← Chapters

အခန်း (၃၅၃)

Vol. 24 Ch. 353

အခန်း (၃၅၃)

Vol. 24 Ch. 353

"မင်းက လူကို ထုတ်မပေးတော့လည်း ငါကိုယ်တိုင် လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမကို ရှာဖွေရတော့မှာပေါ့"

ကျီထျန်းလွေ့က အေးစက်စွာ ရေရွတ်လိုက်ပြီး ကျီမိသားစု ကျင့်ကြံသူအုပ်စုကို တိုက်ရိုက် အော်ဟစ်လိုက်သည်။

"မင်းတို့ ဘာတွေ ငေးကြည့်နေကြတာလဲ.. လူကို တွေ့အောင်ရှာကြစမ်း"

ယနေ့ ကိစ္စက အလွန် အရေးကြီးသောကြောင့် ကျီထျန်းလွေ့သည် ဤနေရာတွင် ရပ်တန့်နေ၍ မဖြစ်နိုင်ပေ။

ကျန်းချန်၏ ဆေးနန်းတော် ဂုဏ်ထူးဆောင် အကြီးအကဲနှင့် ထိုက်ရှဂိုဏ်းတပည့် ဟူသော အထောက်အထားသည် သူ့ကို အနည်းငယ် ရှိန်စေသည်။

သို့သော် ယနေ့တွင် သူသည် ကျန်းချန်ကို ကလဲ့စားချေရန် အတွက် လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမသို့ လာရောက်ခဲ့ခြင်း မဟုတ်ပေ။

သူ့အတွက် ယခုအခါတွင် အရေးကြီးဆုံး အရာမှာ ကျီကျင်းကို ရှာဖွေကာ ကျီကျင်း၏ သန္ဓေမူလသိုင်းခန္ဓာ ပြန်လည် နိုးထခြင်းကို တားဆီးရန်ပင် ဖြစ်သည်။

သူ့အနေဖြင့် ကျန်းချန်နှင့် အခြားသူများကို ထိန်းချုပ်ရန် လိုအပ်သည်။

အထူးသဖြင့် ကျန်းချန်၏ အသက်ကို မထိခိုက်စေရန် ဖြစ်၏။

ကျန်းချန် မထိခိုက်သ၍ ထိုက်ရှဂိုဏ်းနှင့် ဆေးနန်းတော်သည် သူ့ကို မည်သည့်အရာမျှ လုပ်ဆောင်နိုင်မည် မဟုတ်ပေ။

"ဟမ့်.. မင်းတို့ ဘယ်သူပဲ ဖြစ်ဖြစ် ငါတို့ လခြမ်းတံဆိပ်ကုန်သွယ်ရေးခန်းမမှာ ရိုင်းစိုင်းခွင့် မပြုနိုင်ဘူး"

"ဘယ်သူမဆို ရှေ့ကို ခြေတစ်လှမ်းတိုးတာနဲ့ ရက်စက်တယ် ဆိုပြီး ငါ့ကို အပြစ်မတင်နဲ့"

ထိုခဏတွင် ကျန်းချန်၏ မျက်နှာက အေးစက်သွားသည်။

ယန်လုံဓားသည် သူ၏ လက်ထဲတွင် တိုက်ရိုက် တောက်ပလာခဲ့၏။

ဒုတိယအဆင့် ဓားဆန္ဒသည်လည်း ချက်ချင်း ပေါက်ကွဲထွက်လာခဲ့သည်။

"ကျန်းချန်.. ဒီနေ့ မင်းရဲ့ လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမကို ငါ ရှာဖွေမယ်.. ဟက်.. မင်းရဲ့ ဓားဆန္ဒက ငါ့ကို မတားဆီးနိုင်လောက်ဘူး"

ကျီထျန်းလွေ့က မထီမဲ့မြင် ပြုံးလိုက်သည်။

သူ၏ လက်ဖဝါးကို လှုပ်ရှားလိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားသည် စွမ်းအင် သံကြိုး အမြောက်အမြားအဖြစ် တိုက်ရိုက် ပြောင်းလဲသွားကာ ကျန်းချန်တို့ဆီ ပေါက်ကွဲထွက်လာသည်။

ချက်ချင်းဆိုသလို ကျန်းချန်နှင့် အခြားသူများသည် ဤထူးဆန်းသော စွမ်းအင် သံကြိုးများ၏ ချုပ်နှောင်ခြင်းက်ု ခံလိုက်ရ၏။

ယန်ချင်းရွှယ် အပါအဝင် မည်သူကမှ ကျီထျန်းလွေ့၏ စွမ်းအင် သံကြိုးများ ချုပ်နှောင်မှုမှ မလွတ်မြောက်ခဲ့ကြပေ။

ကျန်းချန်နှင့် အခြားသူများကို ချုပ်နှောင်ပြီးနောက် ကျီထျန်းလွေ့သည် သူ၏ လက်ကို ဝှေ့ယမ်းလိုက်သည်။

"ရှာဖွေကြစမ်း"

ကျီထျန်းလွေ့၏ အမိန့်ပေးသံ အဆုံးတွင် ကျီမိသားစု၏ ကျင့်ကြံသူအုပ်စုသည် လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမ ထဲသို့ တစ်ဖန် တိုက်ရိုက် ပြေးဝင်သွားသည်ကို အားလုံးက မြင်လိုက်ရသည်။

"ဟားဟား... မင်းတို့ကို လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမက လုပ်ချင်သလို လုပ်ဆောင်ခွင့် ပေးမယ်လို့ ထင်နေလား"

"လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမက မင်းတို့ ထင်တိုင်းကြဲလို့ရတဲ့ နေရာ မဟုတ်ဘူးလို့ ငါပြောပြီးပြီ"

"ဓားဆန္ဒ.. ဖြတ်တောက်လိုက်စမ်း"

ကျန်းချန်က ရေရွတ်လိုက်သည်နှင့် လေထဲတွင် ချက်ချင်းဆိုသလို ပုံရိပ်ယောင် ဓားရှည်ကြီးအဖြစ် စုစည်းသွားခဲ့သည်။

ထိုဓားရှည်ကြီးသည် ထိတ်လန့်ဖွယ် အရှိန်အဟုန်ဖြင့် ကျီမိသားစုမှ သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ်အဆင့် ကျင့်ကြံသူများကို တိုက်ရိုက် ဖြတ်တောက်လိုက်သည်။

ကျီမိသားစု၏ သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ်အဆင့် ကျင့်ကြံသူများသည် ကျန်းချန်၏ ဓားဆန္ဒကို လုံးဝ မခုခံနိုင်ကြပေ။

သူတို့၏ ပါးစပ်များမှ သွေးတစ်ပွက်ကို အန်ထုတ်လိုက်ရပြီး သူတို့အားလုံးသည် ကြိုးပြတ်သွားသော စွန်တစ်ကောင်နှယ် လွင့်စင်သွားကြသည်။

မျက်စိရှေ့မှ ဤထိတ်လန့်ဖွယ် မြင်ကွင်းကို မြင်လျှင် ကျန်ရှိသော ကျီမိသားစုမှ ကျင့်ကြံသူများ၏ မျက်နှာများသည် ချက်ချင်းပင် ထိတ်လန့်သော အရိပ်အယောင်များ စိုးမိုးသွားကြ၏။

"လခွမ်း.. ဒီကလေးရဲ့ ဓားဆန္ဒကို ငါ မေ့လျော့သွားတယ်"

ကျီထျန်းလွေ့သည် သူ၏ နှလုံးသားထဲတွင် လျှို့ဝှက်စွာ ရေရွတ်လိုက်သည်။

သူ၏ မျက်နှာသည်လည်း အရင်ထက် ကြည့်ရဆိုးသွားခဲ့၏။

သူက ကျန်းချန်၏ လုပ်ဆောင်ချက်များကို အကန့်အသတ် ဖြစ်စေမည့် လှုပ်ရှားမှုကို လုပ်ဆောင်ခဲ့သော်လည်း ကျန်းချန်၏ ဓားဆန္ဒကို လုံးဝ မထိန်းချုပ်နိုင်ခဲ့ပေ။

ဓားဆန္ဒ ဒုတိယအဆင့်။

ယင်းက သူ ခေါ်ဆောင်လာသော ကျီမိသားစုမှ ကျင့်ကြံသူများ ခုခံနိုင်သော အရာ မဟုတ်ပေ။

ကျီထျန်းလွေ့၏ မျက်လုံးများက အေးစက်သွားသည်။

ထိုခဏတွင် သူ၏ ပုံရိပ်က တောက်ပသွားပြီး သူက ကျန်းချန်နှင့် သုံးပေအကွာတွင် ပေါ်လာခဲ့သည်။

"ကျန်းချန်.. ငါ ပေါ့ဆမိသွားတယ်"

"မင်းရဲ့ ဓားဆန္ဒနဲ့ ငါ့လူတွေကို နောက်ထပ် ထိခိုက်အောင်လုပ်ဆောင်နိုင်မလား ငါ ကြည့်ရှုချင်တယ်"

ကျီထျန်းလွေ့က ကျန်းချန်ကို တင်းကျပ်စွာ စိုက်ကြည့်လိုက်သည်။

သူက စွမ်းအင်သိပ်သည်းခြင်း နယ်ပယ်အဆင့် ကျင့်ကြံသူ ဖြစ်ရာ သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ်အဆင့်မှ ကောင်လေးတစ်ဦးကို မထိန်းချုပ်နိုင်ဟု သူ အမှန်တကယ် မယုံကြည်ပေ။

"ကြည့်ရှုချင်ရင် မင်းရဲ့ မျက်လုံးတွေကို ပြူးနေအောင် ဖွင့်ထားလိုက်"

ကျန်းချန်က မဲ့ပြုံး ပြုံးလိုက်သည်။

ထိုခဏမှာပင် လေ၏ စစ်မှန်သော အဓိပ္ပာယ်က ချက်ချင်း ပေါက်ကွဲထွက်လာကာ ကျီထျန်းလွေ့၏ စွမ်းအင် သံကြိုးများ အချုပ်အနှောင်မှ အလွယ်တကူပင် ကျန်းချန်က လွတ်မြောက်သွားခဲ့သည်။

ကျီထျန်းလွေ့ မတုံ့ပြန်နိုင်မီ ကျန်းချန်၏ အရိပ်သည် တစ္ဆေ တစ်ကောင်သဖွယ် နေရာမှာပင် ပျောက်ကွယ်သွား၏။

နောက်ထပ် တစ်ခဏတွင် နာကျင်သော အော်ဟစ်သံ တစ်သံသည် ကျီထျန်းလွေ့၏ နောက်ကျောမှ ထွက်ပေါ်လာခဲသည်။

အခန်း(၃၅၃) ပြီး၏

All Chapters