အခန်း (၃၅၆)
Vol. 24 Ch. 356
ကျီကျင်း၏ သွေးဖြင့် ကျန်းချန် အဆင့်တက်ပြီးနောက် သုံးရက်ကြာမြင့်ခဲ့သည်။
ကျန်းချန်က ဆက်လက် လေ့ကျင့်နေခဲ့ပြီး သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ်အဆင့်၁တွင် လုံးဝ တည်ငြိမ်စေရန် ကြိုးစားနေခဲ့သည်။
ကျန်းချန် အနားယူနေစဉ်အတွင်း ယွဲ့ယန်ချန်သည် ကျန်းချန်၏ ဆေးနန်းတော် ဂုဏ်ထူးဆောင် အကြီးအကဲ တံဆိပ်ကို ယူကာ ဆေးနန်းတော်မှ အဂ္ဂိရတ်သခင် ဆယ်ယောက်ကျော်ကို ငှားရမ်း၍ အော်ဒါ မှာယူထားသော ဆေးလုံးများကို အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့သည်။
တတိယနေ့ မနက်တွင် ကျန်းချန်သည် ယွဲ့ယန်ချန်နှင့်အတူ ဆေးဝါးကို ကျီအိမ်သို့ သွားပို့ခဲ့သည်။
ယခုအခါ အဂ္ဂိရတ်ပြိုင်ပွဲက ပြီးဆုံးသွားပြီ ဖြစ်၏။
သူက ယန်ချင်းရွှယ် အတွက် ကတိကြမ္မာ နှလုံးသားသစ်သီးကိုလည်း ရရှိထားပြီ ဖြစ်၍ ဇူလုံမြို့တွင် ဆက်လက် နေထိုင်ရန်မှာ မည်သည့် အဓိပ္ပာယ်မျှ မရှိတော့ပေ။
ကျန်းချန်က ထိုက်ရှ ဂိုဏ်းသို့ သွားရောက်ရန် စီစဉ်ထားပြီးပြီဖြစ်သည်။
သို့သော် စစ်မှန်သော နဂါးနိုင်ငံတွင် လခြမ်းတံဆိပ်ကုန်သွယ်ရေးခန်းမ ရှင်သန်နိုင်ရန် အတွက် ဇူလုံမြို့ မှ မထွက်ခွာမီတွင် ကျန်းချန်သည် ယွီမိသားစုသို့ ကိုယ်တိုင် သွားရောက်ကာ ယွီမိသားစု နောက်ကွယ်တွင်ရှိသော ရှန်လုံကုန်သွယ်ရေးခန်းမကို ခြိမ်းခြောက်ရန် ဆုံးဖြတ်လိုက်သည်။
သူ ဇူလုံမြို့ မှ ထွက်ခွာသွားပြီးနောက်တွင် ယွီမိသားစုနှင့် သူတော်စင် နဂါးကုန်သွယ်ရေးခန်းမကို လခြမ်းတံဆိပ်ကုန်သွယ်ရေးခန်းမအား အလွယ်တကူ မတိုက်ခိုက်ရဲစေရန် ပြုလုပ်လိုခဲ့၏။
မိနစ် နှစ်ဆယ်အကြာတွင် ကျန်းချန်တို့သည် ယွီမိသားစု၏ တံခါးဝသို့ တိုက်ရိုက် ရောက်ရှိလာကြသည်။
"မင်းတို့က ဘယ်သူတွေလဲ.. ဘယ်လိုဖြစ်ပြီး ငါတို့ အိမ်တော်ဆီရောက်လာကြတာလဲ"
ကျန်းချန်တို့လူစုက ယွီအိမ်တော်ဆီ တည့်တည့်မတ်မတ် လျှောက်လာသည်ကို မြင်လျှင် ယွီအိမ်တော်၏ တံခါးတွင်ရှိသော အစောင့် နှစ်ယောက်သည် သတိကြီးစွာဖြင့် အော်ဟစ်လိုက်သည်။
"လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမက ဆေးလုံးတွေကို ပို့ဆောင်ဖို့ ရောက်လာပြီလို့ မင်းတို့ရဲ့ ခေါင်းဆောင် ယွီကန်းကို သွားအကြောင်းကြားပေးပါ"
ကျန်းချန်သည် အစောင့် နှစ်ယောက်ကို ကြည့်ရှုကာ အေးဆေးစွာ ပြောလိုက်သည်။
"မိတ်ဆွေလေးတို့ ခဏ စောင့်ပေးပါ.. ကျွန်တော် အကြီးအကဲကို အကြောင်းကြားပေးပါ့မယ်"
အစောင့် နှစ်ယောက်သည် ကျန်းချန်၏ စကားများကို ကြားလျှင် လျစ်လျူမရှုဝံ့ပေ။
တစ်ယောက်က လျင်မြန်စွာပင် အကြောင်းကြားရန်အတွက် ယွီအိမ်တော်ထဲ ဝင်ရောက်သွားခဲ့သည်။
နှစ်မိနစ် သုံးမိနစ်ခန့်အကြာတွင် ယွီမိသားစု အိမ်တော်ထဲကနေ ယွီကန်း သည် လူအုပ်စုတစ်စုနှင့်အတူ လျှောက်ထွက်လာသည်ကို ကျန်းချန် မြင်လိုက်ရသည်။
"ကျန်းချန်.. မင်းက ငါ့ အိမ်တော်ကို ဘာလာလုပ်တာလဲ"
တံခါးတွင်ရှိသော ကျန်းချန်တို့ အဖွဲ့ကို ကြည့်ပြီး ယွီကန်း၏ မျက်နှာက အေးစက်သွားခဲ့သည်။
"ငါတို့ လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမက ယုံကြည်မှုကို အမြဲတမ်း ဦးစားပေးပါတယ်.. အရောင်းအဝယ်ကို ကတိပေးထားတာ ကြောင့် ငါတို့က ဖောက်သည်ရဲ့ ယုံကြည်မှုကို လုံးဝ ချိုးဖျက်မှာ မဟုတ်ပါဘူး"
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
သူက သူ၏ ဘေးတွင်ရှိသော ယွဲ့ယန်ချန်ကို ခေါင်းငဲ့၍ ကြည့်လိုက်သည်။
"ဆေးလုံးကို ယွီမိသားစု ခေါင်းဆောင်ဆီ ပေးအပ်လိုက်ပါ"
"ယွီကန်း.. ဒီထဲမှာ မင်းတို့ ယွီမိသားစုက လခြမ်းတံဆိပ်ကုန်သွယ်ရေးခန်းမကနေ မှာကြားထားတဲ့ ဆေးဝါးတွေ ရှိတယ်.. ကျေးဇူးပြုပြီး လက်ခံစစ်ဆေးပေးပါ"
ယွဲ့ယန်ချန်သည် မဆိုင်းမတွပင် သိုလှောင်လက်စွပ်ကို ယွီကန်းထံ တိုက်ရိုက် ပေးအပ်လိုက်သည်။
ယွီကန်းက စိတ်မကြည်လင်သော မျက်နှာထားဖြင့် သိုလှောင်လက်စွပ်ကို ယူလိုက်သည်။
သူက တစ်ချက်မျှပင် မစစ်ဆေးဘဲ ကျန်းချန်ကို အေးစက်စွာ ကြည့်ကာ တိုက်ရိုက် ပြောလိုက်သည်။
"ငါ ဆေးတွေကို လက်ခံလိုက်ပြီ.. မင်းတို့ အခု ထွက်သွားလို့ရပြီ"
"အကြီးအကဲ ယွီကန်း.. လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမနဲ့ ယွီမိသားစုကြားမှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စက ပြီးဆုံးသွားခဲ့ပြီ.. အခုချိန်ကစပြီး တစ်ဖက်နဲ့တစ်ဖက် ပြဿနာ မရှာဘဲနေကြဖို့ တိုက်တွန်းချင်တယ်"
"ငါက ထိုက်ရှဂိုဏ်းရဲ့ တပည့်တစ်ယောက်ပဲ.. မကြာမီမှာ ထိုက်ရှဂိုဏ်းကို ထွက်သွားတော့မယ်.. မင်းတို့တွေ လခြမ်းတံဆိပ်ကုန်သွယ်ရေးခန်းမကို မနှောင့်ယှက်ဖို့ မျှော်လင့်ပါတယ်"
"နောက်တစ်ကြိမ် ဇူလုံမြို့ကို ပြန်လာလို့ လခြမ်းတံဆိပ်ကုန်သွယ်ရေးခန်းမ တစ်စုံတစ်ရာ မှားယွင်းနေတာကို တွေ့ရှိခဲ့ရင် ယွီမိသားစုက ဖျက်ဆီးခံရလိမ့်မယ်"
ကျန်းချန်က စကားဆုံးသည်နှင့် ယွီကန်းကို လျစ်လျူရှုကာ ခြေလှမ်းကျဲကြီးများဖြင့် လှည့်ထွက်သွားခဲ့သည်။
"အကြီးအကဲ.. ဒီကောင်လေးက အရမ်း မောက်မာတယ်.. ကျွန်တော်တို့ ဒီအတိုင်း လွှတ်လိုက်သင့်လား"
ကျန်းချန် ထွက်ခွာသွားသည်ကို မြင်လျှင် ယွီကန်း၏ နောက်တွင်ရှိသော ယွီထိုက်သည် ဒေါသတကြီး ရေရွတ်လိုက်သည်။
"မေ့လိုက်ပါ...မင်းက ဘာများ လုပ်ဆောင်နိုင်မှာမို့လဲ"
"သူက ထိုက်ရှဂိုဏ်းရဲ့ တပည့်ဖြစ်တယ်လို့ ရှင်းရှင်းလင်းလင်း ပြောသွားတာ မင်းမကြားဘူးလား"
"အားလုံးကို အမိန့်ထုတ်လိုက်.. နောက်ကျရင် ယွီမိသားစုရဲ့ ဘယ်သူကမှ လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမကို အနှောင့်အယှက် မပေးရဘူး"
ယွီကန်းက တင်းမာသော မျက်နှာထားဖြင့် ပြောလိုက်သည်။
ထိုက်ရှဂိုဏ်းတပည့်။
ထိုအဆင့်အတန်းသည် သူတို့ ယွီမိသားစု အံတုနိုင်သော အဆင့်အတန်း မဟုတ်ပေ။
ကျန်းချန်သာ တကယ် ဒေါသထွက်သွားလျှင် သူတို့ ယွီမိသားစုကို အမှန်တကယ် ကပ်ဆိုးများ ယူဆောင်လာနိုင်သည် မဟုတ်ပါလား။
အခန်း(၃၅၆) ပြီး၏