← Chapters

အခန်း (၃၅၅)

Vol. 24 Ch. 355

အခန်း (၃၅၅)

Vol. 24 Ch. 355

"ယွဲ့ယန်ချန်.. ငါ့အတွက် လျှို့ဝှက်ခန်းတစ်ခန်း ပြင်ဆင်ပေးပါ..ငါ တံခါးပိတ် ကျင့်ကြံဖို့ လိုအပ်တယ်"

ကျီကျင်း၏ သွေးကို ရရှိပြီးနောက် ကျန်းချန်သည် လုံးဝ မတွန့်ဆုတ်ဘဲ ယွဲ့ယန်ချန်ကို တိုက်ရိုက် အမိန့်ပေးလိုက်သည်။

သူ၏ နှလုံးသားထဲတွင် ဤသွေးတစ်စက်သည် အဆတစ်ရာ စနစ်၏ ကောင်းချီးအောက်တွင် မည်ကဲ့သို့ မှော်ဆန်သည့် အကျိုးသက်ရောက်မှုမျိုးကို ဖြစ်ပေါ်စေမလဲ သိချင်ခဲ့သည်။

"အကြီးအကဲ ကျန်းချန်.. ယွီမိသားစုရဲ့ ဆေးအော်ဒါကိစ္စကို ကျွန်တော် ဘယ်လို ဆောင်ရွက်ရမလဲ"

"ဇူလုံမြို့မှာ ခြေကုပ်ယူချင်ရင် လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမအနေနဲ့ ယုံကြည်မှုကို ဆုံးရှုံးလို့ မဖြစ်ဘူး"

"ဒါကြောင့် သုံးရက်အကြာမှာ ငါတို့က သဘောတူညီချက်အတိုင်း သူတို့မိသားစုဆီ ဆေးလုံးတွေကို ပေးအပ်ရလိမ့်မယ်"

"ဒီတံဆိပ်ပြားကို ယူပြီး ဆေးနန်းတော် အရှင်သခင် ဖျင်ရီရှန်းဆီသွားပါ.. မင်း လိုအပ်သလောက် အဂ္ဂိရတ်သခင်တွေကို ဆေးနန်းတော်ကနေ ငှားရမ်းလိုကြောင်း တောင်းဆိုလိုက်ပါ"

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံး၍ ဂုဏ်ထူးဆောင် အကြီးအကဲ တံဆိပ်ပြားကို တိုက်ရိုက် ထုတ်ယူလိုက်သည်။

သူက ယခုအခါတွင် ဆေးနန်းတော်၏ ဂုဏ်ထူးဆောင် အကြီးအကဲ ဖြစ်၍ လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမအတွက် ဆေးလုံး ဖော်စပ်ပေးရန် အဂ္ဂိရတ်သခင် ရှာဖွေရန်မှာ မခက်ခဲပေ။

လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမ အတွက် စီစဉ်ပေးပြီးနောက်တွင် ကျန်းချန်သည် ယွဲ့ယန်ချန် ပြင်ဆင်ပေးထားသော လျှို့ဝှက်ခန်းထဲသို့ တိုက်ရိုက် ဝင်ရောက်သွားခဲ့သည်။

သူက လျှို့ဝှက်ခန်း၏ အလယ်တွင်ရှိသော ကျောက်စင်မြင့် ပေါ်တွင် တင်ပျဉ်ခွေ၍ ထိုင်လိုက်သည်။

ထို့နောက် ကျီကျင်း ပေးလိုက်သော သွေးတစ်စက်ကို ထုတ်ယူကာ မဆိုင်းမတွ မျိုချလိုက်သည်။

"ဒင်.. သင်က သန္ဓေမူလသိုင်းခန္ဓာ၏ သွေးတစ်စက်ကို မျိုချလိုက်ပြီး အတွေ့အကြုံရမှတ် ၁၀၀၀၀ကို အဆ၁၀၀ ရရှိပါတယ်"

"ဒင်.. သင်က သဘာဝစွမ်းအားဖွင့်ခြင်းနယ်ပယ် အဆင့်ကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပါပြီ"

ကျန်းချန်က သွေးကို မျိုချလိုက်သောအချိန်တွင် စနစ်က ပေးအပ်သော ကြီးမားသည့် အတွေ့အကြုံ တန်ဖိုးသည် ကျန်းချန်၏ ခန္ဓာကိုယ်ထဲမှ စစ်မှန်သော စွမ်းအားများကို အသက်စွမ်းအားများ အဖြစ် လုံးဝ ပြောင်းလဲစေကာ သဘာဝစွမ်းအားဖွင့်ခြင့် နယ်ပယ် ပထမအဆင့်ကို အောင်မြင်စွာ ထိုးဖောက်နိုင်စေခဲ့၏။

"ဒီလောက်ပဲလား"

ကျန်းချန်က စိတ်ပျက်စွာ ရေရွတ်လိုက်သည်။

သန္ဓေမူလသိုင်းခန္ဓာ၏ သွေးသည် သူ့ကို သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ်အဆင့်ကို ကျော်ဖြတ်စေခဲ့သော်လည်း ကျန်းချန်သည် လုံးဝ အံ့အားသင့်မသွားပေ။

ထိုအစား သူ၏ မျက်လုံးများတွင် အနည်းငယ် စိတ်ပျက်သည့် အမူအရာမျိုးပင် ရှိနေ၏။

မူလက သူသည် ဤသွေးတစ်စက်ကို မျိုချပြီးနောက်တွင် စနစ်က သူ့ကို အထူး သွေးစွမ်းအားမျိုး ပေးအပ်မည်ဟု ထင်ခဲ့သည်။

ယခု ကြည့်ရသည်မှာ သူက အဆတစ်ရာစနစ်ကို အလွန်အကျွံ မျှော်လင့်မိနေခြင်း ဖြစ်ပုံရ၏။

ကျန်းချန်က ဤအတွက် မျှော်လင့်ချက် မထားတော့သည့်အချိန်မှာပင် သတိပေးချက် အသံများသည် တစ်ခုပြီးတစ်ခု ကျန်းချန်၏ စိတ်ထဲသို့ ရုတ်တရက် ဝင်ရောက်လာခဲ့သည်။

"ဒင်.. သင်က သန္ဓေမူလသိုင်းခန္ဓာရဲ့ သွေးတစ်စက်ကို မျိုချလိုက်ပြီး အဆတစ်ရာ တိုးမြှင့်မှုကို လှုံ့ဆော်လိုက်ပါတယ်"

"ဒင်.. သင်က သန္ဓေမူလသိုင်းခန္ဓာကို အောင်မြင်စွာ အသက်သွင်းနိုင်ခဲ့ပါပြီ"

"ဒင်.. သင်က ချီယန် သွေးတစ်စက်ကို မျိုချလိုက်ပြီး အဆတစ်ရာ တိုးမြှင့်မှုကို လှုံ့ဆော်လိုက်ပါတယ်"

"ဒင်.. သင်က ချီယန် သွေးစွမ်းအားကို အောင်မြင်စွာ အသက်သွင်းနိုင်ခဲ့ပါပြီ"

"ဒင်.. သင့်ရဲ့ သန္ဓေမူလသိုင်းခန္ဓာနဲ့ ချီယန် သွေးစွမ်းအားကအလိုအလျောက် ပေါင်းစပ်သွားပါပြီ"

"ဒင်.. သင်က ချီယန် သန္ဓေမူလ သိုင်းခန္ဓာကိုယ်ကို အောင်မြင်စွာ အသက်သွင်းနိုင်ခဲ့ပါတယ်"

ဤသတိပေးချက် အသံများ အဆုံးတွင် ကျန်းချန်သည် လျှို့ဝှက်နက်နဲပြီး အားကောင်းသော စွမ်းအားတစ်ခုက သူ၏ သွေးထဲတွင် တိုက်ရိုက် ပေါင်းစည်းသွားကြောင်း ရှင်းလင်းစွာ သိရှိခဲ့သည်။

သူက စိတ်ထဲတွင် သတိပေးသည့် အသံများကို ကြားရပြီးနောက် သွေးထဲမှ အပြောင်းအလဲများကိုပါ ခံစားနိုင်ခဲ့၏။

ကျန်းချန် အံ့အားသင့်ကာ တုန်လှုပ်သွားသည်။

သူသည် ကျီကျင်း၏ သွေးတစ်စက်ကို မျိုချပြီးနောက် အကျိုးသက်ရောက်မှုသည် သူ မျှော်လင့်ထားသည်ထက် ပိုမို ထူးခြားမည်ဟု မမျှော်လင့်ထားခဲ့ပေ။

စနစ်သည် သူ့ကို သန္ဓေမူလသိုင်းခန္ဓာကိုယ်အား အသက်သွင်းရန် ခွင့်ပြုရုံသာမက ကျီမိသားစု၏ ချီယန် သွေးစွမ်းအားကိုပင် အသက်သွင်းပေးခဲ့သည်။

ရလဒ်အနေဖြင့် စနစ်သည် အလိုအလျောက် ပေါင်းစည်းမှုကို လုပ်ဆောင်ပေးကာ စွမ်းအား နှစ်ခုကို ပိုမို အားကောင်းသော ချီယန် သန္ဓေမူလသိုင်းခန္ဓာကိုယ် အဖြစ် ပေါင်းစည်းပေးလိုက်သည်။

"အဆတစ်ရာ စနစ်က မျှော်လင့်ထားတဲ့ အတိုင်း သိပ်ကြောက်စရာကောင်းတာပဲ"

ကျန်းချန်သည် တုန်လှုပ်မှုမှ ပြန်လည် သက်သာလာရန် အချိန် အတော်ကြာ ယူခဲ့ရသည်။

သွေးအဆီအနှစ် တစ်စက်သည် သူ့ကို အထူးခန္ဓာကိုယ်နှင့်သွေးစွမ်းအားများ တိုက်ရိုက် အသက်သွင်းပေးသည့်အပြင် ပေါင်းစည်းမှုကိုပါ ပြုလုပ်ပေးခဲ့၏။

ယင်းက မည်မျှ အားကောင်းပြီး ကောင်းကင်ကိုပင် ဆန့်ကျင်သော တည်ရှိမှု ဖြစ်ပါသနည်း။

အခန်း(၃၅၅) ပြီး၏

All Chapters