← Chapters

အခန်း (၃၅၄)

Vol. 24 Ch. 354

အခန်း (၃၅၄)

Vol. 24 Ch. 354

ကျီထျန်းလွေ့က ရုတ်တရက် လှည့်ကြည့်လိုက်ရာ သူ၏ နောက်တွင် တစ္ဆေ တစ်ကောင်သဖွယ် ပေါ်ထွက်လာပြီး ကျီမိသားစုမှ ကျင့်ကြံသူတစ်ဦးကို တိုက်ရိုက် သတ်ပစ်လိုက်သော ကျန်းချန်ကို မြင်လျှင် မျက်နှာတစ်ခုလုံး အံ့သြထိတ်လန့်သော အရိပ်အယောင်များ ပြည့်နှက်နေခဲ့၏။

"မင်း... မင်းက တကယ်ပဲ လေရဲ့ စစ်မှန်သော အဓိပ္ပါယ်ကိုပါ နားလည်ထားတာလား"

ကျီထျန်းလွေ့ ကြောက်လန့် တုန်လှုပ်သွားသည်။

ကျန်းချန်က လေ၏ စစ်မှန်သော အဓိပ္ပာယ်ကို ရှင်းရှင်းလင်းလင်း နားလည်ထား၏။

ထို့ကြောင့် သူ ယခုလေးတင် လုပ်ဆောင်ထားသော အချုပ်အနှောင် စွမ်းအားကို လုံးဝ လျစ်လျူရှုနိုင်စွမ်း ရှိသည်။

သို့သော် ကျန်းချန်က လုံးဝ မခုခံဘဲ သူ၏ ချုပ်နှောင်မှုကို ခံထားရသည့် ပုံစံမျိုးဖြင့် ဟန်ဆောင်ခဲ့၏။

ရလဒ်အနေဖြင့် သူက ပေါ့ဆမိသွားကာ နောက်တစ်ကြိမ် လှည့်စားခံလိုက်ရပြီး ကျန်းချန်ကို သူ၏ မျက်စိရှေ့မှာပင် ကျီမိသားစု ကျင့်ကြံသူတစ်ဦးကို သတ်ပစ်စေသလို ဖြစ်သွားခဲ့သည်။

သူက စွမ်းအင်သိပ်သည်းခြင်း နယ်ပယ်အဆင့်၏ အားကောင်းသော ကျင့်ကြံသူ တစ်ဦး ဖြစ်သော်လည်း ကျန်းချန်ကဲ့သို့ လူငယ်တစ်ဦး၏ လှည့်စားမှုကို ထပ်ခါထပ်ခါ ခံခဲ့ရသည်။

"ကျန်းချန်...မင်က ငါ့ကို တကယ် အံ့အားသင့်စေပါတယ်"

"ဒါပေမဲ့ မင်းနောက်ထပ် ဘာတွေ လုပ်ဆောင်နိုင်မလဲ ဆိုတာ ငါ ကြည့်ရှုချင်တယ်"

ကျီထျန်းလွေ့က ဒေါသတကြီး ကြုံးဝါးလိုက်သည်။

ထို့နောက်တွင် သူ၏ လက်သည်းဖြင့် ကျန်းချန်ကို တိုက်ရိုက် ကုတ်ဆွဲလိုက်သည်။

ကျီထျန်းလွေ့သည် ကျန်းချန် အချိန်ဆွဲနေကြောင်း သိသိသာသာပင် ခံစားမိထားပြီ ဖြစ်သည်။

ထို့ကြောင့် သူက ကျန်းချန်နှင့် ဤကဲ့သို့ အချိန်မဖြုန်းလိုတော့ပေ။

ဤတစ်ကြိမ်တွင် ကျီထျန်းလွေ့သည် ကျန်းချန်ကို အချိန်ဆွဲရန် မည်သည့် အခွင့်အရေးမျိုးကိုမျှ မပေးလိုတော့ပေ။

သူက ကျန်းချန်ကို တိုက်ရိုက် ဖမ်းဆီး၍ ကျီရန်ရှန်နှင့် ကျီကျင်းကို ရှာဖွေရန် လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမထဲ အမြန်ဆုံး ဝင်လိုခဲ့သည်။

သို့သော် ကျီထျန်းလွေ့က ကျန်းချန်ကို ကိုင်တွယ်ရန် အတတ်နိုင်ဆုံး ကြိုးစားနေသော အချိန်မှာပင် တိုးညင်းသော အသံတစ်သံသည် ရုတ်တရက် ကျီထျန်းလွေ့၏ နားထဲတွင် ထွက်ပေါ်လာလေသည်။

"အကြီးအကဲ ထျန်းလွေ့.. အကြီးအကဲက ကျွန်တော့်ကို ရှာဖွေဖို့ လခြမ်းတံဆိပ်ကုန်သွယ်ရေးခန်းမကို ရောက်လာတာလား.. အခု ကျွန်တော် အကြီးအကဲ ရှေ့မှာ ရောက်နေပါပြီ.. လုပ်ဆောင်နေသမျှ အရာအားလုံး ရပ်တန့်ပေးပါ"

ရုတ်တရက် ထွက်ပေါ်လာသော အသံသည် ကျီထျန်းလွေ့၏ မျက်နှာထားကို ပြောင်းလဲသွားစေ၏။

သူက ကျန်းချန်ကို ကုတ်ဆွဲမည့်လက်ကို ​လေထဲမှာပင် ရပ်တန့်လိုက်ကာ အသံ ထွက်ပေါ်လာသော နေရာဆီသို့ ပြန်လည် ကြည့်ရှုလိုက်သည်။

မကြာမီမှာပင် ကျီကျင်းနှင့် ကျီရန်ရှန် တို့က လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမမှ ဖြည်းညင်းစွာ လျှောက်ထွက်လာသည်ကို သူ မြင်လိုက်ရသည်။

"ဒီကလေးရဲ့ သန္ဓေမူလသိုင်းခန္ဓာက တကယ်ပဲ နိုးထသွားခဲ့တာလား"

ကျီထျန်းလွေ့က ကျီကျင်းကို တင်းကျပ်စွာ စိုက်ကြည့်လိုက်၏။

သူက သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ်အဆင့်သို့ ရောက်ရှိနေသော ကျီကျင်း၏ အရှိန်အဝါကို ခံစားမိလျှင် မျက်နှာတစ်ခုလုံး အကျည်းတန်သွားခဲ့သည်။

နောက်ဆုံးတွင် သူက ခြေတစ်လှမ်း နောက်ကျသွားကာ ကျီကျင်းကို သန္ဓေမူလသိုင်းခန္ဓာ အောင်မြင်စွာ နိုးထစေရန် ခွင့်ပြုလိုက်ရသည်။

သန္ဓေမူလသိုင်းခန္ဓာကို နိုးထစေနိုင်ခဲ့သော ကျီကျင်းသည် ဤအတိုင်းဆို ကျီမိသားစုတွင် အရေးပါသောနေရာအား ရယူနိုင်မည်မှာ သေချာ၏။

သူ၏ နှစ်ပေါင်းများစွာ စီစဉ်ထားမှုများသည် တိုတောင်းသောအချိန်အတွင်း ပျက်စီးသွားမည်ကို သူစိုးရိမ်နေမိသည်။

"ညီနောင် ကျန်းချန်.. ဒီနေ့အတွက် အရမ်း ကျေးဇူးတင်ပါတယ်"

ကျီကျင်းက ကျီထျန်းလွေ့၏ ဖြူဖျော့သော မျက်နှာကို လျစ်လျူရှုကာ ကျန်းချန်ဆီသို့ တိုက်ရိုက် လျှောက်သွားပြီး ကျေးဇူးတင်စကား ပြောဆိုလိုက်သည်။

ကျန်းချန်သည် ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

"ယဉ်ကျေးဖို့ မလိုအပ်ပါဘူး.. ငါကလည်း မင်းဆီကနေ လိုချင်တဲ့ အရာကို ရရှိခဲ့တာပဲလေ"

"ညီနောင် ကျန်းချန်.. ဒါက မင်း တောင်းဆိုထားတဲ့ အရာပဲ""

ကျန်းချန်၏စကားကို ကြားလျှင် ကျီကျင်းသည် ကျန်းချန်ကို ကျောက်စိမ်း ပုလင်းတစ်လုံး တိုက်ရိုက် ပေးအပ်လိုက်၏။

ထို့နောက်တွင် သူသည် ကျီထျန်းလွေ့ကို လှည့်ကြည့်လိုက်သည်။

"ကျီမိသားစုကို ပြန်လည် ခေါ်ဆောင်ဖို့ လာခဲ့တာ မဟုတ်လား.. ကျွန်တော် အခု ခင်ဗျားနှင့်အတူ ပြန်လိုက်ခဲ့ပါ့မယ်"

ကျီကျင်းထံမှ ထိုစကားများကို ကြားလိုက်ရလျှင် ကျီထျန်းလွေ့သည် စကားတစ်ခွန်းမျှ မပြောတော့ဘဲ လခြမ်းတံဆိပ်ကုန်သွယ်ရေးခန်းမမှ ထွက်ခွာသွားခဲ့သည်။

ယခုအခါတွင် ကျီကျင်းက သန္ဓေမူလသိုင်းခန္ဓာကို အောင်မြင်စွာ နိုးထစေနိုင်ခဲ့သောကြောင့် သူ၏ ယနေ့ လုပ်ဆောင်ချက်များသည် အဓိပ္ပါယ်မဲ့သွားခဲ့၏။

ထို့အပြင် သူသည် နောက်ထပ် အခြေအနေကို မည်ကဲ့သို့ ကိုင်တွယ်ရမလဲ ပြန်လည် သုံးသပ်ရန် လိုအပ်သည်။

"ညီနောင် ကျန်းချန်.. ငါ အခု ကျီမိသားစုဆီ ပြန်သွားဖို့ လိုအပ်တယ်.. ဒါကြောင့် မင်းကို အနှောင့်အယှက် မပေးတော့ဘူး"

"ကိစ္စတချို့ကို ဖြေရှင်းပြီးမှပဲ ကျေးဇူးတင်ဖို့ လာခဲ့တော့မယ်"

ကျီကျင်းက ကျန်းချန်ကို ပွေ့ဖက် နှုတ်ဆက်ကာ ကျီရန်ရှန်နှင့်အတူ အမြန် ထွက်ခွာသွားခဲ့သည်။

ကျီကျင်းတို့ ထွက်ခွာသွားပြီးနောက်တွင် ကျန်းချန်၏ အကြည့်သည် သူ၏ လက်ထဲမှ ကျောက်စိမ်း ပုလင်းဆီသို့ တိုက်ရိုက် ရောက်ရှိသွားခဲ့၏။

သူက နောက်ဆုံးတွင် သန္ဓေမူလသိုင်းခန္ဓာမှ ထိုသွေးတစ်စက်ကို ရရှိခဲ့ပြီ ဖြစ်သည်။

အခန်း(၃၅၄) ပြီး၏

All Chapters