ထွက်ပြေးလွတ်မြောက်ဖို့ မဖြစ်နိုင်
Vol. 135 Ch. 2023
ငရဲဖိနှိမ်မီးဖိုထဲက နိုးထလာသော အထွတ်အမြတ်တောကောင်ဝိညာဥ်သည် ထိပ်သီးကောင်းကင်အင်မော်တယ်ပညာရှင်တစ်ဦးကိုပင် သတ်ဖြတ်နိုင်ခဲ့၏။
နဂါးအသူရာချောက်နက်ကြယ်မှာတုန်းက ကောင်းကင်အင်မော်တယ် မိန်ကျိသည် နိုးထလာသော ဟင်္သပဒါးငှက် အထွတ်အမြတ်ဝိညာဥ်၏ သတ်ဖြတ်ခြင်းကိုခံခဲ့ရ၏။ မင်းသားယွမ်ကျောသည် ကောင်းကင်အင်မော်တယ်ပညာရှင်တစ်ယောက်ဖြစ်သော်လည်း သူ၏ ပင်မခန္ဓာက ဤနေရာမှာရှိမနေပေ။ သို့သော်လည်း အမဲလိုက်အဆင့်သတ်မှတ်ချက်သည် သူ၏ မူပိုင်ဓမ္မလက်နက်ဖြစ်နေသောကြောင့် သူသည် အမဲလိုက်အဆင့်သတ်မှတ်ချက်၏ စွမ်းအားကိုကီလိုမီတာငါးထောင်အကွာအဝေးကပင် ထိန်းချုပ်နိုင်၏။
သို့သော် ထိုစွမ်းအားသည် မဟူရာကုန်းလိပ်အထွတ်အမြတ်ဝိညာဥ်ကို လုံးဝမခုခံနိုင်ပေ။
မဟူရာကုန်းလိပ် အထွတ်အမြတ်ဝိညာဥ်က အမှန်တကယ်တိုက်ခိုက်မလာခင်မှာပင် မင်းသားယွမ်ကျော၏ သွေးရောင်လက်နက်စိတ်ဝိညာဥ်က အဲ့ဒါကိုမခုခံနိုင်တော့ပြီဖြစ်၏။
သွေးရောင်လက်နက်စိတ်ဝိညာဥ်၏ ဘေးပတ်လည်ရှိ သွေးရောင်အလင်းက တလိပ်လိပ်ထိုးတက်လာပြီး အဆက်မပြတ်တုန်ခါကာ လဲပြိုကျလုနီးပါးဖြစ်လာ၏။
တကယ်တမ်းမှာတော့... အမဲလိုက်အဆင့်သတ်မှတ်ချက်သည် အသိစိတ်ရှိဓမ္မရတနာတစ်ခုဖြစ်၏။
မင်းသားယွမ်ကျေား ပင်မခန္ဓာက ကိုယ်တိုင်ရောက်ရှိမလာလျှင်တောင် အမဲလိုက်အဆင့်သတ်မှတ်ချက်၏ လက်နက်စိတ်ဝိညာဥ်သည် အဆင့်-၁ ကမ္ဘာမြေအင်မော်တယ်နှစ်ယောက်ဖြစ်သော ဆူဇီမိုနှင့် ဖုန့်ကျစ်ရီကို သတ်ဖြတ်ဖို့အတွက် လုံလောက်နေ၏။
သို့သော်လည်း ကျောက်စိမ်းအဆောင်ကို ရဖို့အတွက် သူသည် ဆူဇီမိုကို ဧကရာဇ်ဂူသင်္ချိုင်းထဲသို့ ဝင်ရောက်စေခဲ့၏။ ကြောက်စရာကောင်းသော တိုက်ဆိုင်မှုတစ်ခုဖြင့် ငရဲဖိနှိမ်မီးဖိုသည် စွန့်ပစ်ထားသော စိတ်ဝိညာဥ်ရတနာအရေအတွက်များစွာကို ဝါးမျိုခဲ့ပြီး တတိယမြောက်မီးဖိုးနံရံကို ပြန်လည်ပြင်ဆင်ကာ မဟူရာကုန်းလိပ် အထွတ်အမြတ်ဝိညာဥ်ကို နိုးထစေခဲ့၏။
မင်းသားယွမ်ကျောက ဦးနှောက်ခြောက်မတတ် စဥ်းစားခဲ့မည်ဆိုလျှင်တောင် ဤကဲ့သို့သောအပြောင်းအလဲတစ်ရပ်က ပေါ်ထွက်လာလိမ့်မည်ဟု လုံးဝတွေးမိမည် မဟုတ်ပေ။
မဟူရာကုန်းလိပ် အထွတ်အမြတ်ဝိညာဥ်က အော်ဟစ်လိုက်ပြီးနောက် ၎င်း၏ အကြည့်က မင်းသားယွမ်ကျော၏ သွေးနီရောင်လက်နက်စိတ်ဝိညာဥ်ပေါ်သို့ ဆင်းသက်သွားကာ ရှေ့သို့ဖြည်းဖြည်းချင်းတက်သွား၏။
မဟူရာကုန်းလိပ်အထွတ်အမြတ်ဝိညာဥ်၏ အလျင်အဟုန်က နှေးကွေးသည်ဟုထင်ရသော်လည်း ဘာ့ကြောင့်ရယ်မသိ သွေးနီရောင်လက်နက်စိတ်ဝိညာဥ်သည် နေရာမှာပင် အမြစ်တွယ်ကာ လုံးဝမလှုပ်ရှားနိုင်ပုံရလေသည်။
မဟူရာကုန်းလိပ်အထွတ်အမြတ်ဝိညာဥ်က ချဥ်းကပ်လာပြီး ၎င်း၏ ကြီးမားသောခန္ဓာကိုယ်ဖြင့် သူ့ကို ညင်သာစွာပစ်တိုက်လိုက်သည်ကို သူကဘာမှမတတ်နိုင်ဘဲ ကြည့်နေရ၏။
ဝေါ...
သွေးနီရောင်လက်နက်စိတ်ဝိညာဥ်က နေရာမှာပင်လဲပြိုကျသွားပြီး သွေးပင်လယ်တစ်ခုအဖြစ် အသွင်ပြောင်းလဲသွား၏။
သွေးပင်လယ်က အလွန်တရာတိုက်စားတတ်၏။
သို့သော်လည်း မဟူရာကုန်းလိပ်အထွတ်အမြတ်ဝိညာဥ်၏ ကျောပေါ်ရှိလိပ်ခွံမှာ စကြာဝဠာ၏ လျှို့ဝှက်ချက်များပါဝင်ပုံရသော နက်နဲဆန်းကြယ်သည့် အမှတ်အသားများကို ခတ်နှိပ်ထားလေသည်။
ဇီ...
ထိုအခိုက်အတန့်မှာ မဟူရာကုန်းလိပ်အထွတ်အမြတ်ဝိညာဥ်၏ လိပ်ကြောခွံပေါ်ရှိ အမှတ်အသားများက တဖျတ်ဖျတ်တလက်လက် ရွှေရောင်းအလင်းဖြင့်တောက်ပလာပြီး သွေးပင်လယ်က အနားသို့ မချဥ်းကပ်နိုင်ပေ။
ထိုမျှသာမက သွေးပင်လယ်သည် ရွှေရောင်အလင်းဖြင့် အပိုင်းပိုင်းလှီးဖြတ်ခံလိုက်ရပြီး လျင်မြန်စွာခန်းခြောက်သွား၏။
ကျန်ရှိနေသောသွေးများက အားပျော့သွားပြီး လက်နက်စိတ်ဝိညာဥ်တစ်ခု၏ ပုံစံသို့ မဖွဲ့တည်နိုင်တော့ပေ။ သွေးရောင်အလင်းတန်းတစ်ခုအသွင်ပြောင်းလဲပြီး အဲ့ဒါက အမဲလိုက်အဆင့်သတ်မှတ်ချက်ထဲသို့ အလျင်အမြန်ဝင်ရောက်သွား၏။
ဝှစ်...
အမဲလိုက်အဆင့်သတ်မှတ်ချက်က ပိတ်ဆို့သွားပြီး စာလိပ်တစ်လိပ်အဖြစ် ပြန်လည်ပြောင်းလဲသွား၏။ အနက်ရောင်အလင်းတစ်ချက် ဖျတ်ခနဲလက်ပြီး အဲ့ဒါက ခန်းမထဲကနေ ထွက်ပြေးလွတ်မြောက်ချင်၏။
“ငါတို့သူ့ကို ထွက်သွားခွင့်ပေးလို့ မရဘူး”
ဆူဇီမိုက ထိတ်လန့်သွား၏။ သူက အဲ့ဒါကို တွေးမိလိုက်သည့်အချိန်မှာပင် ငရဲဖိနှိမ်မီးဖိုက တစ်စုံတစ်ရာကို အာရုံခံမိသွားပုံရပြီး ကောင်းကင်ထက်ကနေဆင်းသက်ကာ အဆုံးမဲ့စွမ်းပကားတစ်ခုကိုဖြာထုတ်၍ အမဲလိုက်အဆင့်သတ်မှတ်ချက်ကို ဖိနှိမ်လိုက်၏။
ဘုန်း...
ဓမ္မရတနာနှစ်ခုက ပစ်တိုက်သွားပြီး အမဲလိုက်အဆင့်သတ်မှတ်ချက်က စူးစူးဝါးဝါး အော်ဟစ်ကာ ဥက္ကာခဲတစ်ခဲကဲ့သို့ မြေပြင်ပေါ်သို့ ပြင်းထန်စွာပစ်ကျသွား၏။
ငရဲဖိနှိမ်မီးဖိုက ဇောက်ထိုးအနေအထားဖြင့် တစ်ဖန်ဆင်းသက်လာ၏။
၎င်း၏ နှုတ်ခမ်းဝက အမဲလိုက်အဆင့်သတ်မှတ်ချက်ကို ချိန်ရွယ်ပြီး စွမ်းအားကြီးမားသော စုပ်ယူအားတစ်ခုကို ထုတ်ဖော်ကာ အမဲလိုက်အဆင့်သတ်မှတ်ချက်ကို စုပ်ယူဝါးမျိုလိုက်၏။
မဟူရာကုန်းလိပ် အထွတ်အမြတ်ဝိညာဥ်က တတိယနံရံပေါ်သို့ ပြန်လည်ရောက်ရှိလာပြီး ငရဲဖိနှိမ်မီးဖို၏ အော်ရာက တလိပ်လိပ်ထိုးတက်လာ၏။ အဲ့ဒါက အတွင်းမှာ ချစ်ချစ်တောက်ပူလောင်နေပြီး မီးတောက်များက တလိပ်လိပ်ထိုးတက်ကာ အမဲလိုက်အဆင့်သတ်မှတ်ချက်ကို စတင်၍ သန့်စင်နေ၏။
“အား... အား... အား...”
မီးဖိုထဲကနေ မင်းသားယွမ်ကျော၏ စူးစူးဝါးဝါး အော်သံက ထွက်ပေါ်လာ၏။
ဆူဇီမို၏ အမူအရာက အေးစက်နေပြီး လှုပ်ရှားယိမ်းယိုင်သွားခြင်းမရှိဘဲ အမဲလိုက်အဆင့်သတ်မှတ်ချက်ကို ဆက်လက်၍ သန့်စင်နေ၏။
“ဆူဇီမို... ဖုန့်ကျစ်ရီ.... မင်းတို့ပုရွက်ဆိတ်နှစ်ကောင်က… ငါ့ရဲ့ကိုယ်ပွားနဲ့.. ဓမ္မရတနာကို ဖျက်ဆီးလိုက်မယ်ဆိုရင်တောင်… မင်းတို့လဲ... မလွတ်မြောက်စေရ…..”
“ဒါက... ငါ့ဂေဟာပဲ.. ငါ့ရဲ့အစေခံတွေက အပြင်ဘက်မှာရှိတယ် သူတို့က ကမ္ဘာမြေအင်မော်တယ်ပညာရှင်သုံးထောင်ပဲ... ငါ့ဂေဟာရဲ့အပြင်ဘက်က အစိမ်းရောင်တိမ်စိုင်မြို့တော်ပဲ... အဲ့ဒီနေရာကိုလည်း အစောင့်တင်းကျပ်ထားတယ်.. ဒါက ငါ့ရဲ့ပိုင်နက်နယ်မြေပဲ”
“မင်းတို့တွေစောင့်နေလိုက်... ငါတံခါးပိတ်ကျင့်ကြံရာကနေ.. ကိုယ်တိုက်ထွက်လာခဲ့မယ်... ငါအစိမ်းရောင်တိမ်စိုင်မြို့တော်ကို ရောက်တာနဲ့… မင်းတို့ကို သေတာထက်ဆိုးတဲ့ဘဝမျိုးရောက်အောင် ငါလုပ်ပြ…..”
မင်သားယွမ်ကျော၏ အသံက နောက်ဆုံးမှာ ပြတ်တောင်းပြတ်တောင်း ဖြစ်လာခဲ့၏။
သိပ်မကြာခင် အဲ့ဒီမှာ မည်သည့်လှုပ်ရှားမှုမှ မရှိတော့ပေ။
အမဲလိုက်အဆင့်သတ်မှတ်ချက်သည် ငရဲဖိနှိမ်မီးဖို၏ သန့်စင်ခြင်းကိုခံလိုက်ရပြီး နီရဲနေသော သတ္တုရည်တစ်ခုအဖြစ်ပြောင်းလဲသွား၏။
ဆူဇီမို၏ အမူအရာက ပျော့ပြောင်းသွားပြီး သက်ပြင်းရှည်တစ်ချက်ချလိုက်၏။ သူက သူ၏ စိတ်ဝိညာဥ်အသိစိတ်ကို အသက်သွင်းပြီး ငရဲဖိနှိမ်မီးဖိုကို သိမ်းဆည်းလိုက်လေသည်။
ဖုန့်ကျစ်ရီက ဘေးကနေ ကြောင်အ,မှင်တက်နေ၏။
ဤဗရုတ်ဗရက်လုပ်ကြံသတ်ဖြတ်ကြိုးပမ်းမှုသည် ဤကဲ့သို့သောရလဒ်ဖြင့် အဆုံသတ်သွားလိမ့်မည်ဟု သူမက ထင်မှတ်မထားခဲ့ပေ။
ဆူဇီမိုသာ အချိန်မီရောက်မလာဘူးဆိုလျှင် သူမသည် မင်းသားယွမ်ကျောကို အောင်မြင်စွာလုပ်ကြံသတ်ဖြတ်နိုင်ခဲ့လိမ့်မည် မဟုတ်ပေ။
သူမက မင်းသားယွမ်ကျော၏ ကိုယ်ပွားကို လုပ်ကြံသတ်ဖြတ်နိုင်မည်ဆိုလျှင်တောင် သူမသည် သူ့ပင်မခန္ဓာ၏ အမဲလိုက်အဆင့်သတ်မှတ်ချက်ဖြင့် ထိန်းချုပ်ခံရပြီး ဤနေရာမှာသတ်ဖြတ်ခံရပေလိမ့်မည်။
ဖုန့်ကျစ်ရီက သူမ၏ သိုလှောင်အိတ်ထဲကနေ ဆေးလုံးလက်တစ်ဆုပ်ကို ထုတ်ယူပြီး မျိုချကာ ကြိုးစား၍ မတ်တတ်ထရပ်လိုက်၏။
“ငါစိတ်မကောင်းပါဘူး... ငါနင့်ကို ဒုက္ခရောက်အောင်လုပ်မိပြီ”
ဆူဇီမို၏ ရှေ့သို့ရောက်ရှိလာပြီး ဖုန့်ကျစ်ရီက သူမ၏ ခေါင်းကို အနည်းငယ်ငုံ့ကာ မလုံမလဲ ခံစားနေရ၏။
ဆူဇီမိုက မင်းသားယွမ်ကျော၏ ကိုယ်ပွားကို သတ်ဖြတ်ခဲ့သော်လည်း သူ၏ ငရဲဖိနှိမ်မီးဖိုက ပေါက်ကြားသွားခဲ့၏။
သူကမင်းသားယွမ်ကျော၏ ကိုယ်ပွားတစ်ယောက်ကိုသာ သတ်ဖြတ်မည်ဆိုလျှင်တောင် အဲ့ဒါက မင်းသားတစ်ပါးကို ဆန့်ကျင်ပုန်ကန်သော ပြစ်မှုတစ်ခုမျှသာဖြစ်ပေလိမ့်မည်။
သို့သော်လည်း ဖုန့်စန်းထျန်ကို လွတ်မြောက်အောင် ကူညီပေးခြင်းက လုံးဝခွင့်လွှတ်၍ မရသော ရာဇဝတ်မှုတစ်ခုဖြစ်၏။
မဟာကျင်းအင်မော်တယ်နိုင်ငံတစ်ခုလုံးနှင့် ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေ၏ အမျိုးမျိုးသောအဖွဲ့အစည်းများနှင့် ပညာရှင်များကပင်လျှင် ဆူဇီမိုကိုသတ်ဖြတ်ဖို့အတွက် အတတ်နိုင်ဆုံး ကြိုးစားလာနိုင်၏။
ဤကဲ့သို့သော အကျိုးဆက်များကို မည်သူကမှတောင့်မခံနိုင်ပေ။
ဆူဇီမိုသည် အဆင့်-၁ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ဖြစ်နေသည့်အချက်ကိုအသာထား ထွက်ပြေးလွတ်မြောက်သွားသော မိုးကြိုးဧကရာဇ်ပင်လျှင် အန္တရာယ်ကနေမလွတ်မြောက်သေးဘဲ သူ၏ ကံကြမ္မာက ဘာမှန်းမသိရပေ။
“အဲ့ဒါက မင်းနဲ့မဆိုင်ပါဘူး... အဲ့ဒါနဲ့ပတ်သက်ပြီးအတွေးလွန်မနေနဲ့”
ဆူဇီမိုက သူ၏ ခေါင်းကို ညင်သာစွာခါပြလိုက်၏။
“မင်းသူ့ကို မတိုက်ခိုက်ဘူးဆိုရင်တောင်မှ ငါကသူ့ကိုသတ်ဖြတ်ဖို့အတွက် တိုက်ခိုက်ရလိမ့်မယ်”
“နင်...”
ဖုန့်ကျစ်ရီက တွေဝေရှုပ်ထွေးစွာဖြင့် သူမ၏ ခေါင်းကို မော့လိုက်၏။
သူမသည် မင်းသားယွမ်ကျောကို သတ်ဖြတ်ချင်သည့်အကြောင်းအရင်းမှာ သူတို့နှစ်ယောက်ကြားတွင် ညှိနှိုင်းဆွေးနွေး၍ မရသော သွေးကြွေးတစ်ခုရှိနေခဲ့သောကြောင့်ပင်။
သို့သော်လည်း ဆူဇီမိုက မင်းသားယွမ်ကျောကို ဘာ့ကြောင့်တိုက်ခိုက်ချင်ရတာလဲ။
“ငါ့ရဲ့စိတ်ဝိညဥ်အမှတ်အသားက သူ့ရဲ့အမဲလိုက်အဆင့်သတ်မှတ်ချက်ပေါ်မှာရှိနေတယ်”
ဆူဇီမိုက ပြောလိုက်၏။
“ငါက အဲ့ဒီတာအိုစိတ်ဝိညာဥ်အမှတ်အသားကို မပယ်ဖျက်နိုင်ဘူးဆိုရင် ငါ့ရဲ့လှုပ်ရှားမှုနဲ့တည်နေရာက သူ့ရဲ့အသိစိတ်ကနေ ဘယ်တော့မှ လွတ်မြောက်နိုင်မှာမဟုတ်ဘူး”
ဆူဇီမိုသည် ဤကဲ့သို့သောအရာမျိုးကို သေချာပေါက်သည်းခံလိမ့်မည် မဟုတ်ပေ။
တကယ်တော့... သူသည် ဤပြဿနာကိုဖြေရှင်းဖို့ ရည်ရွယ်ထားသော်လည်း သူသည် ဧကရာဇ်ဂူသင်္ချိုင်းကနေ ပြန်ရောက်ရောက်ချင်းမှာပင် မင်းသားယွမ်ကျောကိုတိုက်ခိုက်ဖို့တော့ စိတ်ကူးမထားပေ။
ထိုအချိန်တုန်းက ဖုန့်ကျစ်ရီ၏ အခြေအနေက သေရေးရှင်ရေးဖြစ်နေပြီး သူက ဆက်လက်၍ ဂရုမစိုက်နိုင်ခဲ့ပေ။
နောက်ပိုင်းအခြေအနေ၏ ဆင့်ကဲပြောင်းလဲမှုများက ဆူဇီမိုထင်မှတ်ထားသည်ထက်ပင် တကယ်ကို ကျော်လွန်သွားခဲ့၏။
မင်းသားဂေဟာထဲမှာရှိသောလူက မင်းသားယွမ်ကျော၏ ကိုယ်ပွားတစ်ယောက်သာဖြစ်လိမ့်မည်ဟု သူက ထင်မှတ်မထားခဲ့ပေ။
မင်းသားတစ်ပါးမှာ မြင့်မြတ်သောအဆင့်အတန်းနှင့် ဝှက်ဖဲများစွာရှိလေသည်။ ယွင်ထင်နှင့် ယွမ်ကျောတွင် ထိုအချက်က အတူတူပင်ဖြစ်၏။
မင်းသားတစ်ပါးကို သတ်ဖြတ်ဖို့က အရမ်းကိုခက်ခဲ၏။
နောက်ဆုံးမှာတော့ မင်းသားယွမ်ကျော၏ ပင်မခန္ဓာသည် အမဲလိုက်အဆင့်သတ်မှတ်ချက်ကို ထိန်းချုပ်ပြီး သူတို့နှစ်ယောက်ကိုပင် သတ်ဖြတ်လိုခဲ့၏။
အခြားသောရွေးချယ်စရာမရှိတော့ဘဲ သူသည် ငရဲဖိနှိမ်မီးဖိုကို ဆင့်ခေါ်ထုတ်လိုက်ရ၏။
ငရဲဖိနှိမ်မီးဖိုက ပေါက်ကြားသွားပြီဆိုလျှင် ဘယ်လိုသက်ရောက်မှုတွေရှိနိုင်မလဲ ဆူဇီမိုသိထား၏။
သို့သော်လည်း သူ့မှာ တခြားရွေးချယ်စရာမရှိခဲ့ပေ။
ဤနေရာသည် မင်းသား၏ ဂေဟာဖြစ်၏။ အမှားအယွင်းတစ်စုံတစ်ရာဖြစ်ပွားပြီး အစောင့်တပ်သားများကို သတိဝင်သွားစေမည်ဆိုလျှင် သူတို့နှစ်ယောက်က ဤနေရာမှာ သေရပေလိမ့်မည်။
ကံကောင်းထောက်မစွာဖြင့် ဤခန်းမကို မင်းသားဂေဟာ၏ အလယ်ဗဟိုခန်းမဟု ဆိုနိုင်လေသည်။ ဘေးပတ်လည်မှာရှိသော သံနံရံများက အလွန်တရာခိုင်မာပြီး အသံလုံနေလေသည်။
တိုက်ပွဲက ဆူညံပွက်လောရိုက်ခဲ့သော်လည်း အပြင်ဘက်မှာ မည််သည့်သက်ဝင်လှုပ်ရှားမှုမှ မရှိသလောက်နီးပါးပင်။
ယခုအခါ... ဆူဇီမိုနှင့် ဖုန့်ကျစ်ရီသည် နောက်ထပ်ပြဿနာတစ်ခုနှင့် ရင်ဆိုင်နေရ၏။
တင်းကျပ်စွာစောင့်ကြပ်ထားသော မင်းသားဂေဟာကနေ သို့မဟုတ် အစိမ်းရောင်တိမ်စိုင်တိုင်းပြည်ကနေ သူတို့မည်သို့မည်ပုံ ထွက်ပြေးလွတ်မြောက်နိုင်မလဲ... သူတို့မှာ အချိန်များစွာမကျန်တော့ပေ။
မင်းသားယွမ်ကျော၏ ပင်မခန္ဓာက ဘယ်နေရာမှာ တံခါးပိတ်ကျင့်ကြံနေသလဲ သူတို့မသိရှိသော်လည်း ထိုသူသည် သိပ်မကြာခင် အစိမ်းရောင်တိမ်စိုင်တိုင်းပြည်သို့ သေချာပေါက်ရောက်လာပေလိမ့်မည်။
ထိုအချိန်ကျလျှင် သူတို့အနေဖြင့် ထွက်ပြေးလွတ်မြောက်ဖို့က တကယ်ပင်ခဲယဥ်းသွားပေတော့မည်။