အခန်း (၃၆၀)
Vol. 24 Ch. 360
ဤမျက်လုံးသုံးလုံး အစိမ်းရောင် မွန်းစတားသားရဲသည် စတုတ္ထအဆင့် အခြေခံ အထွတ်အထိပ်ကို ရောက်ရှိနေ၍ သူ၏ ခွန်အားသည် သဘာဝစွမ်းအားဖွင့်ခြင်း တတိယအဆင့် ကျင့်ကြံသူနှင့် နှိုင်းယှဉ်နိုင်၏။
သို့ဖြစ်ရာ ဝိုင်းရံပိတ်ဆို့မှုအောက်မှ ထွက်ပြေးနိုင်ခြင်းသည် အံ့သြစရာ မဟုတ်ပေ။
လူလတ်ပိုင်းအရွယ် ကျင့်ကြံသူက သူ၏ နှလုံးသားထဲကနေ အလွန်တရာ စိုးရိမ်သွားခဲ့သည်။
မျက်လုံးသုံးလုံး အစိမ်းရောင် မွန်းစတားသားရဲသည် အလွန် ရှားပါးသော စတုတ္ထအဆင့် သားရဲဖြစ်ပြီး အထူးသဖြင့် တတိယ မျက်လုံးသည် တန်ဖိုး မဖြတ်နိုင်ပေ။
ဤမျက်လုံးသုံးလုံး အစိမ်းရောင် မွန်းစတားသားရဲကို ဖမ်းဆီးနိုင်လျှင် သူတို့ ညီအကိုသည် သက်သောင့်သက်သာဖြင့် အသက်ထက်ဆုံး နေထိုင်နိုင်ကြမည် ဖြစ်သည်။
လူလတ်ပိုင်းအရွယ် ကျင့်ကြံသူက သူတို့ အကောင်းဆုံး ကြိုးစားခဲ့သည့်တိုင် မျက်လုံးသုံးလုံး အစိမ်းရောင် မွန်းစတားသားရဲက ထွက်ပြေးသွားလိမ့်မည်ဟု မထင်မှတ်ခဲ့ပေ။
မျက်လုံးသုံးလုံး အစိမ်းရောင် မွန်းစတားသားရဲသည် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူထံမှ ထွက်ပြေးပြီးနောက် မျက်စိတစ်မှိတ်အတွင်း ကျန်းချန်တို့ ရှေ့တွင် ပေါ်လာခဲ့သည်။
သူ၏ ရှေ့တွင် ရပ်တန့်နေသော ကျန်းချန်တို့ နှစ်ယောက်ကို ကြည့်ကာ မျက်လုံးသုံးလုံး အစိမ်းရောင် မွန်းစတားသားရဲသည် လုံးဝ မတွန့်ဆုတ်ခဲ့ပေ။
သူက ပါးစပ်ကို ထပ်မံဖွင့်ကာ အပြာရောင် မြှားတစ်စင်းကို ကျန်းချန်ထံ ပစ်ခတ်လိုက်သည်။
"ငါက မင်းကို ဘာမှရန်မပြုဘဲ မင်းက ငါ့ကို ရန်လာရှာရဲတယ်.. ကောင်းပြီလေ ဒါဆိုလည်း ငါမင်းရဲ့ တတိယမျက်လုံးကို ယူရတော့မှာပေါ့"
ကျန်းချန်က မဲ့ပြုံးပြုံးလိုက်သည်။
ချက်ချင်းဆိုသလို ယန်လုံဓားက လေထဲကနေ သူ့လက်ထဲတွင် ရုတ်တရက် ထွက်ပေါ်လာသည်။
နောက်ထပ် တစ်ခဏတွင် ဓားဆန္ဒ ပါဝင်သော ဓားချက်တစ်ချက်သည် မျက်လုံးသုံးလုံး အစိမ်းရောင် မွန်းစတား သားရဲဆီဦးတည်သွားခဲ့၏။
မျက်စိတစ်မှိတ်အတွင်း ကျန်းချန်၏ ဓားချက်သည် မျက်လုံးသုံးလုံး အစိမ်းရောင် မွန်းစတားသားရဲ၏ အပြာရောင်မြှားကို လွင့်စင်သွားစေသည့်အပြင် ထက်ရှသော ဓားအရှိန်အဝါသည် မျက်လုံးသုံးလုံး အစိမ်းရောင် မွန်းစတားသားရဲ၏ ကိုယ်ပေါ်သို့ ကျဆင်းသွားခဲ့သည်။
"ဝူး.."
နာကျင်စွာ အူလှိုက်သည်းလှိုက် အော်ဟစ်သံ တစ်သံသည် မျက်လုံးသုံးလုံး အစိမ်းရောင် မွန်းစတားသားရဲ၏ ပါးစပ်မှ ချက်ချင်း ထွက်ပေါ်လာခဲ့၏။
မကြာမီမှာပင် လေထဲတွင် ပြေးလွှားနေသော မျက်လုံးသုံးလုံး အစိမ်းရောင် မွန်းစတားသားရဲ၏ ပုံရိပ်သည် မြေပြင်ပေါ်သို့ တိုက်ရိုက် ပြုတ်ကျသွားခဲ့သည်။
မျက်လုံးသုံးလုံး အစိမ်းရောင် မွန်းစတားသားရဲ၏ ရုတ်တရက် အော်ဟစ်သံသည် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူကို အံ့အားသင့်သွားစေ၏။
သူက ရုတ်တရက် ခေါင်းလှည့်၍ ကြည့်လိုက်ရာ မြေပြင်ပေါ်တွင် အသက်မဲ့နေသော မျက်လုံးသုံးလုံး အစိမ်းရောင် မွန်းစတားသားရဲကို မြင်ပြီး မျက်မှောင်ကြုတ်သွားခဲ့သည်။
"မျက်လုံးသုံးလုံး အစိမ်းရောင် မွန်းစတားသားရဲက ဒီလိုပဲ သေဆုံးသွားတယ်လား"
လူလတ်ပိုင်းအရွယ် ကျင့်ကြံသူက ဓားကို ကိုင်ဆောင်ကာ ဆန့်ကျင်ဘက်တွင် ရပ်တန့်နေသော ကျန်းချန်ကို အံ့သြထိတ်လန့်သော အကြည့်ဖြင့် ကြည့်လိုက်သည်။
ထိုသားရဲက စတုတ္ထအဆင့် အခြေခံ အထွတ်အထိပ် ဖြစ်သည့် မျက်လုံးသုံးလုံး အစိမ်းရောင် မွန်းစတားသားရဲ ဖြစ်သည်။
သူတို့ညီနောင်က အကောင်းဆုံး ကြိုးစားခဲ့သော်လည်း မျက်လုံးသုံးလုံး အစိမ်းရောင် မွန်းစတားသားရဲကို ဝိုင်းရံပိတ်ဆို့ရန် မတတ်နိုင်ခဲ့ကြပေ။
သို့သော် သူ့ရှေ့ရှိ ကောင်လေးကမူ ပေါ့ပေါ့ပါးပါးပင် သတ်ဖြတ်ပစ်လိုက်၏။
ဤကောင်လေး၏ ကိုယ်ခံပညာသည် မည်မျှပင် ကြောက်မက်ဖွယ် ကောင်းလိုက်ပါသနည်း။
သူက အစောပိုင်းတွင် ထိုကောင်လေးနှင့် အခြေအတင်ဖြစ်ခဲ့သော အခြေအနေကို ပြန်တွေးမိကာ နဖူးမှ ချွေးစေးများပင် ကျလာသည်။
ကံကောင်းစွာဖြင့် သူက ထိုကောင်လေးနှင့် မတိုက်ခိုက်မိခဲ့ပေ။
သို့မဟုတ်လျှင် သူက မည်ကဲ့သို့ သေဆုံးသွားသည်ကိုပင် သိရှိလိမ့်မည် မဟုတ်ချေ။
"တတိယညီနောင်.. မျက်လုံးသုံးလုံး အစိမ်းရောင် မွန်းစတားသားရဲက ဘယ်မှာလဲ
လူလတ်ပိုင်းအရွယ် ကျင့်ကြံသူ အံ့သြထိတ်လန့်
နေသောအချိန်မှာပင် ရုန့်ရင်းသောအသွင်အပြင်ရှိသည့် ခေါင်းတုံးပြောင် လူတစ်ယောက်သည် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူ ခုနစ်ယောက် ရှစ်ယောက်နှင့်အတူ သစ်တောထဲမှ လျှောက်ထွက်လာသည်ကို မြင်လိုက်ရသည်။
ခေါင်းတုံးပြောင် လူက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ မြေပြင်ပေါ်တွင် သေဆုံးနေသော မျက်လုံးသုံးလုံး အစိမ်းရောင် မွန်းစတားသားရဲကို မြင်လိုက်ရ၏။
"ဟားဟား တတိယညီနောင်.. မင်းက မျက်လုံးသုံးလုံး အစိမ်းရောင် မွန်းစတားသားရဲကို သတ်ပစ်နိုင်မယ်လို့ ငါ့မမျှော်လင့်ထားဘူး"
"ဟားဟား... အရမ်းကောင်းတယ်"
ခေါင်းတုံးပြောင်နှင့် လူက ရုတ်တရက် ရယ်မောလိုက်လေသည်။
သူက လူလတ်ပိုင်းအရွယ် ကျင့်ကြံသူကို စကားပြောရန် အခွင့်အရေး မပေးဘဲ မျက်လုံးသုံးလုံး အစိမ်းရောင် မွန်းစတားသားရဲ၏ ခန္ဓာကိုယ်ဆီသို့ တိုက်ရိုက် လျှောက်သွားကာ မျက်လုံးသုံးလုံး အစိမ်းရောင် မွန်းစတားသားရဲ၏ ခန္ဓာကိုယ်ကို ဆွဲယူရန် လက်ကို ဆန့်ထုတ်လိုက်သည်။
သို့သော် ခေါင်းတုံးပြောင်နှင့် လူက သူ၏ လက်ဖဝါးဖြင့် မျက်လုံးသုံးလုံး အစိမ်းရောင် မွန်းစတားသားရဲကို ထိမိသောအချိန်တွင် အေးစက်သော အသံတစ်သံသည် သူ၏ နားထဲတွင် ပေါက်ကွဲထွက်လာခဲ့သည်။
"ဒီမျက်လုံးသုံးလုံး အစိမ်းရောင် မွန်းစတားသားရဲက ငါသတ်ခဲ့တာပဲ.. မင်းရဲ့ လက်ကို ခုချက်ချင်း ဖယ်လိုက်စမ်း"
"ဘယ်သူမဆို ငါ့ရဲ့ သားကောင်ကို လာထိရဲရင် ငါ ချွင်းချက်မရှိ သတ်ပစ်မယ်"
အခန်း(၃၆၀) ပြီး၏