← Chapters

အခန်း (၃၅၉)

Vol. 24 Ch. 359

အခန်း (၃၅၉)

Vol. 24 Ch. 359

"ကောင်လေး.. မင်းလေလုံးမထွားနဲ့"

"ငါမင်းကို နောက်ဆုံးတစ်ကြိမ် မေးမယ်.. မင်းထွက်သွားမှာလား မသွားဘူးလား"

လူလတ်ပိုင်းအရွယ် ကျင့်ကြံသူသည် အေးစက်စွာ ရယ်မောလိုက်ပြီး သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ် ပထမအဆင့်၏ အရှိန်အဝါကို ချက်ချင်း ထုတ်လွှတ်လိုက်သည်။

"မင်းက ငါ့ကို ထွက်သွားခိုင်းတာနဲ့ ငါက ထွက်သွားရအောင် မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ"

ကျန်းချန်သည် မကြည်လင်သော မျက်နှာထားဖြင့် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူကို ကြည့်ရှုလိုက်သည်။

"မင်း ဦးနှောက်ပျက်နေလား..ဒါက မင်းပိုင်တဲ့နေရာ မဟုတ်ဘူး.. ငါဒီက မထွက်သွားဘူးကွာ...မင်းဘာလုပ်ချင်လဲ"

"ကောင်လေး.. ငါတို့က မျက်လုံးသုံးလုံး အစိမ်းရောင် သားရဲကို လိုက်လံဖမ်းဆီးနေတာပဲ"

"ငါတို့က မျက်လုံးသုံးလုံး အစိမ်းရောင် မွန်းစတား သားရဲကို ဝိုင်းရံပိတ်ဆို့ပြီး ဒီနေရာမှာ အမိဖမ်းဖို့ အစီအစဥ်ချထားတယ်"

"မင်းကြောင့် ငါတို့ရဲ့ကိစ္စကြီး ပျက်စီးသွားခဲ့ရင် အကျိုးဆက်ကို မင်း ဘယ်လိုမှခံနိုင်ရည်ရှိမှာ မဟုတ်ဘူး"

လူလတ်ပိုင်းအရွယ် ကျင့်ကြံသူက ထက်ရှသော အကြည့်ဖြင့် ကြည့်ကာ ခြိမ်းခြောက်ပြောဆိုလိုက်သည်။

သူ၏ ညီနောင် ဖြစ်သူက မျက်လုံးသုံးလုံး အစိမ်းရောင် မွန်းစတား သားရဲကို လိုက်လံဖမ်းဆီးနေခြင်းအား အနှောင့်အယှက် ဖြစ်မည်ကို ကြောက်ရွံ့ခြင်းကြောင့်သာ မဟုတ်လျှင် ဤအချိန်တွင် သူသည် ကျန်းချန်ကို တိုက်ခိုက်မိလိမ့်မည် ဖြစ်၏။

"မျက်လုံးသုံးလုံး အစိမ်းရောင် မွန်းစတားသားရဲ"

ကျန်းချန်၏ မျက်လုံးများက ကျဉ်းမြောင်းသွားခဲ့သည်။

မျက်လုံးသုံးလုံး အစိမ်းရောင် မွန်းစတားသားရဲသည် အလွန် ရှားပါးသော စတုတ္ထအဆင့် အခြေခံ သားရဲ ဖြစ်၏။

မျက်လုံးသုံးလုံး အစိမ်းရောင် မွန်းစတားသားရဲ၏ အဆင့်သည် မမြင့်မားပေ။

သို့သော်လည်း သူ၏ တတိယ မျက်လုံးသည် အဆိပ်မှန်သမျှကို ဖြေဖျောက်ပေးနိုင်သည့် အကျိုးသက်ရောက်မှု ရှိသော အလွန် ရှားပါးသည့် ရတနာတစ်ပါး ဖြစ်သည်။

ဆိုရလျှင် မျက်လုံးသုံးလုံး အစိမ်းရောင် မွန်းစတားသားရဲ၏ တတိယ မျက်လုံးကို သယ်ဆောင်ထားသရွေ့ အဆိပ်အတောက်နှင့် ပတ်သက်လျှင် ဘာအန္တရာယ် မရှိနိုင်တော့ပေ။

ထို့ကြောင့် မျက်လုံးသုံးလုံး အစိမ်းရောင် မွန်းစတားသားရဲ၏ တတိယ မျက်လုံးသည် တန်ဖိုး မဖြတ်နိုင်ပေ။

သူ၏ ရှေ့ရှိ လူလတ်ပိုင်းအရွယ် ကျင့်ကြံသူက သားရဲဖမ်းဆီးမည့်ကိစ္စ ပျက်စီးမည်ကို အလွန် စိုးရွံ့နေခြင်းမှာ အံ့သြစရာ မရှိတော့ချေ။

သို့သော် သူက လူလတ်ပိုင်းအရွယ် ကျင့်ကြံသူ၏ ရည်ရွယ်ချက်ကို သိရှိသည့်တိုင် ထိုလူကို မျက်နှာသာပေးရန် ရည်ရွယ်ချက် မရှိပေ။

သူက အမြဲတစေ သူ့အပေါ်သို့ ကောင်းမွန်စွာ ဆက်ဆံသောသူကိုသာ ပြန်လည်ကောင်းမွန်တတ်သူ ဖြစ်သည်။

ဤလူလတ်ပိုင်းအရွယ် ကျင့်ကြံသူသာ ဖော်ရွေခဲ့လျှင် သူသည် မျက်လုံးသုံးလုံး အစိမ်းရောင် မွန်းစတားသားရဲကို ၎င်းတို့ လိုက်လံဖမ်းဆီးပြီးသည်အထိ စောင့်ဆိုင်းပေးရန် စဉ်းစားလိမ့်မည် ဖြစ်၏။

သို့သော် ယခုအခါတွင် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူသည် မျက်လုံးသုံးလုံး အစိမ်းရောင် မွန်းစတားသားရဲနှင့် ပတ်သက်၍ သူ့ကို ခြိမ်းခြောက်နေခဲ့သည်။

သို့ဖြစ်ရာ ဤလူကို သူက အဘယ်ကဲ့သို့ မျက်နှာသာပေးနိုင်ပါအံ့နည်း။

"မျက်လုံးသုံးလုံး အစိမ်းရောင် မွန်းစတားသားရဲကို ဝိုင်းရံပိတ်ဆိို့တာက မင်းတို့ရဲ့ ကိစ္စပဲ.. ငါနဲ့ ဘာမှ မသက်ဆိုင်ဘူး"

"ငါဒီနေ့ ဒီနေရာကဖြတ်သန်းမယ်.. မင်းငါ့ကို ဘာလုပ်နိုင်မှာမို့လဲ"

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

သူက လူလတ်ပိုင်းအရွယ် ကျင့်ကြံသူ၏ တည်ရှိမှုကို တိုက်ရိုက် လျစ်လျူရှုကာ ခြေလှမ်းကျဲကြီးဖြင့် ချိုးလော်လန်နှင့်အတူ လျှောက်သွားလိုက်သည်။

"ကောင်လေး.. မင်းသေချင်နေပြီလား"

လူလတ်ပိုင်းအရွယ် ကျင့်ကြံသူသည် ကျန်းချန်ကို သတ်ဖြတ်လိုသော အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။

သူ ကျန်းချန်ကို တိုက်ခိုက်တော့မည့် အချိန်တွင် သူ၏ နောက်ကနေ လေတိုးသံ တစ်သံ ထွက်ပေါ်လာခဲ့၏။

လူလတ်ပိုင်းအရွယ် ကျင့်ကြံသူ၏ မျက်နှာက အနည်းငယ် ပြောင်းလဲသွားသည်။

သူက အလျင်အမြန်ပင် နောက်သို့ လှည့်ကြည့်လိုက်သည်။

ထိုခဏတွင် အလွန် လျင်မြန်သော အစိမ်းရောင် အရိပ်တစ်ခုက သူ့ဆီသို့ ပြေးလာသည်ကို မြင်လိုက်ရ၏။

"မျက်လုံးသုံးလုံး အစိမ်းရောင် မွန်းစတားသားရဲ"

လူလတ်ပိုင်းအရွယ် ကျင့်ကြံသူ၏ နှလုံးသားသည် တုန်လှုပ်သွားခဲ့သည်။

ဤရုတ်တရက် ထွက်ပေါ်လာသော အစိမ်းရောင် အရိပ်သည် သူတို့ လိုက်လံဖမ်းဆီးနေသော မျက်လုံးသုံးလုံး အစိမ်းရောင် မွန်းစတားသားရဲပင် ဖြစ်၏။

"တတိယညီနောင်...မျက်လုံးသုံးလုံး အစိမ်းရောင် မွန်းစတားသားရဲက ထွက်ပြေးတော့မယ်.. မြန်မြန် တားဆီးလိုက်ပါ"

ဤအချိန်တွင် မျက်လုံးသုံးလုံး အစိမ်းရောင် မွန်းစတားသားရဲ၏ နောက်မှ အလျင်စလို အော်ဟစ်သံ တစ်သံ ထွက်ပေါ်လာသည်။

၎င်း၏ စကားကို ကြားလျှင် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူသည် အပင်အောက်တွင်ရှိသော ကျန်းချန်ကို ဂရုမစိုက်နိုင်တော့ပေ။

သူ၏ မျက်လုံးများက သူ့ဆီသို့ ပြေးလာသော မျက်လုံးသုံးလုံး အစိမ်းရောင် မွန်းစတားသားရဲကိုသာ တင်းကျပ်စွာ စိုက်ကြည့်နေခဲ့သည်။

မျက်လုံးသုံးလုံး အစိမ်းရောင် မွန်းစတားသားရဲက သူနှင့် သုံးပေအကွာသို့ ရောက်မှသာ လူလတ်ပိုင်းအရွယ် ကျင့်ကြံသူသည် သူ၏ လက်ထဲမှ ဓားရှည်ကို ဝှေ့ယမ်းလိုက်၏။

၎င်း၏ ခွန်အားအပြည့် ဓားချက်သည် မျက်လုံးသုံးလုံး အစိမ်းရောင် မွန်းစတားသားရဲကို တိုက်ရိုက် ဦးတည်ခဲ့သည်။

ထိုခဏတွင် မျက်လုံးသုံးလုံး အစိမ်းရောင် မွန်းစတားသားရဲသည် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူကို မထီမဲ့မြင် ကြည့်ရှုလိုက်၏။

သူက ပါးစပ်ကို ဖွင့်ကာ အပြာရောင် မြှားတစ်စင်းကို ထုတ်လွှတ်လိုက်ပြီး လူလတ်ပိုင်းအရွယ် ကျင့်ကြံသူ၏ ဓားချက်ကို အလွယ်တကူ ခုခံလိုက်သည်။

ထို့နောက် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူ မတုံ့ပြန်မီမှာပင် မျက်လုံးသုံးလုံး အစိမ်းရောင် မြေခွေးသည် လျင်မြန်သော အရှိန်အဟုန်ဖြင့် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူကို ဖြတ်ကျော်သွားခဲ့သည်။

သူ၏ နံဘေးကနေ မျက်လုံးသုံးလုံး အစိမ်းရောင် မြေခွေး ထွက်ပြေးသွားသည်ကို ကြည့်ရှုနေရင်း လူလတ်ပိုင်း အရွယ်ကျင့်ကြံသူ၏ မျက်နှာသည် အကျည်းတန်သွားခဲ့၏။

အခန်း(၃၅၉) ပြီး၏

All Chapters