စီးပိုးခြယ်လှယ်နိုင်သော စက္ခုနည်းစနစ်
Vol. 136 Ch. 2035
ထိုအခိုက်အတန့်မှာ မိုးကြိုးဧကရာဇ်၏ ရင်ဘတ်ပေါ်တွင် ကွပ်မျက်ဆေဘာကြောင့် ကျန်ရစ်ခဲ့သည့်ဒဏ်ရာက အလွန်တရာသိသာထင်ရှားနေဆဲဖြစ်ပြီး သက်သာပျောက်ကင်းခြင်းမရှိသေးပေ။
သို့သော်လည်း ဒဏ်ရာ၏ ပတ်လည်မှ ဆွေးရိနေသောအသားများက ကွာကျသွားပြီး အသွေးအသား အလွှာအသစ်များက ပေါ်ထွက်လာ၏။
ပကတိအင်မော်တယ်ကျင်းယွဲ့သည် ထိုသည်ကိုတွေ့မြင်သောအခါ ရုတ်တရက် သူ၏ ငေးငိုင်ရာကနေ နိုးထလာခဲ့၏။
လွန်ခဲ့သည့်တစ်နှစ်က မိုးကြိုးဧကရာဇ်သည် ပကတိမိုးကြိုးမြို့တော်မှာ မွှေနှောက်ဖျက်ဆီးခဲ့စဥ်က သူသည် ဒဏ်ရာအပြင်းအထန် ရရှိထားခဲ့လေသည်။
ထို့သို့ဆိုလျှင်တောင် သူသည် ပကတိအင်မော်တယ်ဆယ်ယောက်ကိုသတ်ဖြတ်ပြီး ပကတိမိုးကြိုးမြို့တော်ကို ခြေမွှဖျက်ဆီးပြီးမှ ထွက်ခွာသွားခဲ့၏။
သို့သော်ယခု... မိုးကြိုးဧကရာဇ်သည် ရောင်စဥ်ခုနှစ်သွယ် အင်မော်တယ်ဂျင်ဆင်းတစ်ပိုင်းကိုရရှခဲ့ပြီး လောလောဆယ်မှာ ကွပ်မျက်ဆေဘာကြောင့် ကျန်ရစ်ခဲ့သည့် သူ၏ ဒဏ်ရာက သက်သာပျောက်ကင်းခြင်းမရှသေးသော်လည်း ဘုရင်ကျင်း၏ အမွေဆက်ခံသူနှင့် စောစောကအခြားသူများကြောင့်ရရှိထားခဲ့သည့် ဒဏ်ရာများက သက်သာပျောက်ကင်းသွားခဲ့လေပြီ။
မိုးကြိုးဧကရာဇ်ပြောသည်မှာ မှန်လေသည်။ သူက သူတို့သုံးယောက်ကိုသတ်ဖြတ်ဖို့အတွက် သူ၏ဒဏ်ရာများ အပြည့်အဝ သက်သာပျောက်ကင်းသည်အထိ စောင့်နေစရာမလိုပေ။
မင်းသားယွမ်ကျော၏ အမူအရာက ပျက်ယွင်းသွား၏။
အဲ့ဒါသည် အစကတော့... မည်သည့်ဟာကွက်မှမရှိသည့် ဝန်းရံပိတ်ဆို့တိုက်ခိုက်မှုဖြစ်ခဲ့၏။ သို့သော်လည်း အမျိုးမျိုးသောအချက်အလက်များကြောင်း ကြိုတင်ခန့်မှန်း၍ မရသောအပြောင်းအလဲတစ်ရပ်က ပေါ်ထွက်လာပြီး အခြေအနေကို လုံးဝပြောင်းလဲသွားစေ၏။
တကယ်တော့... မင်းသားယွမ်ကျော၏ အစီအစဥ်က လုံးဝကိုပြီးပြည့်စုံခဲ့၏။
သူက အရာရာတိုင်းကို ကြိုတင်အကွက်ချကြံစဥ်ခဲ့၏။
တကယ်ဆို... ပကတိအင်မော်တယ်ညသင်္ချိုင်း၏ ရောက်ရှိလာမှုကပင် သူ၏အစီအစဥ်ကို မတားဆီးနိုင်ခဲ့ပေ။ ထိုအစားသူသည် ပကတိအင်မော်တယ်ညသင်္ချိုင်းကိုပါ သတ်ဖြတ်နိုင်မည့်အခွင့်အလမ်းကို ရရှိခဲ့၏။
ထိုသို့ဖြင့် ခေါင်းဆောင်တစ်ယောက်မရှိဘဲ အကြွင်းအကျန်ညသည် စည်းလုံးမှုပြိုကွဲသွားပြီး သူတို့ကိုဖျက်ဆီးလိုက်ခြင်းနှင့် တူညီသွားပေလိမ့်မည်။
သို့သော်လည်း လက်ရှိအခြေအနေသည် အရေးမပါအရာမရောက်သော အဆင့်-၁ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ကြောင့် ပြောင်းလဲသွားလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားခဲ့ကြပေ။
ဤအဆင့်တိုက်ပွဲမှာ မင်းသားယွမ်ကျောနှင့် ကောင်းကင်အာဏာပါးကွက်သား အစောင့်တပ်သားများ၏ ခေါင်းဆောင်တစ်ယောက်ပင်လျှင် ဝင်မပါနိုင်ခဲ့ပေ။
ကမ္ဘာမြေအင်မော်တယ်တစ်ယောက်၏ ကြားဝင်စွက်ဖက်မှုက ဤကဲ့သို့သောအပြောင်းအလဲများကို ပေါ်ထွက်လာစေလိမ့်မည်ဟု မည်သူကတွေးမိပါ့မလဲ။
အဲ့ဒါသည် လိပ်ပြာတောင်ပံခတ်ခြင်းကနေ တုန်လှုပ်စရာကောင်းသော မုန်တိုင်းတစ်ခုကို ဖြစ်ပေါ်လာစေသည့်အကျိုးသက်ရောက်မှုကဲ့သို့ပင်။
“ဆူဇီမို”
မင်းသားယွမ်ကျောက ဆူဇီမိုကို သူ၏ မျက်လုံးထဲရှိအဆုံးမဲ့အမျက်ဒေါသနှင့် မုန်းတီးမှုတို့နှင့်အတူ တင်းမာခက်ထန်စွာ စိုက်ကြည့်လိုက်၏။
သူလိုချင်သည့်ကျောက်စိမ်းအဆောင်ကိုလည်း ဤလူကသိမ်းပိုက်သွားခဲ့၏။
ကြိုးစားအားထုတ်မှုများစွာနှင့် အချိန်များစွာယူပြီး သူကျင့်ကြံထားသည့် ကိုယ်ပွားကိုလည်း ဤလူက ဖျက်ဆီးသွားခဲ့၏။
သူဒုက္ခသုက္ခခံ၍ ခင်းကျင်းထားသည့် ထောင်ချောက်ကလည်း သူ၏ ထိန်းချုပ်မှုကနေ လွတ်ထွက်တော့မည့်လက္ခဏာများ ပြသလာခဲ့လေပြီ။
နောက်ဆုံး... ယနေ့အချိန်ထိ ထိုအရာများအားလုံးသည် ဤလူကြောင့်ဖြစ်လာခဲ့ခြင်းပင်။
“အရှင်မင်းသား... အခြေအနေမကောင်းတော့ဘူး”
ကောင်းကင်အာဏာပါးကွက်သား ခေါင်းဆောင်တပ်မှူး အထီးကျန်ကြယ်က အသံတစ်ခုကို တိတ်တဆိတ်ပို့လွှတ်လိုက်၏။
“ကျုပ်...ခင်ဗျားကို ကာကွယ်ပေးပြီး ဒီနေရာကနေအရင်ထွက်ကြရအောင်”
“မသွားဘူး”
မင်းသားယွမ်ကျောက မချင့်မရဲအမူအရာတစ်ခုရှိနေပြီး အံကိုကြိတ်ကာပြောလိုက်၏။
“ငါက နည်းဗျူဟာအမျိုးမျိုးကို တီထွင်ကြံဆပြီးမှ နောက်ဆုံးဒီထောင်ချောက်ကို ခင်းကျင်းခဲ့တာ... အဲ့ဒါက အဆင့်-၁ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ရဲ့လက်ချက်ကြောင့် ပျက်စီးသွားလိမ့်မည်လို့ ငါမယုံဘူး”
“ငါက... ဒီနေ့ဖုန့်စန်းထျန်ကို မသတ်နိုင်ဘူးဆိုရင်တောင် ငါက ဆူဇီမိုကို အပိုင်းပိုင်းဆုတ်ဖြဲပစ်ရမယ်”
မင်းသားယွမ်ကျောက ထိုသို့ပြောလိုက်သော်လည်း ဆူဇီမိုသည် မိုးကြိုးဧကရာဇ်၏ နောက်မှာရပ်နေသေးသည့်အတွက် သူက မဆင်မခြင် ပြုမူလှုပ်ခြားရဲခြင်းမရှိပေ။
မိုးကြိုးဧကရာဇ် ပကတိအင်မော်တယ်ညသင်္ချိုင်းကို ထူမပြီးမေးလိုက်၏။
“မင်းအဆင်ပြေရဲ့လား”
“ငါလောလောဆယ်တော့ သေမှာမဟုတ်သေးပါဘူး”
ပကတိအင်မော်တယ်ညသင်္ချိုင်းက အမူအရာကင်းမဲ့စွာဖြင့် ပြောလိုက်၏။
“အဲ့ဒါဆိုလည်း ကောင်းတာပေါ့”
မိုးကြိုးဧကရာဇ်က ထိုစကားကိုကြားသောအခါ ပြုံးလိုက်၏။
“ငါတို့... အခုလိုဆုံစည်းရတာ ရှားရှားပါးပါးပဲ... ငါမင်းနဲ့ အတူတူသောက်ချင်သေးတယ်”
“ငါဝိုင်တွေယူလာတယ်... အဲ့ဒါက မင်းကိုစောင့်နေတာ”
ပကတိအင်မော်တယ်ညသင်္ချိုင်းက ပြန်ဖြေလိုက်၏။
“ဟားဟားဟားဟား...”
မိုးကြိုးဧကရာဇ်က ဟားတိုက်ရယ်မောလိုက်ပြီး သူ၏ လက်ထဲမှာရှိသော နတ်ဆိုးနှိမ်နှင်းလှံက တုန်ယင်လာကာ ပကတိအင်မော်တယ်ကျင်းယွဲ့နှင့် အခြားနှစ်ယောက်ရှိရာသို့ သူကလျှောက်လှမ်းလာ၏။
“သိပ်ပြီးတော့ လေလုံးထွားမနေနဲ့”
ပကတိအင်မော်တယ်ဖေးယွင်က လှောင်ရယ်၍ သူ၏ လက်နှစ်ဖက်ဖြင့် ဆေဘာပျံ ၁၀၈၀၀ ကိုထိန်းချုပ်ကာ အေးစက်စွာပြောလိုက်၏။
“မင်းက.... အပြည့်အဝ မသက်သာသေးဘဲနဲ့ ငါတို့သုံးယောက်နဲ့ ဆန့်ကျင်တိုက်ခိုက်နိုင်မယ်လို့ ငါမယုံဘူး”
“သတ်..”
ပကတိအင်မော်တယ်ဖေးယွင်က အော်ငေါက်လိုက်၏။
ဆေဘာပျံ ၁၀၈၀၀ က နောက်တစ်ဖန်စုစည်းလာပြီး အဆက်မပြတ်ယှက်ဖြာကာ ဧရာမဆေဘာတစ်လက်ကို ဖြစ်ပေါ်လာစေ၏။
ဆေဘာ၏ တစ်လက်မချင်းစီတိုင်းက အလွန်တရာထက်ရှသော ဓားသွားတစ်ခုဖြစ်နေ၏။
ရွှစ်...
ဆေဘာက ခုတ်ပိုင်းကျဆင်းလာ၏။
တစ်ချိန်တည်းမှာပင် ပကတိအင်မော်တယ်ကျင်းယွဲ့က သူ၏ သိုလှောင်အိတ်ထဲကနေ နောက်ထပ်ဓမ္မရတနာတစ်ခုကို ထုတ်ယူလိုက်၏။ အဲ့ဒါက ရွှေရောင်ဘူးတောင်းတစ်ခုဖြစ်ပြီး သူက အဲ့ဒါကို လေထဲသို့ မြှောက်တင်လိုက်၏။
ဘူးတောင်း၏ အဖုံးက ကွာကျသွားပြီး ဘူးတောင်း၏ နှုတ်ခမ်းဝကနေ ရွှေရောင်အလင်းတစ်ခုက တောက်ပကာ မိုးကြိုးဧကရာဇ်ပေါ်သို့ ထိုးဆင်းလာ၏။
ဗလာတောင့်တောင့်အမျိုးသားက သူ၏ ကြေးလက်ရိုက်တုတ်ကိုကိုင်ဆွဲပြီး နောက်တစ်ဖန်ရှေ့သို့တက်လှမ်းကာ မိုးကြိုးဧကရာဇ်နှင့် အနီးကပ်တိုက်ခိုက်ချင်လေသည်။
“ဟမ့်...”
မိုးကြိုးဧကရာဇ်၏ မျက်လုံးထဲရှိ မိုးကြိုးလျှပ်စီးများက အလျှံညီးညီးဖြစ်လာပြီး ရုတ်တရက်ပေါက်ကွဲထွက်ကာ ချက်ချင်းပင်ရောက်ရှိလာခဲ့၏။
ဗလတောင့်တောင့်အမျိုးသား၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွားလေသည်။
အဲ့ဒါက အကြည့်တစ်ချက်သာလျှင်ဖြစ်သော်လည်း ဗလတောင့်တောင့်အမျိုးသားသည် မိုးကြိုးဧကရာဇ်၏ အကြည့်ထံမှ မိုးကြိုး၏ အမျက်ဒေါသနှင့် သေခြင်းအော်ရာကိုအာရုံခံမိနေ၏။
ဗလတောင့်တောင့်အမျိုးသားက သူ၏ ခြေလှမ်းကို အလောတကြီးရပ်တန့်ပြီး သူ၏ လက်ရိုက်တုတ်နှစ်ချောင်းကို ခုခံဖို့အတွက် ကြက်ခြေခတ်လိုက်၏။
ဘုန်း....
မိုးကြိုးအကြည့်က ကြက်ခြေခတ်ထားသော လက်ရိုက်တုတ်နှစ်ချောင်းကိုရိုက်ခတ်ပြီး ကျယ်လောင်သောပေါက်ကွဲသံကို ထွက်ပေါ်လာစေ၏။
ဗလတောင့်တောင့်လူက ဆတ်ခနဲတုန်ယင်သွားပြီး လွင့်စင်ထွက်ကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွား၏။
မိုးကြိုး၏ အဖျက်စွမ်းအားက ဆူနာမီလှိုင်းတစ်ခုကဲ့သို့ တလိပ်လိပ်ထိုးတက်လာ၏။
သူ၏ နောက်မှာရှိသော မျိုးဆက်သွေးနယ်မြေက မိုးကြိုးပင်လယ်ကို မခုခံနိုင်ဘဲ ချက်ချင်းပင် ပျက်ပြယ်သွား၏။ သူ၏ ခန္ဓာကိုယ်ကလည်း လျှပ်စီးလျှပ်ပန်းများဖြင့် ပြည့်နှက်နေပြီး သူက သိပ်သည်းပြင်းထန်သောနာကျင်မှုကို ကြိတ်မှိတ်ခံစားနေရ၏။ သူ၏ ခန္ဓာကိုယ်က တဆတ်ဆတ်တုန်ယင်နေပြီး သူ၏ အရေပြားပေါ်မှာ သွေးသံရဲရဲဒဏ်ချက်များက ပေါ်ထွက်လာ၏။
ထိုမိုးကြိုးအကြည့်က သူ၏ ခန္ဓာကိုယ်ကို ပေါက်ကွဲစေလုနီးပါးပင်။
သူ၏ မျိုးဆက်သွေးနယ်မြေက မိုးကြိုးစွမ်းအားအများစုကို ပိတ်ဆို့တားဆီးပေးခဲ့ခြင်းကြောင့်သာမဟုတ်လျှင် သူက ယခုအချိန်မှာ သေနေလောက်လေပြီ။
ထိုအကြည့်တစ်ချက်က ဗလတောင့်တောင့်လူကို လိပ်ပြာလွင်မတတ်ကြောက်လန့်သွားစေ၏။
သူသည် တိုက်ခိုက်ဖို့စိတ်ကူးမရှိတော့ဘဲ ဤနေရာကနေ ထွက်ပြေးဖို့ပြင်လိုက်၏။
ဘာပဲပြောပြော သူက မဟာကျင်းအင်မော်တယ်နိုင်ငံ၏ ဧည့်သည်တစ်ယောက်သာဖြစ်ပြီး မိုးကြိုးဧကရာဇ်ကို တိုက်ခိုက်ဖို့အတွက် သူ့အသက်နှင့်ရင်းပြီး စွန့်စားစရာမလိုပေ။
“သေစမ်း...”
ထိုစဥ်မှာပင် မိုးကြိုးဧကရာဇ်၏ အသံက သူ၏ နားထဲမှာ ထွက်ပေါ်လာ၏။
မိုးကြိုးဧကရာဇ်၏ မျက်လုံးထဲမှာ မိုးကြိုးလျှပ်စီးများက သူတို့၏ အကန့်အသတ်ထိ နောက်တစ်ဖန်စုဖွဲ့လာပြီး မနှိုင်းယှဥ်သာအောက် ကျိန်းစပ်နေသောပုံစံဖြင့် ပေါက်ကွဲထွက်ပေါ်လာ၏။
ဒုတိယမြောက်အကြည့်က ဆင်းသက်လာခဲ့၏။
ဗလတောင့်တောင့်လူ၏ ခန္ဓာကိုယ်ပေါ်ရှိမိုးကြိုးစွမ်းအားက ယခုအချိန်ထိ ကုန်စင်အောင် မပျက်ပြယ်သေးဘဲ သူ၏ လှုပ်ရှားမှုများက အနည်းငယ်လေးလံနေခဲ့၏။
ဒါ့အပြင် ထိုအကြည့်က ချက်ချင်းနီးပါး ဆင်းသက်လာခဲ့၏။ သူက ရှောင်တိမ်းချင်သည်ဆိုလျှင်တောင် မရှောင်တိမ်းနိုင်တော့ပေ။
“အား...”
ဗလာတောင့်တောင့်လူက အော်ဟစ်လိုက်၏။
ဘုန်း...
မိုးကြိုးအကြည့်က သူ့ကိုထိခတ်သွားပြီး ကျယ်လောင်သောပေါက်ကွဲသံကြားမှာ သူ၏ အော်ဟစ်သံက နစ်မြှုပ်သွား၏။
လူတိုင်း၏ ရှေ့မှောက်မှာပင် ဗလတောင့်တောင့်လူ၏ ခန္ဓာကိုယ်က ထိုအကြည့်ကြောင့် ကြေမွပျက်စီးသွား၏။
သူ၏ အမြုတေစိတ်ဝိညာဥ်က ထွက်ပြေးလွတ်မြောက်နိုင်ခြင်းမရှိခင်မှာပင် မိုးကြိုးလျှပ်စီးများကြားမှာ နစ်မြုပ်သွား၏။
အကြည့်နှစ်ချက်က ပကတိအင်မော်တယ်တစ်ယောက်ကို သတ်ဖြတ်ပစ်လိုက်၏။
ဘေးပတ်ဝန်းကျင်မှာရှိသော ကျင့်ကြံသူများက တုန်လှုပ်သွားကြလေသည်။
ဤကဲ့သို့စီးပိုးခြယ်လှယ်နိုင်သော စက္ခုနည်းစနစ်တစ်ခုကို သူတို့ထဲမည်သူကမှ မတွေ့မြင်ဖူးခဲ့ပေ။
လက်ရှိကျင့်ကြံသူများထဲ မည်သူကမှမိုးကြိုးဧကရာဇ်နှင့် တစ်ခေတ်တည်းဆင်းသက်လာကြခြင်း မဟုတ်ပေ။
မိုးကြိုးဧကရာဇ်အပေါ် လူတိုင်း၏ နားလည်သဘောပေါက်မှုသည် ဟိုတစ်စဒီတစ်စ ကောလာဟလတချို့ထံမှဖြစ်ပြီး အလွန်တရာမရေမရာဖြစ်လေသည်။
မိုးကြိုးဧကရာဇ်၏ နည်းလမ်းများကို မျက်ဝါးထင်ထင်မြင်တွေ့ရပြီးနောက် ယခုအခါမှသာလျှင် အန္တိမပကတိအင်မော်တယ်ဟူသောစကား၏ အဓိပ္ပါယ်ကို ကျင့်ကြံသူများစွာက အမှန်တကယ်နားလည်သဘောပေါက်လာကြ၏။
ယခုအချိန်မှာ မိုးကြိုးဧကရာဇ်သည် ထိခိုက်ဒဏ်ရာရရှိထားဆဲဖြစ်၏။ သူ၏ အထွတ်အထိပ်အခြေအနေမှာရှိနေမည်ဆိုလျှင် သူကဘယ်လောက်တောင်ကြောက်စရာကောင်းနိုင်မလဲ။
မည်သူကမှ စဥ်းစားမကြည့်နိုင်ကြပေ။
ဗလတောင့်တောင့်လူသေဆုံးသွားပြီးနောက် မင်းသားယွမ်ကျော စုစည်းထားသည့် ကျင့်ကြံသူများသည် ဖရိုဖရဲဖြစ်လာပြီး ဤနေရာကနေထွက်ခွာချင်နေကြပြီဖြစ်၏။
မိုးကြိုးဧကရာဇ်က သူတို့ကိုလှည့်ကြည့်လိုက်မည်ဆိုလျှင် သူတို့ထဲဘယ်သူကများ အသက်ရှင်နိုင်ပါ့မလဲ။
ထိုအကြည့်နှစ်ချက်က ဗလတောင့်တောင့်လူကို သတ်ဖြတ်ပြီးနောက် ပကတိအင်ကျင်းယွဲ့၏ ရွှေရောင်ဘူးတောင်ကနေထုတ်ဖော်လိုက်သော ရွှေရောင်အလင်းက ဆင်းသက်လာခဲ့ပြီး မိုးကြိုးဧကရာဇ်ပေါ်မှာ တောက်ပလာ၏။
တစ်ချိန်တည်းမှာပင် ပကတိအင်မော်တယ်ဖေးယွင်၏ ဆေဘာပျံ ၁၀၈၀၀ ဖြင့် စုဖွဲ့ထားသည့်ဆေဘာကလည်း ခုတ်ပိုင်းကျဆင်းလာ၏။
မိုးကြိုးဧကရာဇ်၏ ပတ်လည်မှာ လျှပ်စီးများက တလိပ်လိပ်ထိုးတက်လာပြီး သူ၏ ဘေးပတ်လည်မှာ မိုးကြိုးပင်လယ်တစ်ခုကို ဖြစ်ပေါ်လာစေသည်ဟုထင်၏။ အဲ့ဒါက သူ၏ ဦးခေါင်းထက်မှ ရွှေရောင်အလင်းနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်၏။
သူက နတ်ဆိုးနှိမ်နှင်းလှံကို ကိုင်မြှောက်ပြီး မည်သည့်လှပကြော့ရှင်းမှုမှမရှိဘဲ ပစ်ထိုးလိုက်၏။
ချွမ်း..
လှံနှင့်ဆေဘာက ထိတွေ့ရိုက်ခတ်ပြီး မီးပွားများက စင်ထွက်လာ၏။
မိုးပျံနဂါးတောင်ကြောရိုးတစ်ခုလုံးက တသိမ့်သိမ့်လှုပ်ခါသွားသည်ဟုထင်ရလေသည်။