← Chapters

အခန်း (၃၅၂)

Vol. 24 Ch. 352

အခန်း (၃၅၂)

Vol. 24 Ch. 352

ကျန်းချန်၏ မောက်မာသော စကားများကို ကြားလိုက်ရလျှင်

ကျီထျန်လွေ့၏ မျက်နှာသည် ဖြူဖျော့သွားသည်။

သူက ကျန်းချန်ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။

"လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမက မင်း၏ နေရာ ဖြစ်လိမ့်မယ်လို့ ငါ မမျှော်လင့်ထားမိဘူး.. မင်းက ငါ့ကို တကယ်ပဲ အံ့အားသင့်စေတယ်"

"ဒါက ငါ့ နေရာ ဆိုတာကို သိရင် မင်းရဲ့ လူတွေကို ခေါ်ပြီး ထွက်မသွားသေးဘူးလား"

ကျန်းချန်က အေးစက်စွာ ပြန်လည် မေးခွန်းထုတ်လိုက်သည်။

"မင်းအနေနဲ့ ငါ့ကို တကယ်ပဲ စိတ်အနှောင့်အယှက် ပေးရဲတယ်လား"

"ကျန်းချန်.. ဒီနေ့ ငါက လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမအတွက် ဒီနေရာကို ရောက်လာတာ မဟုတ်ဘူး.. မင်းနဲ့ ပြဿနာ ဖြစ်ပွားဖို့လည်း မရည်ရွယ်ထားခဲ့ဘူး"

ကျီထျန်းလွေ့၏ မျက်လုံးများတွင် အေးစက်သော အလင်းတန်းများတောက်ပသွားသည်။

သူက ကျန်းချန်ကို ခပ်တင်းတင်း စိုက်ကြည့်လိုက်သည်။

"ငါက ဒီနေရာကို လူနှစ်ယောက် ရှာဖွေဖို့ ရောက်လာတာပဲ.. ငါ လိုချင်တဲ့ လူတွေကို ထုတ်ပေးသ၍ လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမကနေ ချက်ချင်း ထွက်ခွာသွားမယ်လို့ ငါ ကတိပေးတယ်"

ကျန်းချန်က မဲ့ပြုံး ပြုံးလိုက်သည်။

"အကြီးအကဲကျီက ဘယ်သူ့ကို ရှာဖွေနေလဲ ကျွန်တော်​သိလို့ရမလား"

"ကျီရန်ရှန်နဲ့ ​ကျီကျင်း"

ကျီထျန်းလွေ့က အေးစက်စွာ ပြောလိုက်သည်။

"ဒီနှစ်ယောက်က ငါတို့ ကျီမိသားစုရဲ့ တန်ဖိုးအကြီးမားဆုံး ရတနာကိုမှ ခိုးယူသွားကြတယ်.. သူတို့ကို ကျီမိသားစုဆီ ပြန်လည် ဖမ်းခေါ်သွားဖို့ လိုအပ်တယ်"

"စိတ်မကောင်းပါဘူး ငါတို့ လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမမှာ မင်း ရှာဖွေနေတဲ့လူ မရှိဘူး"

ကျန်းချန်သည် ခပ်ယဲ့ယဲ့ ပြုံးကာ ပြောလိုက်သည်။

"အကြီးအကဲကျီက နေရာ မှားယွင်းပြီး ရှာဖွေနေမိမှာကို ငါစိုးရိမ်မိတယ်"

ကျီထျန်းလွေ့၏ မျက်နှာသည် ရုတ်တရက် တင်းမာသွားသည်။

"ဒါပေမဲ့ ငါရရှိထားတဲ့ သတင်းအရ သူတို့ နှစ်ယောက်က မင်းတို့ရဲ့ လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမမှာ ရှိနေတယ်လို့သိရတယ်"

"မင်းရဲ့ သတင်းအရင်းမြစ် မှားယွင်းနေတာ ဖြစ်နိုင်တယ်.. မင်းရဲ့လူတွေကို ခေါ်ပြီး ထွက်သွားလိုက်ပါတော့"

ကျန်းချန်က တည်ကြည်စွာ ပြောလိုက်ပြီး ကျီထျန်းလွေ့ကို အမိန့်ပေးလိုက်သည်။

ကျန်းချန်၏ စကားများကို ကြားလိုက်ရလျှင် ကျီထျန်းလွေ့၏ နှလုံးသားသည် တင်းကျပ်သွားခဲ့၏။

မျက်နှာကလည်း အကြည့်ရဆိုးသွားခဲ့သည်။

လွန်ခဲ့သော နာရီအနည်းငယ်ခန့်တွင် ကျီမိသားစု၏ ခေါင်းဆောင် ကျီထျန်းရှောင်သည် ကျီရန်ရှန်နှင့် ကျီကျင်းကို ကျီမိသားစု၏ ရတနာဖြစ်သည့် ကောင်းကင် မူလ နတ်ကျောက်တုံးကို လျှို့ဝှက်စွာ ယူဆောင်သွားစေခဲ့သည်။

ကျီထျန်းရှောင်၏ ရည်ရွယ်ချက်သည် ကျီကျင်း၏ ရုပ်ပိုင်းဆိုင်ရာ ပြဿနာကို ဖြေရှင်းရန် ဖြစ်နိုင်မှန်း ကျီထျန်းလွေ့နှင့် အခြားသူများသည် အလွန် ရှင်းလင်းစွာ သိရှိထားကြသည်။

ကျီကျင်း၏ ရုပ်ပိုင်းဆိုင်ရာ ပြဿနာကို ဖြေရှင်းပြီးလျှင် ကျီကျင်းသည် ကျီမိသားစု၏ ခေါင်းဆောင်အဖြစ် အမွေဆက်ခံရန် အကောင်းဆုံး ကိုယ်စားလှယ်လောင်း ဖြစ်လာလိမ့်မည် မဟုတ်ပါလား။

ယင်းက ကျီထျန်းလွေ့နှင့် အခြားသူများအတွက် သဘာဝကျစွာပင် အလွန် စိတ်မသက်မသာ ဖြစ်စေခဲ့၏။

ထို့ကြောင့် ကျီထျန်းလွေ့သည် ထိုသတင်းကို ရရှိပြီးနောက်တွင် လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမသို့ သူ့လူများနှင့်အတူ အမြန်ဆုံး ရောက်လာခဲ့ခြင်း ဖြစ်သည်။

သို့သော် ကျီထျန်းလွေ့သည် ဤလခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမက ကျန်းချန်၏ နေရာ ဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

သူ့အနေဖြင့် ကျီရန်ရှန်နှင့် ကျီကျင်းတို့ ဤလခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမတွင် ပုန်းအောင်းနေကြောင်း သေချာသလောက် ပြောနိုင်၏။

ထိုနှစ်ယောက်၏ လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမသို့ လာရောက်ရသည့် ရည်ရွယ်ချက်မှာ သူတို့ကို ဟန့်တားရန် အတွက် ကျန်းချန်၏ ဂုဏ်သိက္ခာကို အသုံးပြုလို၍လည်း ဖြစ်နိုင်သည်။

ဟုတ်ပါသည်၊ ၎င်းက အရေးကြီးဆုံး မဟုတ်ပေ။

ကျီထျန်းလွေ့သည် ရုတ်တရက် သူ၏ နှလုံးသားထဲတွင် ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။

ယင်းမှာ ကျန်းချန်သည် ကျီကျင်း၏ ရုပ်ပိုင်းဆိုင်ရာ ပြဿနာကို ဖြေရှင်းနိုင်သောလူ ဖြစ်နိုင်ခြင်းပင်။

"ကျန်းချန်.. မင်းရဲ့ တစ်ဖက်သတ် စကားတွေနဲ့ပဲ သူတို့က လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမမှာ မရှိဘူးလို့ ငါဘယ်လိုယုံကြည်ရမှာလဲ"

"သူတို့က ဒီမှာ တကယ်ပဲ မရှိဘူးဆိုရင်လည်း လခြမ်းတံဆိပ်ကုန်သွယ်ရေးခန်းမကို ရှာဖွေခွင့်ပြုပါ"

"ငါ သူတို့ကို ရှာမတွေ့ခဲ့ရင် ငါ့လူတွေကိုခေါ်ပြီး လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမကနေ ထွက်သွားပါ့မယ်"

ကျီထျန်းလွေ့က အသက်ကို ခပ်ပြင်းပြင်းရှူလိုက်သည်။

ကျန်းချန်ကို ကြည့်ရှုနေသော သူ၏ မျက်လုံးများတွင် ထက်မြသော အလင်းတန်းတစ်ခု တောက်ပသွားသည်။

မည်သို့ပင်ဆိုစေကာမူ ဤတစ်ကြိမ်တွင် သူသည် ကျီကျင်းကို ခေါ်ဆောင်သွားရန် လိုအပ်၏။

ထိုသို့ မဟုတ်ဘဲ ကျီကျင်းသာ အထူးခန္ဓာကိုယ်ကို အမှန်တကယ် နိုးထနိုင်ခဲ့လျှင် ကျီမိသားစုတွင် သူ၏ အနာဂတ် အဆင့်အတန်းသည် အလွန် လျော့ကျသွားမည်မှာ သေချာသည်။

"ဟမ့်.. မင်းက ငါတို့ လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမကို ဘာထင်နေတာလဲ.. မင်းရှာချင်တိုင်း ရှာလို့ရတဲ့နေရာများ ထင်နေလား"

"ဒီနေရာမှာ မင်း ရှာဖွေနေတဲ့ လူတွေ မရှိလူးလို့ ငါ ရှင်းရှင်းလင်းလင်း ပြောပြီးပြီ"

ကျန်းချန်၏ မျက်နှာက အေးစက်သွားသည်။

သူ၏ စိတ်မရှည်သော အသံသညိ ကျီထျန်းလွေ့၏ နားထဲသို့ တိုက်ရိုက် ပဲ့တင်ထပ်လာခဲ့၏။

"နောက်ဆုံးအကြိမ် ငါထပ်ပြောမယ်.. မင်းနှင့်အတူ ပါလာတဲ့ လူတွေကိုခေါ်ပြီး အခုချက်ချင်း လခြမ်းတံဆိပ် ကုန်သွယ်ရေး ခန်းမကနေ ထွက်သွားပေးပါ"

အခန်း(၃၅၂) ပြီး၏

All Chapters