စိန်ခေါ်လို့ မရနိုင်သော
Vol. 136 Ch. 2036
ပကတိအင်မော်တယ် ဖေးယွင်သည် ဤတစ်ခေါက်မှာ သူ၏ ခွန်အားအကုန်ကို ထုတ်ဖော်လိုက်၏။
သူ၏ ခန္ဓာကိုယ်ကနေ ဆူနာမီအသံက ထွက်ပေါ်လာပြီး သူ၏ သွေးချီကို အကန့်အသတ်အထိ လှည့်ပတ်လိုက်၏။
ဆေဘာပျံတစ်လက်ချင်းစီမှာ သူ၏ အစစ်အမှန်အမြုတေ ပါဝင်နေ၏။
ထိုသို့ဆိုလျှင်တောင် သူ၏ ဆေဘာသည် နတ်ဆိုးနှိမ်နင်းလှံ၏ အဟန့်အတားကို မချိုးဖျက်နိုင်ပေ။
“အရှင်မင်းသား.. ပြေးတော့”
ပကတိအင်မော်တယ် ကျင်းယွဲ့က မိုးကြိုးဧကရာဇ်ကို ယာယီတားဆီးထားဖို့အတွက် ပကတိအင်မော်တယ် ဖေးယွင်နှင့် ပူးပေါင်းလိုက်သည့်အချိန်မှာပင် သူက ရုတ်တရက် အော်ပြောလိုက်၏။
အခြေအနေက မကောင်းတော့ဘူးဆိုတာကို သူက အာရုံခံမိသွားပြီဖြစ်ပြီး မင်းသားယွမ်ကျောကို အရင်ဆုံး ထွက်ခွာသွားစေချင်လေသည်။
အပေါ်ယံမှာ ကြည့်လျှင်တော့ သူတို့နှစ်ယောက်သည် မိုးကြိုးဧကရာဇ်ကို တားဆီးထားပြီး အနိုင်ရလဒ်ကို ဆုံးဖြတ်နိုင်ဖို့အတွက် ခက်ခဲနေ၏။
သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ မိုးကြိုးဧကရာဇ်၏ ခန္ဓာကိုယ်ထဲမှာ ရောင်စဉ်ခုနှစ်သွယ် အင်မော်တယ်ဂျင်စင်း၏ ဆေးအာနိသင်က တဖြည်းဖြည်းတိုးလာပြီး သူ၏ ဒဏ်ရာများက အဆက်မပြတ် သက်သာပျောက်ကင်းလာကာ သူ၏ တိုက်ခိုက်ရည်ခွန်အားကလည်း တိုးလာပေလိမ့်မည်။
ထိုအချိန်ကျလျှင် သူတို့နှစ်ယောက်စလုံးက သေချာပေါက် ရှုံးနိမ့်ရပေလိမ့်မည်။
“ငါ မသွားဘူး”
နောက်ဆုံးမှာတော့ မင်းသားယွမ်ကျောသည် မကျေမချမ်းဖြစ်နေပြီး တစ်ဘက်သို့ လှည့်ကြည့်လိုက်၏။
သူက ဘေးမှာရှိသော ဖုန့်ကျစ်ရီကို ကြည့်ပြီး ရုတ်တရက် သူမကို လှမ်းဆွဲလိုက်၏။
“ဖုန့်စန်းထျန်.. မင်းရဲ့ မြေးမက ငါ့လက်ထဲမှာပဲ.. မြန်မြန်အညံ့ခံလိုက်”
မင်းသားယွမ်ကျောက မကောင်းဆိုးဝါးဆန်ဆန် ရယ်မောကာ ပြောဆိုလိုက်၏။
ဖုန့်ကျစ်ရီသည် ကောင်းကင်အာဏာပါးကွက်သား အစောင့်တပ်သား အထီးကျန်ကြယ်၏ စိတ်ဝိညာဉ်အသိစိတ်ဖြင့် ဖိနှိမ်ထားခြင်းခံရပြီး တစ်ချိန်လုံး ထွက်ပြေးနိုင်ခြင်း မရှိပေ။
ထိုအခိုက်အတန့်မှာ မင်းသားယွမ်ကျောက လက်လှမ်းလာသည့်အခါ သူမမှာ ခုခံဖို့အတွက် ခွန်အားပင် မကျန်ရှိတော့ပေ။
မိုးကြိုးဧကရာဇ်က ထိုသည်ကို တွေ့မြင်သောအခါ ဒေါသထွက်သွား၏။
သို့သော်လည်း သူ့ကို ပကတိအင်မော်တယ် ကျင်းယွဲ့နှင့် ပကတိအင်မော်တယ် ဖေးယွင်က တားဆီးထားသည်။ သူသည် ဖုန့်ကျစ်ရီကို ကယ်တင်ဖို့အတွက် သူ့ကိုယ်သူ နှစ်ကိုယ်ခွဲမထုတ်နိုင်ပေ။
ပကတိအင်မော်တယ် ညသင်္ချိုင်းက မသေသေးသော်လည်း သူ၏ နှလုံးက ကြေမွပျက်စီးနေပြီး သူက ဒဏ်ရာအပြင်းအထန် ရရှိထား၏။ သူ၏ တိုက်ခိုက်ရည်ခွန်အားက ကုန်ဆုံးသလောက်နီးပါးဖြစ်နေပြီး ယခုအချိန်မှာ ဘာမှမတတ်နိုင်ပေ။
ဖုန့်ကျစ်ရီက မင်းသားယွမ်ကျော၏ လက်ထဲသို့ ကျဆင်းသွားမည်ဆိုလျှင် မိုးကြိုးဧကရာဇ်သည် သေချာပေါက် စိုးရိမ်ပူပန်လာရပြီး ယနေ့တိုက်ပွဲ၏ ရလဒ်ကို ကြိုတင်ခန့်မှန်း၍ ရတော့မည် မဟုတ်ပေ။
ဝုန်း..
ထိုစဉ်မှာပင် သိပ်သည်းပြင်းထန်သော စွမ်းပကားတစ်ခု ဆင်းသက်လာပြီး မနှိုင်းယှဉ်သာအောင် ကြီးမားသော တောကောင်တစ်ကောင်က ဖုန့်ကျစ်ရီ၏ ရှေ့မှာ ပေါ်ထွက်လာ၏။
ဧရာမ တောကောင်မှာ ဦးခေါင်းနှစ်လုံး ရှိပြီး လိပ်နှင့်မြွေက တစ်ကောင်နှင့်တစ်ကောင် ထွေးပတ်ထားကြ၏။ ၎င်း၏ ကျောပေါ်မှာ အခွံမာတစ်ခုကို သယ်ဆောင်ထားပြီး ၎င်း၏ ခြေလက်လေးဖက်က ကောင်းကင်ထောက်တိုင် ကျောက်တိုင်များကဲ့သို့ဖြစ်ကာ ခံ့ညားသော အကြည့်နှင့်အတူ ကောင်းကင်ထက်သို့ ဟိန်းဟောက်နေ၏။
မင်းသားယွမ်ကျော၏ လက်ဖဝါးက ဖုန့်ကျစ်ရီကို လှမ်းမဆွဲနိုင်ခင်မှာပင် လိပ်ကျောခွံပေါ်သို့ ဆင်းသက်သွား၏။
“အို..”
သူ၏ လက်ချောင်းထိပ်ဖျားက အေးစက်မာကြောနေသော လိပ်ကျောခွံနှင့် ထိတွေ့သောအခါ သူသည် စူးရှသော နာကျင်မှုတစ်ခုကို ခံစားလာရပြီး ပင့်သက်ကို ရှိုက်လိုက်ရ၏။
ဇီး…
စကြဝဠာ၏ လျှို့ဝှက်ချက်များနှင့် စစ်မှန်သော သဘောတရားများ ပါဝင်နေသည့်အလား လိပ်ကျောခွံပေါ်ရှိ ရှုပ်ထွေးပွေလီသော အမှတ်အသားများကနေ အလင်းရောင်ခြည်များက ဖြာထွက်လာ၏။
မင်းသားယွမ်ကျောသည် အချိန်မီ မရှောင်တိမ်းနိုင်ဘဲ သူ၏ လက်ဖဝါးက အလင်းရောင်ဖြင့် ထိုးဖောက်ခံလိုက်ရပြီး သွေးများက တစက်စက်စီးကျလာ၏။
“အား..”
မင်းသားယွမ်ကျောက နာကျင်စွာ အော်ဟစ်၍ နောက်သို့ဆုတ်လိုက်၏။
ကောင်းကင်အာဏာပါးကွက်သား အစောင့်တပ်သား အထီးကျန်ကြယ်က ရှေ့သို့ ခပ်မြန်မြန်တက်ပြီး သုန်မှုန်နေသော အမူအရာဖြင့် သူ၏ အောက်ဘက်မှာ ရှိသော ဧရာမ တောကောင်ကို ငုံ့ကြည့်လိုက်၏။
မင်းသားယွမ်ကျောက သူ၏ လက်ကို ခါထုတ်လိုက်လေသည်။
သူသည် အဆင့်ကိုး ကောင်းကင်အင်မော်တယ်တစ်ယောက်ဖြစ်၏။ သူ၏ လက်ဖဝါးက ထိုးဖောက်ခံလိုက်ရသော်လည်း အဲဒါက အပေါ်ယံ ဒဏ်ရာတစ်ခုမျှသာ ဖြစ်၏။ သူ၏ သွေးချီက တလိပ်လိပ်တက်လာပြီး တစ်ခဏချင်းမှာပင် ပြန်လည်သက်သာလာ၏။
“ဒီတောကောင်က ဘယ်က ရောက်လာတာလဲ”
မင်းသားယွမ်ကျောက ကျိန်ဆဲလိုက်၏။
“အဲဒါ အထွတ်အမြတ်တောကောင် မဟူရာကုန်းလိပ်ဖြစ်မယ် ထင်တယ်”
အထီးကျန်ကြယ်က ဖြည်းဖြည်းချင်း ပြောလိုက်၏။
“ဘာဖြစ်တယ်”
မင်းသားယွမ်ကျောက တုန်လှုပ်သွား၏။
အထွတ်အမြတ်တောကောင်များသည် ဒဏ္ဍာရီများထဲမှာသာ တည်ရှိသော သက်ရှိများ ဖြစ်လေသည်။
သူ မပြောနှင့်.. သူ့အဖေ ဘုရင်ကျင်းပင်လျှင် သူတို့ကို တွေ့မြင်ဖူးချင်မှ တွေ့မြင်ဖူးပေလိမ့်မည်။
မဟူရာကုန်းလိပ်သည် ငရဲဖိနှိမ်မီးဖို၏ တတိယမြောက် နံရံကနေ ပေါ်ထွက်လာခြင်းဖြစ်၏။
ဖုန့်ကျစ်ရီက အန္တရာယ်ရှိလာသည်ကို တွေ့မြင်သောအခါ ဆူဇီမိုက တွေဝေတုံ့ဆိုင်းခြင်း မရှိဘဲ မဟူရာကုန်းလိပ် အထွတ်အမြတ်ဝိညာဉ်ကို ဆင့်ခေါ်ခဲ့၏။
ဆူဇီမို၏ ထိန်းချုပ်မှုအောက်မှာ မဟူရာကုန်းလိပ် အထွတ်အမြတ်ဝိညာဉ်သည် စစချင်း ဖုန့်ကျစ်ရီ၏ ရှေ့မှာသာ ပိတ်ဆို့တားဆီးခဲ့၏။
သို့သော်လည်း တောကောင်ဟူသော စကားကို ကြားရသည့်အချိန်မှာ သူ၏ မျက်လုံးနှစ်ဖက်က သတ်ဖြတ်ခြင်း စိတ်ဆန္ဒတစ်ခုကို ရုတ်တရက် ထုတ်ဖော်ပြီး သူ၏ လိပ်ကျောခွံပေါ်ရှိ အလင်းရောင်က ပို၍ပင် ကျိန်းစပ်လာ၏။
မဟူရာကုန်းလိပ်က ဒေါသချောင်းချောင်းထွက်သွားလေသည်။
အထွတ်အမြတ်တောကောင်တစ်ကောင်၏ မျိုးဆက်သွေးနှင့် တည်ရှိမှုက ဘာလဲ။
နဂါးမျိုးနွယ်နှင့် ဖီးနစ်မျိုးနွယ်များ၊ အထက်ဘုံလောကရှိ သက်ရှိများ အားလုံး၏ ခေါင်းဆောင်များပင်လျှင် သူတို့၏ ရှေ့မှာ ဦးညွှတ်ရပေလိမ့်မည်။
သို့သော် ယခု တစ်စုံတစ်ယောက်က သူ့ကို တောကောင်တစ်ကောင်ဟု ခေါ်ဆိုလာခဲ့၏။
အဲဒါက အထွတ်အမြတ် ဝိညာဉ်တစ်ခုသာဖြစ်ပြီး အစစ်အမှန် အထွတ်အမြတ်တောကောင် မဟုတ်လျှင်တောင် ၎င်း၏ ဂုဏ်သိက္ခာကို စိန်ခေါ်၍ မရနိုင်ပေ။
“ဂါး….”
မဟူရာကုန်းလိပ် အထွတ်အမြတ် ဝိညာဉ်က သူ၏ ခြေလက်လေးဖက်ကို လှုပ်ရှားပြီး ကြီးမားသော မြူခိုးတစ်လွှာကို ထုတ်ဖော်ကာ နက်ရှိုင်းသော အပြာရောင်ပင်လယ်တစ်စင်းကို ဖြစ်ပေါ်လာစေ၏။
၎င်းက ပင်လယ်ကို ဖြတ်ကျော်ပြီး မင်းသားယွမ်ကျော ရှိရာသို့ ပစ်ဝင်လာ၏။
“အရှင်မင်းသားကို ကာကွယ်ကြ”
အထီးကျန်ကြယ်က အလောတကြီး အော်ဟစ်ပြီး အရင်ဆုံး တိုက်ခိုက်လိုက်၏။
ဘေးပတ်ဝန်းကျင်မှာ ရှိသော အခြားသော ကျင့်ကြံသူများသည် ကမ္ဘာမြေအင်မော်တယ်များဖြစ်စေ.. ကောင်းကင်အင်မော်တယ်များဖြစ်စေ.. သူတို့အားလုံးကလည်း မဟူရာကုန်းလိပ် အထွတ်အမြတ် ဝိညာဉ်ကို ဝင်ရောက်တိုက်ခိုက်လာကြ၏။
ဖရိုဖရဲ အခြေအနေမှာ ဖုန့်ကျစ်ရီကို မည်သူကမှ ဂရုမစိုက်နိုင်တော့ပေ။
ဆူဇီမိုက အစစ်အမှန်နဂါးလျှပ်စီးကိုးချက်ကို နှစ်ကြိမ်ဆက်တိုက်ဆင့်၍ ထုတ်ဖော်ပြီး ဖုန့်ကျစ်ရီကို နေရာကနေ ခေါ်ထုတ်ကာ မိုးကြိုးဧကရာဇ်၏ နောက်ဘက်သို့ ပြန်လည်ရောက်ရှိသွား၏။
ထိုသည်ကို တွေ့မြင်သောအခါ မိုးကြိုးဧကရာဇ်က စိတ်သက်သာရာရသွား၏။
“တိမ်ပျံရိုက်ချက်”
ရုတ်တရက် ပကတိအင်မော်တယ် ဖေးယွင်က အော်ငေါက်လိုက်ပြီး သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို လှည့်ပတ်လိုက်၏။ သူ၏ နှာရောင်က တောက်ပလာပြီး အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်တစ်ခုက ပစ်လွင့်ထွက်ပေါ်ကာ မိုးကြိုးဧကရာဇ်ကို တိုက်ခိုက်လိုက်၏။
အခြားတစ်ဖက်မှာ ပကတိအင်မော်တယ် ကျင်းယွဲ့ကလည်း သူ၏ အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်ကို ထုတ်ဖော်လိုက်၏။
အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်နှစ်ခု ဆင်းသက်လာသောအခါ မိုးကြိုးဧကရာဇ်က နောက်ဆုတ်ခြင်း သို့မဟုတ် ရှောင်တိမ်းခြင်း မရှိပေ။ တကယ်ဆို သူက သူ၏ အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်ကိုပင် ခုခံဖို့အတွက် အသက်သွင်းခြင်း မရှိပေ။ ထိုအစား သူက အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်နှစ်ခုကို သူ၏ အသိစိတ်ထဲသို့ ဝင်ရောက်ခွင့်ပေးလိုက်၏။
“ငါတို့ လုပ်နိုင်ပြီကွ”
ပကတိအင်မော်တယ် ဖေးယွင်က ထိုသည်ကို တွေ့မြင်သောအခါ ရွှင်မြူးအားရသွား၏။
မိုးကြိုးဧကရာဇ်၏ အမြုတေစိတ်ဝိညာဉ်က ထိခိုက်ဒဏ်ရာရရှိသွားသည်နှင့် သူ၏ ခွန်အားက သိသိသာသာ လျော့ကျသွားမည်ဖြစ်ပြီး သူက သေချာပေါက် သေရပေလိမ့်မည်။
သို့သော်လည်း ပကတိအင်မော်တယ် ကျင်းယွဲ့၏ အမူအရာက သုန်မှုန်နေပြီး သူက လုံးဝ မပြုံးနိုင်ပေ။
သူသည် ပကတိမိုးကြိုးမြို့တော်မှာ မိုးကြိုးဧကရာဇ်၏ နည်းလမ်းများကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရ၏။
မိုးကြိုးဧကရာဇ်က ရူးသွပ်မိုက်မဲသူတစ်ယောက် မဟုတ်ပေ။
သူက သူတို့၏ အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်များကို သူ၏ အသိစိတ်ထဲသို့ ဝင်ရောက်ခွင့်ပေးရဲသည်ဆိုမှတော့ သူ့မှာ အဲဒါကို ချေဖျက်ဖို့အတွက် နည်းလမ်းတစ်ခု သေချာပေါက် ရှိနေပေလိမ့်မည်။
တကယ်ပင် ပကတိအင်မော်တယ် ကျင်းယွဲ့ ထင်သည်မှာ မမှားပေ။
သူ၏ တာအိုသစ်သီး ကြေမွသွားသောကြောင့် မိုးကြိုးဧကရာဇ်သည် နှစ်ပေါင်းသိန်းချီကြာအောင် ကြိုးစားအားထုတ်ပြီး သူ၏ အသိစိတ်ထဲမှာ မိုးကြိုးပင်လယ်တစ်ခုကို စုဖွဲ့နိုင်ခဲ့၏။
သူသည် တာအိုသစ်သီး ဖျက်ဆီးခံရပြီးနောက် ၎င်း၏ နေရာကို မိုးကြိုးပင်လယ်ဖြင့် အစားထိုးကာ ပြန်လည်တည်ဆောက်ခဲ့၏။
သူ၏ ထိခိုက်ဒဏ်ရာများက ယခုအချိန်ထိ အပြည့်အဝ သက်သာပျောက်ကင်းခြင်း မရှိသေးပေ။
သို့သော်လည်း သူက အပြည့်အဝ သက်သာပျောက်ကင်းလာမည်ဆိုလျှင် သူသည် မိုးကြိုးပင်လယ်၏ စွမ်းအားနှင့်အတူ လွန်ခဲ့သော နှစ်ပေါင်းသိန်းချီကာလကထက် သူ၏ တိုက်ခိုက်ရည်ခွန်အားက များစွာပိုမိုသန်မာလာပေလိမ့်မည်။
သူ၏ အသိစိတ်ထဲရှိ မိုးကြိုးပင်လယ်မှာ အသုံးဝင်မှုများစွာရှိလေသည်။
သူတို့ထဲမှ တစ်ခုသည် အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်များကို ဝါးမျိုပြီး တစ်ဖက်လူ၏ အမြုတေစိတ်ဝိညာဉ်စွမ်းအားကို စုပ်ယူသန့်စင်ကာ မိုးကြိုးပင်လယ်ကို ပိုမို ကြံ့ခိုင်သန်မာလာစေခြင်းဖြစ်၏။
ထို့ကြောင့် ပကတိအင်မော်တယ် ကျင်းယွဲ့နှင့် ဖေးယွင်၏ အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်နှစ်ခုက မိုးကြိုးဧကရာဇ်၏ နှာရောင်ထဲသို့ ဝင်ရောက်လာသောအခါ သူတို့က မိုးကြိုးပင်လယ်၏ ဝါးမျိုခြင်းကို ခံလိုက်ရ၏။
မိုးကြိုးဧကရာဇ်က ထိခိုက်ဒဏ်ရာ မရရှိရုံသာမက သူ၏ စိတ်ဝိညာဉ်အသိစိတ်က ပို၍ ပြန့်ကားလာ၏။
“စိတ်ဝိညာဉ်နှိမ်နင်းကျာပွတ်”
မိုးကြိုးဧကရာဇ်က သူ၏ နှာရောင်ကို လက်တစ်ဖက်ဖြင့် ညင်သာစွာ ထိပြီး လျှပ်စီးများဖြင့် လွှမ်းခြုံထားသည့် ကျာပွတ်တစ်ခုကို သူ၏ အသိစိတ်ထဲကနေ ဆွဲထုတ်ကာ ပကတိအင်မော်တယ် ကျင်းယွဲ့နှင့် ပကတိအင်မော်တယ် ဖေးယွင်ကို လွှဲရိုက်လိုက်၏။
သူတို့နှစ်ယောက်စလုံးက တုန်လှုပ်သွားပြီး ခပ်မြန်မြန် ရှောင်တိမ်းလိုက်ကြ၏။
မိုးကြိုးဧကရာဇ်၏ သွေးချီက သိပ်သည်းကျစ်လျစ်နေပြီး လေထဲရှိ ရွှေရောင်ဘူးတောင်း၏ ချုပ်နှောင်မှုကနေ ချက်ချင်းရုန်းထွက်လိုက်၏။
ပကတိအင်မော်တယ် ဖေးယွင်ကတော့ သူသည် စိတ်အာရုံ အနည်းငယ်ပျက်ယွင်းနေပြီး မိုးကြိုးဧကရာဇ်က ထိုအခွင့်အလမ်းကို ချိန်ဆကာ သူ၏ သွေးချီကို ထုတ်ဖော်၍ နတ်ဆိုးနှိမ်နင်းလှံကနေ အဆုံးမဲ့ မိုးကြိုးလျှပ်စီးတစ်ခုကို ပေါက်ကွဲထွက်ပေါ်လာစေ၏။
ဘုန်း…
အဲဒီမှာ ကျယ်လောင်သော မြည်သံတစ်သံ ထွက်ပေါ်လာ၏။
ဆေဘာတစ်သောင်းရှစ်ရာက နတ်ဆိုးနှိမ်နင်းလှံချက်ဖြင့် ချက်ချင်းပင် ပျက်ပြယ်သွား၏။
ဖျောက်.. ဖျောက်.. ဖျောက်..
ဆေဘာပျံတစ်လက်ချင်းစီ၏ ဓားသွားပေါ်တွင် တာအိုအက်ကွဲကြောင်းများ ပေါ်ထွက်လာ၏။
ဆေဘာဝင်္ကပါကို မစုဖွဲ့နိုင်တော့ဘဲ အဆင့်ခြေက် စိတ်ဝိညာဉ်ရတနာတစ်ခုသည် ကပ်ဘေးကိုးခုသန့်စင်ယန် နတ်ဆိုးနှိမ်နင်းလှံကို မခုခံနိုင်တော့ပေ။
လှံချက်တစ်ချက်နှင့်အတူ ဆေဘာတစ်သောင်းရှစ်ရာက မရေတွက်နိုင်သော အပိုင်းအစများအဖြစ် ကြေမွသွားပြီး မြေပြင်ပေါ်သို့ ပြန့်ကျဲကျဆင်းသွား၏။
ပကတိအင်မော်တယ် ဖေးယွင်က ဆတ်ခနဲ တုန်ယင်သွားပြီး သူ၏ မျက်နှာက ဖြူဖျော့သွားကာ သူ၏ အကြည့်က မှေးမှိန်သွား၏။
သူ အပင်ပန်းဆင်းရဲခံ၍ သန့်စင်မွမ်းမံထားသော သူ၏ မူပိုင်ဓမ္မရတနာများသည် မိုးကြိုးဧကရာဇ်၏ လက်ချက်ဖြင့် ချို့ယွင်းပျက်စီးသွားပြီဖြစ်၏။ သူ၏ စိတ်က သက်ရောက်ခံလိုက်ရပြီး သူက ကြီးမားသော ရိုက်ချက်တစ်ခုကိုလည်း တွေ့ကြုံခံစားလိုက်ရ၏။