းလိပ်၏ မျက်လုံးထဲကနေ ဂမ္ဘီရအလင်းတစ်ခုက ပစ်လွင့်ထွက်ပေါ်လာပြီး အဲ့ဒါက... ဆန့်ကျင်ဖီဆန်ဖို့မတတ်နိုင်သည့် အန္တိမစွမ်းပကားတစ်ခုကို ပိုင်ဆိုင်ထားလေသည်။

All Chapters