← Chapters

အခန်း (၃၅၈)

Vol. 24 Ch. 358

အခန်း (၃၅၈)

Vol. 24 Ch. 358

ရှေးဟောင်းမြို့သည် ရှေးဟောင်း အပျက်အစီး နတ်ကုန်းမြေ၏ အစွန်အဖျားတွင် တည်ရှိသည်။

ရှေးဟောင်းမြို့သည် သာမန်မြို့ငယ်လေး တစ်ခုသာ ဖြစ်သော်လည်း ဤမြို့ငယ်လေးတွင် အထူး ပထဝီဝင် အနေအထား ရှိသည့် ရှေးဟောင်း အပျက်အစီး နယ်မြေရှိသည်။

ယင်းက မဟာရှားနိုင်ငံ၏ လဲ့ရှစ်မြို့မှ မိုးကြိုးတိမ် တောင်တန်းနှင့် မခြားနားပေ။

နေ့စဉ်လိုလို စစ်မှန်သော နဂါးနိုင်ငံ၏ ကျင့်ကြံသူ အများအပြားသည် ရှေးဟောင်းအပျက်အစီး နယ်မြေထဲကို ဝင်ရောက်လိုကြ၍ ရှေးဟောင်းမြို့သို့ လာရောက်ကြသည်။

ရှေးဟောင်း အပျက်အစီးနယ်မြေက အလွန် အန္တရာယ်များသော်လည်း ကြီးမားသော အခွင့်အလမ်းများလည်း ရှိသည်။

ပြင်ပတွင် ရှာဖွေရန် အလွန် ခက်ခဲသော မိုးမြေ ရတနာများ ရှိရုံသာမက ပြိုင်ဘက်ကင်း ကျင့်ကြံသူများ ချန်ထားရစ်ခဲ့သော သိုင်းကျင့်စဥ်များ နှင့် လက်နက်များလည်း အများအပြား ရှိသည်။

အဆင့်လွန် ကျင့်ကြံသူများ၏ တစ်သက်တာ အမွေအနှစ်များပင် ရှိသည်ဟု ကောလဟလ ရှိ၏။

စစ်မှန်သော နဂါးနိုင်ငံ၏ သမိုင်းတွင် ရှေးဟောင်းအပျက်အစီးနယ်မြေထဲတွင် ကြီးမားသော အခွင့်အလမ်းကို ရရှိခဲ့ဖူးသူများလည်း ရှိသည်။

၎င်းတို့က ထိုအချိန်မှစတင်ကာ ကောင်းကင်ထိ မြင့်တက်သွားခဲ့ပြီး စစ်မှန်သော နဂါးနိုင်ငံတွင် အကျော်ကြားဆုံးနှင့် အင်အား အကောင်းဆုံး ကျင့်ကြံသူများ ဖြစ်လာကြသည်။

ထို့ကြောင့် ရှေးဟောင်း အပျက်အစီးနယ်မြေက အန္တရာယ်များသော်လည်း စစ်မှန်သော နဂါးနိုင်ငံ၏ မရေမတွက်နိုင်သော ကျင့်ကြံသူ များကို ဆွဲဆောင်နိုင်ဆဲ ဖြစ်နေခြင်းပင်။

"မိန်းကလေး လော်လန်.. ငါတို့ ရှေးဟောင်းမြို့ ရောက်ရင် အရင် အနားယူပြီး မနက်ဖြန်မှပဲ ရှေးဟောင်း အပျက်အစီးနယ်မြေထဲကို ဝင်ရောက်ကြတာပေါ့"

ကျန်းချန်က သူ့ ရှေ့ရှိ ရှေးဟောင်းမြို့ကို မြင်လျှင် ချိုးလော်လန်ကို ပြောလိုက်သည်။

"ကောင်းပြီလေ"

ချိုးလော်လန်က ခေါင်းညိတ်လိုက်သည်။

သုံးရက်လုံးလုံး ခရီးနှင်လာ၍ သူမက အနည်းငယ် ပင်ပန်းနေခဲ့၏။

ရှေးဟောင်းမြို့ထဲကို ဝင်ရောက်လာပြီးနောက်တွင် သူတို့သည် တစ်ညတာ အနားယူရန်အတွင် တည်းခိုခန်း တစ်ခုကို ရှာဖွေလိုက်ကြသည်။

နောက်တစ်နေ့ နံနက်စောစောတွင် သူတို့​နှစ်ယောက်သည် အလျင်အမြန် ပြင်ဆင်ကာ ရှေးဟောင်း အပျက်အစီးနယ်မြေသို့ ဦးတည်၍ သွားခဲ့ကြ၏။

ရှေးဟောင်း အပျက်အစီးနယ်မြေထဲသို့ ဝင်ရောက်သောအခါ ကျန်းချန်သည် ဤကမ္ဘာ၏ အသက်ဓာတ်က အပြင်ကမ္ဘာထက် အနည်းဆုံး နှစ်ဆခန့် ပိုမို အားကောင်းကြောင်း ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။

"မိန်းကလေး လော်လန်...မင်းရဲ့ဆရာက ရှေးဟောင်းအပျက်အစီး နယ်မြေရဲ့ ဘယ်နေရာမှာ ရှိလဲဆိုတာ မင်းသိလား"

နှစ်ယောက်သား ရှေးဟောင်း အပျက်အစီး နယ်မြေထဲတွင် ခဏမျှ ရှေ့သို့ လျှောက်လာပြီးနောက် ကျန်းချန်သည် ယွဲ့ယန်ချန် ပေးခဲ့သော မြေပုံကို တိုက်ရိုက် ဖွင့်ကာ ချိုးလော်လန်ကို မေးမြန်းလိုက်သည်။

ရှေးဟောင်းအပျက်အစီး နယ်မြေက အလွန်ကြီးမားသည်။

ထို့အပြင် အန္တရာယ်များသော တားမြစ်နေရာ အချို့လည်း ရှိ၏။

စွမ်းအင်သိပ်သည်းခြင်း အဆင့် ကျင့်ကြံသူ ဖြစ်နေလျှင်ပင် နေရာအချို့ကို အလွယ်တကူ မဝင်ရဲပေ။

ချိုးလော်လန်၏ ဆရာ ကူချင်းဟဲသည် စွမ်းအင်သိပ်သည်းခြင်း အဆင့်ကျင့်ကြံသူပင် အခက်တွေ့စေနိုင်သော တားမြစ်နေရာတစ်ခုသို့ ရောက်ရှိခဲ့လျှင် အခက်အခဲနှင့် ကြုံတွေ့ရမည်မှာ သေချာသလောက်ပင်။

ချိုးလော်လန်သည် မြေပုံကို အနည်းငယ် လေ့လာပြီးနောက် မြေပုံပေါ်ရှိ နေရာတစ်ခုကို ညွှန်ပြကာ ပြောလိုက်သည်။

"ဒီနေရာမှာ ရှိမယ်ထင်တယ်"

ကျန်းချန်၏ မျက်လုံးများက ကျဉ်းမြောင်းသွားသည်။

"ဒီနေရာက အဆင့်လွန် ကျင့်ကြံသူ တစ်ယောက် ချန်ထားခဲ့တဲ့ အမွေအနှစ်နေရာ တစ်ခု ဖြစ်ပုံရတယ်"

"ဟုတ်တယ်.. ဒီနေရာက သန္ဓေမူလသိုင်းခန္ဓာကို နိုးလာစေနိုင်ခဲ့တဲ့ အားကောင်းတဲ့ လူတစ်ယောက် ချန်ထားခဲ့တဲ့ အမွေအနှစ် နေရာလို့ သိရတယ်"

ချိုးလော်လန်သည် ခေါင်းညိတ်ကာ ပြောလိုက်သည်။

"ကျီကျင်းက ဒီသတင်းကို သိရှိပြီး ဆရာ့ကို ဒီနေရာဆီ သွားရောက်ဖို့ ပြောကြားခဲ့တယ်"

"ဒီလိုကိုး...ဒါဆို အဲဒီနေရာကို ငါတို့ သွားကြည့်ကြရအောင်"

ချိုးလော်လန် ညွှန်ပြသော နေရာကို ကြည့်ရှုကာ ကျန်းချန်က သက်ပြင်းချလိုက်သည်။

ချိုးလော်လန် ညွှန်ပြနေသော နေရာသည် ထိုက်ရှဂိုဏ်းသို့ သွားရောက်မည့် ဦးတည်ရာနှင့် လမ်းသင့်နေခဲ့၏။

ထို့အပြင် မြေပုံပေါ်တွင် မှတ်သားထားချက်အရ အန္တရာယ်များသော တားမြစ်နယ်မြေလည်း မဟုတ်ပေ။

ကျန်းချန်က မြေပုံကို သိမ်းဆည်းလိုက်သည်။

ထို့နောက် သူတို့က မြေပုံပေါ်တွင် မှတ်သားထားသော ဦးတည်ရာသို့ ခရီးဆက်ခဲ့သည်။

မြေပုံအတိုင်း တစ်နာရီခန့် လျှောက်လာပြီးနောက်တွင် သူတို့နှစ်ယောက်သည် နောက်ဆုံးတွင် ဧရာမ ရှေးဟောင်းသစ်ပင်များ ပြည့်နှက်နေသော ရှေးဟောင်း သစ်တော တစ်ခုသို့ ရောက်ရှိလာကြသည်။

"ရပ်လိုက်စမ်း"

သူတို့ရှေ့မှ အရွက်ထူထပ်သော သစ်ပင်ကြီး တစ်ပင်ပေါ်ကနေ အော်ဟစ်သံတစ်သံ ရုတ်တရက် ထွက်ပေါ်လာ၏။

ကျန်းချန်က မော့ကြည့်လိုက်ရာ သစ်ပင်ပေါ်တွင် ထိုင်နေသော လူလတ်ပိုင်းအရွယ် ကျင့်ကြံသူ တစ်ယောက်ကို တွေ့ရှိလိုက်ရသည်။

လူလတ်ပိုင်းအရွယ် ကျင့်ကြံသူသည် ကျန်းချန်တို့ နှစ်ယောက်ကို အကဲခတ်နေခဲ့၏။

သူ၏ မျက်လုံးများတွင် ရက်စက်သော သတ်ဖြတ်လိုစိတ်ကို ဖော်ပြနေခဲ့သည်။

"ဒီနေရာကနေ ထွက်သွားပေးပါ.. ရှေ့ကို ခြေဆက်လှမ်းရင် ငါ့ကို အပြစ်မတင်နဲ့"

ထိုစကားကိုကြားလျှင် ကျန်းချန်၏ မျက်နှာက အေးစက်သွားသည်။

"ခွေးကောင်းက လမ်းမပိတ်ဘူး.. အမှန်တကယ် ထွက်သွားရမှာ မင်းပဲ ဖြစ်သင့်တယ်"

အခန်း(၃၅၈) ပြီး၏

All Chapters