← Chapters

အပိုင်း (၄၉)

Vol. 4 Ch. 49

အပိုင်း (၄၉)

Vol. 4 Ch. 49

ဘုန်း

မိုးကြိုးလှံကြီးသည် မြေပြင်ပေါ်သို့ စိုက်ဝင်သွားခဲ့၏။ များပြားလွန်းလှသည့် မိုးကြိုးအော်ရာများသည် တည်နေရာ တစ်ခုလုံးကို လွှမ်းမိုးလျက် ရှိနေပြီး အဆုံးမဲ့ လျှပ်စီးတန်း တလက်လက် ဖြစ်တည်လျက် ရှိနေ၏။ ထိုမိုးကြိုးများအားလုံးသည် ကောင်းကင်နှင့်မြေကြီးတစ်ခုလုံးကို ဗြောင်းဆန်လျက် ရှိစေပြီး မယုံကြည်နိုင်လောက် ဖွယ်ရာပင် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှချေသည်။

ထိုမိုးကြိုးလှိုင်းများ ဖြတ်သန်းသွားရာ တည်နေရာတွင် ရှိနေသည့် မြေပြင်များသည် အက်ကွဲလျက် ရှိနေ၏။ အဓိက ဟောခန်းကြီးတစ်ခုလုံးသည် ချက်ချင်းဆိုသလိုပဲ ပျောက်ကွယ်သွားခဲ့သည်။ အကာအကွယ်အစီအရင်များ တည်ရှိ နေသည်ဆိုလျှင်တောင်မှ မည်သို့မှ မတတ်နိုင်ချေ။ အင်ပါယာနန်းတော်တစ်ခုလုံးသည် ကြောက်မက်ဖွယ်ရာ ကောင်းသည့် အားအင်၏အောက်တွင် တစ်ဝက်ကျော်ကျော်လောက် ပျက်စီးသွားခဲ့ပြီဖြစ်၏။

ကြောက်မက်ဖွယ်ရာကောင်းလွန်းလှသော တိုက်ခိုက်ချက်ကြီးကို ထုတ်ဖော်ချိန်တွင် ပိုင်ချမ်းရုံ သည် တည်ငြိမ်လျက်ရှိနေတုန်းပင်။ ၎င်းသည် အလုံးစုံသော ယုံကြည်ချက် တည်ရှိလို့နေ၏။ ၎င်းသည် သူတော်စင်အဆင့်ကို မရောက်ရှိသေးသော်လည်း သူ၏သား ရှစ်ယောက်တင်သာမက တခြားသော ပါရမီရှင်များဆီမှ စွမ်းအင်များ အားလုံးကို နှစ်ပေါင်းများစွာအတွင်း စုစည်းခဲ့၏။

လျှို့ဝှက်ချက်အနေနှင့် ထိုသူများ အားလုံးတို့သည် ကောင်းကင်နှင့်မြေပြင်ဝါးမျိုခြင်းနည်းစနစ်ကို ကျင့်ကြံခဲ့ကြ၏။ အဆုံးသတ်မှာတော့ ထိုသူများအားလုံးသည် ၎င်း၏ အာဟာရအဖြစ် ဖြစ်တည်လာခဲ့၏။ ရေတွက်လို့မရအောင် များပြားလှသည့် လူများ၏ ကျင့်ကြံခြင်းအဆင့်များကို ဝါးမျိုပြီးသည့်နောက် သူသည် အဆင့်တူ အချင်းချင်းတွင် ပြိုင်ဘက်ကင်းအခြေအနေသို့ ရောက်ရှိနေသည်။

ကောင်းကင်နှင့် မြေပြင်ဝါးမျိုခြင်း နည်းစနစ်ကို ကျင့်ကြံခဲ့ကြသူအားလုံးတို့သည် သူ၏ အားအင်ထောက်ပံ့ရာ ဆေးအရင်းအမြစ်များ ဖြစ်ခဲ့ကသည်။ ထိုကဲ့သို့သော သူများ၏ ကျင့်ကြံခြင်း နှင့် အားအင်များကို စုပ်ယူပြီးနောက် ၎င်းသည် အဆင့်တူချင်းတွင် ပြိုင်ဘက်ကင်းလှ၏။

“ပြီးသွားပြီ”

ပိုင်ချမ်းရုံ၏အသံသည် အေးစက်နေခဲ့၏။ ထိုသို့ဆိုလျှင်တောင်မှ သူ၏ ဒေါသတရားများသည် မငြိမ်းသက် နိုင်သေးချေ။ ရင်ဘတ်ကြီးတစ်ခုလုံး မို့ဖောင်းလျက်ရှိနေပြီး ဒေါသမီးတောက်များသည် တောက်လောင်လျက် ရှိနေ၏။ နတ်ဆိုးစွမ်းအင်များသည် သူ့အား လွှမ်းခြုံလျက်ရှိနေပြီး အရာအားလုံးကို ဝါးမျိုတော့မည့် သားရဲကြီးတစ်ကောင် ကဲ့သို့ပင်။

“ငါ့ရဲ့ သူတော်စင်ဖြစ်မယ့်လမ်းကို ဖျက်ဆီးခဲ့ပြီး ဒီလိုသေသွားတယ်ဆိုတာ အရမ်းကို လွယ်လွန်းနေတယ်။ အမ်”

ပိုင်ချမ်းရုံသည် လက်ကိုအသာမြှောက်လိုက်၏။ ပြီးသည့်နောက် မိုးကြိုးလှိုင်းများကြားထဲသို့ လှမ်းကာ လက်လှမ်းလိုက်၏။ သို့ပေမဲ့ ထူးဆန်းစွာပင် မည်သည့်တုန့်ပြန်မှုမှ မရှိခဲ့ချေ။

ဘာတွေ ဖြစ်နေသနည်း။ သူ မျက်မှောင်ကုတ်လိုက်၏။ အကြောင်းအရာအားဖြင့် ပိုင်ချမ်းဟန်သည် သေဆုံးသွား သင့်သည် မဟုတ်ပါလား။ အဘယ်ကြောင့် သူဝိညာဉ်ကို ဖမ်းဆုပ်ရန် ကြိုးစားလိုက်သည့်အချိန်တွင် တုန့်ပြန်မှု မရှိရသနည်း။ ဖြစ်နိုင်သည်မှာ…။

ပိုင်ချမ်းရုံသည် သံသယအပြည့်ဖြင့် ဖြစ်တည်လာခဲ့၏။ သူ၏ ယခင်တိုက်ခိုက်ချက်သည် တစ်ဖက်လူ၏ ဝိညာဉ်ကိုပင် တစ်ခါတည်း ပျောက်ကွယ်သွားခဲ့စေသည်လား။ ဖြစ်နိုင်ဖွယ်ရာမှာ နိမ့်ပါးလှသည့်ဆိုသော်လည်း တစ်ဖက်လူသည် အလွန်အားနည်းနေသည့်အချိန်တွင် သူသည် အားအကောင်းဆုံးသော အခြေအနေဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်၏။ သို့ပေမဲ့ မည်သို့ပင် စဉ်းစား၊ စဉ်းစား တစ်စုံတစ်ခုမှာတော့ လွဲမှားလျက် ရှိနေသည်။

ပိုင်ချမ်းရုံသည် မျက်လုံးများကို ကျဉ်းမြောင်းကာဖြင့် မိုးကြိုးလှိုင်းများကြားထဲသို့ စူးစိုက်ကာ ကြည့်ရှုလိုက်၏။ သူသည် အထဲတွင် ဖြစ်နေသည့်အရာများကို သေသေချာချာ ကြည့်ရှုရန် ကြိုးစားလိုက်၏။

အခြေအနေတစ်ခုလုံးကို နားမလည်နိုင်သေးခင်မှာပဲ လူတစ်ယောက်သည် ထိုမိုးကြိုးလှိုင်းများကြားထဲမှ သက်တောင့်သက်သာဖြင့် လှမ်းလျှောက်ထွက်လာခဲ့သည်။

“ဘယ်လိုဖြစ်နိုင်မှာလဲ”

ပိုင်ချမ်းရုံသည် မျက်မှောင်ကုတ်သွားမိ၏။ မယုံကြည်နိုင်မှုများသည် သူ၏မျက်လုံးထဲတွင် ဖြစ်တည်လျက် ရှိနေ၏။ သူသည် လေးနက်သည့်အသံဖြင့် ပြောလိုက်၏။ “မင်း တကယ်ပဲ မသေဘူးလား”

“အင်ပါယာအဖေကို စိတ်ပျက်မိသွားပြီ”

ပိုင်ချမ်းဟန်သည် အဘိုးကြီးတစ်ယောက်ကဲ့သို့ ပုံပန်းသွင်ပြင်မျိုး ဖြစ်တည်နေသည်ဆိုသော်လည်း တကယ်ပင် တည်ငြိမ်အေးဆေးလျက် ရှိနေ၏။ လက်နှစ်ဖက်ကို နောက်ပစ်ပြီးသည့်နောက် လှေကားထစ်ပေါ်သို့ အသာလျှောက်တက်လာခဲ့၏။ ခြေလှမ်း တစ်လှမ်းတိုင်းတွင် ကောင်းကင်နှင့် မြေကြီးတစ်ခုလုံး လှုပ်ခါနိုင်စွမ်းရှိသည့် စွမ်းအင်များကို ထုတ်ဖော်ကာ လှမ်းလျှောက်တက်လာသည်။

သူ၏ ကျန်းချီများကို လှည့်ပတ်ပြီးသည့်နောက် သူ၏သွေးချီများအားလုံးသည် အခိုးအငွေ့များအဖြစ် ဖြစ်တည်ကာ ကောင်းကင်ယံထက်တွင် အရှိန်အဟုန် ကြီးကြီးမားမား ဖြစ်တည်စေ၏။

သူ၏တည်နေရာကို ဗဟိုပြုပြီးသည့် နောက် တော်ဝင်ရင်နိုင်ငံတော်တွင် ရှိနေသည့် ရှိရှိသမျှသော ကံကောင်းခြင်းတရားများသည် သူ့ဆီသို့ ရောက်ရှိ လာခဲ့၏။ ထိုအရာများသည် တည်နေရာအနှံ့ဆီမှ ရောက်ရှိလာပြီး သူ၏ခေါင်းအထက်တွင် လေဝဲကြီးတစ်ခုကဲ့သို့ ဖြစ်လာသည်။

“သားတော် အရင်က ပြောခဲ့တယ်လေ။ အင်ပါယာအဖေက နှစ်ပေါင်းငါးထောင်ကျော် ဒီပုလ္လင်ကို ဆက်ခံခဲ့တာလေ။ အခု လွှဲပေးဖို့ အချိန်ကျပြီ”

ပိုင်ချမ်းဟန်သည် အလောမကြီးပေ။ တည်တည်ငြိမ်ငြိမ်ဖြင့် ပြောဆိုလျက်ရှိ၏။

ခြေလှမ်း တစ်လှမ်း လှမ်းတိုင်း၊ လှမ်းတိုင်း သူ၏အော်ရာများသည် ပိုမိုကာ အားကောင်းလာခဲ့၏။ ယခင်က ဆုံးရှုံး သွားခဲ့သည့် ကျင့်ကြံခြင်းများသည် ပြန်လည်ကာ ရရှိသွားခဲ့၏။ ခန္ဓာကိုယ် သန့်စင်ခြင်းအဆင့်၊ နတ်ဘုရား စွမ်းအင်အဆင့်၊ သွေးကြောဆက်သွယ်ခြင်းအဆင့်၊ နတ်အဆင့်၊ သူတော်စင်အဆင့်...

ဘုန်း

နောက်ဆုံးခြေလှမ်းကို လှမ်းပြီးသည့်နောက် ပိုင်ချမ်းဟန်သည် ပိုင်ချမ်းရုံ၏အရှေ့တွင် မတ်မတ်ရပ်လျက် ရှိနေ၏။ သူသည် သူ၏အဖေကို တိုက်ရိုက်ဆိုသလိုပဲ စူးစိုက်ကာ ကြည့်ရှုလျက်ရှိသည်။

သူသည် မည်သည့်ခံစားချက်မှ မရှိသည့် မျက်လုံးနှင့် စူးစိုက်ကြည့်ရှုနေရင်းမှာပဲ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အော်ရာများသည် ၎င်း၏ ခန္ဓာကိုယ်ဆီမှ ဖြစ်တည်လာခဲ့၏။ သူတော်စင်တစ်ပါးကို အသိအမှတ်ပြုသည့်အနေဖြင့် ကောင်းကင် တစ်ခုလုံးသည် တဝုန်းဝုန်းနှင့် လှုပ်ခါလျက်ရှိနေ၏။

ဘုန်း

စွမ်းအင်လှိုင်းများသည် တည်နေရာအနှံ့ဆီသို့ ပျံ့နှံ့သွား၏။ ပိုင်ချမ်းရုံသည် ကြမ်းတမ်းသည့် တိုက်ခိုက်မှုကို ခံလိုက်ရသကဲ့သို့ပင် ခံစားနေမိ၏။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် တုန်ခါလျက် ရှိနေပြီး မျက်နှာသွင်ပြင် တစ်ခုလုံးသည်လည်း ဖြူလျော်သွားခဲ့သည်။ သူသည် အဝေးဆီသို့ လွှင့်စင်သွားခဲ့ပြီး တစ်မိုင် အကွာအဝေးလောက် ဆီသို့ ရောက်ရှိသွားသည်။

အပျက်အစီးပုံများ ကြားထဲမှာတော့ ပိုင်ချမ်းရုံသည် လဲလျောင်းလျက် ရှိနေ၏။ သူ၏နှုတ်ခမ်းထောင့်တွင် သွေးများ ကျဆင်းလျက်ရှိ၏။ သူသည် မတ်တပ်ထရပ်ရန် ကြိုးစားလိုက်၏။ သို့ပေမဲ့ ရှုပ်ပွလျက် ရှိနေသည့် ဆံနွယ်များသည် မျက်နှာပေါ်သို့ ကျဆင်းလျက်ရှိပြီး ဆိုးရွားလှသည့် ပုံပန်းသွင်ပြင်ကို ထုတ်ဖော်လျက်ရှိ၏။

“မဖြစ်နိုင်ဘူး။ မဟုတ်ဘူး။ ဒါ လုံးဝ မဖြစ်နိုင်ဘူး။ ငါ ဒါကို နှစ်ပေါင်းထောင်ချီ သေသေချာချာ ကြိုးစားထားခဲ့တာ။ ဒါပေမဲ့ သူတော်စင် မဖြစ်ခဲ့ဘူး။ မင်း ကျင့်ကြံတဲ့ နည်းစနစ်တွေက မပြည့်စုံဘူး။ ထပ်ပြီးကျင့်ကြံစရာ နည်းစနစ်လည်း မရှိဘူး။ ဘယ်လိုဖြစ်ပြီး မင်းက ငါ့ထက်အရင် သူတော်စင် ဖြစ်လာရတာလဲ။ မဟုတ်သေးဘူး။ မင်းက ကျင့်ကြံခြင်းတွေ အကုန်လုံး ဆုံးရှုံးသွားခဲ့တယ်လေ။ ဘယ်လိုဖြစ်ပြီး သူတော်စင် ဖြစ်လာရတာလဲ”

ပိုင်ချမ်းရုံသည် ရူးသွပ်သွားတော့မည့်ပုံစံပင် ဖြစ်နေ၏။ သူ၏ သက်တမ်းသည် တဖြည်းဖြည်းနှင့် ကုန်ဆုံးလာခဲ့၏။ သူသည် သေသေချာချာ စီစဉ်ဆောင်ရွက်ထားခဲ့ခြင်းဖြစ်ပြီး သူမွေးထားခဲ့သည့် သားများကိုပင် စစ်တုရင်ရုပ်များ ကဲ့သို့ အသုံးပြုကာ ဆော့ကစားခဲ့၏။ ယခု အခြေအနေသည် သူ့အား သွေးပွက်ပွက် အန်စေခဲ့၏။

“ဒီလောကကြီးမှာ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး” ပိုင်ချမ်းဟန်သည် အသာလှည့်ကာ ပြောလိုက်၏။ လက်ရှိအချိန် မှာတော့ သူသည် အသက်နှစ်ဆယ်နီးပါးခန့်ရှိသည့် လူငယ်လေးတစ်ယောက်၏ အသွင်အပြင်မျိုး ဖြစ်လို့လာခဲ့၏။ ချောမောပြီး ဂုဏ်သိက္ခာထည်ဝါလွန်းလှသည့် လူငယ်တစ်ယောက်၏ ဟန်ပန်အမူအရာမျိုးပင်။

နှစ်ပေါင်းထောင်ချီ ကုန်ဆုံးပြီးသည့်နောက် သူတော်စင်တစ်ယောက် ဖြစ်လာခဲ့သည်။ ထို့ကြောင့် သက်လတ်ပိုင်း အရွယ်တစ်ယောက်၏ ပုံပန်းသွင်ပြင် အဖြစ်မှသည် လူငယ်တစ်ယောက်၏ ပုံပန်းသွင်ပြင်အဖြစ်သို့ ပြောင်းလဲသွားခဲ့ခြင်းပင်။ သူတော်စင်အဆင့်ဆီသို့ ရောက်ရှိပြီးသည့်နောက် သူ၏သက်တမ်းသည်လည်း အလွန်များပြားသည့် အခြေအနေဆီသို့ တိုးတက်သွားခဲ့လေသည်။

“ဒါ မှားနေတာပဲ” ပိုင်ချမ်းရုံ၏ အသံသည် ခြောက်ကပ်လျက်ရှိသည်။ ခဏလောက် ကြာပြီးသည့် နောက် သူသည် ခေါင်းကို မနည်းမလိုက်သည်။ ပြီးနောက် ပိုင်ချမ်းဟန်ကို ကြည့်ရှုလိုက်၏။ ပြီးနောက် ခက်ခက်ခဲခဲဖြင့် စကားလုံးအနည်းငယ်ကို ဖျစ်ညှစ်ကာ ပြောလိုက်၏။

“သူတော်စင်ကောင်းချီး”

အတိတ်တုန်းက တော်ဝင်လီနိုင်ငံတော်သည် အလွန်ကျော်ကြားလွန်းသော လျှို့ဝှက်နည်းစနစ် တစ်ခုကို ပိုင်ဆိုင်၏။ တော်ဝင်ရင်နိုင်ငံတော်သည် တော်ဝင်လီနိုင်ငံတော်ကို ဖျက်ဆီးသိမ်းပိုက်ပြီးသည့်နောက် ကြိုးကြိုးစားစားဖြင့် ထိုနည်းစနစ်ကို တည်နေရာအနှံ့ ရှာဖွေခဲ့သည်။ သို့ပေမဲ့ ရှာဖွေမတွေ့ရှိခဲ့ချေ။

ပိုင်ချမ်းရုံသည် နန်းဆက်ခံပြီးနောက် သေသေချာချာ ရှာဖွေခဲ့၏။ သို့ပေမဲ့ ရှာမတွေ့ခဲ့ချေ။ ယနေ့အချိန်မှာတော့ ထိုသူတော်စင်ကောင်းချီးနည်းစနစ်သည် သူ့သား၏ လက်ထဲတွင် ရောက်ရှိနေခဲ့၏။

“ငါ့ကိုပေးစမ်း။ ငါ့ကို အဲဒီသိုင်းနည်းစနစ်ပေးစမ်း။ ငါ အဲတာကို လိုချင်တယ်။ ငါ အားလုံးပေးမယ်”

ပိုင်ချမ်းရုံသည် တုန်တုန်ယင်ယင်ဖြင့် အရှေ့ဆီသို့ လှမ်းတက်လာခဲ့၏။ သူတော်စင်ဖြစ်ရန် ရည်မှန်းချက်များ ပျောက်ကွယ်သွားခဲ့ပြီးသည့်နောက် သူ၏နှလုံးသား တစ်ခုလုံးသည် ဆိုးရွားစွာ ခံစားနေရ၏။

“ကျုပ်လိုချင်တာ”

ပိုင်ချမ်းဟန်၏ နှုတ်ခမ်းထောင့်တွင် အေးစက်စက် အပြုံးတစ်ခု ဖြစ်တည်လာခဲ့သည်။ သူက တည်ငြိမ်စွာပြောလိုက်သည်။ “အင်ပါယာအဖေ အနေနဲ့ အစ်ကိုတွေနောက်ကို လိုက်သွားဖို့ပဲ”

All Chapters