← Chapters

မိုးကြိုးကျောက်စိမ်းဆွဲသီး

Vol. 136 Ch. 2038

မိုးကြိုးကျောက်စိမ်းဆွဲသီး

Vol. 136 Ch. 2038

မဟာကျင်းအင်မော်တယ်နိုင်ငံ၊ နေလတိုင်းပြည်။

စန်းယွီမြို့တော်၏ အပြင်ဘက် နက်ရှိုင်းသောတောအုပ်တစ်ခုထဲမှာ တောင်တန်းများက အဆက်မပြတ် သွယ်တန်းနေပြီး ချောက်ကမ်းပါးများက အလွန်တရာမတ်စောက်နေ၏။

ရုတ်တရက်... တောင်ထွတ်တစ်ခု၏ အထက် လေဟာနယ်ထဲမှာ အက်ကွဲကြောင်းတစ်ခုပေါ်ထွက်လာပြီး ပုံရိပ်လေးခုက ဆင်းသက်လာ၏။ သူတို့က မိုးကြိုးဧကရာဇ်၊ ပကတိအင်မော်တယ်ညသင်္ချိုင်း၊ ဆူဇီမိုနှင့် ဖုန့်ကျစ်ရီတို့ဖြစ်ကြ၏။

“ငါဘယ်ကိုရောက်လာတာပါလိမ့်”

ဆူဇီမိုက ဆင်းသက်ရင်း ဘေးပတ်လည်ကို ကြည့်ရှုလိုက်၏။

ပကတိအင်မော်တယ်ညသင်္ချိုင်းက မြေပုံတစ်ချပ်ကိုထုတ်ယူပြီး ဂရုတစိုက် စစ်ဆေးကြည့်လိုက်၏။ ခဏမျှစဥ်းစားပြီးနောက် သူကပြောလိုက်၏။

“တည်နေရာရွှေ့ပြောင်းအဆောင်ရဲ့ ပို့ဆောင်နိုင်တဲ့အကွာအဝေးအရဆို ငါတို့က အစိမ်းရောင်တိမ်စိုင်တိုင်းပြည်ရဲ့ ပိုင်နက်နယ်မြေကနေ ထွက်လာခဲ့ပြီ”

“ဒါက.... နေလတိုင်းပြည်ရဲ့ စန်းယွီမြို့တော်အနီးနားတစ်နေရာဖြစ်လိမ့်မယ်... ငါတို့လောလောဆယ်တော့ ဘေးကင်းနေလိမ့်မယ်”

“ကျေးဇူးပဲမိတ်ဆွေဟောင်းကြီး”

မိုးကြိုးဧကရာဇ်က ပကတိအင်မော်တယ်ညသင်္ချိုင်း၏ ပခုံးကိုပုတ်ပြီး စိတ်ခံစားချက်အချို့ဖြင့် ပြောလိုက်၏။

“ငါတို့နောက်ဆုံးအကြိမ်တွေ့ခဲ့တာ နှစ်လေးသိန်းတောင်ကျော်သွားခဲ့ပြီပဲ... အခုတော့ ငါက အိုနေပြီ”

ပကတိအင်မော်တယ်ညသင်္ချိုင်းက ညင်သာစွာပြောလိုက်၏။

အစကတည်းက သူ့မှာ ဘဝသက်တမ်းများစွာမကျန်ရှ်ိတော့ပေ။

ယခုသူက ဤတိုက်ပွဲမှာ ဒဏ်ရာအပြင်းအထန် ရရှိလာခဲ့ပြီး သူ၏ ကျန်ရှိနေသော ဘဝသက်တမ်းကလည်း သိသိသာသာလျော့ကျသွား၏။

သူက ဒဏ်ရာများကို ပြန်လည်ကုသနိုင်မည်ဆိုလျှင်တောင် သိပ်ကြာကြာအသက်ရှင်နိုင်တော့မည် မဟုတ်ပေ။

ပကတိအင်မော်တယ်များမှာ ဘဝသက်တမ်းနှစ်ငါးသိန်းရှိလေသည်။

မိုးကြိုးဧကရာဇ်သည် အရင်တုန်းက ကောင်းကင်လိုဏ်ဂူအဆင့်သို့ ​ခြေလှမ်းဝက်ဝင်ရောက်ခဲ့ပြီး သူ၏ ဘဝသက်တမ်းက နှစ်တစ်သန်းထိ တိုးမြှင့်သွားခဲ့ခြင်းကြောင့်သာမဟုတ်လျှင် ယခုအချိန်မှာ သူသည်လည်းပဲ ပကတိအင်မော်တယ်ညသင်္ချိုင်းနှင့် မတိမ်းမယိမ်းမှာ ရှိနေပေလိမ့်မည်။

အရင်တုန်းက သူတို့နှစ်ယောက်သည် ထျန်ဟွမ်ကုန်းမြေတိုက်ကနေ ထွက်ခွာပြီး အတူတကွတက်လှမ်းလာခဲ့ကြ၏။

သူတို့သည် တိုက်ပွဲပေါင်းများစွာကို ဘေးချင်းယှဥ်တိုက်ခိုက်ခဲ့ကြပြီး သေခြင်းရှင်ခြင်း အတွေ့အကြုံများစွာကို ဖြတ်ကျော်ခဲ့ကြ၏။ အဲ့ဒါသည် အခြားမည်သူကမှ နားမလည်နိုင်သည့် ခံစားချက်တစ်ခုဖြစ်၏။

“ငါတောင်းပန်ပါတယ်”

တစ်စုံတစ်ရာကို အမှတ်ရသွားသည့်အလား ပကတိအင်မော်တယ်ညသင်္ချိုင်း၏ လေသံက တည်ကြည်လေးနက်သွားပြီး ပြောလိုက်၏။

“ငါက... ယွင်ကျိုးကို ကောင်းကောင်းဂရုမစိုက်ပေးနိုင်ခဲ့ဘူး”

ဖုန့်ယွင်ကျိုးသည် မိုးကြိုးဧကရာဇ်၏ တစ်ဦးတည်းသောသား ဖုန့်ကျစ်ရီ၏အဖေ ဖြစ်လေသည်။

“ယွင်ကျိုး... အဲ့ဒီကလေးက..”

မိုးကြိုးဧကရာဇ်၏ အမူအရာက ညှိုးငယ်သွားပြီး သူ၏ မျက်လုံးများက နက်ရှိုင်းသောပူဆွေးဝမ်းနည်းမှုကိုပြသလာ၏။

“သူဘယ်လိုသေသွားရတာလဲ”

အတန်ကြာငြိမ်သက်ပြီးနောက် မိုးကြိုးဧကရာဇ်မိုးကြိုးဧကရာဇ်က မေးလိုက်၏။ ပြီးခဲ့သည့်တစ်နှစ်အတွင်း မိုးကြိုးဧကရာဇ်သည် ဟိုတစ်စဒီတစ်စ သတင်းအချို့ကိုသာကြားခဲ့ရပြီး သူ့သားသည် မဟာကျင်း၏ အမွေဆက်ခံသူလက်ချက်ဖြင့် သေဆုံးသွားသည်ကိုသာ သိခဲ့ရ၏။

သို့သော်လည်း အချက်အလက်အသေးစိတ်ကို သူက မသိရသေးပေ။

ပကတိအင်မော်တယ်ညသင်္ချိုင်းက ဖုန့်ကျစ်ရီကိုတစ်ချက်ကြည့်ပြီး ခဏမျှတွေဝေတုံ့ဆိုင်းပြီးနောက် အတိတ်ကာလကို ပြန်ပြောပြလိုက်၏။

မိုးကြိုးဧကရာဇ်ဖိနှိမ်ခံခဲ့ရပြီးနောက် ပကတိအင်မော်တယ်ညသင်္ချိုင်းနှင့် ဖုန့်ယွင်ကျိုးသည် အကြွင်းအကျန်ညကို ဖွဲ့စည်းခဲ့ကြ၏။ သူတို့နှစ်ယောက်၏ ဦးဆောင်မှုအောက်မှာ သူတို့သည် မဟာကျင်းအင်မော်တယ်နိုင်ငံကို မကြာခဏဒုက္ခပေးခဲ့ပြီး လုပ်ကြံသတ်ဖြတ်မှုပေါင်းများစွာဖြင့် ရူးသွပ်စွာ ကလဲ့စားချေခဲ့ကြ၏။

အပြင်းထန်ဆုံး ဖြစ်ရပ်မှာ မဟာကျင်းအင်မော်တယ်နိုင်ငံ၏ တိုင်းပြည်ဘုရင်ခံတစ်​ယောက်က လုပ်ကြံသတ်ဖြတ်ခံခဲ့ရပြီး မဟာကျင်းအင်မော်တယ်နိုင်ငံကို လှုပ်ခတ်စေကာ ဘုရင်ကျင်းက ဒေါသချောင်းချောင်းထွက်ခဲ့၏။

ထို့နောက် မဟာကျင်းအင်မော်တယ်နိုင်ငံသည် တစ်နေရာရာမှာ သတင်းတချို့ကိုရရှိသွားပြီး ဖုန့်ယွင်ကျိုး၏ တာအိုလက်တွဲဖော် လုရွှမ်စုကို ဖမ်းဆီးခဲ့လေသည်။

သူမက ဖုန့်ကျစ်ရီ၏ မိခင်လည်းဖြစ်၏။

မဟာကျင်း၏ အမွေဆက်ခံသူက ဤအခွင့်အလမ်းကိုအသုံးချပြီး ဖုန့်ယွင်ကျိုးကို ပေါ်ထွက်လာစေရန် ဖိအားပေးကာ သူနှင့်ပေါ်ပေါ်ထင်ထင်တိုက်ခိုက်စေခဲ့၏။

သူတို့နှစ်ယောက်သည် ထိုစဥ်တုန်းက ပကတိအင်မော်တယ်ပညာရှင်များဖြစ်ကြပြီး ပကတိအင်မော်တယ်များကြားမှာ အနှိုင်းမဲ့ပြန်ဝင်စားမွန်းစတားများပင်ဖြစ်ခဲ့ကြ၏။ ဤတိုက်ပွဲကို လူတိုင်းက စောင့်ကြည့်ခဲ့ကြ၏။

အဲ့ဒါသည် ကမ္ဘာတုန်လောက်ဖွယ်ရာ တိုက်ပွဲဖြစ်ပြီး လောက၏ အရောင်အဝါကပင်လျှင် မှေးမှိန်သွားခဲ့၏။

နောက်ဆုံးမှာတော့ ဖုန့်ယွင်ကျိုးက အသာစီးရရှိခဲ့လေသည်။

ဘုရင်ကျင်း၏ မင်းသားက သေရေးရှင်ရေးအခြေအနေသို့ ရောက်ရှိလာသည်ကိုကြည့်ပြီး မဟာကျင်းအင်မော်တယ်နိုင်ငံ၏ အာဏာပါးကွက်သားအစောင့်တပ်သားတစ်ယောက်က လုရွှမ်စုကို တမင်သက်သက်ဖိနှိမ်ကာ ဖုန့်ယွင်ကျိုး၏ ရှေ့မှာ သူမကို သတ်ဖြတ်ပစ်လိုက်၏။

ထိုနေရာအရောက်တွင် ပကတိအင်မော်တယ်ညသင်္ချိင်းက ညင်သာစွာသက်ပြင်းချပြီး ဆက်လက်၍ မပြောဆိုနိုင်တော့ပေ။

ဘေးတစ်ဘက်မှာ ဖုန့်​ကျစ်ရီက မျက်ရည်များတပေါက်ပေါက်ကျဆင်းနေ၏။

ဆူဇီမိုက အသံတိတ်နေ၏။

ထိပ်သီးပညာရှင်များကြား တိုက်ပွဲတစ်ခုမှာ စိတ်အာရုံပျက်ယွင်းလို့မရပေ။

အမှားတစ်ချက်က အနိုင်အရှုံးကိုဆုံးဖြတ်ပေးနိုင်၏။

အာဏာပါးကွပ်သားအစောင့်တပ်သားက လုရွှမ်စုကိုသတ်ဖြတ်လိုက်သည့်မြင်ကွင်းကို တွေ့မြင်လိုက်ရသောဖုန့်ယွင်ကျိုးအပေါ် စိတ်ပိုင်းဆိုင်ရာသက်ရောက်မှုကို စဥ်းစားကြည့်ဖို့ခက်ခဲလေသည်။

ထို့နောက် ဖုန့်ယွင်ကျိုးက ရှုံးနိမ့်သွားပြီး သတ်ဖြတ်ခံခဲ့ရမည်ကို စဥ်းစားကြည့်ဖို့ မခက်ပေ။

ဆူဇီမိုက ဖုန့်ကျစ်ရီကိုကြည့်လိုက်၏။

ဤအမျိုးသမီးသည် သူမ၏ မိဘများ သတ်ဖြတ်ခံခဲ့ရသည်ကို သူမ၏ မျက်လုံးဖြင့် ကိုယ်တိုင်မြင်တွေ့ခဲ့ရ၏။ အဲ့ဒါသည် သူမ၏ နှလုံးသားမှာ ကုသ၍မရနိုင်သော ဒဏ်ရာတစ်ခုကို ကျန်ရစ်ခဲ့စေပေလိမ့်မည်။

ထို့အခိုက်အတန့်မှာ သူမ၏ အေးစက်မှု၊ သူမ၏ သတိကြီးမှု၊ သူမ၏ စကားနည်းမှုနှင့် သူမ၏ သေခြင်းတရားအပေါ် အကြောက်အလန့်ကင်းမဲ့မှုတို့ကို ဆူဇီမိုက ရုတ်တရက်နားလည်သဘောပေါက်လာခဲ့၏။

ဖုန့်ကျစ်ရီသည် မည်သူ့ကိုမှအယုံအကြည်မရှိဘဲ သတိကြီးကြီးထားတတ်လေသည်။ အဲ့ဒါသည် သူမက လုပ်ကြံသတ်ဖြတ်ခြင်းတာအိုကို ကျင့်ကြံထားခြင်းကြောင့်သာ မဟုတ်ဘဲ သူမသည် အတိတ်ကာလတုန်းက ဤကဲ့သို့သော ကြီးမားသည့်ရိုက်ချက်တစ်ခုကို တွေ့ကြုံခံစားခဲ့ရဖူးသောကြောင့်လည်းဖြစ်၏။

ဖုန့်ကျစ်ရီက ဘယ်လောက်ပင် ဒဏ်ရာအပြင်းအထန် ရရှိထားသည်ဖြစ်စေ သူမသည် မည်သည့်နာကျင်မှုကိုမှ ခံစားမိပုံမရဘဲ တစ်ချိန်လုံးမှင်သေသေဖြင့်ရှိနေတတ်၏။

အဲ့ဒါသည် မည်သည့်နာကျင်မှုမဆို သူမ၏ နှလုံးသားထဲရှိ နာကျင်မှု၏ တစ်စိတ်တစ်ပိုင်းလောက်ပင် မရှိသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်၏။

ရုတ်တရက် ဆူဇီမိုသည် ဖုန့်ကျစ်ရီကို သနားဂရုဏာသက်လာခဲ့၏။

မိုးကြိုးဧကရာဇ်က အံကိုကြိတ်ပြီး သူ၏ လက်သီးနှစ်ဖက်ကို တင်းကျပ်စွာဆုပ်လိုက်သောကြောင့် သူ၏ လက်ဆစ်များက ဖြူဖွေးလာ၏။

သူက အသက်ရှုသံကို အတတ်နိုင်ဆုံးထိန်းညှိကာ တည်ငြိမ်စေလိုက်၏။

နှစ်လေးသိန်းကျော်ကြာအောင် ဖိနှိမ်ခံရပြီးနောက် သူသည်လည်းပဲ စဥ်းစားကြည့်၍ပင်မရနိုင်သော ညှင်းပန်းနှိပ်စက်မှုများကို တွေ့ကြုံခံစားခဲ့ရ၏။

မည်သည့်အရာကမှ သူ၏ နှလုံးသားကို ထပ်မံ၍ မကိုင်လှုပ်နိုင်တော့ပေ။

မိုးကြိုးဧကရာဇ်သည် ဖုန့်ကျစ်ရီကို စိတ်ခံစားချက်တချို့ဖြင့် လှည့်ကြည့်လိုက်၏။

သူ၏ နှလုံးသားက နာကျင်ကိုက်ခဲသွားပြီး သူကငေးငိုင်ကာ သူ၏ မျက်လုံးများက နီရဲလာခဲ့၏။

ဖုန့်ကျစ်ရီ၏ အမူအရာကလည်း အလွန်တရာရှုပ်ထွေးနေ၏။ သူမသည် မိုးကြိုးဧကရာဇ်နှင့် အကြည့်ချင်းဆုံရဲခြင်းမရှိသည့်အလားပင်။

သူမက တစ်စုံတစ်ရာကိုပြောချင်သည့်အလား သူမ၏ ပါးစပ်ကို ဖွင့်ဟလိုက်၏။

သို့သော်လည်း သူမသည် သူ့ကိုခေါ်ဆိုဖို့မတတ်နိုင်ဘဲဖြစ်နေ၏။

ဘာပဲပြောပြာ အဲ့ဒါသည် သူတို့နှစ်ယောက်ကြား ပထမဆုံးအကြိမ် အမှန်တကယ်တွေ့ဆုံခြင်းဖြစ်၏။

“မင်းက ယွင်ကျိုးနဲ့ရွှမ်စုရဲ့ ကလေးလား”

မိုးကြိုးဧကရာဇ်၏ အသံက တုန်ယင်နေ၏။

သူသည် ပကတိတစ်ဆယ်ငရဲမှာ နှစ်​လေးသိန်းကျော်ကြာအောင် ဖိနှိမ်ခံခဲ့ရပြီး ဖုန့်ကျစ်ရီ၏ တည်ရှိမှုကို လုံးဝမသိရှိခဲ့ပေ။

ဖုန့်ကျစ်ရီက မသိမသာခေါင်းညိတ်ပြလိုက်၏။

သူမက သူမ၏ ပါးစပ်ကို တစ်ဖန်ဖွင့်ဟပြီး ညင်သာစွာခေါ်ဆိုလိုက်၏။

“အဖိုး...”

ထိုအသံကညင်သာသော်လည်း အဲ့ဒါက မိုးကြိုးဧကရာဇ်၏ နားထဲမှာ အလွန်တရာသိသာထင်ရှားနေပြိး သူ့ကိုရင်တစ်ချက်ထိတ်သွားစေ၏။

သူကရှေ့သို့ ခပ်မြန်မြန်တက်ပြီး ဖုန့်ကျစ်ရီကို ပွေ့ဖက်ကာ ဝမ်းနည်းစွာဖြင့် ပြောလိုက်၏။

“တော်လိုက်တဲ့ကလေး...”

တကယ်တော့ ပကတိတစ်ဆယ်ငရဲမှာတုန်းက သူသည် ဖုန့်ကျစ်ရီ၏ တည်ရှိမှုကို သတိထားမိခဲ့၏။

တကယ်ဆို... သူသည် ဖုန့်ကျစ်ရီထံမှ ရှင်းမပြတတ်သော ရင်းနှီးကျွမ်းဝင်မှု တစ်ခုကိုပင် အာရုံခံမိခဲ့၏။

သို့သော်လည်း သူကလွတ်မြောက်လာခါစဖြစ်ပြီး ပကတိအင်မော်တယ်များစွာနှင့် ဆန့်ကျင်တိုက်ခိုက်နေခဲ့ရကာ ထိုကဲ့သို့သောကိစ္စများကို စဥ်းစားတွေးတောနေဖို့ အချိန်မရခဲ့ပေ။

ပကတိအင်မော်တယ် ညသင်္ချိုင်းက ထိုသည်ကိုတွေ့မြင်သောအခါ သူ၏ မျက်နှာပေါ်မှာ ရှားရှားပါးပါးအပြုံးတစ်ခုက ပေါ်ထွက်လာပြီး သူက ပြောလိုက်၏။

“အခု... မင်းတို့တွေပြန်လည်ဆုံစည်းတာကို မြင်ရပြီဆိုတော့... ငါက နောက်ဆုံးအေးအေးဆေးဆေးအနားယူပြီး နောင်တမရှိဘဲ သေနိုင်ပြီ... အခုကစပြီး ကျစ်ရီကိုဂရုစိုက်ဖို့ မင်းကိုပဲ ငါလွှဲပေးလိုက်တော့မယ်”

ထိုစကားကိုကြားသောအခါ မိုးကြိုးဧကရာဇ်က ဆတ်ခနဲတုန်ယင်သွားပြီး တစ်စုံတစ်ရာကို အမှတ်သွားသည့်အလား ဖုန့်ကျစ်ရီနှင့်လူချင်းကွာလိုက်၏။

မိုးကြိုးဧကရာဇ်က သူ၏ သိုလှောင်အိတ်ထဲကနေ ကျောက်စိမ်းဆွဲသီးနှစ်ခုကို ထုတ်ယူပြီး သူ၏ နှာရောင်ပေါ်ကို တင်လိုက်၏။ သူက မိုးကြိုးစွမ်းအားတစ်ခုကို ထည့်သွင်းပြီး အဲ့ဒါကိုဆူဇီမိုနှင့် ဖုန့်ကျစ်ရီကို ပေးလိုက်လေသည်။

“ဒီကျောက်စိမ်းဆွဲသီးတွေကို မင်းတို့ယူထား”

မိုးကြိုးဧကရာဇ်က ပြောလိုက်၏။

ဆူဇီမိုက တွေဝေရှုပ်ထွေးနေသော်လည်း ကျောက်စိမ်းဆွဲသီးကို သူ၏ ခါးပေါ်မှာ ချိတ်ဆွဲလိုက်ဆဲ ဖြစ်၏။

မိုးကြိုးဧကရာဇ်က ပြောလိုက်၏။

“မင်းတို့နှစ်ယောက်က ထွက်ပြေးလွတ်မြောက်ခဲ့ပေမယ့် အာဏာပါးကွက်သား အစောင့်တပ်သားတွေရဲ့ ရှာဖွေတွေ့ရှိခြင်းခံလိုက်ရတယ်ဆိုတာ အာဏာပါးကွက်သား အစောင့်တပ်သား ခေါင်းဆောင်တပ်မှူးတစ်ယောက်က ခြေရာခံနည်းစနစ်တစ်ခုကို တတ်ကျွမ်းထားလို့ပဲ”

“အဲ့ဒီခြေရာခံနည်းစနစ်က လတ်ဆတ်တဲ့သွေးကိုကြားခံအဖြစ် သုံးပြီး အဲ့ဒါကို သွေးလမ်းညွှန်လျှို့ဝှက်အတတ်လို့ခေါ်တယ်... မင်းတို့ရဲ့မျိုးဆက်သွေးတွေက ကျန်ရစ်ခဲ့တာနဲ့ တစ်ဘက်လူက မင်းတို့ရဲ့လမ်းကြောင်းကို ခြေရာကောက်နိုင်လိမ့်မယ်”

ဆူဇီမိုက နားလည်သဘောပေါက်လာခဲ့၏။

သူတို့သည် ထွက်ပြေးလွတ်မြောက်လာခဲ့သော်လည်း မင်းသားယွမ်ကျော၏ အလျင်အမြန် ရှာဖွေဖော်ထုတ်ခြင်းခံခဲ့ရသည်မှာ မထူးဆန်းတော့ပေ။ သူတို့နှစ်ယောက်သည် မင်းသား၏ ဂေဟာမှာ ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပြီး သူတို့၏ မျိုးဆက်သွေးများက ကျန်ရစ်ခဲ့သောကြောင့်ဖြစ်၏။

“ဒီကျောက်စိမ်းဆွဲသီးက သာမန်ပဲဆိုပေမယ့်... အဲ့ဒီမှာ ငါ့ရဲ့မိုးကြိုးအော်ရာပါတယ်... အဲ့ဒါက သွေးလမ်းညွှန်လျှို့ဝှက်အတတ်ရဲ့စွမ်းအားကို ဖြတ်တောက်ပစ်နိုင်တယ်.... မင်းတို့တွေက တစ်ချိန်လုံး အဲ့ဒါကို ကိုယ်နဲ့မကွာဆောင်ထားရမယ်”

မိုးကြိုးဧကရာဇ်က ညွှန်ကြားလိုက်၏။

“မင်းတို့ရဲ့ ကျင့်ကြံမှုနယ်ပယ်တွေက ကောင်းကင်အမြုတေနယ်ပယ်လို အဆင့်တစ်ခုကိုရောက်လာတာနဲ့ မင်းတို့က အဲ့ဒီကျောက်စိမ်းဆွဲသီးကို ဖယ်ရှားလို့ရပြီ”

All Chapters