← Chapters

အပိုင်း (၅၄)

Vol. 4 Ch. 54

အပိုင်း (၅၄)

Vol. 4 Ch. 54

ဟမ်

ပိုင်ချမ်းဟန်သည် ဒေါသထွက်သွား၏။ သူ၏ အင်္ကျီလက် အဝတ်စထဲတွင် ရှိနေသော လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိ၏။ သူသည် ဒေါသကို ဖြေးညင်းစွာ ဖြေလျော့လိုက်ပြီး မထူးခြားသလို ပြန်ပြောလိုက်၏။

"ကြည့်ရတာ ရောင်စဉ်အလင်းနတ်နယ်မြေက ကြိုပြီးပြင်ဆင်လာပုံပေါ်တယ်။ "

"မဟုတ်ပါဘူး အမှတ်မထင် ဖြတ်သွားရင်းနဲ့ ကြုံလို့ ဝင်လာတာပါပဲ" အကြီးအကဲဟုန်သည် ပေါ့ပေါ့ပါးပါး ပြုံးလိုက်၏။

အခြေအနေသည် အမှန်ပင်ဖြစ်၏။ သူ၏မူလရည်ရွယ်ချက်သည် တော်ဝင်ဓားဂိုဏ်း ရှာတွေ့ခဲ့သည့် အခွင့်အရေး တည်နေရာသို့ သွားရောက်ရန် ဖြစ်၏။ သို့ပေမဲ့ လမ်းတွင် တော်ဝင်ရင်နိုင်ငံ၏ သတင်းကို ရရှိခဲ့သည်။

လက်ရှိ နဝမမြောက် မင်းသားသည် နတ်ဘုရားအင်ပါယာကို သတ်ဖြတ်ပြီး အင်ပါယာပုလ္လင်ကို ဆက်ခံခဲ့၏။ ထိုအရာသည် အဓိကမကျချေ။ အဓိကမှာ သူတော်စင်ကောင်းချီးနည်းစနစ် ပါဝင် ပတ်သက်နေခြင်းပင်။

နှစ်ခုကို နှိုင်းယှဉ်ကြည့်ပြီးနောက် ဟုန်ယွမ်ရှန်သည် သူတော်စင်ကောင်းချီး နည်းစနစ်မှ, ပို၍ စိတ်လှုပ်ရှားစရာ ကောင်းသည်ဟု အကဲဖြတ်မိ၏။ ထို့ကြောင့်ပင်လျှင် ပိုင်တုရန်တောင်ကြားထဲတွင် ရှိနေသည့် အခွင့်အရေးကို လက်လွှတ်ကာဖြင့် တော်ဝင်ရင်နိုင်ငံသို့ ‌ရောက်လာခဲ့ခြင်းပင် ဖြစ်၏။

ဤလာရာတွင် သူသည် သတင်းအချက်အလက် တော်တော်များများကို စုဆောင်းခဲ့၏။ အနည်းငယ် စုံစမ်းပြီးသည့်နောက် တစ်စုံတစ်ခု မှားနေကြောင်း ဟုန်ယွမ်ရှန်သည် ချက်ချင်းပဲ သတိပြုမိခဲ့၏။ ရမ်ချင်းတု၊ ယန်ရှို သို့မဟုတ် ပိုင်ချမ်းဟန် အားလုံးတို့သည် ကောင်းကင်လျိုဝှက် နန်းဆောင်ထဲသို့ ဝင်ရောက်ပြီးနောက် မတူညီသည့် ပြောင်းလဲမှုများကို ရရှိခဲ့သည်။

ရမ်ချင်းတုသည် သူတော်စင်အဆင့်ဆီသို့ တစ်ခါတည်း ချိုးဖျက်ရောက်ရှိခဲ့၏။

ယန်ရှိုမှာတော့ သေသေချာချာ မသိချေ။ သေချာသည်မှာ ကောင်းကင်လျို့ဝှက်နန်းဆောင်သည် သာမန်ထက် ပိုနေခြင်းပင်။ ကောင်းကင်၏ လျို့ဝှက်ချက်များကို တကယ်သိသည့် လူတစ်ယောက်ဟုပင် သတင်းထွက်လျက် ရှိနေသည်။

"ဟမ့် … တိုက်တိုက်ဆိုင်ဆိုင် ဖြတ်သွားတာ ဟုတ်လား"

ပိုင်ချမ်းဟန်သည် နှာခေါင်းရှုံ့လိုက်၏။ ထိုအရာကို ယုံမည်ဆိုလျှင် သူ၏ဦးနှောက်သည် တစ်စုံတစ်ခု မှားနေခြင်းသာ ဖြစ်ပေလိမ့်မည်။

"အကြီးအကဲဟုန်က ကောင်းကင်လျို့ဝှက် နန်းဆောင်နဲ့ ကျုပ်ရဲ့ ရင်းနှီးမှုကို သိနေပြီဆိုရင် သူတော်စင် ကောင်းချီးကို ခင်ဗျားနဲ့ လဲလို့မဖြစ်ဘူးဆိုတာ နားလည်သင့်တယ်"

"ကိစ္စမရှိဘူး"

ဟုန်ယွမ်ရှန် သည် လက်ကို အသာယမ်းခါပြီး ပြောလိုက်၏။ "ကောင်းကင်လျို့ဝှက်နန်းဆောင်အရှင်ကို ဒီကိုခေါ်လိုက်လေ။ ဒီလောက်ဆိုရင် ရပြီ"

"ရောင်စဉ်အလင်း နတ်နယ်မြေမှာ ဒီလိုလုပ်နိုင်တဲ့ အားအင် ရှိတယ်ထင်နေတာလား။ "

ပိုင်ချမ်းဟန်သည် စိတ်အနှောင့်အယှက် ဖြစ်နေမိ၏။ နတ်ဘုရားအင်ပါယာ တစ်ယောက်အနေဖြင့် မိုင်သန်းနှင့်ချီသော တည်နေရာ ပတ်လည်အတွင်းရှိ စစ်သည်များကို အမိန့်ပေးနိုင်၏။ သို့ပေမဲ့ ကောင်းကင်လျို့ဝှက် နန်းဆောင်သခင် ကို အမိန့်ပေးနိုင်လိမ့်မည်ဟု သူကမထင်ချေ။ ထ

ရောင်စဉ်အလင်းနတ်နယ်မြေမှ အကြီးအကဲတစ်ယောက်အနေနှင့် ထိုသို့ ဆင့်ခေါ်ရန် မည်သို့သော အရည်အချင်းရှိနေသနည်း။

"တာအိုရောင်ရင်း ပိုင်ချမ်း … ခဏလောက်စောင့်။ ကောင်းကင်လျို့ဝှက် နန်းဆောင်သခင် ကို သူတော်စင်နှစ်ယောက်လောက် သွားခေါ်မယ်ဆိုရင် သိပ်ကြာမှာ မဟုတ်ပါဘူး" ဟုန်ယွမ်ရှန် သည် အထင်အမြင် သေးသလို ပြောလိုက်၏။

"ဘာ"

ပိုင်ချမ်းဟန်သည် မတ်တပ်ထရပ်လိုက်သည်။သူ၏ အကြည့်များသည် ဟုန်ယွမ်ရှန် ဆီသို့ ရောက်ရှိသွားသည်။

"ခင်ဗျားက ကောင်းကင်လျို့ဝှက် နန်းဆောင်အရှင်ဆီကို တစ်စုံတစ်ယောက် ပို့လိုက်တယ်။ ဟုတ်လား။ ခင်ဗျားက ကောင်းကင်လျို့ဝှက် နန်းဆောင်သခင် ကို တော်ဝင်ရင်နိင်ငံဆီ အတင်းခေါ်လာဖို့ ကြိုးစားချင်တာလား"

ဟုန်ယွမ်ရှန် ဇဝေဇဝါဖြင့် မေးမြန်းလိုက်၏။ "ဒါက ဘာများမှာလို့လဲ"

သူ့အနေဖြင့် ဤကဲ့သို့ လုပ်သည်မှာ ပထမဆုံးအကြိမ် မဟုတ်ချေ။ ရောင်စဉ် အလင်းနတ်နယ်မြေအကြောင်းကို ပြောလိုက်လျှင် တစ်ဖက်လူသည် မငြင်းဆန်ဘဲ လိုက်လျောရမည်သာ ဖြစ်၏။

လိုအပ်မည်ဆိုလျှင် သူတို့သည် ရှိရှိသမျှသော အင်အားစုများကို ထုတ်ဖော်ကာ တိုက်ခိုက်ရန် နှောင့်နှေးနေမည် မဟုတ်ချေ။ တစ်ချို့သော တားမြစ်တည်နေရာထဲမှ မျိုးနွယ်စုများ၊ အင်ပါရီရာကလန်များ နှင့် ရှေးနတ်နတ်နယ်မြေများမှ လွဲ၍ ကျန်သော အင်အားစုများကို ရောင်စဉ်အလင်းနတ်နယ်မြေက ကောင်းကောင်း ထိန်းချုပ်ထားနိုင်စွမ်းရှိသည်။

ကောင်းကင်နန်းဆောင်ဟူသော အရာသည် သူတို့ထိန်းချုပ်နိုင်စွမ်းမရှိသည့် အရာဟု မယုံကြည်ချေ။

"တာအိုရောင်းရင်းပိုင်ချမ်း …. ဒေါသထွက်စရာ မလိုပါဘူး။ ကောင်းကင်လျို့ဝှက် နန်းဆောင်သခင် ကို စကားပြောဖို့ ပင့်ဖိတ်ရုံလေးပါပဲ။ ကျုပ်တို့ သူကို ထိခိုက်နာကျင်အောင် လုပ်ဖို့ ရည်ရွယ်ချက် မရှိဘူး။ သူသာ ငြိမ်ငြိမ်သက်သက်နဲ့ လိုက်လာမယ်ဆိုရင် သူ့ရဲ့ လုံခြုံရေးကို အာမခံပါတယ်။ ပြီးတော့"

ဟုန်ယွမ်ရှန်သည် ယုံကြည်ချက်ရှိစွာဖြင့် ပြောလိုက်၏။ "ရောင်စဉ် အလင်းနတ်နယ်မြေက သူတော်စင်ကောင်းချီး နည်းစနစ်ကိုပဲ လိုချင်စိတ်ရှိတာပါ"

အစပိုင်းတုန်းက သူတို့သည် ရမ်ချင်းတု သူတော်စင်တစ်ယောက်ဖြစ်သည့် နေရာသို့ သွားရောက်ကာ ရှာဖွေချင်မိ၏။ ထို့ကြောင့်ပင်လျှင် သူတော်စင်နှစ်ယောက်ကို ရည်ရွယ်ချက်ရှိရှိ ခေါ်ဆောင်လာခဲ့ခြင်းပင်။ တော်ဝင်ဓားဂိုဏ်းဆီမှ ဝေစုကို လုယူရန် ရည်ရွယ်ချက်လည်း ရှိသည်။ သို့ပေမဲ့ လက်ရှိတွင် ပိုမိုကောင်းမွန်သော အခြေအနေကို မြင်နေရ၏။ သူတော်စင်ကောင်းချီးဆိုသည်မှာ များပြားလှသော သူတော်စင်ဖြစ်ရန် အခွင့်အရေးများ ပါဝင်သော အရာပင်ဖြစ်သည်။

ထို့ပြင် သူတော်စင် ကောင်းချီးနည်းစနစ်သည် သူတော်စင်ပေါင်း များစွာကို ဆက်တိုက် ထုတ်ဖော်နိုင်၏။ ထိုစွမ်းရည်သည် တန်ဖိုးကြီးမား လွန်းလှ၏။

"ရောင်စဉ် အလင်းနတ်နယ်မြေ၏ လက်ရှိအခြေအနေအရ သူတော်စင်ပေါင်း များစွာကို မမွေးထုတ်နိုင်ချေ။ ထိုကဲ့သို့သာ မွေးထုတ်နိုင်ပါက သူတို့၏ အင်အားသည် ကြီးမားလာမှာ သေချာသည်။

"ခင်ဗျားတို့က သေလမ်းရှာနေတာပဲ"

ပိုင်ချမ်းဟန်က အသာရေရွတ်လိုက်၏။ ပြီးနောက် အဓိကဟောခန်းဆီမှ လျှောက်ထွက်သွား၏။ သူသည် လှမ်းလျှောက်ရင်းမှ ပြောလိုက်၏။

"ရောင်စဉ် အလင်းနတ်နယ်မြေက ပြဿနာရှာခဲ့တယ်။ ဒါပေမဲ့ အကြီးအကဲဟုန် … တော်ဝင်ရင်နိုင်ငံကို ဒီထဲ ဆွဲမထည့်ပါနဲ့"

ဤဟုန်ယွမ်ရှန်သည် တကယ်ခေါင်းကိုက်စရာ လူတစ်ယောက် ဖြစ်၏။ စီနီယာကို ရန်ပြုလျှင်ပင် တော်သေး၏။ သို့ပေမဲ့ ဖမ်းဆီးရန် ကြိုးစားပြီး တော်ဝင်ရင်နိုင်ငံသို့ပင် ခေါ်ဆောင်ရန် ဆုံးဖြတ်ခဲ့သေး၏။ သူ့ကိုပင် ပါဝင်ပတ်သက်စေရန် ပြုလုပ်နေသည်လား။ တော်ဝင်ရင်နိုင်ငံသည် အေးအေးချမ်းချမ်းဖြင့် နေထိုင်သွားပြီး အားကောင်းသူများကို ပြဿနာရှာမည့် ရည်ရွယ်ချက် လုံးဝမရှိချေ။

“ဟမ် …..”

ဟုန်ယွမ်ရှန်သည် ဇဝေဇဝါဖြင့် မေးမြန်းလိုက်၏။ "တာအိုရောင်းရင်းပိုင်ချမ်း … ခင်ဗျား ဘာကိုဆိုလိုတာလဲ"

ပြောပြီးသည့်နောက် ဟုန်ယွမ်ရှန်၏ မျက်နှာတစ်ခုလုံးသည် မဲမှောင်သွားခဲ့၏။ ဤနှစ်အတွင်း သူ့အား သေလမ်းရှာသည်ဟု မည်သူကမှ မပြောရဲခဲ့ချေ။ ဒါဟာ ကျိန်းသေပေါက် စိန်ခေါ်မှု တစ်ခုကဲ့သို့ပင်။

"ကျုပ်က လူလိုပြောနေတာပါ"

ပိုင်ချမ်းဟန်သည် ပြောလိုက်၏။ "ကျေးဇူးပြုပြီး ကိုယ်ဘာသာ ဂရုစိုက်ပြီး ကျန်ခဲ့ပါ"

ပြောပြီးသည့်နောက် ပိုင်ချမ်းဟန်သည် ရှေ့ဆီသို့ လှမ်းတက်လိုက်၏။ သူ၏ပုံရိပ်သည် ချက်ချင်းပဲ ပျောက်ကွယ်သွားခဲ့၏။

ရောင်စဥ် အလင်းနတ်နယ်မြေမှ လူများသည် မကောင်းသည့် ရည်ရွယ်ချက်ဖြင့် ရောက်ရှိလာခဲ့သည်။ သူ၏လုံခြုံမှုကို စိတ်ချရစေရန်အတွက် သူသည် ကျိန်းသေပေါက် ဖြေရှင်းစရာ ရှိသည်များကို ဖြေရှင်းရပေမည်။

စီနီယာသည် သာမန်ထက် ပိုကာ သိရှိနားလည်တတ်သူ တစ်ယောက် ဖြစ်လျှင်တောင်မှ ယနေ့တွင် သူ ပါဝင်နေသည်ဟု ထင်မှတ်ကောင်း ထင်သွားနိုင်သည်။ သူသည် စီနီယာကို သေချာရှင်းပြရမည်။

"ရောင်စဉ်အလင်းနတ် နယ်မြေကလူတွေ လွန်လွန်ကျွံကျွံ မလုပ်မိဖို့ မျှော်လင့်တယ်"

ပိုင်ချမ်းဟန်သည် ပထမဆုံးအနေဖြင့် ဖိအားကို ခံစားမိနေ၏။ တစ်ဖက်သည် ရောင်စဉ် အလင်းနတ်နယ်မြေ ဖြစ်နေပြီး တခြားတစ်ဖက်မှာတော့ စီနီယာ ဖြစ်လို့နေ၏။ သူသည် နှစ်ဖက်လုံးကို ပြဿနာမရှာရဲချေ။

‌ရောင်စဉ်အလင်းနတ်နယ်မြေမှ တစ်စုံတစ်ယောက်သည် စီနီယာကို ပြဿနာရှာပါက သူ၏ စနက်ပါ ပါသည်ဟု ထင်မှတ်သွားနိုင်သည်။

ထို့အတူ စီနီယာသည်သာ ရောင်စဉ်အလင်းနတ်နယ်မြေမှ တစ်စုံတစ်ယောက်ကို သတ်ဖြတ်လိုက်သည် ဆိုပါက သူ၏ တော်ဝင်ရင်နိုင်ငံ၏ ပိုင်နက်အတွင်း ရောင်စဉ်အလင်းနတ်နယ်မြေမှ လူတစ်ယောက်ယောက် သေဆုံးသည်ဟု ဆိုကာ သူ့အား လာရောက် ပြဿနာ ရှိပေဦးမည်။ ဘေးကျပ်နံကျပ် အခြေအနေပင်။

ဟင်း ....

ပိုင်ချမ်းဟန်သည် သက်ပြင်းရှည်ကြီးသာ ချလိုက်မိ၏။

ဟောခန်းထဲမှာတော့ ဟုန်ယွမ်ရှန်သည် တစ်ယောက်တည်း ကျန်နေခဲ့၏။ သူသည် ပိုင်ချမ်းဟန် ထွက်ခွာသွားသည့် နေရာဆီသို့ လှမ်းကြည့်ရင်းမှ သူ၏မျက်လုံးများသည် အေးစက်သွားခဲ့သည်။

"ခင်ဗျားကတော့ တစ်ခုခုပဲ။ ခင်ဗျားအဖေ အသက်ရှင်နေတုန်းကတောင်မှ ကျုပ်တို့ကို ဒီလိုမဆက်ဆံရဲဘူး။ သင်ခန်းစာ ကောင်းကောင်းပေးဖို့ လိုအပ်နေပြီဲနဲ့ တူတယ်"

All Chapters