ထူးခြားအံ့မခန်း မင်္ဂလာကျောက်စိမ်း
Vol. 135 Ch. 2024
ခန်းမက နောက်တစ်ဖန်တိတ်ဆိတ်ငြိမ်သက်သွားပြီး လေထုက အနည်းငယ်တင်းကျပ်လေးလံလာ၏။
လက်ရှိအခြေအနေက သိသာရှင်းလင်းနေ၏။ သူတို့နှစ်ယောက်သည် ခန်းမထဲကထွက်ခွာသည်နှင့် သူတို့သည် သိပ်မကြာခင် သေချာပေါက်ရှာဖွေဖော်ထုတ်ခံရပေလိမ့်မည်။
ထိုအချိန်ကျလျှင် သူတို့နှစ်ယောက်စလုံးသည် အစိမ်းရောင်တိမ်စိုင်တိုင်းပြည်ကိုမပြောနှင့် မင်းသား၏ ဂေဟာကနေပင် ထွက်ပြေးလွတ်မြောက်နိုင်တော့မည် မဟုတ်ပေ။
ဆူဇီမို၏ ငရဲဖိနှိမ်မီးဖိုပေါ်ရှိ မဟူရာကုန်းလိပ် အထွတ်အမြတ်ဝိညာဥ်က ကမ္ဘာမြေအင်မော်တယ်ပညာရှင်များကို သတ်ဖြတ်နိုင်သော်လည်း မင်းသား၏ ဂေဟာထဲမှာ ကမ္ဘာမြေအင်မော်တယ်များသာမက ကောင်းကင်အင်မော်တယ်များပါရှိနေ၏။
အစိမ်းရောင်တိမ်စိုင်တိုင်းပြည်မှာ တာဝန်ကျနေသော ပကတိအင်မော်တယ်ပညာရှင်များကလည်း သေချာပေါက်ရှိနေပေလိမ့်မည်။
သူတို့နှစ်ယောက်အနေဖြင့် သူတို့၏ လမ်းကို တိုက်ခိုက်ခြင်းဖြင့် ဖောက်ထွက်ဖို့က မဖြစ်နိုင်ပေ။
ဖုန့်ကျစ်ရီမှာ အမြင်အာရုံကိုလှည့်စားနိုင်သည့် နက်မှောင်နေသော စက္ကူထီးတစ်လက်ရှိ၏။
သို့သော်လည်း အနက်ရောင်စက္ကူထီးက အသင်္ချေမျက်လုံးကနေသာ ဖုံးကွယ်နိုင်၏။
သူ့အနေဖြင့် ကမ္ဘာမြေအင်မော်တယ်များနှင့် ကောင်းကင်အင်မော်တယ်များ၏ အသိစိတ်ကနေဖုံးကွယ်ဖို့ မလွယ်ပေ။
ဤနေရာသည် လိပ်ပြာတစ်ကောင် သို့မဟုတ် အင်းစက်တစ်ကောင်အဖြစ်အသွင်ပြောင်းလဲကာ ထွက်ပြေးနိုင်သည့် ပကတိတစ်ဆယ်ငရဲမဟုတ်ပေ။
မင်းသား၏ ဂေဟာထဲမှာ ရုတ်တရက်ပေါ်ထွက်လာသော မည်သည့်သက်ရှိမဆို အစောင့်တပ်သားများ၏ စိတ်အာရုံကို ဆွဲဆောင်မိပေလိမ့်မည်။
ခဏနေပြီးနောက် ဖုန့်ကျစ်ရီက သူမ၏ နှုတ်ခမ်းကို တင်းတင်းစေ့ပြီး ညင်သာစွာပြောလိုက်၏။
“တကယ်တော့... ယွမ်ကျောပြောတာမမှားဘူး... ငါတို့က သူ့ရဲ့ကိုယ်ပွားကို ဖျက်ဆီးနိုင်ခဲ့တယ်ဆိုရင်တောင် ငါတို့က ထွက်လွတ်မြောက်နိုင်မှာ မဟုတ်ဘူး”
ဆူဇီမိုက မင်းသားယွမ်ကျော၏ ကိုယ်ပွားအလောင်းကို စိုက်ကြည့်ပြီး သူ၏ မျက်လုံးထဲမှာ အလင်းတစ်ချက် ဖျတ်ခနဲလက်ကာ တီးတိုးပြောဆိုလိုက်၏။
“အတိအကျတော့မဟုတ်လောက်ပါဘူး”
“ဘာလို့လဲ”
ဖုန့်ကျစ်ရီက မှင်တက်သွားပြီး မေးလိုက်၏။
“နင့်မှာထွက်ပြေးဖို့အတွက် နည်းလမ်းတစ်ခုရှိလို့လား”
“စမ်းကြည့်ရတာပေါ့”
ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။
ထိုသို့ပြောရင်း သူ၏ မျက်နှာနှင့် ပုံပန်းသဏ္ဌာန်က စတင်၍ ပြောင်းလဲသွား၏။ သူ၏ ကြွက်သားများက တွန့်လိမ်သွားပြီး သူ၏ ခန္ဓာကိုယ်က လျှို့ဝှက်ဆန်းကြယ်သော အစိမ်းရောင်အလင်းတစ်ခုဖြင့် တောက်ပလာခဲ့၏။
ဖုန့်ကျစ်ရီသည် မလှမ်းမကမ်းမှာရှိသောဆူဇီမိုကို မယုံကြည်နိုင်စွာဖြင့် ငေးကြည့်နေ၏။
အသက်ရှုချိန်အနည်းငယ်အကြာမှာ ဆူဇီမို၏ မျက်နှာက မင်းသားယွမ်ကျောနှင့် တဖြည်းဖြည်း ဆင်တူလာပြီး သူ၏ ခန္ဓာကိုယ်ကပါ ပြောင်းလဲလာနေ၏။
“အဲ့ဒါက... အသင်္ချေအသွင်ပြောင်းလဲခြင်းလား”
ဖုန့်ကျစ်ရီ၏ မျက်လုံးက ပြူးကျယ်သွား၏။
သို့သော်လည်း သူမက ထိုအတွေးကို အလျင်အမြန်ပယ်ရှားလိုက်၏။ အသွင်ပြောင်းလဲခြင်းနတ်ဘုရားစွမ်းအားများမှာ အသွင်ပြောင်းလဲခြင်း ၃၆ မျိုး၊ အသွင်ပြောင်းလဲခြင်း ၇၂ မျိုးနှင့် အသင်္ချေအသွင်ပြောင်းလဲခြင်းတို့ဖြစ်၏။
အသွင်ပြောင်းလဲခြင်း ၃၆ မျိုးသည် သာမန်နတ်ဘုရားစွမ်းအားတစ်ခုဖြစ်ပြီး သက်မဲ့ပစ္စည်းများအဖြစ်သာ အသွင်ပြောင်းလဲနိုင်၏။
အသွင်ပြောင်းလဲခြင်း ၇၂ မျိုးက အဆင့်မြင့်နတ်ဘုရားစွမ်းအားဖြစ်ပြီး ငှက်များ၊ တောကောင်များနှင့် အင်းဆက်များကဲ့သို့ သက်ရှိများအဖြစ် အသွင်ပြောင်းလဲနိုင်၏။
အခြားသောလူတစ်ယောက်အဖြစ် အသွင်ပြောင်းလဲဖို့အတွက် သူတို့သည် အန္တိမနတ်ဘုရားစွမ်းအား အသင်္ချေအသွင်ပြောင်းလဲခြင်းကို ထုတ်ဖော်နိုင်ရမည်ဖြစ်၏။
အသင်္ချေအသွင်ပြောင်းလဲခြင်းကို နားလည်ဆင်ခြင်ပြီးနောက် သူတို့သည် မည်သည့်အရာကိုမဆို အသွင်ပြောင်းလဲနိုင်မည်ဖြစ်၏။
ခွန်မျိုးနွယ်နှင့် နဂါးမျိုးနွယ်ကနေ သေးငယ်သောဖုန်မှုန့်များအထိ အရာရာတိုင်းကို အတွေးတစ်ချက်ဖြင့် ပြုလုပ်နိုင်မည်ဖြစ်၏။
အသင်္ချေအသွင်ပြောင်းလဲခြင်းကို နားလည်ဆင်ခြင်ပြီးနောက် အဆင့်တူခြင်းမှာရှိသော ကျင့်ကြံသူများအနေဖြင့် အတုနှင့်အစစ်ကို ခွဲခြားနိုင်ဖို့ မလွယ်တော့ပေ။
မျိုးနွယ်တချို့သည် တကူးတကကျင့်ကြံခြင်းမရှိဘဲ ထိုအန္တိမနတ်ဘုရားစွမ်းအားကို နားလည်ဆင်ခြင်နိုင်ကြ၏။
ဒဏ္ဍာရီအရဆို မျောက်ဝံမျိုးနွယ်များကြားမှာ အလွန်တရာရှားပါးသော နားရွက်ခြောက်ဖက်ပါသည့် မျောက်သားရဲအမျိုးအစားတစ်မျိုးရှိလေသည်။ သို့သော်လည်း သူတို့၏ ပင်ကိုနတ်ဘုရားစွမ်းအား နိုးထလာသည်နှင့် သူတို့သည် အသင်္ချေအသွင်ပြောင်းလဲခြင်းကို တိုက်ရိုက်ကျွမ်းကျင်တတ်မြောက်သွားမည်ဖြစ်၏။
လုပ်ကြံသတ်ဖြတ်ခြင်းတာအိုကို ကျင့်ကြံဖို့အတွက် လူတစ်ယောက်သည် အသွင်ပြောင်းလဲခြင်းနှင့် ဆက်စပ်သော နတ်ဘုရာစွမ်းအားများကို ကျွမ်းကျင်တတ်မြောက်ထားရ၏။
ထိပ်သီးလုပ်ကြံသတ်ဖြတ်သူတစ်ယောက်အနေဖြင့် ဖုန့်ကျစ်ရီသည် ထိုကဲ့သို့သောပညာရပ်များကို ကောင်းကောင်းသိရှိထား၏။
အသင်္ချေအသွင်ပြောင်းလဲခြင်းသည် အန္တိမနတ်ဘုရားစွမ်းအားတစ်ခုဖြစ်ပြီး ဆူဇီမိုက အဆင့်-၁ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်သာဖြစ်၏။ သူ၏ အမြုတေစိတ်ဝိညာဥ်အဆင့်က ပိုမိုမြင့်မားသည်ဆိုလျှင်တောင် အဲ့ဒါသည် ကောင်းကင်အင်မော်တယ်တစ်ယောက်၏ အဆင့်နှင့် ဝေးကွာလွန်းဆဲ ဖြစ်ပြီး သူက အသင်္ချေအသွင်ပြောင်းလဲခြင်းကို ထုတ်ဖော်နိုင်စရာအကြောင်းမရှိပေ။
ဒါ့အပြင် ဖုန့်ကျစ်ရီသည် ဆူဇီမိုထံမှ မည်သည့်နတ်ဘုရားစွမ်းအားကိုမှ အာရုံမခံမိပေ။
ဖုန့်ကျစ်ရီသည် ဆူဇီမိုကို ငေးငိုင်စွာကြည့်ပြီး သူမသည် ထိုလူကို ထပ်မံ၍အကဲမဖြတ်နိုင်တော့ကြောင်း နားလည်သဘောပေါက်လိုက်၏။
တကယ်တော့ ဖုန့်ကျစ်ရီကို မပြောနှင့် ဤနေရာမှာ တခြားတစ်ယောက်ယောက်ရှိနေမည်ဆိုလျှင်တောက် သူတို့သည် ဖြစ်ပျက်နေသည့်အရာကို နားလည်သဘောပေါက်နိုင်မည် မဟုတ်ပေ။
ဆူဇီမို၏ အသိစိတ်ထဲမှာ ဖန်တီးခြင်းကြာခုံက ဖြည်းဖြည်းချင်း လည်ပတ်နေ၏။
အစိမ်းရောင်ကြာပန်း အမြုတေစိတ်ဝိညာဥ်က ၎င်းပေါ်မှာထိုင်ပြီး ကျောက်စိမ်းလက်နက်တစ်ခုကို ညင်သာစွာဝေ့ယမ်းနေ၏။
ထိုကျောက်စိမ်းလက်နက်သည် ဖန်တီးခြင်းကြာပဒုမ္မာ အဆင့်-၁၀ သို့ တက်လှမ်းခြင်းကနေ ဆင်းသက်လာသော သုံးပါးတစ်ဆူ မင်္ဂလာကျောက်စိမ်းဖြစ်၏။
အစိမ်းရောင်ကြာပန်းအမြုတေစိတ်ဝိညာဥ်က မင်္ဂလာကျောက်စိမ်းကို တစ်ကြိမ်ဝေ့ယမ်းလိုက်တိုင်း အဲ့ဒီကနေ လျှို့ဝှက်ဆန်းကြယ်သော အရောင်အဝါတစ်ခုထွက်ပေါ်လာပြီး အစိမ်းရောင်ကြာပန်း အမြုတေစိတ်ဝိညာဥ်ကို လွှမ်းခြုံသွား၏။
ဆူဇီမို၏ ခန္ဓာကိုယ်ကတော့ ပြောင်းလဲမှုတချို့ကိုကြုံတွေ့ပြီး သူသည် မင်းသားယွမ်ကျောနှင့် ပို၍နီးစပ်စွာ ဆင်တူလာနေ၏။
နောက်ဆုံးမှာတော့ သူ၏ အစိမ်းရောင်ဝတ်ရုံကပင် လုံးဝပျောက်ကွယ်သွားပြီး ထိုနေရာမှာ ဘရိုကိတ်ဝတ်ရုံတစ်ထည်က အစားထိုးဝင်ရောက်လာ၏။ အဲ့ဒါသည် မင်းသားယွမ်ကျော ဝတ်ဆင်ခဲ့သည်နှင့် အတူတူပင်ဖြစ်၏။
သုံးပါးတစ်ဆူ မင်္ဂလာကျောက်စိမ်းက အဆက်မပြတ်ဝေ့ယမ်းနေ၏။
ဆူဇီမို၏ မျက်ခုံးမွေး၊ ဆံပင်မွေးနှင့် သူ၏ ခန္ဓာကိုယ်ပေါ်ရှိအရာရာတိုင်းသည် မင်းသားယွမ်ကျောအဖြစ်သို့ အသွင်ပြောင်းလဲနေ၏။
သုံးပါးတစ်ဆူ မင်္ဂလာကျောက်စိမ်းသည် အလွန်တရာလျှို့ဝှက်ဆန်းကြယ်ပြီး စဥ်းစားကြည့်၍ပင် မရနိုင်သော စွမ်းရည်များကို ပိုင်ဆိုင်ထား၏။
ဧကရာဇ်ဂူသင်ချိုင်းထဲမှာရှိခဲ့စဥ်က ဆူဇီမိုသည် မဟူရာကုန်းလိပ် အထွတ်အမြတ်ဝိညာဥ်က သူ့အားသင်ကြားပေးခဲ့သည့် ကျင့်ကြံရေးနည်းစနစ်၊ ငရဲဖိနှိမ်မီးဖိုး တတိယမြောက်နံရံပေါ်ရှိ ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်နှင့် ဗလာနယ်မိုးကြိုးကျင့်စဥ်တို့ကို ကျင့်ကြံခဲ့ခြင်းမရှိသလို ဝိညာဥ်မီးအိမ်ကိုလည်း စူးစမ်းရှာဖွေခြင်းမပြုလုပ်ခဲ့ပေ။ ထိုအစား သူသည် သုံးပါးတစ်ဆူမင်္ဂလာကျောက်စိမ်းကိုသာ လေ့လာအကဲခတ်နေခဲ့၏။
ဤကျောက်စိမ်းလက်နက်မှာ လူတစ်ယောက်ကိုနစ်မျောသွားစေပြီး ပြန်လည်ရုန်းမထွက်စေနိုင်မည့် ထူးခြားအံ့မခန်းဆန်းကြယ်မှုများစွာရှိနေ၏။
ဤနေရာသို့ ပြန်ရောက်မလာခင် ဆူဇီမိုသည် သုံးပါးတစ်ဆူမင်္ဂလာကျောက်စိမ်းမှာ ဤကဲ့သို့သော စွမ်းရည်တစ်ခုရှိသည်ဆိုတာကို ရှာဖွေဖော်ထုတ်နိုင်ခဲ့ပြီဖြစ်၏။
အဲ့ဒါသည် သူ၏ ပထမဆုံးအကြိမ် ကြိုးပမ်းမှုဖြစ်ပြီး သူကအဲ့ဒါနှင့် အသားသိပ်မကျသေးပေ။ ထို့ကြောင့် သူကအချိန်နည်းနည်းပိုယူရလေသည်။
သူကအဲ့ဒါကို ပြီးပြည့်စုံစွာ ထိန်းချုပ်နိုင်သွားမည်ဆိုလျှင် သုံးပါးတစ်ဆူ မင်္ဂလာကျောက်စိမ်းကို ညင်သာစွာဝေ့ယမ်းလိုက်သည်နှင့် ဆူဇီမိုသည် အခြားလူတစ်ယောက်အဖြစ် ချက်ချင်းပင် အသွင်ပြောင်းလဲနိုင်လောက်၏။
ခဏနေပြီးနောက် ဆူဇီမိုကပျောက်ကွယ်သွားပြီး သူ၏ နေရာမှာ မင်းသားယွမ်ကျောက အစားထိုးဝင်ရောက်လာ၏။
ဖုန့်ကျစ်ရီက အဲ့ဒါကို ကိုယ်တိုင်မြင်တွေ့ရခြင်းမရှိလျှင် ဤမင်းသားယွမ်ကျောသည် ဆူဇီမို၏ အသွင်ပြောင်းလဲမှုတစ်ရပ်ဖြစ်သည်ဆိုတာကို ယုံကြည်လက်ခံလိမ့်မည် မဟုတ်ပေ။
“ဘယ်လို..ဘယ်လိုဖြစ်သွားတာလဲ”
ဖုန့်ကျစ်ရီက တွေဝေရှုပ်ထွေးနေသောအမူအရာဖြင့် အလိုလိုမေးလိုက်၏။
ဆူဇီမိုက မကောင်းဆိုးဝါးဆန်ဆန်သရော်ပြုံးပြုံးပြီး ပေါ့ပျက်ပျက်နိုင်သော လေသံဖြင့်ပြောလိုက်၏။
“ခန့်မှန်းကြည့်လိုက်လေ”
သုံးပါးတစ်ဆူ မင်္ဂလာကျောက်စိမ်း၏ ထောက်ပံ့မှုနှင့်အတူ ဆူဇီမို၏ အသံကပါ မင်းသားယွမ်ကျော၏ အသံနှင့် ကွာခြားမှုမရှိတော့ပေ။
သို့သော်လည်း ဆူဇ်ီမိုသည် မင်းသားယွမ်ကျော၏ စိတ်နေစရိုက်နှင့်လေသံကို တုပဖို့အတွက်တော့... သူ့ဘာသာသူကြိုးစားရပေလိမ့်မည်။
ဖုန့်ကျစ်ရီက ခဏမျှမှင်တက်သွားပြီးနောက် သူမ၏ ခေါင်းကိုခါလိုက်၏။
“နင့်အသံကအတော်လေးဆင်တူတယ်... ဒါပေမဲ့ အမူအရာနဲ့လေသံက နဲနဲတော့လိုအပ်နေသေးတယ်”
သို့သော်လည်း ထိုကွာခြားချက်အနည်းငယ်က သတိထားမိဖို့ခက်ခဲလေသည်။
အဲ့ဒါက ဆူဇီမိုဆိုတာကို ဖုန့်ကျစ်ရီက သိရှိထားခြင်းကြောင့်သာမဟုတ်လျှင် သူမသည် ထိုကွာခြားချက်ကို သတိထားမိနိုင်ချင်မှ သတိထားမိပေလိမ့်မည်။
ဆူဇီမိုက ပြောလိုက်၏။
“ဘာပဲပြောပြောဒါက အသွင်ပြောင်းလဲမှုတစ်ခုပဲ... သူ့ရဲ့အမူအကျင့်တွေကို အချိန်တိုအတွင်းမှာတုပဖို့ကတော့... မဖြစ်နိုင်သေးဘူး”
သူက တစ်စုံတစ်ယောက်၏ အမူအကျင့်များကိုတုပချင်သည်ဆိုလျှင် သူကအတန်ကြာသည့်အထိ ထိုသူကို အနီးကပ်လေ့လာအကဲခတ်ရပေလိမ့်မည်။
ဆူဇီမိုနှင့် မင်းသားယွမ်ကျောသိခဲ့သည်မှာ ဘယ်လောက်မှပင်မကြာသေးပေ။
ဒါ့အပြင်သူသည် မင်းသားယွမ်ကျောနှင့် အနီးကပ်ထိတွေ့ဆက်ဆံခွင့်ရသည့်အချိန်က အရမ်းကိုနည်းပါးလေသည်။ သူ့အနေဖြင့် ဤမျှအတိုင်းအတာထိ တုပနိုင်သည်ကပင် မဆိုးဘူးဟုဆိုရမည်ဖြစ်၏။
“နင်က... မင်းသားယွမ်ကျောအဖြစ်ဟန်ဆောင်ပြီး ဒီနေရာကနေထွက်သွားချင်တာလား”
ဆူဇီမို၏ ပြုမူလှုပ်ရှားပုံကိုတွေ့မြင်သောအခါ ဖုန့်ကျစ်ရီက အဲ့ဒါကိုအလျင်အမြန်ခန့်မှန်းမိသွား၏။
“ငါကြိုးစားကြည့်ရတာပေါ့”
ဆူဇီမိုက လေးနက်စွာပြောလိုက်၏။
“ငါက... စကားသိပ်မပြောဘူးဆိုရင်... ဟာကွက်တစ်ခုခုကိုမထုတ်ဖော်သရွေ့ လူတိုင်းက ငါ့ကိုသတိထားမိမှာ မဟုတ်ဘူး”
“အင်း...”
ဖုန့်ကျစ်ရီက ခေါင်းညိတ်လိုက်၏။
ဆူဇီမိုက တစ်စုံတစ်ရာကိုပြောဆိုခြင်းမရှိလျှင် သူသည်မင်းသားယွမ်ကျောနှင့် အတိအကျတူညီနေပေလိမ့်မည်။ အဲ့ဒီမှာကွာခြားချက်လုံးဝမရှိပေ။
ဖုန့်ကျစ်ရီက တစ်စုံတစ်ရာကို တွေးမိသွားပုံရပြိး ရုတ်တရက်မျက်မှောင်ကြုတ်လိုက်၏။
“မဟုတ်သေးဘူး... အဲ့ဒီမှာဟာကွက်တစ်ခုရှိသေးတယ်... နင့်ရဲ့ကျင့်ကြံမှုအဆင့်က မင်းသားယွမ်ကျောနဲ့ကွာခြားနေတယ်”
သုံးပါးတစ်ဆူ မင်္ဂလာကျောက်စိမ်းသည် ဆူဇီမိုကို မင်းသားယွမ်ကျော၏ ပုံပန်းသဏ္ဌာန်အဖြစ်အသွင်ပြောင်းလဲပေးပြီး သူ၏ အသံကိုပါ ပြောင်းပေးနိုင်၏။ သို့သော်လည်း သူ၏ ကျင့်ကြံမှုနယ်ပယ်ကို ပြောင်းလဲလို့ မရနိုင်ပေ။
အဲ့ဒါသည် ဤအစီအစဥ်၏ အကြီးမားဆုံးဟာကွက်တစ်ခုတကယ်ပင်ဖြစ်နေ၏။
ဆူဇီမိုက သူ၏ ခေါင်းကိုညင်သာစွာခါပြီး တည်ငြိမ်စွာဆန်းစစ်ပြလိုက်၏။
“အဲ့ဒါကိုစိုးရိမ်နေစရာမလိုဘူး.. မင်းသားယွမ်ကျောရဲ့ အဆင့်အတန်းအရဆို မင်းသားဂေဟာထဲမှာ မပြောနဲ့ အစိမ်းရောင်တိမ်စိုင်တိုင်းပြည်မှာတောင် ဘယ်သူကမှ သူ့ရဲ့ကျင့်ကြံမှုအဆင့်ကို စစ်ဆေးကြည့်ရဲမှာမဟုတ်ဘူး”