← Chapters

သွေးလမ်းညွှန်လျှို့ဝှက်အတတ်

Vol. 136 Ch. 2028

သွေးလမ်းညွှန်လျှို့ဝှက်အတတ်

Vol. 136 Ch. 2028

လေးနာရီလောက်ကြာပြီးနောက် အဖြူရောင်ချပ်ဝတ်တန်ဆာကိုဝတ်ဆင်ထားသည့် ကျင့်ကြံသူတစ်ယောက်သည် သူ၏ ခါးမှာ ဆေဘာတစ်လက်ကို ချိတ်ဆွဲပြီး အစိမ်းရောင်တိမ်စိုင်တိုင်းပြည်၏ မင်းသားဂေဟာသို့ ရောက်ရှိလာခဲ့၏။

ထိုလူ၏ အမူအရာက အေးစက်နေပြီး သူ၏ မျက်နှာက တိကျပြတ်သားသော အနားသတ်များနှင့်အတူ ထက်ရှနေ၏။ သူ၏ မျက်လုံးများက ကြယ်အလင်းကဲ့သို့ တလက်လက်တောက်ပနေပုံရပြီး နက်ရှိုင်း၍ လျှို့ဝှက်ဆန်းကြယ်နေ၏။

ကောင်းကင်အာဏာပါးကွက်သား အစောင့်တပ်သားများ၏ ခေါင်းဆောင်တပ်မှူးတစ်ယောက် အထီးကျန်ကြယ်...။

ကောင်းကင်အစောင့်တပ်သားများနှင့် ကမ္ဘာမြေအစောင့်တပ်သားများကြားမှာ ကျင့်ကြံမှုနယ်ပယ်ကွာခြားချက်အပြင် အဲ့ဒီမှာ ပုံပန်းသဏ္ဌာန်အရ သိသာရှင်းလင်းသော ကွာခြားချက်တစ်ခုလည်းရှိနေ၏။

ကမ္ဘာမြေအစောင့်တပ်သားများက မဟူရာရွှေငှက်မွေးချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး ကောင်းကင်အစောင့်တပ်သားများကတော့ ရွှေဖြူငှက်မွေးချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားလေသည်။

အဲ့ဒါက ပို၍ပင်ခိုင်မာပြီး ခံစစ်အားက ပို၍ပင်သန်မာလေသည်။

“မင်္ဂလာပါ... အရှင်မင်းသားယွမ်ကျော”

အထီးကျန်ကြယ်က မင်းသားဂေဟာရှိ ခန်းမထဲသို့ရောက်ရှိလာ၏။

မင်းသားယွမ်ကျောက လေးနက်သောအသံဖြင် ပြောလိုက်၏။

“ငါက လူနှစ်ယောက်ကိုရှာနေတာ... ငါ့ရဲ့ကိုယ်ပွားက သူတို့နှစ်ယောက်နဲ့ ဒီနေရာမှာတိုက်ခိုက်ခဲ့တယ်... သူတို့နှစ်ယောက်လုံးက ဒီနေရာမှာ သွေးထွက်သံယိုဖြစ်ခဲ့တယ်”

“ကောင်းပါပြီ”

အထီးကျန်ကြယ်က ခေါင်းညိတ်ပြလိုက်၏။

မင်းသားယွမ်ကျောက အထီးကျန်ကြယ်ကိုစိုက်ကြည့်ပြီး တည်ကြည်လေးနက်စွာဖြင့် ညွှန်ကြားလိုက်၏။

“အထီးကျန်ကြယ်... မင်းက မြေလှန်ရှာရမယ်ဆိုရင်တောင်မှ သူတို့နှစ်ယောက်ကိုတွေ့အောင်ရှာရမယ်”

အထီးကျန်ကြယ်က ပြောလိုက်၏။

“မပူပါနဲ့ အရှင်မင်းသား... သူတို့နှစ်ယောက်ရဲ့သွေးကျန်ခဲ့သရွေ့ သူတို့နှစ်ယောက်က ထွက်ပြေးလွတ်မြောက်နိုင်မှာ မဟုတ်ဘူး”

ထိုသို့ပြောရင်း သူ၏ မျက်လုံးနှစ်ဖက်ကို မှိတ်ပြီး သူ၏ လက်နှစ်ဖက်ကို စတင်လှုပ်ရှားကာ ထူးဆန်းသော ဓမ္မပညာရပ်အမျိုးမျိုးပုံဖော်လိုက်၏။

သူ၏ နှာရောင်က ထူးဆန်းသောအလင်းဖြင့် တောက်ပသွား၏။

အထီးကျန်ကြယ်က သူ၏ လက်ချောင်းများကို ညင်သာစွာဝေ့ယမ်းပြီး အော်ငေါက်လိုက်၏။

သွေးစက်သုံးစက်က သူ၏ လက်ချောင်းထိပ်ဖျားမှာ တဖြည်းဖြည်းဖြစ်ပေါ်လာ၏။

အထီးကျန်ကြယ်က ခဏမျှအာရုံခံပြီး ပြောလိုက်၏။

“သွေးစက်တစ်စက်က အရှင်မင်းသားရဲ့သွေးပဲ”

အထီးကျန်ကြယ်ထံမှ အတွေးတစ်ချက်နှင့်အတူ သွေးစက်တစ်စက်က သွေးချီတစ်ခုအဖြစ် ကြေမွပျက်ပြယ်သွားပြီး သွေးစက်နှစ်စက်သာ ကျန်ခဲ့သည်။

“လမ်းညွှန်ပေးစမ်း”

အထီးကျန်ကြယ်က လက်ဟန်ချိပ်စည်းများကိုလှုပ်ရှားပြီး သွေးစက်နှစ်စက်ကို ထိုးညွှန်ကာ ညင်သာစွာအော်ငေါက်လိုက်၏။

ထူးဆန်းသောစွမ်းအားတစ်ခုက သွေးစက်နှစ်စက်ပေါ်သို့ ဆင်းသက်လာ၏။

သွေးစက်နှစ်စက်က လေထဲမှာလွင့်မျောပြီး အဆက်မပြတ်လူးလွန်ကာ အမျိုးမျိုးသောပုံသဏ္ဌာန်များအဖြစ် ပြောင်းလဲသွား၏။

သိပ်မကြာခင် သွေးစက်နှစ်စက်က ပိန်ပါးသောပုံရိပ်နှစ်ခု အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်အဖြစ် ပြောင်းလဲသွား၏။

ပုံရိပ်နှစ်ခု၏ သွင်ပြင်များက အလွန်တရာသိသာနေ၏။

သူတို့က ဆူဇီမိုနှင့်ဖုန့်ကျစ်ရီနှင့်ဆင်တူနေ၏။

ပကတိအင်မော်တယ်ကျင်းယွဲ့က အနည်းငယ်ခေါင်းညိတ်ပြီး ချီးကျူးလိုက်၏။

“ခေါင်းဆောင်တပ်မှူး အထီးကျန်ကြယ်... ခင်ဗျားက ဒီသွေးလမ်းညွှန်လျှို့ဝှက်အတတ်ကို အရင်ထက်ပိုပြီး ကျွမ်းကျင်ပိုင်နိုင်နေပြီပဲ”

“ဘယ်လိုလဲ... သူတို့ကိုရှာနိုင်မှာလား”

မင်းသားယွမ်ကျောက အလောတကြီးမေးလိုက်၏။

“မပူပါနဲ့အရှင်မင်းသား... ကျုပ်တို့က သွေးပုံရိပ်နှစ်ခုနောက်ကို လိုက်မယ်ဆိုရင် သူတို့ရဲ့တည်နေရာကို သိရလိမ့်မယ်”

အထီးကျန်ကြယ်၏ စိ​တ်ဝိညာဥ်အသိစိတ်က လှုပ်ရှားသွားပြီး သွေးစက်နှစ်စက်ကနေ ဖြစ်ပေါ်လာသည့် သွေးပုံရိပ်နှစ်ခုက ခန်းမထဲကနေလွင့်မျောသွား၏။

“နေဦး”

မင်းသားယွမ်ကျောက ရုတ်တရက်ပြောလိုက်၏။ သူ၏ မျက်လုံးများကို အနည်းငယ်မှေးကျဥ်းပြီး သူက နေရာမှာပင် တိတ်တဆိတ်မတ်တတ်ရပ်နေ၏။

ယခု... သူက ဆူဇီမို၏ တည်နေရာကို အတည်ပြုနိုင်ပြီဖြစ်ပြီး သူက အလောတကြီးရှိမနေတော့ပေ။

“အရှင်မင်းသား.... မှာစရာတစ်ခုခုရှိလို့လား”

ပကတိအင်မော်တယ်ကျင်းယွဲ့က ပြောလိုက်၏။

“ခင်ဗျားစိုးရိမ်နေတယ်ဆိုရင် ကျုပ်ကလည်း ခင်ဗျားနဲ့လိုက်ခဲ့မယ်... ကျုပ်က သူတို့နှစ်ယောက်ကို သေချာပေါက်ဖိနှိမ်နိုင်လိမ့်မယ်”

“ဒါက... ရှားရှားပါးပါးအခွင့်အရေးတစ်ခုပဲ”

မင်းသားယွမ်ကျောက သရော်ပြုံးပြုံးပြီး တစ်စုံတစ်ရာကို တွေးမိသွားပုံရကာ သူ့ဘာသာသူတီးတိုးရေရွတ်နေ၏။

..........

ဆူဇီမိုနှင့် ဖုန့်ကျစ်ရီသည် ရပ်နားခြင်းမရှိဘဲ တစ်လမ်းလုံး ပြေးလွှားလာခဲ့ပြီး အစိမ်းရောင်တိမ်စိုင်မြို့တော်နှင့် ဝေးသထက်ဝေးလာခဲ့၏။

သူတို့၏ ရှေ့မှာ တောင်ကြောတစ်ခုက ပေါ်ထွက်လာ၏။ အဝေးကကြည့်လျှင် တောင်တန်းများက မြင့်တက်သွားပြီး ကောင်းကင်ထက်သို့ပျံတက်တော့မည့် နတ်နဂါးတစ်ကောင်နှင့် ဆင်တူနေ၏။ ထို့ကြောင့် ထိုတောင်ကြောရိုး၏ အမည်က မိုးပျံနဂါးတောင်ကြောရိုးဖြစ်လေသည်။

“ရှေ့မှာလုံခြုံစိတ်ချရတဲ့နေရာတစ်ခုကိုရှာပြီး အနားယူကြရအောင်”

ဖုန့်ကျစ်ရီက ဖြူဖပ်ဖြူရော်အမူအရာနှင့် အနည်းငယ်မောဟိုက်နေ၏။

သူမက မင်းသားယွမ်ကျော၏ လက်ချက်ဖြင့် ဒဏ်ရာအပြင်းအထန်ရရှိထားခဲ့ပြီး များစွာကုသခြင်းမရှိဘဲ တစ်လမ်းလုံးပြေးလွှားကာ စွမ်းအင်မြောက်မြားစွာကိုသုံးစွဲခဲ့ရ၏။

ဆူဇီမိုသည် သူ့ရှေ့မှတောင်ကြောရိုးကိုကြည့်ပြီး တစ်စုံတစ်ရာကို စိုးရိမ်ပူပန်နေသည့်အလား မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။

သို့သော်လည်း အလွန်တရာအားနည်းနေသော ဖုန့်ကျစ်ရီကိုကြည့်ပြီး ခေါင်းညိတ်ပြလိုက်ဆဲဖြစ်၏။

တောင်ကြောရိုးထဲသို့ ဝင်ရောက်လာပြီးနောက် သူတို့နှစ်ယောက်သည် လောလောဆယ်မှာ ပုန်းခိုဖို့အတွက် တိတ်ဆိတ်ငြိမ်သက်သောလိုဏ်ဂူတစ်ခုကို ရှာဖွေလိုက်၏။

ဖုန့်ကျစ်ရီက ဆေးလုံးလက်တစ်ဆုပ်ကို ​မျိုချပြီး သူမ၏ သိုလှောင်အိတ်ထဲကနေ အမြုတေစိတ်ဝိညာဥ်ကျောက်တုံးနှစ်တုံးကို ထုတ်ယူလိုက်၏။

သူမက ကျင့်ကြံနေစဥ် သူမက သက်လုံအားကိုဖြည့်တင်းပြီး သူမ၏ ဒဏ်ရာများကို ကုသနေ၏။ ကမ္ဘာမြေအင်မော်တယ်နယ်ပယ်သို့ တက်လှမ်းလာပြီးနောက် သူမသည် အမြုတေစိတ်ဝိညာဥ်ကျောက်တုံးများထဲရှိ အမြုတေချီကို စုပ်ယူသန့်စင်နိုင်ပြီဖြစ်၏။

အမြုတေစိတ်ဝိညာဥ်ကျောက်တုံးထဲရှိအမြုတေချီက ဘေးပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့်မြေကြီး အမြုတေချီထက် ပိုမိုသန့်စင်ကြွယ်ဝလေသည်။

၎င်း၏ ကုသခြင်းအာနိသင်ကလည်း များစွာပိုမိုကောင်းမွန်လေသည်။

ဆူဇီမိုသည် လိုဏ်ဂူ၏ ဝင်ပေါက်ဝရှေ့မှာ အစီအရင်ဝင်္ကပါတချို့ကိုခင်းကျင်းပြီး ပို၍လုံခြုံစိတ်ချရအောင်ပြုလုပ်လိုက်၏။

သူသည် အာရုံလွှဲအစီအရင်နှစ်ခုကိုပင် ခင်းကျင်းခဲ့၏။

ထို့သို့ဖြင့် ဘေးနားမှဖြတ်သွားသော ကျင့်ကြံသူများသည် ဤနေရာကိုတွေ့မြင်မည်ဆိုလျှင်တောင် လိုဏ်ဂူကို သတိထားမိလိမ့်မည် မဟုတ်ပေ။

ဖုန့်ကျစ်ရီက ကုသနေစဥ် ဆူဇီမိုကလည်း အနားယူနေ၏။

သို့သော်လည်း သူ၏ မျက်လုံးနှစ်ဖက်ကို မှေးကျဥ်းထားပြီး သူက တစ်ချိန်လုံးစိတ်တင်းကျပ်နေ၏။ သူသည် တောင်ကြောရိုးထဲမှာရှိသော ပြုမူလှုပ်ရှားမှုမှန်သမျှကိုနားစွင့်၍ အာရုံစိုက်နေ၏။

နေ့တစ်ဝက်ကြာပြီးနောက် ဖုန့်ကျစ်ရီ၏ အမူအရာက ပျော့ပြောင်းသွားပြီး သူမ၏ မျက်နှာက အနီရောင်သန်းလာ၏။

သူမက မျက်လုံးနှစ်ဖက်ကိုဖွင့်ပြီး မလှမ်းမကမ်းမှာ သတိအနေအထားရှိနေသော ဆူဇီမိုကိုကြည့်လိုက်၏။

“နင်အဲ့လောက်ထိ စိုးရိမ်ထိတ်လန့်နေစရာမလိုပါဘူး... ငါတို့က ဒီလောအကြာကြီး ထွက်ပြေးလာပြီးမှ ယွမ်ကျောနဲ့တခြားသူတွေက ငါတို့ရောက်နေတဲ့အရပ်ကို သိနိုင်မှာ မဟုတ်တော့ဘူး... သူတို့က နေရာဖြန့်ပြီးရှာဖွေမယ်ဆိုရင် ဒီနေရာကိုရောက်ဖို့ အတော်လေးအချိန်ယူရဦးမယ်”

ဆူဇီမိုက ခေါင်းညိတ်ပြပြီး ပြောလိုက်၏။

“ပုံမှန်အခြေအနေမှာဆိုရင်တော့... တကယ်ပဲ အဲ့လိုဖြစ်မှာ... ဒါပေမဲ့ ဘာလို့လည်းမသိဘူး ငါမအီမသာခံစားနေရတယ်... ဘယ်နေရာမှာမှားနေလဲ ငါလည်းမပြောတတ်ဘူး”

“ငါတို့သေချာပေါက်ထွက်ပြေးလွတ်မြောက်နိုင်မှာပါ”

ဖုန့်ကျစ်ရီက ပြောလိုက်၏။

“ငါ... နောက်ထပ်နှစ်နာရီလောက်အားဖြည့်ပြီးရင် သွားကြမယ်”

“ကောင်းပြီလေ”

ဆူဇီမ်ုက သဘောတူလိုက်၏။

“ဒါနဲ့... နင်က ငါ့အဖိုးကိုဘာလို့ကယ်ခဲ့တာလဲ ငါမသိသေးဘူး... နင်ကလဲ အကြွင်းအကျန်ညကလူလား”

ရုတ်တရက် ဖုန့်ကျစ်ရီက မေးလိုက်၏။

လမ်းတစ်လျှောက်မှာ ထိုသံသယက သူမ၏ ရင်ထဲမှာ အမြဲရှိနေခဲ့၏။

ဖုန့်စန်းထျန်ကို ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေမှာ တဗူးတစ်ခုဟု သတ်မှတ်နိုင်ပြီး မည်သူကမှ သူ၏ အမည်ကို ထုတ်ဖော်ပြောဆိုရဲခြင်း သို့မဟုတ် သူနှင့်ပတ်သက်ရဲခြင်းမရှိပေ။

ဒါ့အပြင် မည်သူကမှ ပကတိတစ်ဆယ်ငရဲသို့ ဝင်ရောက်ပြီး ကြီးမားသောအန္တရာယ်ကိုစွန့်စားကာ သူ့ကိုကယ်တင်လိမ့်မည် မဟုတ်ပေ။

ဆူဇီမိုက သူ၏ ခေါင်းကို ညင်သာစွာခါပြလိုက်၏။

“အကြွင်းအကျန်ညက ဘာလဲ ငါမသိဘူး... အဲ့ဒါက ဘာလဲ”

“အဲ့ဒါအဖွဲ့အစည်းတစ်ခုပဲ”

ဖုန့်ကျစ်ရီက ရှင်းပြလိုက်၏။

“ငါ့အဖိုးဖိနှိမ်ခံရပြီးတဲ့နောက် ငါ့ဆရာနှင့် ငါ့အဖေက ငါ့အဖိုးရဲ့လက်အောက်မှာရှိတဲ့ လက်အောက်ငယ်သားဟောင်းတွေကိုစုစည်းပြီး မဟာကျင်းအင်မော်တယ်နိုင်ငံက... အထူးသဖြင့်တော်ဝင်မိသားစုက ကျင့်ကြံသူတချို့ကို လုပ်ကြံသတ်ဖြတ်ဖို့အတွက် အဲ့ဒီအဖွဲ့အစည်းကို ဖွဲ့စည်းခဲ့ကြတယ်”

“အကြွင်းအကျန်ညဆိုတဲ့နာမည်က ငါ့အဖိုးနဲ့ငါ့ဆရာရဲ့ နာမည်တွေထဲက စာလုံးနှစ်လုံးပဲ”

ဤအရာများက အလွန်တရာလျှို့ဝှက်ထားရသော ကိစ္စများဖြစ်ပြီး ဖုန့်ကျစ်ရီသည် အခြားသူများကို သေချာပေါက် ပြောပြလိမ့်မည် မဟုတ်ပေ။

သို့သော်လည်း ဖုန့်စန်းထျန်ကို ကယ်တင်ခဲ့သည့်သူက ဆူဇီမိုဆိုတာကိုသိရှိပြီးနောက် ဖုန့်ကျစ်ရီသည် ထိုသူ့အပေါ် ရင်းနှီးသည့်စိတ်ခံစားချက်တစ်ခုရရှိလာ၏။

တကယ်တော့... ဖုန့်ကျစ်ရီသည် ဆူဇီမိုအပေါ် အစကတည်းက ကောင်းမွန်သောထင်မြင်ချက်ရှိခဲ့၏။

သို့သော်လည်း သူမသည် ဆူဇီမို၏ နောက်ခံကို မသိရသလို ထိုသူ၏ စိတ်ကိုလည်း မဖတ်နိုင်ခဲ့ပေ။

ထို့ကြောင့် သူမသည် ဆူဇီမိုကို အမြဲတမ်းသတိထားနေခဲ့၏။

သို့သော်... ယခု ထိုကဲ့သို့သောသတိထားမှုက ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။

“ဒါပေမဲ့ ငါ့မိဘတွေသေသွားပြီးတဲ့နောက် အကြွင်းအကျန်ညက ကြီးမားတဲ့ရိုက်ချက်တစ်ခုနဲ့ တွေ့ကြုံခံစားခဲ့ရတယ်... ငါတို့တွေက အာဏာပါးကွပ်သားအစောင့်တပ်သားတွေနဲ့ မဟာကျင်းအင်မော်တယ်နိုင်ငံက ပကတိအင်မော်တယ်တွေရဲ့ ဝန်းရံပိတ်ဆို့ခံရပြီးတော့ ကြီးမားတဲ့ ပျက်စီးဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့ခဲ့ရတယ်”

ဖုန့်ကျစ်ရီက ပြောလိုက်၏။

“ဒီနှစ်တွေအားလုံးထဲမှာ ဆရာတစ်ယောက်တည်းကသာ တောင့်ခံနေရတာ... ဒါပေမဲ့ ဒီလောက်နှစ်တွေအများကြီးကြာပြီးတဲ့နောက် သူကလည်း အိုမင်းလာခဲ့ပြီ”

အတိတ်ကာလအကြောင်းပြောဆိုချိန်မှာ ဖုန့်ကျစ်ရီ၏ မျက်လုံးထဲတွင် အထီးကျန်မှုတစ်ခုက ပေါ်ထွက်လာ၏။

“ငါ့အဖိုးကို နင်ဘာလို့ကယ်ခဲ့တာလဲ... နင်ငါ့ကိုမပြောရသေးဘူးနော်”

ဖုန့်ကျစ်ရီက ထပ်မံ၍မေးလိုက်၏။

ဆူဇီမိုကပြုံး၍ပြောလိုက်၏။

“အဲ့ဒါက ဘာရယ်မဟုတ်ပါဘူး... ငါနဲ့မိုးကြိုးဧကရာဇ်က တူညီတဲ့နေရာကနေ လာခဲ့ကြတာမလို့ပဲ”

“မိုးကြိုးဧကရာဇ်လား”

ဖုန့်ကျစ်ရီက အနည်းငယ်မှင်တက်သွား၏။

သူမသည် ထိုအမည်ကို သူမဆရာထံမှ တစ်ခါကြားခဲ့ဖူး၏။ အဲ့ဒါသည် သူမအဖိုး အောက်ဘုံလောကမှာရှိခဲ့စဥ်က သူ၏တာအိုဘွဲ့ဖြစ်ဖို့များလေသည်။

“အာ... ဒါဆိုနင်ကလည်း...”

ဖုန့်ကျစ်ရီက တစ်စုံတစ်ရာကို နားလည်သဘောပေါက်သွားပြီးး စကားပြောမည်ပြုစဥ်မှာပင် ဆူဇီမိုက သူမကိုဖြတ်ပြောလိုက်၏။ သူကတည်ကြည်လေးနက်သောအမူအရာဖြင့် ပြောလိုက်လေသည်။

“တစ်ယောက်ယောက်ဒီကိုလာနေပြီ”

All Chapters