← Chapters

အပိုင်း (၅၂)

Vol. 4 Ch. 52

အပိုင်း (၅၂)

Vol. 4 Ch. 52

“ဒါ ငါ့ကို သုံးနှစ်သားကလေးတစ်ယောက်လို ဆက်ဆံနေတာ မဟုတ်ဘူးလား” ပိုင်ချမ်းဟန်သည် ရယ်မောကာ တွေးတောလိုက်မိ၏။

အားအင်အဆင့်ကသာလျှင် စကားပြောသော လောကကြီးတွင် အင်ပါယာဆိုသည့် ရာထူးကပင် တည်မြဲလှသည့်အရာ မဟုတ်ချေ။ တစ်စုံတစ်ယောက်သည် လုံလောက်သည့် အားအင်အဆင့် မတည်ရှိသည်ဆိုပါက ကန်ထုတ်ခံရမှာ သဘာဝပင်ဖြစ်သည်။

သူ့အား အင်ပါယာအဖြစ် အသိအမှတ်ပြုခံရချင်သည်ဆိုပါက လုံလောက်သည့် အရည်အချင်း တည်ရှိရန် လိုအပ်၏။ လက်ရှိအခြေအနေမှာတော့ ပိုင်ချမ်းဟန်၏ လက်ထဲတွင် ဝှက်ဖဲအဖြစ် သူတော်စင်ကောင်းချီး နည်းစနစ်သာလျှင် ရှိ၏။ ထိုဝှက်ဖဲသာ ပျောက်ကွယ်သွားပြီဆိုပါက သူ ဘာလုပ်ရမည်နည်း။

“အားနာပါတယ်။ ဘိုးဘေးကို စိတ်ပျက်စေခဲ့မိပြီ”

ပိုင်ချမ်းဟန်သည် အသာပြောလိုက်၏။ “သူတော်စင် ကောင်းချီးနည်းစနစ်က စီနီယာတစ်ယောက်က ပေးခဲ့တဲ့ လက်ဆောင်ပါ။ ဘိုးဘေးကို ပေးရမယ်ဆိုရင် စီနီယာရဲ့ သဘောတူညီချက် ရဖို့ လိုအပ်ပါသေးတယ်”

“ဪ”

လေဟာနယ်ထဲတွင် အသံတစ်ခု ထွက်ပေါ်လာခဲ့၏။ ၎င်းသည် ဤရှင်းပြချက်နှင့်ပတ်သက်၍ အနည်းငယ် အံ့အားသင့်သွားပုံပေါ်၏။ ခဏလောက် ရပ်တန့်ပြီးသည့်နောက် ပိုင်ချမ်းဖန်သည် ထပ်မံကာ မေးလိုက်သည်။ “မင်းပြောတဲ့ စီနီယာဆိုတာ ဘယ်သူလဲ”

“ကောင်းကင်လျှို့ဝှက်နန်းဆောင်ရဲ့ သခင်ပါ”

ပိုင်ချမ်းဟန်သည် အသာ ငြိမ်သက်လိုက်သည်။ ပြီးနောက် စိတ်ထဲမှ တောင်းပန်လိုက်မိ၏။ “စီနီယာ ခွင့်လွှတ်ပေးပါ။ ကျုပ်ဆီမှာ တခြားရွေးချယ်ခွင့် မရှိပါဘူး။ သူတော်စင် ကောင်းချီးနည်းစနစ်ကိုသာ ဆုံးရှုံးသွားမယ်ဆိုရင် သေခြင်းတရားကို ရှောင်လွှဲလို့မရဘူး။ ဒါကြောင့် စီနီယာ ကျုပ်ကို ကူညီပေးဖို့ မျှော်လင့်ပါတယ်”

“ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ နန်းဆောင်သခင် ဟုတ်လား”

ပိုင်ချမ်းဖန်၏ အသံသည် သံသယများ ပြည့်နှက်နေ၏။ သူသည် အချိန်အတော်ကြာ တည်ရှိခဲ့သော သူ၏ မှတ်ဉာဏ်များကို ပြန်လည်ကာ စဉ်းစားလိုက်၏။ သို့ပေမဲ့ မည်သည့်သဲလွန်စကိုမှ မတွေ့ချေ။ သူ၏ မှတ်ဉာဏ်ထဲတွင် ထိုကဲ့သို့ ဘွဲ့ထူးနှင့်နန်းဆောင်သခင်ဟူ၍ တစ်ယောက်မှ မရှိခဲ့ချေ။

“သူတော်စင်ကောင်းချီး နည်းစနစ်ကို ငါ့ဆီကို လက်ကမ်းမပေးဘူးဆိုရင် ကောင်းကင်လျှို့ဝှက်နန်းဆောင်ရဲ့ နန်းဆောင်သခင်နဲ့ သွားပြီးတော့ ညှိနှိုင်းဆွေးနွေးရတော့မှာပဲ” ပိုင်ချမ်းဖန်၏ အသံသည် ထပ်မံကာ ထွက်ပေါ် လာခဲ့၏။

“အဲလိုလုပ်လို့ မဖြစ်မှာ စိုးရိမ်ရတယ်။ ကောင်းကင်လျှို့ဝှက်နန်းဆောင်ရဲ့ နန်းဆောင်သခင်က ကြောက်မက်ဖွယ်ရာ ကောင်းတဲ့ ကျင့်ကြံခြင်းအဆင့်ကို ပိုင်ဆိုင်တယ်။ သူက လောကကြီးရဲ့ ပြောင်းလဲမှုတွေ အကုန်လုံးကို တည်နေရာထဲမှာ ထိုင်ကြည့်နေတာ။ ကျုပ်သာ ဘိုးဘေးကို ဒီနည်းစနစ် ပေးလိုက်မယ်ဆိုရင် စီနီယာကို သဘောမတွေ့ ဖြစ်သွားစေနိုင်တယ်”

ပိုင်ချမ်းဟန်၏ အသံသည် တွန့်ဆုတ်တွန့်ဆုတ်နှင့် ဆက်ကာ ပြောလိုက်၏။

“စီနီယာသာ တော်ဝင်ရင်နိုင်ငံအပေါ် ဒေါသတရားတွေ ပုံချလာမယ်ဆိုရင် ဒီမှာရှိတဲ့လူတွေအကုန်လုံး အကျိုးဆက်ကို ခံနိုင်မှာ မဟုတ်ဘူး”

“မင်း ငါ့ကို ခြိမ်းခြောက်နေတာလား” ပိုင်ချမ်းဖန်၏ အသံသည် အေးစက်သွားခဲ့သည်။

သူသည် ငယ်ရွယ်စဉ် ကတည်းက ဂုဏ်သိက္ခာကြီးမားစွာ နေထိုင်ခဲ့သူတစ်ယောက်ဖြစ်၏။ အလွန်အားကောင်းလှသည့် အော်ရာများ ကိုလည်း ပိုင်ဆိုင်သူတစ်ယောက်ဖြစ်၏။ သူတော်စင်ဘုရင် ထိပ်ဆုံးအဆင့်ဆီသို့ ကျင့်ကြံခဲ့ပြီးသား ဖြစ်၏။ တော်ဝင်သူတော်စင်ဖြစ်ရန်အတွက် ဆံပင်မွေးတစ်မွေးစာ သာလျှင် လိုအပ်တော့သည်။ ထိုကဲ့သို့သောသူများသည် မောက်မာမှုများနှင့် ပြည့်နှက်နေသည်ဆိုခြင်းမှာ သဘာဝပင်ဖြစ်၏။

သူ သည်းမခံနိုင်ဆုံးသော ကိစ္စရပ်သည် ခြိမ်းခြောက်ခြင်းသာလျှင်ဖြစ်၏။ အတိတ်တုန်းကပဲဖြစ်ဖြစ်၊ လက်ရှိ အချိန်မှာပဲဖြစ်ဖြစ် သူ့ကို ခြိမ်းခြောက်ခဲ့သည့်လူများအားလုံးသည် သင်္ချိုင်းထဲသို့‌ ရောက်ရှိသွားခဲ့ကြသည်။

“ဒါ ခြိမ်းခြောက်တာ မဟုတ်ပါဘူး။ အချက်အလက်တွေကို ပြောပြရုံ သက်သက်ပါပဲ”

ပိုင်ချမ်းဟန်သည် ခေါင်းကို ခါယမ်းကာဖြင့် တီးတိုးပြောလိုက်၏ “ဘိုးဘေးအနေနဲ့ သံသယရှိတယ်ဆိုရင် တော်ဝင်သဲကန္တာရမြို့ဆီကို သွားလည်လိုက်။ အဲဒီမှာ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် ရှိတယ်” ‌

ပြောပြီးသည့်နောက် ပိုင်ချမ်းဟန်သည် အဆင်မပြေသလို ခံစားလိုက်မိ၏။ စီနီယာ၏ အားအင်အဆင့်ကို ကြည့်ရှု ရမည်ဆိုလျှင် သူတော်စင်ဘုရင်အဆင့်ကို ဖိနှိပ်ထားနိုင်စွမ်းရှိမှာ သေချာ၏။ အစပိုင်းတုန်းက ပိုင်ချမ်းဟန်သည် စီနီယာနှင့်ပတ်သက်၍ များများစားစား တွေးတောထားခြင်း မရှိချေ။ သို့ပေမဲ့ ဤအဆင့်ကို ရောက်ရှိနေသည့် လူသည် သာမန်လူတစ်ယောက် မဟုတ်နိုင်ချေ။ တော်ဝင်သူတော်စင် သို့မဟုတ် ကွာစီအင်ပါယာ တစ်ယောက် ပင်လျှင် ဖြစ်နေနိုင်သည်။

“အင်း... ဘိုးဘေးသွားမယ်ဆိုရင်တောင်မှ ဘိုးဘေးအနေနဲ့ စီနီယာကို ယှဉ်နိုင်ဖို့ဆိုတာ ကိုးဆယ့်ကိုး ရာခိုင်နှုန်းလောက် မဖြစ်နိုင်ဘူး”

“ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆိုတဲ့ စကားလုံးလေးက ငါ့ကို ကြောက်လန့်သွားစေမယ်လို့ မင်းထင်နေတာလား”

ပိုင်ချမ်းဖန်သည် ဒေါသထွက်လျက် ရှိ၏။ ၎င်း၏ အော်ရာများသည် ပိုမိုကာ ကြီးမားလာခဲ့သည်။ ကြီးမားလှသည့် တောင်ကြီးတစ်ခုသည် ပိုင်ချမ်းဟန်၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းနေသကဲ့သို့ပင်။

ပိုင်ချမ်းဟန်၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသော အရိုးများပင်လျှင် အက်ကွဲလာခဲ့၏။ မကြာခင် ကြေမွသွားတော့မည့် သကဲ့သို့ပင်။ ပိုင်ချမ်းဟန်၏ အမူအရာ တစ်ခုလုံးသည် ပျက်ယွင်းသွားခဲ့၏။ သူ့အင်္ကျီတစ်ခုလုံးတွင် ချွေးများစိုရွှဲလာ၏။

“ဘိုးဘေးသာ သံသယရှိတယ်ဆိုရင် ကျုပ်ဝိညာဉ်ကို သက်သေပြုပါမယ်။ သူတော်စင်ကောင်းချီး နည်းစနစ်က ကျုပ်ရဲ့စိတ်ထဲမှာရှိတယ်” ပိုင်ချမ်းဟန်သည် အေးစက်သည့်အကြည့်ဖြင့် တိကျခိုင်မာစွာ ပြောလိုက်သည်။

ပိုင်ချမ်းဟန်၏ မျက်နှာသွင်ပြင်တစ်ခုလုံးသည် အေးစက်လျက်ရှိနေ၏။

“ဘိုးဘေးက အလောင်းအစား မလုပ်ရဲပါဘူး။ စီနီယာရဲ့ ဒေါသတရားအောက်မှာ တော်ဝင်ရင်နိုင်ငံတစ်ခုလုံး ခံနိုင်မှာ မဟုတ်ဘူးဆိုတာ ကျုပ် ကောင်းကောင်းသိတယ်။ ဒါပေမဲ့”

ပိုင်ချမ်းဟန်သည် ဆက်ပြောလိုက်သည်။ “ကျုပ် ဘိုးဘေးကို သတိပေးချင်တယ်။ တော်ဝင်ရင်နိုင်ငံဆိုတာ နှစ်ပေါင်းများစွာ တည်ရှိလာတဲ့အရာ တစ်ခုပဲ။ ဖျက်ဆီးခံရပြီဆိုရင် ဘိုးဘေးရဲ့ အပြစ်ပဲ”

“အမ်”

တည်နေရာတစ်ခုထဲမှာတော့ ခြေချိတ်ကာ ထိုင်လျက်ရှိသည့် ပိုင်ချမ်းဖန်သည် ထိုစကားကို ကြားလိုက်ရ၏။ သူ၏မျက်လုံးများသည် တလက်လက်နှင့် တောက်ပလာခဲ့၏။ သူ၏ဝတ်စုံတစ်ခုလုံးသည် လေမတိုက်ဘဲနှင့် လွင့်မျောလျက်ရှိနေလေ၏။ ကြောက်မက်ဖွယ်ရာကောင်းလှသည့် အော်ရာများသည် ၎င်း၏တည်နေရာ ပတ်ဝန်းကျင် တစ်ခုလုံးကို တဝုန်းဝုန်းနှင့် လှုပ်ခါစေခဲ့၏။ ‌လောကကြီးတစ်ခုလုံး အဆုံးသတ်လို့ ရောက်ရှိနေ သကဲ့သို့ပင်။

“ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် ဟုတ်လား”

ပိုင်ချမ်းဖန်သည် အထင်အမြင်သေးစွာဖြင့် နှာခေါင်းရှုံ့လိုက်၏။ “ငါသွားမယ်ဆိုရင်တောင် ဘာဖြစ်လဲ။ မင်း ငါ့ကို လှည့်စားလား၊ မလှည့်စားဘူးလားဆိုတာ မကြာခင် ငါ သိရလိမ့်မယ်။ အဲတာဆိုရင် မင်းရဲ့ နတ်ဘုရားအင်ပါယာရာထူးကို မပြောနဲ့ မင်းရဲ့အသက်ကိုပါ ယူပစ်မယ်”

စကားပြောပြီးသည့်နောက် ပိုင်ချမ်းဟန်၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းနေသည့် ဖိအားများသည် ချက်ချင်းပဲ ပျောက်ကွယ်သွားသည်။

သူသည် စိတ်သက်သာရာရသလို သက်ပြင်းချပြီးသည့်နောက် နဖူးစပ်တွင် ရှိနေသည့် ချွေးစေးများကို သုတ်လိုက်၏။

ရောက်ရှိလာမည့် ပြဿနာကြီးအား စီနီယာ ကာကွယ်နိုင်မည်လား။ မကာကွယ်နိုင်ဘူးလား ဆိုသည်ကို သူသေသေချာချာ မသိချေ။ သို့ပေမဲ့ သူ့အတွက်ကတော့ ကျိန်းသေပေါက် အောင်မြင်သွားခဲ့၏။ အသက်ရှင်သန်နိုင်ရန်အလို့ငှာ စီနီယာသည် သူ့အတွက် စကားပြောဆိုပေးမည်ဟု သူက မျှော်လင့်မိသည်။

“စီနီယာရဲ့ လုပ်နိုင်ကိုင်နိုင်စွမ်းအရဆိုရင် ငါ့ရဲ့လက်ရှိ အခြေအနေကို နားလည်နိုင်မှာပါ”

ပိုင်ချမ်းဟန်က တွေးတော လိုက်မိ၏။ စီနီယာသည် အနှိုင်းမဲ့တစ်ယောက်ဖြစ်၏။ သူတော်စင်ဘုရင်တစ်ယောက် သွားရောက်ကာ စုံစမ်း စစ်ဆေးမည်ဆိုလျှင်တောင်မှ ဘာမှမဖြစ်နိုင်ဟု သူက ယုံကြည်ထားမိ၏။

စီနီယာ၏ မျက်လုံးထဲတွင် တန်ဖိုးကြီးမားသည့် အရာတစ်ခုခု ရှိသည်ဆိုမှသာ စီနီယာသည် ပါဝင်ပတ်သက် ပေလိမ့်မည်။ လုံလောက်သည့် တန်ဖိုးမရှိသည်ဆိုပါက စီနီယာသည် ထူးမခြားနားသလို နေထိုင်နေမှာ သေချာသည်။

မည်သို့ပင် ဆိုစေကာမူ လက်ရှိအခြေအနေ၌ သူ၏အသက်သည် စီနီယာ၏ စကားလုံးများအပေါ်တွင် မူတည်လျက် ရှိနေကြောင်း သူက ကောင်းကောင်း နားလည်ထား၏။

All Chapters