လမ်းဆုံး
Vol. 136 Ch. 2034
ပကတိအင်မော်တယ်ပညာရှင်သုံးယောက်သည် တစ်ချိန်တည်းမှာတိုက်ခိုက်လိုက်ကြပြီး မွန်းကျပ်ဖွယ်ရာကောင်းသော ဒီရေလှိုင်းများကဲ့သို့ တိုက်ခိုက်မှုများက တရစပ် ကျရောက်လာ၏။
ပကတိအင်မော်တယ်ညသင်္ချိုင်း၏ ပိန်ပါးသောခန္ဓာကိုယ်က တလိပ်လိပ်တက်လာသော လှိုင်းလုံးများကြားမှာ အချိန်မရွေးနစ်မြုပ်သွားနိုင်သော လှေငယ်တစ်စင်းကဲ့သို့ဖြစ်နေ၏။
လက်ရှိအခြေအနေက ယခင်ကနှင့် မတူတော့ပေ။
ပကတိအင်မော်တယ်ညသင်္ချိုင်းသည် သူ၏ ယိုယွင်းပျက်စီးနေသောခန္ဓာကိုယ်ဖြင့် ပကတိအင်မော်တယ်နှစ်ယောက်ကို သတ်ဖြတ်နိုင်ခဲ့သည်မှာ အဓိကအားဖြင့် သူက သူတို့ကိုအငိုက်ဖမ်းခဲ့ပြီး လုပ်ကြံသတ်ဖြတ်ခြင်းနည်းလမ်းများကို အသုံးပြုခဲ့သောကြောင့်ဖြစ်၏။
သို့သော်ယခု သူက ပကတိအင်မော်တယ်သုံးယောက်နှင့် ထိပ်တိုက်ရင်ဆိုင်နေရ၏။
ပို၍အရေးကြီးသည်မှာ သူသည် နောက်ဆုတ်လို့ သို့မဟုတ် ရှောင်တိမ်းလို့ မရပေ။
အကြောင်းမှာ မိုးကြိုးဧကရာဇ်နှင့် ဆူဇီမိုက သူ၏ နောက်မှာရှိနေသောကြောင့်ပင်။
ပကတိအင်မော်တယ်ညသင်္ချိုင်းသည် အမူအရာကင်းမဲ့စွာဖြင့် သူ၏ နှုတ်ခမ်းကိုတင်းတင်းစေ့ပြီး အသံတိတ်ကာ သူ၏ ခန္ဓာကိုယ်ထဲရှိသွေးချီကို လှည့်ပတ်လိုက်၏။
ဝေါ....
ဆူနာမီသံက အားအင်ချည့်နဲ့စွာဖြင့် တဖြည်းဖြည်းထွက်ပေါ်လာ၏။
သို့သော်လည်း အဲ့ဒါက သိပ်ကြာကြာမခံဘဲ ကျဆင်းသွား၏။
ပကတိအင်မော်တယ်ညသင်္ချိုင်းက အိုမင်းနေလေပြီ။
အတိတ်ကာလတုန်းက သူသည် မျိုးဆက်သွေးနယ်မြေတစ်ခုကိုပင် ကျင့်ကြံနိုင်ခဲ့၏။
သို့သော်ယခု... သူ၏ သွေးချီက ဆူနာမီအသံကိုပင် ထိန်းမထားနိုင်တော့ဘဲ တဖြည်းဖြည်းဆဲသွား၏။
“အမှောင်ဝါးမျိုခြင်း”
“သံမဏိမြင်းတပ်”
ပကတိအင်မော်တယ်ညသင်္ချိုင်းသည် သူ၏ အမြုတေစိတ်ဝိညာဥ်ကို လှည့်ပတ်ပြီး အန္တိမနတ်ဘုရားစွမ်းအားနှစ်ခုကို ဆက်တိုက်ထုတ်ဖော်လိုက်၏။
အမှောင်ထုက ဆင်းသက်လာပြီး လေထဲကနေ ခုတ်ပိုင်းကျဆင်းလာသော သွေးနီရောင်လပြည့်ဝန်းနှင့် ထိတွေ့ရိုက်ခတ်လိုက်၏။
အမှောင်ထုက ကျယ်ပြောသော်လည်း သွေးနီရောင်လပြည့်ဝန်းက အမှောင်ထုထဲမှာ ဖြည်းဖြည်းချင်း တက်လှမ်းလာပြီး ပကတိအင်မော်တယ် ညသင်္ချိုင်းထံသို့ တဖြည်းဖြည်းချင်းချဥ်းကပ်နေ၏။
တကယ်တော့... သူတို့နှစ်ယောက်စလုံးက ပကတိဧကနယ်ပယ် ပညာရှင်များဖြစ်ကြသော်လည်း ပကတိအင်မော်တယ်ညသင်္ချိုင်းသည် ကျင့်ကြံမှုမှာ ပကတိအင်မော်တယ်ကျင်းယွဲ့ထက် ပိုမိုသာလွန်လေသည်။
သို့သော်လည်း သူ့ဘဝ၏ နှောင်းပိုင်းအရွယ်မှာ သူ၏ တိုက်ခိုက်ရည်ခွန်အားက ကြီးမားစွာလျော့ကျနေပြီး သူသည် ပကတိအင်မော်တယ်ကျင်းယွဲ့၏ အင်မော်တယ်ပညာရပ်ကိုပင် မခုခံနိုင်တော့ပေ။
ဗလတောင့်တောင့်အမျိုးသား၏ ကြေးလက်ရိုက်တုတ်ကလည်း ကျဆင်းလာခဲ့၏။
ပကတိအင်မော်တယ် ညသင်္ချိုင်းသည် သူ၏ ဓားမြှောင်များကိုကိုင်ဆွဲပြီး အပေါ်သို့ပင့်ကာ ကြေးလက်ရိုက်တုတ်ကို ပိတ်ဆို့တားဆီးလိုက်၏။
ချွမ်း...
မီးပွားများက စင်ထွက်သွား၏။
ပကတိအင်မော်တယ်ညသင်္ချိုင်းသည် ဆတ်ခနဲတုန်ယင်သွားပြီး အစကပိန်လှီနေသော သူ၏ခန္ဓာကိုယ်က ပို၍ပင်ပုတိုသွားသည်ဟုထင်ရ၏။
တစ်ချိန်တည်းမှာပင် ကောင်းကင်ဘုံစစ်သည်တော်တစ်အုပ်စုက ပကတိအင်မော်တယ် ညသင်္ချိုင်း၏ နောက်မှာ ပေါ်ထွက်လာ၏။ သူတို့က သတ္တုလှံများကို ကိုင်ဆွဲပြီး မြင်းများကိုစီးနင်းကာ ဒုန်းစိုင်းပြေးထွက်လာကြ၏။
သူတို့က ပကတိအင်မော်တယ်ဖေးယွင်၏ ဆေဘာဝင်္ကပါနှင့် ပစ်တိုက်သွားလေသည်။
ဘုန်း...
အဲ့ဒီမှာ ကျယ်လောင်သောမြည်သံတစ်သံထွက်ပေါ်လာ၏။
ကောင်းကင်ဘုံစစ်သည်များက ဆေဘာဝင်္ကပါထဲသို့ဝင်ရောက်သွားသောအခါ သူတို့က အပိုင်းပိုင်းကြိတ်ချေခံလိုက်ရ၏။ ပြတ်တောက်သွားသောခြေလက်များက အဘက်ဘက်သို့ လွင့်ပျံထွက်သွားပြီး အန္တိမနတ်ဘုရားစွမ်းအားက ယိမ်းထိုးသွား၏။
ချွမ်း....
တစ်ချိန်တည်းမှာပင် ဗလတောင့်တောင့်အမျိုးသား၏ ဒုတိယလက်ရိုက်တုတ်က ဖိခြေကျဆင်းလာပြီး အဲ့ဒါကို ပကတိအင်မော်တယ်ညသင်္ချိုင်းက နောက်တစ်ဖန်ပိတ်ဆို့တားဆီးလိုက်ရ၏။
ပကတိအင်မော်တယ်ညသင်္ချိုင်း၏ ခြေနှစ်ဖက်က မြေပြီးထဲသို့ နက်ရှိုင်းစွာနစ်ဝင်သွားခဲ့ပြီဖြစ်၏။
သူ၏ ပိန်လှီနေသောခန္ဓာကိုယ်က အနည်းငယ်တုန်ယင်နေသော်လည်း ဓားမြှောင်များကို ကိုင်ဆွဲထားသည့် သူ၏ လက်နှစ်ဖက်က တစ်မူထူးခြားစွာ တည်ငြိမ်နေဆဲဖြစ်၏။
အဲ့ဒါသည် လုပ်ကြံသတ်ဖြတ်သူတစ်ယောက်၏ လက်များဖြစ်လေသည်။
ဖိအားဘယ်လောက်များသည်ဖြစ်စေ သူ၏ လက်များက တုန်ယင်လို့မရပေ။
“မင်းဘယ်လောက်ကြာကြာတောင့်ခံနိုင်မလဲ ကြည့်ရသေးတာပေါ့”
ပကတိအင်မော်တယ်ဖေးယွင်က ကြမ်းကြုတ်ခက်ထန်စွာဖြင့် အော်ငေါက်လိုက်၏။
ရုတ်တရက် သူ၏ ပါးစပ်ကို ဖွင့်ဟပြီး အစစ်အမှန်အမြုတေစီးကြောင်းတစ်ခုကို ထွေးထုတ်ကာ သူ့ရှေ့မှာရှိသောဆေဘာဝင်္ကပါထဲသို့ ပြန့်ကျဲကျဆင်းသွားစေ၏။
ချွမ်း... ချွမ်း... ချွမ်း...
ဆေဘာဝင်္ကပါ၏ အော်ရာက တလိပ်လိပ်ထိုးတက်လာပြီး ၎င်း၏ ထက်ရှမှုက သိပ်သည်းကျစ်လစ်လာကာ အန္တိမနတ်ဘုရားစွမ်းအား သံမဏိမြင်းတပ်ကို ချေဖျက်နေ၏။
ပကတိအင်မော်တယ်ညသင်္ချိုင်းက ဆတ်ခနဲတုန်ယင်သွား၏။
သွေးနီရောင်လပြည့်ဝန်းကလည်း ပစ်ဝင်လာခဲ့ပြီး အမှောင်ထုကိုဆုတ်ဖြဲကာ ခုတ်ပိုင်းကျဆင်းလာ၏။
“သေစမ်း”
ဗလတောင့်တောင့်အမျိုးသားက ကြောက်စရာကောင်းသော အမူအရာဖြင့် သွားဖြီးပြီး သူ၏ ကြေးလက်ရိုက်တုတ်ကို နောက်တစ်ဖန်မြှောက်ကာ လေထဲမှာပြီးပြည့်စုံသောစက်ဝန်းတစ်ခုကို ရေးဆွဲလိုက်၏။ သူ၏ မျိုးဆက်သွေးနှင့်ပေါင်းစပ်ပြီး သူက အဲ့ဒါကို ပကတိအင်မော်တယ်ညသင်္ချိုင်း၏ ဦးခေါင်းပေါ်သို့ ပစ်ရိုက်ချလိုက်၏။
“မြှုပ်နှံခြင်း”
ရုတ်တရက် ပကတိအင်မော်တယ်ညသင်္ချိုင်းက သူ၏ လက်ကိုလွှတ်ပြီး သူ၏ ဓားမြှောင်က လေထဲမှာ လျှို့ဝှက်ဆန်းကြယ်သော စက်ဝန်းတချို့ကိုရေးဆွဲကာ ကြောက်စရာကောင်း၍ အနိဋ္ဌာရုံဆန်ဆန် အဖျက်စွမ်းအားအော်ရာတစ်ခုဖြာထွက်လာ၏။
ကံဆိုးစွာဖြင့် ထိုအဖျက်စွမ်းအားက မပြီးမြောက်ခင်မှာပင် ပကတိအင်မော်တယ် ညသင်္ချိုင်းက ဆက်လက်၍ မရေးဆွဲနိုင်တော့ဘဲ သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရ၏။
ထိုသို့ဆိုလျှင်တောင် လျှို့ဝှက်ဆန်းကြယ်သော စက်ဝန်းများပေါ်ရှိ အမှတ်အသားများက လေထဲမှာသိပ်သည်းကျစ်လစ်လာပြီး ပျက်ပြယ်မသွားခဲ့ပေ။ သူတို့က ဆင်းသက်လာသော သွေးနီရောင်ရောင်လပြည့်ဝန်းကို ဝါးမျိုပြီးပျောက်ကွယ်သွား၏။
“မိစ္ဆာမဟာနယ်မြေက လျှို့ဝှက်အတတ်တစ်ခုလား”
ပကတိအင်မော်တယ်ကျင်းယွဲ့က မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
တစ်ချိန်တည်းမှာပင် ဗလတောင့်တောင့်အမျိုးသား၏ ကြေးလက်ရိုက်တုတ်က ဆင်းသက်လာ၏။
ပကတိအင်မော်တယ်ညသင်္ချိုင်းက သူ၏ ဓားမြှောင်ကို နောက်တစ်ဖန်မြှောက်ပြီး ခုခံလိုက်ရ၏။
သို့သော်လည်း ပကတိအင်မော်တယ်သုံးယောက်နှင့် ဆန့်ကျင်တိုက်ခိုက်ဖို့အတွက် နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များကို ဆက်တိုက်ထုတ်ဖော်ပြီးနောက် သူက အလွန်တရာသိသာစွာ အားနည်းသွားခဲ့လေသည်။
ချွမ်း...
ဓားမြှောင်က ကြေးလက်ရိုက်တုတ်နှင့် အနည်းငယ်ထိတွေ့ရိုက်ခတ်ပြီး လွင့်စင်ထွက်သွား၏။
ပကတိအင်မော်တယ် ညသင်္ချိုင်း၏ လက်က ကြေးလက်ရိုက်တုတ်ထံမှ တလိပ်လိပ်တိုးဝင်လာသောစွမ်းအားကို ခံနိုင်ရည်မရှိဘဲ အရိုးများကျိုးသံက ထွက်ပေါ်လာပြီး သူ၏ လက်က ပျော့ခွေစွာဖြင့် တွဲလျောင်းကျသွား၏။
သူ၏ လက်က ချို့ယွင်းပျက်စီးသွားခဲ့လေပြီ။
ပကတိအင်မော်တယ်တစ်ယောက်၏ အစွမ်းအစအရ သူသည် သွေးချီကိုလှည့်ပတ်ပြီး သိပ်မကြာခင် အဲ့ဒါကို ပြန်လည်ကုသနိုင်၏။ သို့သော်လည်း ပကတိအင်မော်တယ် ညသင်္ချိုင်းသည် ထိုစွမ်းအားကို ဆက်လက်၍ အသက်မသွင်းနိုင်တော့ပေ။
ယခုအချိန်မှာ သူသည် တကယ်ပင်လမ်းဆုံးသို့ ရောက်ရှိနေခဲ့လေပြီ။
ဆူဇီမိုသည် သေဖို့အတွက် စိတ်ပိုင်းဖြတ်ပြီး မိုးကြိုးဧကရာဇ်အား ရောင်စဥ်ခုနှစ်သွယ်အင်မော်တယ်ဂျင်ဆင်းကို လာရောက်ပေးခဲ့လေသည်။
ယခု... ညသင်္ချိုင်းအတွက်လည်း ဤခရီးစဥ်က အတူတူပင်ဖြစ်၏။
ပကတိအင်မော်တယ်ဖေးယွင်၏ ဆေဘာဝင်္ကပါက ဆင်းသက်လာပြီး ပကတိအင်မော်တယ် ညသင်္ချိုင်းသည် အခြားသောလက်တစ်ဖက်ဖြင့် သူ၏ နှလုံးကို ရုတ်တရက်ထိုးစိုက်လိုက်၏။
ဖောက်...
သူ၏ သွေးက သူ၏ ရင်ဘတ်ထဲကနေ ဖိတ်စင်လျှံထွက်လာပြီး ပကတိအင်မော်တယ်ဖေးယွင်၏ ဆေဘာဝင်္ကပါပေါ်သို့ ပြန့်ကျဲကျဆင်းသွား၏။
ဆေဘာဝင်္ကပါက ပကတိအင်မော်တယ် ညသင်္ချိုင်း၏ သွေးဖြင့်စွန်းထင်းခံလိုက်ရပြီး ၎င်း၏ အော်ရာက သိသိသာသာလျော့ကျသွား၏။
အစိမ်းရောင်မီးခိုးများက အူထွက်၍ အနည်းငယ်တုန်ခါနေ၏။
“ဟမ့်...”
ပကတိအင်မော်တယ်ဖေးယွင်က မျက်မှောင်အနည်းငယ်ကြုတ်ပြီး လှောင်ရယ်လိုက်၏။
“ဘာမဟုတ်တဲ့လှည့်ကွက်နဲ့များ”
နှလုံးသွေးက သူ၏ ဆေဘာပျံများအပေါ် သက်ရောက်စေနိုင်သော်လည်း သူတို့က အသိစိတ်ရှိပြီး အဲ့ဒါကို သူတို့ဘာသာသူတို့ ဖယ်ရှားရှင်းလင်းပစ်နိုင်၏။
သိပ်မကြာခင် သူတို့က စွန်းထင်းနေသောသွေးများကို ရှင်းလင်းပစ်နိုင်ပေလိမ့်မည်။
ပကတိအင်မော်တယ်ညသင်္ချိုင်းသည် မည်သည့်အရာကိုမှထိန်ချန်ခြင်းမရှိဘဲ အရာရာတိုင်းကို စွန့်စားဖော်ထုတ်ခဲ့ပြီးပြီဖြစ်၏။
သူ၏ နှလုံးက ကြေမွသွားပြီး သူက ဆက်လက်၍တောင့်မခံနိုင်တော့ပေ။ ဖြူဖျော့သွားသောအမူအရာနှင့်အတူ သူက နောက်ဘက်သို့လန်ကျသွား၏။
မင်းသားယွမ်ကျောနှင့် အခြားသူများက ထိုသည်ကိုတွေ့မြင်သောအခါ စိတ်သက်သာစွာသက်ပြင်းချလိုက်၏။
ပကတိအင်မော်တယ်ညသင်္ချိုင်းက မသေသေးသော်လည်း သူက သေလုမျောပါးဖြစ်နေလေပြီ။ မိုးကြိုးဧကရာဇ်ကတော့ သူသည်ရောင်စဥ်ခုနှစ်သွယ်ဂျင်ဆင်းကို စားသုံးထားသည်မှာ မကြာသေးဘဲ ခြိမ်းခြောက်မှုတစ်ရပ် မဟုတ်တော့ပေ။
ထိုစဥ်မှာပင် လေးထောင့်စပ်စပ်ကြေးမီးဖိုတစ်လုံးက လေထဲကနေ ရုတ်တရက်ဆင်းသက်လာပြီး ဆေဘာဝင်္ကပါကို ပစ်တိုက်ချလိုက်၏။ အဲ့ဒါက ငရဲဖိနှိမ်မီးဖိုဖြစ်၏။
ဆူဇီမိုသည် ဘာပဲပြောပြောအဆင့်-၁ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်သာဖြစ်၏။ သူက ငရဲဖိနှိမ်မီးဖိုကို ဆင့်ခေါ်လိုက်သည်ဆိုလျှင်တောင် သူ၏ ခွန်အားက အားနည်းနေဆဲဖြစ်၏။
သူက ဆေဘာဝင်္ကပါကို ပစ်တိုက်လိုက်သောအခါ အဲ့ဒါကတုတ်တုတ်မျှမလှုပ်သွားပေ။
“ဟားဟားဟားဟား...”
ပကတိအင်မော်တယ်ဖေးယွင်က ထိုသည်ကိုတွေ့မြင်သောအခါ ဟားတိုက်ရယ်မောလိုက်၏။ သူက ဆူဇီမိုကိုလက်ညှိုးထိုးပြီး လှောင်ပြောင်သရော်လိုက်လေသည်။
“ဘာမဟုတ်တဲ့ ပုရွက်ဆိတ်တစ်ကောင်က ကောင်းကင်ဘုံရဲ့စွမ်းပကားကို ဘယ်လိုတောင်စိန်ခေါ်ရဲတာလဲ”
သူ၏ ရယ်မောသံ မဆုံးသေးခင်မှာပင် သူ၏ အမူအရာက ပြောင်းလဲသွား၏။
ဆူဇီမိုသည် ငရဲဖိနှိမ်မီးဖိုး၏ စွမ်းအားကို ဆင့်ခေါ်လိုက်သောအခါ အဲ့ဒါက ခြိမ်းခြောက်မှုတစ်ရပ်မဟုတ်သော်လည်း ၎င်းသည် အစကတည်းက အသိစိတ်ရှိလေသည်။ ၎င်းသည် ဆေဘာပျံများ၏ အဆင့်ကို အာရုံခံမိသောအခါ ၎င်း၏ နှုတ်ခမ်းဝကို ဖွင့်ဟပြီး အဆင့်-၆ စိတ်ဝိညာဥ်ရတနာများကို စတင်ဝါးမျိုလိုက်၏။
ပကတိအင်မော်တယ်ဖေးယွင်သည် အနည်းငယ်စိတ်အာရုံပျက်ယွင်းသွားပြီး ဆေဘာပျံတချို့က မီးဖိုထဲသို့ဝင်ရောက်သွား၏။
“အဲ့ဒါဘာလဲဟ”
ပကတိအင်မော်တယ်ဖေးယွင်က ထိတ်လန့်သွားပြီး ငရဲဖိနှိမ်မီးဖိုးထဲမှ ဆေဘာပျံများကိုပြန်ဆွဲယူဖို့အတွက် သူ၏ စိတ်ဝိညာဥ်အသိစိတ်ကို ခပ်မြန်မြန်ထိန်းချုပ်လိုက်၏။
ဆူဇီမို၏ အမူအရာကသုန်မှုန်သွား၏။
ငရဲဖိနှိမ်မီးဖိုးက စိတ်ဝိညာဥ်ရတနာများကို ဝါးမျိုနိုင်သော်လည်း ၎င်းအနေဖြင့် လက်ရှိပိုင်ရှင်တစ်ယောက်ရှိသော စိတ်ဝိညာဥ်ရတနာများကို ဖိနှိမ်ဖို့က ခက်ခဲနေဆဲဖြစ်၏။
“ဆူဇီမို.... အရင်တုန်းက စိတ်ဝိညာဥ်သတ္တုတွင်းထဲက မင်းကိုခေါ်လာခဲ့တဲ့သူကငါဆိုမှတော့... ဒီနေ့ငါကပဲ အဲ့ဒီကံကြွေးကိုဖြတ်တောက်ပြီး မင်းသွားရမယ့်လမ်းကြောင်းပေါ်ကို ပို့ပေးမယ်”
ပကတိအင်မော်တယ်ကျင်းယွဲ့က ဆူဇီမိုကိုအပေါ်စီးကနေငုံ့ကြည့်လိုက်၏။ သူ၏ စိတ်ဝိညာဥ်အသိစိတ်က လှုပ်ရှားသွားပြီး လေထဲကနေရှေးဟောင်းကြေးမုံက ဆင်းသက်လာကာ ဆူဇီမိုထံသို့ ခုတ်ပိုင်းကျဆင်းလာခဲ့၏။
အဲ့ဒါသည် ပကတိအင်မော်တယ်ပညာရှင်တစ်ယောက်၏ စွမ်းအားဖြစ်ပြီး ဆူဇီမိုသည် အဲ့ဒါကို လုံးဝမခုခံနိုင်ပေ။
သူက မတုံ့ပြန်နိုင်ခင်မှာပင် ရှေးဟောင်းကြေးမုံက ချဥ်းကပ်လာခဲ့ပြီဖြစ်၏။
ချွမ်း...
ရုတ်တရက်ဆိုသလို...
စူးရှသောအသံတစ်သံက သူ၏ နားထဲမှာပေါက်ကွဲထွက်ပေါ်လာ၏။
ဆူဇီမိုက တုန်လှုပ်သွားပြီး အလိုလိုမော့ကြည့်လိုက်၏။
ဧရာမလှံဖျားတစ်ခုက သူ၏ နောက်ဘက်ကနေ ဆန့်ထွက်လာပြီး ရှေးဟောင်းကြေးမုံကို ပစ်ရိုက်ချလိုက်၏။
“စီနီယာမိုးကြိုးဧကရာဇ်”
ဆူဇီမိုက ကျေနပ်သဘောကျသွားပြီး လှည့်ကြည့်လိုက်၏။
မိုးကြိုးဧကရာဇ်က ဖြည်းဖြည်းချင်းမတ်တတ်ထရပ်လာပြီး နတ်ဆိုးနှိမ်နှင်းလှံကိုကိုင်ဆွဲထား၏။ သူ၏ အကြည့်က မိုးကြိုးလျှပ်စီးကဲ့သို့ တောက်ပနေပြီး ပကတိအင်မော်တယ်ကျင်းယွဲ့နှင့် အခြားသူများကို သိပ်သည်းပြင်းထန်သော တိုက်ပွဲဝင်လိုစိတ်ဖြင့် ကြည့်နေ၏။
“အဲ့ဒါဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ... မင်းက...”
ပကတိအင်မော်တယ်ကျင်းယွဲ့က မယုံကြည်နိုင်စွာဖြင့် ထိတ်လန့်တကြားဖြစ်သွား၏။
“မင်းပြောတာမှန်တယ်... ငါ့ရဲ့ဒဏ်ရာတွေကို အပြည့်အဝကုသဖို့ဆိုရင် အနည်းဆုံးနေ့တစ်ဝက်လောက်အချိန်ယူရလိမ့်မယ်... ဒါပေမဲ့..”
မိုးကြိုးဧကရာဇ်က စကားလမ်းကြောင်းပြောင်းပြီး ဖြည်းဖြည်းချင်းပြောလိုက်၏။
“မင်းတို့သုံးကောင်ကို သတ်ဖို့အတွက်နဲ့ ငါ့ရဲ့ဒဏ်ရာတွေ အပြည့်အဝသက်သာပျောက်ကင်းတဲ့အထိ ငါကဘာလို့ စောင့်နေရမှာလဲ”