အပိုင်း (၄၄)
Vol. 4 Ch. 44
[ကောင်းကင်နဲ့ မြေပြင် ဝါးမြိုခြင်းနည်းစနစ် (ပြည့်စုံသည့်ကျမ်း) ကောင်းကင်လျို့ဝှက်အမှတ် ဆယ်သိန်းခွဲ [တိကျသည့်တည်နေရာကို ဖော်ညွှန်းပြသမည်။])
[သူတော်စင် ကောင်းချီး(နတ်ဘုရားအတတ်) ကောင်းကင်လျို့ဝှက်အမှတ် တစ်သောင်းလိုအပ်သည်။(တိကျသည့် တည်နေရာကို ဖော်ညွှန်းပြသမည်။]
"အင်း … အဲ့လောက်ဆိုရင် မဆိုးဘူး"
စနစ်ဆီမှ အတည်ပြုရွေးချယ်ပေးလိုက်သည့် ရွေးချယ်ခွင့်များကို မြင်ရပြီးသည့်နောက် လီယွင် သည် သဘောကျစွာဖြင့် ခေါင်းညိတ်လိုက်၏။ တော်ဝင် အင်ပါယာ သင်္ချုင်းသည် စိတ်ဝင်စားစရာ ဖြစ်သည်ဆိုသော်လည်း ပိုင်ချမ်းဟန် တတ်နိုင်လိမ့်မည့် အရာမျိုး မဟုတ်ချေ။ လက်ရှိအခြေအနေတွင် သူတော်စင်ကောင်းချီး ဆိုသည်မှာ ပိုင်ချမ်းဟန် ၏အကန့်အသတ်နှင့် ကိုက်ညီလှသည့် အရာပင် ဖြစ်လေ၏။
"သူတော်စင်ကောင်းချီးဆိုတဲ့ အရာက အရမ်းကို ကောင်းမွန်တဲ့အရာပဲ စျေးနှုန်းကလည်း သင့်တင့်တယ်။ "
လီယွင် သည် အကြံအစည်တစ်ခုကို စဉ်းစားမိလိုက်၏။ သူ၏အကြည့်ကို ပြန်လည်ရုတ်သိမ်းပြီးနောက် သူသည် ပိုင်းချမ်းဟန်ကို ကြည့်ကာပြောလိုက်၏။
"ပြည့်စုံတဲ့ သိုင်းအင်ပါယာ ဓားနည်းစနစ်သာဆိုရင် ဈေးနှုန်း ကိုက်ညီတယ်။ ဒါပေမဲ့ ခင်ဗျားလက်ထဲမှာ ရှိနေတဲ့ အရာက မပြည့်စုံတဲ့ အပြင် ဆိုးဆိုးရွားရွား ထိခိုက်နိုင်တဲ့ သိုင်းကျမ်းတစ်ခုပဲ"
“ဘာ ….”
ပိုင်ချမ်းဟန်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် တုန်ယင်သွား၏။ သိုင်းအင်ပါယာ ဓားနည်းစနစ်ကို လက်ထဲတွင် ကိုင်ထားရင်းမှ အမှတ်မထင် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်မိ၏။ သူ၏မျက်နှာတစ်ခုလုံးသည် ဖြူရော်သွားခဲ့၏။
ချက်ချင်းဆိုသလိုပဲ စီနီယာ၏ စကားလုံးများကို ကောင်းကောင်းနားလည်မိ၏။ သူသည် အရူးတစ်ယောက် မဟုတ်ချေ။ စီနီယာပြောဆိုသည့် အရာများကို ကြာကြာ စဉ်းစားနေစရာပင်မလိုချေ။ သူသည် အဓိကအချက်ကို တန်း၍ မြင်နိုင်၏။ သူ၏ အဖေသည် အရာအားလုံးတို့၏ အဓိက လက်သည်တရားခံပင် ဖြစ်လေသည်။
ပိုင်ချမ်းဟန်သည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းသည့် အရာတစ်ခုကို သိရှိ နားလည်လိုက်ပြီ ဖြစ်သည်။ သူ၏အဖေသည် သူ့ကို ဘယ်တုန်းကမှ မယုံကြည်ခဲ့ချေ။ ပေးအပ်ထားသည့် နတ်ဘုရားနည်းစနစ်ပင်လျှင် မပြည့်စုံသည့်အရာ ဖြစ်လို့နေခဲ့၏။
သူသည်သာ ပုန်ကန်ရန် ရည်ရွယ်ချက်ရှိပါက ကျိနသေပေါက် သူကို သတ်ဖြတ်ပစ်မှာ သေချာ၏။ သူ၏ အင်ပါဟာအဖေသည် အားအင်စိုက်ထုတ်စရာ မလိုဘဲ သူ့အား သတ်ဖြတ်နိုင်ရန် စီစဉ်ထားပြီး ဖြစ်နေသည်။ အဘယ့်ကြောင့်ဆိုသော် သူသည် မပြည့်စုံသည့် သိုင်းတစ်ခုကို ကျင့်ကြံခဲ့သောကြောင့်ပင်။
"ဒါကရော"
ပိုင်ချမ်းဟန်သည် အလျော့မပေးချင်သေးပေ။ ထို့ကြောင့် နောက်ထပ် သိုင်းနည်းနစ်တစ်ခုကို ထုတ်ယူလိုက်၏။
`အင်ပါယာလက်သီး´
မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းခဲ့သည့် တော်ဝင်ရင်နိုင်ငံတော်၏ နတ်ဘုရားနည်းစနစ်တစ်ခု ဖြစ်ပြီး ဘုရင့်မျိုးနွယ်၏ အဓိက နည်းစနစ်တစ်ခုလည်း ဖြစ်၏။ ဘုရင့်မျိုးရိုးများသာလျှင် ကျင့်ကြံကြသော အရာတစ်ခုဖြစ်သည်။
"ဒါကလည်း မပြည့်စုံတဲ့ အရာပဲ" လီယွင်သည် တစ်ချက်စူးစိုက်ကြည့်ကာ ပြောလိုက်၏။
"တကယ်ပဲလား"
ပိုင်ချမ်းဟန်၏ မျက်နှာသွင်ပြင်သည် ပိုမိုကာ ဖြူလျော်သွားခဲ့၏။ သူ၏ အင်ပါယာအဖေ ပေးထားသည့် အရာများ အားလုံးသည် မပြည့်စုံသည့် အရာများ ဖြစ်လို့နေခဲ့၏။ နတ်ဘုရားကျမ်းစာ များပင် မပြည့်စုံချေ။
ပြောရမည်ဆိုလျှင် သူ၏အစ်ကိုရှစ်ယောက်လုံးသည်လည်း ထိုကဲ့သို့သော အခြေအနေမျိုးကို ရင်ဆိုင်ခဲ့ရပုံပေါ်၏။ အတိတ်တုန်းက သူသည် ဇဝေဇဝါ ဖြစ်မိနေ၏။ သူ၏ တတိယမြောက်အစ်ကိုသည် အလွန်ပါရမီရှိလှပြီး ကျင့်ကြံရာ၌လည်း မြန်ဆန်လှ၏။ ၎င်းနှင့် နှိုင်းယှဉ်နိုင်သောသူ ဆိုသည်မှာ နိုင်ငံတစ်ခုလုံး၌ပင် မရှိခဲ့ပေ။
နတ်အဆင့်သို့ ရောက်ပြီးနောက်မှာတော့ ရုပ်သေးတစ်ခု ဖြစ်လာခဲ့ပြီးနောက် အင်ပါယာအဖေအတွက် ကြီးမားသည့် တာဝန်တစ်ခုကို ပြုလုပ်ရင်း သေဆုံးခဲ့ရ၏။
ပြောရမည်ဆိုလျှင် အရာအားလုံးသည် ထောက်ချောက်များ ဖြစ်ပုံပေါ်၏။ မပြည့်စုံသည့် သိုင်းနည်းစနစ်များကို အသုံးပြုပြီး သွားရောက်တိုက်ခိုက်ခြင်းဆိုသည်မှာ မိမိကိုယ်ကိုယ် သတ်သေခြင်းနှင့်ပင် ဆင်တူလှသည်။
ခရက် …
ဂျွတ် ….
ပိုင်ချမ်းဟန်သည် အံကို ကြိတ်လိုက်၏။ ဤတစ်ကြိမ်မှာတော့ သူသည် သိုလှောင်လက်စွပ်ထဲတွင် ရှိနေသည့် သိုင်းနည်းစနစ်များ အကုန်လုံးကို ထုတ်ယူလိုက်တော့၏။
သူပိုင်ဆိုင်သည့် သိုင်းနည်းစနစ်၊ နတ်ဘုရားအတတ်ပညာများအပြင် ကောင်းကင်နှင့် မြေပြင် ဝါးမြိုခြင်း နည်းစနစ် (ပထမ စိတ်ဝိညာဉ် စုပ်ယူခြင်း) နည်းစနစ်ကပင်လျှင် မပြည့်စုံသည် အရာများ ဖြစ်လို့နေခဲ့၏။
သူ၏အဖေသည် သူ့အပေါ်တွင် တကယ်တမ်း စေသနာ ထားသည်ဆိုပါက မပြည့်စုံသည့် သိုင်းနည်းစနစ်များကို အဘယ့်ကြောင့် ပေးအပ်နေမည်နည်း။
သူသည် လက်ရှိ ရှိရှိသမျှသော သိုင်းနည်းစနစ်များကို ထုတ်ယူကာဖြင့် စီနီယာနှင့် အရောင်းအဝယ် ပြုလုပ်ရန် ဆုံးဖြတ်လိုက်သည်။ အောင်မြင်ပါက သူ့ဘဝသည် သက်သောင့်သက်သာ ဖြင့် တိုးတက်သွားမည် ဖြစ်ပြီး မအောင်မြင်ပါက နဂိုဒုံရင်းအတိုင်းပင် ဖြစ်ပေလိမ့်မည်။
"စီနီယာ ဒီအရင်းအမြစ်တွေက လုံလောက်ရဲ့လား"
"စနစ် ….. ဒီအရာတွေ အားလုံးက ကောင်းကင်လျို့ဝှက်အမှတ် ဘယ်လောက်တန်လဲ" လီယွင်သည် စိတ်ထဲမှ မေးမြန်းလိုက်၏။
[ထိပ်တန်းအဆင့် စိတ်ဝိညာဉ် ကျောက်တုံး - ဆယ်သန်း ၊ သူတော်စင်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး - ငါးသန်း၊ နတ်အဆင့် ဆေးပုလင်း - ကိုးပုလင်း၊ နတ်အဆင့် စိတ်ဝိညာဉ် ဆေးပင် - ဆယ့်ခြောက်ခု၊ နတ်ဘုရားအတတ် နှင့် နည်းစနစ်ပေါင်း များစွာ - စုစုပေါင်း ကောင်းကင် လျို့ဝှက်အမှတ် ၃၆၀၀၀ နှင့် လဲလှယ်နိုင်သည်။ ]
“ဟမ် ….” လီယွင်သည် အံဩသွားမိ၏။
ပိုင်ချမ်းဟန်သည် သူထင်ထားသလောက် မွဲတေလှသည့် လူတစ်ယောက် မဟုတ်လှချေ။ မည်သို့ပင် ဆိုစေကာမူ တစ်ဖက်လူသည် နဝမမြောက် မင်းသားဖြစ်သည်။
တော်ဝင်အင်ပါယာသည် သူ၏သားကို စောင့်ကြည့်ကာဖြင့် မပြည့်စုံသည့် နတ်ဘုရားနည်းစနစ်များ ကို ပေးအပ်ခဲ့သည် ဆိုသော်လည်း သူ့သားလေ့ကျင့်ရန်အတွက် အခြားသော အရင်းအမြစ်များ ပံပိုးပေးရာတွင်တော့ ကပ်စေးနည်း နေလိမ့်မည် မဟုတ်ချေ။ ထို့ပြင် နဝမမြောက် မင်းသားသည် သူ့အတွက် အားအင်ယူဆောင်စရာ ကိုးခုမြောက် စွမ်းအင်ကြီးလည်း ဖြစ်၏။ နမဝမြောက် မင်းသားသည်သာ အားမကောင်းပါက သူ ဘာစွမ်းအင်ကို သွား၍ စုပ်ယူရမည်နည်း။
"လုံလောက်တယ်”
လီယွင်သည် အရင်းအမြစ်များ အားလုံးကို သိမ်းဆည်းလိုက်၏။ ပြီးနောက် ပြောလိုက်သည်။ "စနစ် …. ဒါကို သူတော်စင်ကောင်းချီး သိုင်းနည်းစနစ်နဲ့ လဲလှယ်မယ်"
[ဒင် … ကောင်းကင်လျို့ဝှက်အမှတ် တစ်သောင်းလျော့ကျသွား၏။ သူတော်စင်ကောင်းချီး၏ တည်နေရာကို အောင်မြင်စွာ ရှာဖွေတွေ့ရှိသည်။
[သူတော်စင်ကောင်းချီးဆိုသည်မှာ တော်ဝင်လီနိုင်ငံတော်၏ သိုင်နည်းစနစ်တစ်ခုဖြစ်၏။ (အသေးစိတ် သိရှိရန် နှိပ်ပါ) တော်ဝင်လီနိုင်ငံ ပျက်စီးပြီးနောက် ထိုနည်းစနစ်သည် တော်ဝင်ရင်နိုင်ငံ၏ ဘဏ္ဍာထဲသို့ ရောက်ရှိသွား၏။]
[တိကျသည့် တည်နေရာကို ကျောက်စိမ်းပြားတွင် မှတ်သားထား၏။ ကျေးဇူးပြုပြီး စစ်ဆေးကြည့်ပါ]
"တော်ဝင်လီနိုင်ငံနဲ့ တော်ဝင်ရင်နိုင်ငံကြားမှာ ဆက်စပ်မှုရှိလိမ့်မယ်လို့ ငါမထင်မိခဲ့ဘူး"
တော်ဝင်လီနိုင်ငံဆိုသည်မှာ တော်ဝင်ရင်နိုင်ငံ သိမ်းပိုက်ခဲ့သော နိုင်ငံတစ်ခုဖြစ်၏။ တော်ဝင်လီနိုင်ငံ၏ မိတ်ဆက်အကြောင်းအရာများကို တစ်ချက် ဖတ်ကြည့်ပြီးနောက် အကြည့်ကို ပြန်လည် ရုတ်သိမ်းလိုက်၏။ သူ၏ လက်ထဲတွင် ကျောက်စိမ်းပြားတစ်ခု ပေါ်ပေါက်လာ၏။ သူသည် ပိုင်ချမ်းဟန်ဆီသို့ လှမ်းကာ ပစ်ပေးလိုက်၏။
“ဒီမှာနည်းလမ်းပဲ။ ခင်ဗျားရဲ့ ရည်ရွယ်ချက်တွေနဲ့ ကိုက်ညီတဲ့အရာ ဖြစ်လိမ့်မယ်"
ပိုင်ချမ်းဟန်သည် ခေါင်းညိတ်ကာဖြင့် ကျောက်စိမ်းပြားကို လှမ်းယူလိုက်၏။ ပြီးနောက် သူ၏ နတ်ဘုရားသိစိတ်ကို ကျောက်စိမ်းပြားထဲ ထည့်သွင်းပြီး ကြည့်ရှုလိုက်၏။ အထဲတွင် ပါဝင်သည့် အကြောင်းအရာများ ကို ဖတ်ရှုပြီးသည့်နောက် သူသည် သက်ပြင်းအရှည်ကြီးကို ချလိုက်မိသည်။ "သူတော်စင် ကောင်းချီးနည်းစနစ်ရဲ့ နေရာလား"
"ဟုတ်တယ်"
လီယွင်က အတည်ပြုလိုက်၏။
"အဲဒီ နတ်ဘုရားနည်းစနစ်က တော်ဝင်ရင်နိုင်ငံ ရယူထားတာ နှစ်ပေါင်းသန်းချီနေပြီလေ။ ပြီးတော့ ဘယ်နေရာမှာ ရှိတယ်ဆိုတာ ဘယ်သူမှ မသိကြဘူး။ ဒီနေ့ စီနီယာဆီက လမ်းညွှန်မှုသာ မရဘူးဆိုရင် နတ်ဘုရားနည်းစနစ်က ကျုပ်တို့ရဲ့ ရတနာသိုက်ထဲမှာ ရှိနေကြောင်း ဘယ်သူမှ ထင်မိမှာမဟုတ်ဘူး"
ဤသတင်းအချက်အလက်နှင့် ဆိုလျှင် ပိုင်ချမ်းဟန်သည် ရုတ်တရက် ယုံကြည်မှုများ ပြန်လည်ရရှိခဲ့သည်။ သူ၏ အသက် စတေးရမည့် ကိစ္စနှင့် ပတ်သက်၍ သူသည် စိုးရိမ်စရာ မလိုတော့ချေ။ အရှေ့ဆီသို့ ဆက်ကာ လျှောက်နိုင်တော့မည်။ မှန်ကန်သည့် နည်းစနစ်ကို ရယူပြီးသည့်နောက် နှစ်ပေါင်းငါးထောင်ကျော် တစ်ဦးတည်း စံမြန်းခဲ့သည့် သူ့အဖေ၏ အင်ပါယာပုလ္လင်ကို ရယူရန် အချိန်ကျရောက်လာပြီ ဖြစ်သည်။