← Chapters

အခန်း (၃၄၆)

Vol. 24 Ch. 346

အခန်း (၃၄၆)

Vol. 24 Ch. 346

ကျန်းချန်၏ ပုံရိပ်သည် မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားပြီး နောက်ထပ် အနက်ရောင်ဝတ်စုံဝတ် ကိုယ်ရံတော် တစ်ဦး၏ ဘေးတွင် ပြန်လည် ပေါ်လာသည်။

ထို့နောက်တွင် အနက်ရောင်ဝတ်စုံဝတ် ကိုယ်ရံတော်သည် တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ အေးစက်သော အလောင်း ဖြစ်သွားခဲ့၏။

ကျန်းချန်က လက်ရှိ ခွန်အားဖြင့် လေဆန္ဒနှင့် ဓားဆန္ဒတို့ကို ထုတ်ဖော်လိုက်ရာ သတ်ဖြတ်ခြင်း နတ်ဘုရားတစ်ပါးနှင့်ပင် ဆင်တူနေခဲ့သည်။

သာမန် သဘာဝစွမ်းအားဖွင့်ခြင်း ပထမအဆင့် ကျင့်ကြံသူများသည် သူ့၏ ပြိုင်ဘက်များ မဟုတ်ကြပေ။

"ကောင်လေး.. မင်းက ငါတို့ ယွီမိသားစုရဲ့ အနက်ရောင် ကိုယ်ရံတော်တွေကို သတ်ရဲတယ် ဆိုမှတော့ မင်းဘယ်သူပဲဖြစ်နေပါစေ.. ငါ မင်းနဲ့ အဆုံးအထိ တိုက်ခိုက်သွားမယ်"

တခဏအတွင်းမှာပင် အနက်ရောင်ဝတ်စုံဝတ် ကိုယ်ရံတော်များသည် ကျန်းချန်၏ လက်ချက်အောက်တွင် သေဆုံးသွားကြ၏။

ယွီထိုက်သည် သူ၏ နှလုံးသားတစ်ခုလုံး သွေးယိုစိမ့်သလို ခံစားလိုက်ရသည်။

ကျန်းချန်ကို ကြည့်နေသော သူ့၏ အကြည့်များသည် အလွန် ရက်စက်ကြမ်းကြုတ်သော အသွင်အပြင်ကို ပြသနေခဲ့၏။

ယွီထိုက်က ဒေါသတကြီး ကြုံးဝါးနေသော်လည်း ကျန်းချန်က စကားတစ်ခွန်းမျှပင် တုံ့ပြန်ရန် စိတ်မပါခဲ့ပေ။

သူ၏ ခန္ဓာကိုယ်သည် တစ်နေရာမှ တစ်နေရာသို့ လျင်မြန်စွာ ရွေ့လျားနေခဲ့သည်။

သူ ရွေ့လျားသွားတိုင်းတွင် ယွီမိသားစု၏ အနက်ရောင်ဝတ်စုံဝတ် ကိုယ်ရံတော်များသည် သူ့ခြေထောက်အောင်တွင် လဲကျသွားကြ၏။

တခဏ အတွင်းမှာပင် ယွီမိသားစု၏ အနက်ရောင်ဝတ်စုံဝတ် ကိုယ်ရံတော်များသည် မြေပြင်ပေါ်တွင် လဲလျောင်းကာ အေးစက်သော အလောင်းများ ဖြစ်သွားကြတော့သည်။

ကျန်းချန်က ဟင်းသီးဟင်းရွက်များကို လှီးဖြတ်နေသကဲ့သို့ ယွီမိသားစု၏ အနက်ရောင်ဝတ်စုံဝတ် ကိုယ်ရံတော်များအား သတ်ဖြတ်နေသည်ကို မြင်လျှင် လူတိုင်းသည် အံ့ဩတုန်လှုပ်ကာ အသက်ရှူရန်ပင် မေ့လျော့နေကြ၏။

"ဒီကောင်လေးက ​သောက်ရမ်းကြမ်းတယ်ဟ"

"လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမက ဒီလိုမျိုး ကြောက်ဖို့ကောင်းတဲ့ နတ်ဆိုးတစ်ပါးကို ဘယ်ကနေ ရှာတွေ့ခဲ့သလဲ ဆိုတာကို ငါ တကယ် မသိဘူး"

"သူက ယွီမိသားစုရဲ့ အနက်ရောင်ဝတ် ကိုယ်ရံတော်တွေကို တစ်ယောက်တည်း ဖျက်ဆီးပစ်လိုက်တာပဲ"

"ယွီမိသားစုက ဒီတစ်ခေါက် ကြက်ကို ခိုးရင်း ဆန်ပါ ဆုံးရှုံးသွားတာလို့ ယူဆလို့ရတယ်"

".............."

သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ်အဆင့် ကျင့်ကြံသူ ဆယ်ယောက်ကျော်ကို တစ်ပြိုင်နက် ဆုံးရှုံးလိုက်ရခြင်းသည် စစ်မှန်သော နဂါးနိုင်ငံမှ ယွီမိသားစု အတွက် အလွန် ဆိုးရွားသော ကိစ္စတစ်ရပ် ဖြစ်သည်။

ယနေ့ ဖြစ်ပွားခဲ့သော ကိစ္စများကြောင့် ဇူလုံမြို့တွင် ယွီမိသားစု၏ ဂုဏ်သိက္ခာသည် တစ်ဆင့် လျော့ကျသွားလိမ့်မည်မှာ သေချာသလောက်ပင်။

"ကောင်းတယ်.. သိပ်ကောင်းတယ်"

"ကောင်လေး.. မင်းက ငါ့ကို အတင်းအကျပ် ဖိအားပေးနေတာပဲ"

"ဒီနေ့ ငါတို့မိသားစုက မင်းနဲ့ အဆုံးထိ တိုက်ခိုက်သွားမယ်"

အနက်ရောင်ဝတ်စုံဝတ် ကိုယ်ရံတော် အားလုံး ကျန်းချန်၏ ဓားအောက်တွင် သေဆုံးသွားကြရသည်ကို မြင်လျှင် ယွီထိုက်၏ မျက်လုံးများတွင် ရူးသွပ်သော အသွင်အပြင်တစ်ခု ထွက်ပေါ်လာသည်။

သူက လက်ဖဝါးကို လှုပ်ရှားလိုက်ရာ အချက်ပြမီးကျည် တစ်ခုသည် ကောင်းကင်ပေါ်သို့ တိုက်ရိုက် တက်သွားခဲ့သည်။

"ယွီမိသားစုက အမှန်အကန် လှုပ်ရှားတော့မယ့်ပုံပဲ"

"သူတို့မှာ ရွေးချယ်စရာမှမရှိတာ.. ယွီမိသားစုအနေနဲ့ ဒီကောင်လေးကို ဖယ်ရှားမပစ်ရင် ဇူလုံမြို့မှာ လူရယ်စရာ ဖြစ်လာမှာပဲ"

"ယွီမိသားစုမှာ အားကောင်းတဲ့ စွမ်းအင်သိပ်သည်းခြင်းနယ်ပယ် အဆင့် ကျင့်ကြံသူ ရှိတယ်...ဒီကလေးတော့ သွားပြီ"

ယွီထိုက်က ယွီမိသားစုသို့ တိုက်ရိုက် အချက်ပြမှု တစ်ခု ပို့လွှတ်လိုက်သည်ကို မြင်လျှင် လူတိုင်းသည် ခေါင်းကို ခါယမ်းကာ သက်ပြင်းချလိုက်ကြသည်။

ထိုကောင်လေးသည် နတ်ဆိုးဆန်သော ပါရမီ ရှိလျှင်ပင် မူလဘူတ နယ်ပယ်အဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်သေး၏။

ယွီမိသားစုမှ စွမ်းအင်သိပ်သည်းခြင်းနယ်ပယ်အဆင့် ကျင့်ကြံသူ ကိုယ်တိုင် ရောက်လာလျှင် မည်ကဲ့သို့ ခုခံနိုင်ပါအံ့နည်း။

"အကြီးအကဲ ကျန်းချန်..ယွီထိုက်က ယွီမိသားစုကို အချက်ပြမီးကျည်တစ်ခု ပို့လွှတ်လိုက်တယ်.. သိပ်မကြာခင် ယွီမိသားစုရဲ့ ခေါင်းဆောင် ယွီကန်း ကိုယ်တိုင် ရောက်လာမှာ ငါစိုးရိမ်မိတယ်"

ဤမြင်ကွင်းကို မြင်လျှင် ယွဲ့ယန်ချန်၏ မျက်နှာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

"လာပလေ့စေ.. အချက်ပြမှုမရှိလည်း ယွီမိသားစုရဲ့ စွမ်းအင်သိပ်သည်းခြင်းနယ်ပယ်အဆင့် ကျင့်ကြံသူက မကြာခင် ရောက်လာမှာ အသေအချာပဲ"

ကျန်းချန်က အေးဆေးစွာ ပြောလိုက်သည်။

"သူကိုယ်တိုင် လာတော့လည်း ဒီပြဿနာကို တစ်ခါတည်းနဲ့ ဖြေရှင်းလို့ရသွားတာပေါ့"

ကျန်းချန်က စွမ်းအင်သိပ်သည်းခြင်း နယ်ပယ်အဆင့် ကျင့်ကြံသူကို ပထမဆုံးအကြိမ် ရင်ဆိုင်ဖူးခြင်း မဟုတ်ပေ။

သူက ကျီမိသားစု၏ အကြီးအကဲ ကျီထျန်းလွေ့ကိုပင် မကြောက်ရွံ့ခဲ့ရာ ယွီမိသားစုမှ ကျင့်ကြံသူကို မည်ကဲ့သို့ ကြောက်ရွံ့ပါမည်နည်း။

ကျန်းချန်နှင့် အခြားသူများသည် စောင့်ဆိုင်းနေကြသည်။

အချိန်က တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့၏။

မိနစ်အနည်းငယ် အကြာတွင် အဝေးတစ်နေရာရှိ ကောင်းကင်တွင် မုန်တိုင်းထန်သော အရှိန်အဝါကို ထုတ်လွှတ်နေသော ပုံရိပ်တစ်ခုသည် လေထဲမှတဆင့် တိုက်ရိုက် ရောက်ရှိလာခဲ့သည်။

လူတိုင်းသည် လေထဲတွင် လျှောက်လာသော ပုံရိပ်ကို ကြည့်ကာ တုန်လှုပ်ချောက်ချားနေကြ၏။

ယွီမိသားစု၏ စွမ်းအင်သိပ်သည်းခြင်း နယ်ပယ်အဆင့် ကျင့်ကြံသူက ရောက်ရှိလာခဲ့ပြီ မဟုတ်ပါလား။

အခန်း (၃၄၆) ပြီး၏

All Chapters