မသေဘူးလား
Vol. 135 Ch. 2022
စေးကပ်၍ မသတီစရာကောင်းသော သွေးပင်လယ်ကပင်လျှင် မဟူရာကုန်းလိပ်၏ အကြည့်ကို ခံနိုင်ရည်မရှိပေ။
ဝေါ...
မဟူရာကုန်းလိပ်က မီးဖိုထဲကနေ လုံးဝထွက်မလာခဲ့ပေ။ ၎င်း၏ မျက်လုံးနှစ်ဖက်ကို ဖွင့်လိုက်သည့်အချိန်မှာ ဘေးတစ်ဖက်တစ်ချက်စီမှာရှိသောသွေးရောင်အလင်းက အဲ့ဒါကိုခုခံနိုင်ပုံမရဘဲ... တရုန်းရုန်းထကြွကာ လမ်းကြောင်းတစ်ခုကို ဖွင့်လှစ်ပေးလိုက်၏။
ဆူဇီမိုက ငရဲဖိနှိမ်မီးဖိုထဲမှာ ဝင်ရောက်ပုန်းကွယ်ပြီး အမဲလိုက်အဆင့်သတ်မှတ်ချက်၏ သွေးရောင်အလင်းကို ရှောင်တိမ်းလိုက်၏။
ငရဲဖိနှိမ်မီးဖိုက ရှေ့သို့ပြေးဝင်သွားပြီး မင်းသားယွမ်ကျောကို ပစ်တိုက်ချလိုက်၏။
“အား...”
မင်းသားယွမ်ကျောက တုန်လှုပ်စွာဖြင့်အော်ဟစ်လိုက်၏။
လွန်ခဲ့သည့်တစ်နှစ်က ဖုန့်စန်းထျန်သည် ဤစတုရန်းကြေးမီးဖိုကို ထိန်းချုပ်ပြီး ပကတိမိုးကြိုးနတ်ဘုရားကျောက်တိုင်ကို ခြေမွှဖျက်ဆီးပစ်ခဲ့၏။
ဆူဇီမိုမှာ ဖုန့်စန်းထျန်၏ ခွန်အားမျိုးမရှိသော်လည်း သူကစတုန်ရန်းကြေးမီးဖိုဖြင့် ထိခတ်ခြင်းခံရလျှင် သူသည်လည်းပဲ အပိုင်းပိုင်းကျိုးကြေမွပြီး သေဆုံးရဖို့ဖြစ်နိုင်ခြေများလေသည်။
မင်းသားယွမ်ကျော၏ တုံ့ပြန်မှုက အရမ်းကိုမြန်ဆန်၏။
သူက အမဲလိုက်အဆင့်သတ်မှတ်ချက်ကို လက်တစ်ဖက်ဖြင့်ထိန်းချုပ်ပြီး သူ၏ ရှေ့မှာပိတ်ဆို့တားဆီးလိုက်၏။ သူ၏ အခြားလက်တစ်ဖက်က သူ၏ သိုလှောင်အိတ်ကို ပုတ်ပြီး ခုခံကာကွယ်ရေးအဆောင်တစ်ခုကိုထုတ်ယူကာ ချိုးချေလိုက်၏။
ချက်ချင်းပင် အကာအရံအလွှာတစ်ခုက သူ၏ ဘေးပတ်လည်မှာပေါ်ထွက်လာ၏။
ဘန်း...
ငရဲဖိနှိမ်မီးဖိုက အမဲလိုက်အဆင့်သတ်မှတ်ချက်နှင့် ရိုက်ခတ်သောအခါ နက်မှောင်နေသော ပတ္တူစက ချက်ချင်းပင်လဲပြိုကျသွား၏။
ထို့နောက် အဲ့ဒါက အကာအရံအလွှာနှင့် ပြင်းထန်စွာပစ်တိုက်ပြီး ရပ်တန့်သွား၏။
မင်းသားယွမ်ကျောက စိတ်သက်သာစွာ သက်ပြင်းချလိုက်၏။
ဖျောက်...ဖျောက်... ဖျောက်...
သို့သော်မကြာခင် သူက အက်ကွဲသံများကိုကြားလိုက်ရ၏။
သူသည် ငရဲဖိနှိမ်မီးဖိုကို ခုခံနိုင်ခဲ့သော်လည်း သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အကာအရံအလွှာက ကြေမွသွားပြီး အက်ကွဲကြောင်းများပေါ်ထွက်လာ၏။
ခဏမျှရပ်တန့်ပြီးနောက် အဲ့ဒါက လဲပြိုကျသွား၏။
မင်းသားယွမ်ကျောက အဲ့ဒါကိုတွေ့မြင်သောအခါ သူသည်နောက်သို့ဆုတ်၍ ဤနေရာဿနေထွက်ပြေးဖို့ ပြင်ဆင်လိုက်ပြီဖြစ်၏။
သို့သော်လည်း တစ်ဘက်သို့ သူလှည့်လိုက်သည့်ခဏမှာပင် သူကပုံရိပ်တစ်ခုကိုတွေ့မြင်သွားပြီး လိပ်ပြာလွင့်မတတ်ကြောက်လန့်သွား၏။
မသိလိုက်မသိဘာသာနှင့်ပင် ဆူဇီမိုက သူ၏ နောက်ဘက်မှာ ရောက်ရှိနေခဲ့၏။
ဆူဇီမိုသည် သူ၏ လက်ထဲမှာ မီးခိုးရောင်ဆေဘာတစ်လက်ကို ကိုင်ဆွဲထား၏။ အေးစက်စက်အကြည့်တစ်ခုနှင့်အတူ သူက မီးခိုးရောင်ဆေဘာကို မင်းသားယွမ်ကျော၏ ခန္ဓာကိုယ်ထဲသို့ ပစ်လွှတ်လိုက်၏။
သူတို့နှစ်ယောက်က အရမ်းကိုနီးကပ်နေပြီး မင်းသားယွမ်ကျောက လုံးဝမတုံ့ပြန်နိုင်တော့ပေ။
အစစ်အမှန်နဂါးလျှပ်စီးကိုးချက်၏ စတုတ္ထမြောက်လျှပ်စီး...။
ဆူဇီမိုသည် ကမ္ဘာမြေအမြုတေနယ်ပယ်သို့ ချိုးဖျက်တက်လှမ်းလာသောအခါ သူ၏ အမြုတေစိတ်ဝိညာဥ်က အဆင့်-၃ ကမ္ဘာမြေအမြုတေနယ်ပယ်သို့ ရောက်ရှိလာခဲ့ပြီး သူက စတုတ္ထမြောက်လျှပ်စီးကို အသက်သွင်းနိုင်နေပြီဖြစ်၏။
သို့သော်လည်း စောစောက ထိုနောက်ဆုံးလျှပ်စီးကို သူက အသုံးမပြုခဲ့ပေ။
အဲ့ဒါသည် သူက အကောင်းဆုံးအခွင့်အလမ်းတစ်ရပ်ကို ရှာမတွေ့သေးသောကြောင့် ဖြစ်၏။
ယခု... ငရဲဖိနှိမ်မီးဖိုက အကာအရံအလွှာကို ခြေမွှဖျက်ဆီးလိုက်ပြီး မင်းသားယွမ်ကျောက တုန်လှုပ်နေဆဲ ရှိနေချိန်မှာ ဆူဇီမိုက စတုတ္ထမြောက်လျှပ်စီးကို ထုတ်ဖော်ပြီး မင်းသားယွမ်ကျော၏ နောက်ဘက်သို့ ရောက်လာကာ သေကွင်းသေကွက်တိုက်ခိုက်မှုကို ထုတ်ဖော်လိုက်၏။
မင်းသားယွမ်ကျော၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသောမီးခိုးရောင်ဆေဘာက အချိန်ဆေဘာဖြစ်၏။
ဤအကွာအဝေးမှာ ဆူဇီမိုတွင်... အခြားသောသတ်ဖြတ်ကွက်များရှိနေ၏။
သို့သော်လည်း မင်းသားယွမ်ကျောမှာ သူ့ကိုယ်သူကာကွယ်ဖို့အတွက် အခြားသောဝှက်ဖဲများရှိနေမည်ကို သူက စိုးရိမ်နေ၏။ ထိုသို့အတွေးဖြင့် သူက အချိန်ဆေဘာကိုပင် ထုတ်ဖော်ဖို့ဆုံးဖြတ်လိုက်၏။
မင်းသားယွမ်ကျောမှာ ဝှက်ဖဲဘယ်လောက်များများရှိသည်ဖြစ်စေ သူ့မှာအသက်ရှင်ဖို့အတွက် ဘဝသက်တမ်း နှစ်သုံးသောင်းကျော်ကျော်သာလျှင် ကျန်ရှိတော့၏။
ဆေဘာတစ်လက်ကဲ့သို့အချိန်က ခုတ်ချက်တစ်ချက်နှင့်အတူ ဘဝသက်တမ်းနှစ်ခြောက်သောင်းကို ဖြတ်တောက်ပစ်နိုင်၏။
မင်းသားယွမ်ကျောက အဲ့ဒါကို လုံးဝခံနိုင်ရည်မရှိပေ။
“မင်း...”
မင်းသားယွမ်ကျော၏ မျက်လုံးက ပြူးကျယ်သွားပြီး ဆူဇီမိုကို မကျေမချမ်းဖြင့်စိုက်ကြည့်နေ၏။ သူ၏ ဆံပင်မွေးများ၊ မုတ်ဆိတ်မွေးများနှင့် မျက်ခုံးမွေးများက လျင်မြန်စွာဖြူဖွေးသွားပြီး သူ၏ မျက်နှာက ပါးရေနားရေများတွန့်ကာ အိုစာလာခဲ့၏။
တစ်ခဏချင်းမှာပင် သူကအိုမင်းရင့်ရော်၍ သေအံ့ဆဲဆဲအချိန်သို့ ရောက်ရှိသွား၏။
သူ၏ အသက်ဓာတ်အားက အလျင်အမြန်ယုတ်လျော့လာနေ၏။
ထိုခုတ်ချက်က သူ၏ ဘဝသက်တမ်းကို ကုန်စင်အောင်ဖြတ်တောက်ပစ်လိုက်၏။
မင်းသားယွမ်ကျောသည် ဆူဇီမို၏ ခြေရင်းမှာ ဖြည်းဖြည်းချင်းလဲကျသွားပြီး အသံတစ်ချက်ပင်မထွက်နိုင်ဘဲ သေဆုံးသွား၏။
ဆူဇီမိုက စိတ်သက်သာစွာ သက်ပြင်းတစ်ချက်ချလိုက်၏။
အဲ့ဒါကနောက်ဆုံးမှာတော့ ပြီးဆုံးသွားခဲ့လေပြီ။
သူ၏ ကျင့်ကြံမှုအရ သူသည် အဆင့်-၇ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်နှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်နိုင်ခြင်း မရှိပေ။
ငရဲဖိနှိမ်မီးဖိုအပြင် အစစ်အမှန်နဂါးလျှပ်စီးကိုးချက်နှင့် အခြားစွမ်းအားကြီးမားသောဝှက်ဖဲများနှင့်အတူ ကံကောင်းမှုကလည်း ပါဝင်ပတ်သက်ခဲ့၏။ မင်းသာယွမ်ကျောသည် လုံးဝကိုအငိုက်မိခဲ့ရလေသည်။
“ဆူဇီမို...”
ထိုစဥ်မှာပင် တည်ကြည်လေးနက်သောအသံဖြင့် ဖုန့်ကျစ်ရီ၏ အသံက ထွက်ပေါ်လာ၏။
“တစ်ခုခုတော့လွဲနေပုံရတယ်”
“ဘာလို့လဲ”
ဆူဇီမိုက ဖုန့်ကျစ်ရီကိုကြည့်ကာမေးလိုက်၏။
ဖုန့်ကျစ်ရီက ထူးဆန်းသောအမူအရာတစ်ခုနှင့်အတူ မင်းသားယွမ်ကော၏ အလောင်းကို ငေးကြည့်နေ၏။
သူမ၏ မျက်ဝန်းထဲမှာ ကြောက်ရွံ့မှုအရိပ်အယောင်တစ်ခုရှိနေပုံရလေသည်။
ဆူဇီမိုက အလိုလိုငုံ့ကြည့်လိုက်၏။
မင်းသားယွမ်ကျော၏ အလောင်းက မကျေမချမ်းမှုများနှင့်အတူ မြေပြင်ပေါ်မှာလဲကျနေ၏။ သူ၏ မျက်လုံးများက ဆူဇီမိုကိုစိုက်ကြည့်နေပြီး သူ၏ သေဆုံးနေသောမျက်နှာပေါ်မှာ ထူးဆန်းသောအပြုံးတစ်ခုပေါ်ထွက်လာ၏။
ထိုအပြုံးက တကယ့်ကို ဆိုးဆိုးရွားရွား အေးစက်နေ၏။
မင်းသားယွမ်ကျောက တကယ်ပင်သေဆုံးသွားပြီး သူ၏ ခန္ဓာကိုယ်ထဲမှာ မည်သည့်အသက်ဓာတ်မှ မကျန်ရှိတော့သည်ကို ဆူဇီမိုက ရှင်းရှင်းလင်းလင်းနှင့် တိတိကျကျထောက်လှမ်းနိုင်၏။
သို့သော်လည်း သူမသေဆုံးခင် ဤကဲ့သို့သောအပြုံးတစ်ခုက ဘာ့ကြောင့်ပေါ်ထွက်လာရတာလဲ။
ထိုစဥ်မှာပင် ဘေးဘက်ကနေ တလိပ်လိပ်ထိုးတက်လာသော ကြောက်စရာကောင်းသည့် စွမ်းအားတစ်ခုကို ဆူဇီမိုက ခံစားလိုက်ရ၏။
“ဟမ်...”
ဆူဇီမိုသည် ဘေးသို့တစ်ချက်စွေကြည့်ပြီး သူ၏ အမူအရာက ပြောင်းလဲသွား၏။
ဘေးမှာရှိသော အမဲလိုက်အဆင့်သတ်မှတ်ချက်က ဖြည်းဖြည်းချင်းကြွတက်လာပြီး လေထဲမှာလွင့်မျောနေ၏။ ၎င်းပေါ်မှာရှိသော သွေးရောင်စာလုံးများကနေ အဆုံးမဲ့သွေးအလင်းများက တလိပ်လိပ်ထိုးတက်လာပြီး ၎င်း၏ အော်ရာက အဆက်မပြတ်မြင့်တက်လာနေ၏။
“အဲ့ဒါက ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ”
ဖုန့်ကျစ်ရီက တုန်လှုပ်နေသောအမူအရာဖြင့် တီးတိုးရေရွတ်လိုက်၏။
ပုံမှန်အခြေအနေမှာဆိုလျှင် မင်းသားယွမ်ကျောက သေဆုံးသွားပြီဖြစ်ပြီး သူ၏ မူပိုင်ဓမ္မရတနာသည် ပိုင်ရှင်မရှိတော့ဘဲ သူ့ဘာသာသူလေထဲသို့ ပျံတက်လာနိုင်မည် မဟုတ်ပေ။
မဟုတ်မှလွဲရော... ။
ဆူဇီမိုနှင့်ဖုန့်ကျစ်ရီက အကြည့်ချင်းဖလှယ်လိုက်ကြ၏။
သူတို့နှစ်ယောက်စလုံးသည် တူညီသောဖြစ်နိုင်ခြေကို တွေးမိသွားကြ၏။
“ယွမ်ကျောက မသေသေးဘူး”
ဆူဇီမိုက သုန်မှုန်နေသောအမူအရာဖြင့် ဖြည်းဖြည်းချင်း ပြောလိုက်၏။
“ဟီးဟီးဟီးဟီး....”
ထိုစဥ်မှာပင် အမဲလိုက်အဆင့်သတ်မှတ်ချက်ကနေ ပစ်လွင့်ထွက်ပေါ်လာသည့် သွေးရောင်အလင်းများက ယှက်ဖြာသွားပြီး သွေးနီရောင်ပုံရိပ်တစ်ခုကို ဖြည်းဖြည်းချင်း ဖြစ်ပေါ်လာစေ၏။ သူ၏ ပုံပန်းသဏ္ဌာန်က ပေါ်ထွက်မလာခင်မှာပင် ရယ်သံက ထွက်ပေါ်လာခဲ့၏။ အဲ့ဒါသည် မင်းသားယွမ်ကျော၏ အသံဖြစ်၏။
ဆူဇီမိုက မျက်မှောင်ကြုတ်လိုက်၏။
ရယ်သံက တဖြည်းဖြည်းစဲသွားပြီး သွေးနီရောင်ပုံရိပ်က အပြည့်အဝဖြစ်ပေါ်လာကာ အဲ့ဒါက မင်းသားယွမ်ကျောနှင့် ထပ်တူထပ်မျှ တူညီနေ၏။
“မင်းက ဉာဏ်ကောင်းသားပဲ”
မင်းသားယွမ်ကျောက ဆူဇီမိုကိုကြည့်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်၏။
“စောစောက မင်းသတ်ဖြတ်ခဲ့တဲ့သူက ငါကျင့်ကြံထားတဲ့ကိုယ်ပွားတစ်ခုပဲ”
“ငါက... ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ရဲ့ ကျင့်ကြံမှုအဆင့်လောက်နဲ့ တိုင်းပြည်တစ်ခုကို အုပ်စိုးနိုင်မယ်လို့ မင်းထင်လို့လား... အဲ့ဒါက ငါ့အဖေကငါ့ကို ချစ်မြတ်နိုးတာသက်သက်ကြောင့်လို့ မင်းထင်လို့လား”
“မင်းတို့တွေက ငါ့ကိုအထင်သေးနေကြတာပဲ... မင်းတို့ပုရွက်ဆိတ်နှစ်ကောင်က တော်ဝင်မျိုးဝင်ကို လုပ်ကြံသတ်ဖြတ်ဖို့ ဘယ်လိုတောင်ကြိုးစားရဲတာလဲ”
ထိုစကားကိုကြားသောအခါ ဖုန့်ကျစ်ရီက စိတ်ပျက်အားငယ်မှုကို ခံစားလိုက်ရ၏။
မင်းသားယွမ်ကျောကျင့်ကြံထားသည့် ကိုယ်ပွားကပင်လျှင် အဆင့်-၇ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ဖြစ်နေ၏။ ထိုသို့ဆိုလျှင် သူ၏ ပင်မခန္ဓာသည် ကောင်းကင်အမြုတေနယ်ပယ်မှာရှိသော ပညာရှင်တစ်ဦးဖြစ်ဖို့များလေသည်။
အဲ့ဒါက သူမသာလျှင်မဟုတ်ဘဲ လူတိုင်းက ဤမင်းသားငယ်ကို အထင်သေးခဲ့ကြ၏။
မင်းသားယွမ်ကျောသည် သောက်စားပျော်ပါး၍ ကျင့်ကြံဖို့စိတ်ကူးမရှိသည့်အလား ဤနှစ်များအားလုံးမှာ သူ၏ ကိုယ်ပွားကိုသာ ရှေ့မှာရုပ်လုံးထွက်ပြထားခဲ့၏။
သို့သော်လည်း သူ၏ ပင်မခန္ဓာက ကောင်းကင်အင်မော်တယ်နယ်ပယ်မှာရှိနေသော ပညာရှင်တစ်ဦးဖြစ်နေလေပြီ။ ဤတစ်ခေါက်မှာ ကျောက်စိမ်းအဆောင်က သူ့အတွက်အလွန်တရာအရေးပါခဲ့၏။ သို့သော်လည်း သူ၏ ပင်မခန္ဓာက နောက်ကွယ်မှာနေ၍ ပေါ်ထွက်မလာခဲ့ပေ။
အစကတော့ အဲ့ဒါသည် သူ၏ လျှို့ဝှက်ချက်တစ်ခုဖြစ်ခဲ့၏။ ယခု... အဲ့ဒါသည် ဆူဇီမိုနှင့် ဖုန့်ကျစ်ရီကြောင့် ပေါက်ကြားသွားခဲ့လေပြီ။
“ငါ့ရဲ့ကိုယ်ပွားကို ဖျက်ဆီးပစ်တဲ့အတွက် မင်းတို့ပုရွက်ဆိတ်နှစ်ကောင်က မင်းတို့ရဲ့အသက်တွေနဲ့ ပြန်ပေးဆပ်ရမယ်”
လေထဲမှာ သွေးနီရောင်ပုံရိပ် မင်းသားယွမ်ကျောက အေးစက်စွာပြောလိုက်၏။
သွေးနီရောင်ပုံရိပ်သည် အမဲလိုက်အဆင့်သတ်မှတ်ချက်ကနေ မင်းသားယွမ်ကျောဆင့်ခေါ်ထားသည့် ပုံရိပ်တစ်ခုသာဖြစ်သော်လည်း အဲ့ဒါက ဆူဇီမိုနှင့် ဖုန့်ကျစ်ရီကို သတ်ဖြတ်ဖို့အတွက် လုံလောက်နေ၏။
အမဲလိုက်အဆင့်သတ်မှတ်ချက်ကို ကောင်းကင်အင်မော်တယ်ပညာရှင်တစ်ဦးက ထိန်းချုပ်လိုက်သောအခါ ထွက်ပေါ်လာသည့်စွမ်းအားသည် သူ၏ ကမ္ဘာမြေအင်မော်တယ်ကိုယ်ပွားထက်ပင် များစွာ သာလွန်နေ၏။
“သတ်..”
ရုတ်တရက်ဆူဇီမိုက အော်ငေါက်၍ သူ၏ စိတ်ဝိညာဥ်အသိစိတ်ကို လှည့်ပတ်ကာ သူ၏ ရှေ့မှာ ငရဲဖီနှိမ်မီးဖိုကို ပိတ်ဆို့တားဆီးလိုက်၏။
အတွေးတစ်ချက်နှင့်အတူ ငရဲဖိနှိမ်မီးဖိုပေါ်ရှိ မဟူရာကုန်းလိပ်က ၎င်း၏ မျက်လုံးနှစ်ဖက်ကိုဖွင့်ပြီး ဖြည်းဖြည်းချင်း ပေါ်ထွက်လာခဲ့၏။
မဟူရာကုန်းလိပ်၏ လှုပ်ရှားမှုက အလွန်တရာနှေးကွေးသည့်ပုံပေါ်သော်လည်း ၎င်း၏ ခြေတစ်လှမ်းတိုင်းက အလွန်တရာကြောက်စရာကောင်း၍ ကျယ်ပြောသောစွမ်းပကားတစ်ခုကို ထုတ်ဖော်ပေးနေ၏။
“ဒါက...”
မင်းသားယွမ်ကျော၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွား၏။
ငရဲဖိနှိမ်မီးဖိုပေါ်ရှိ အထွတ်အမြတ်တောကောင် မဟူရာကုန်းလိပ်၏ ပုံသဏ္ဌာန်က အသက်ဝင်လာပြီး သူ့ရှေ့သို့ဆင်းသက်လာလိမ့်မည်ဟု သူက ထင်မှတ်မထားခဲ့ပေ။
မဟူရာကုန်းလိပ်က သူ၏ ခေါင်းကိုမော့ပြီး ဟိန်းဟောက်လိုက်၏။
မင်းသားယွမ်ကျောက ဆတ်ခနဲတုန်ယင်သွား၏။ သူက အထွတ်အမြတ်တောကောင် မဟူရာကုန်းလိပ်၏ ဖိအားဒဏ်ကို ခံနိုင်ရည်မရှိဘဲ သူ၏ ခန္ဓာကိုယ်ကနေ သွေးရောင်အလင်းများက ပေါက်ကွဲထွက်သွား၏။