← Chapters

ပစ္စုပ္ပန်ခွဲခွာမဟာသားရဲ

Vol. 99 Ch. 1523

ပစ္စုပ္ပန်ခွဲခွာမဟာသားရဲ

Vol. 99 Ch. 1523

စွန့်ပစ်ကြယ်ဂြိုလ်ပေါ်တွင် အားညိုက နောင်တရစွာ သက်ပြင်းချလိုက်သည်။

ထိုလောက်ကောင်များထဲတွင် ရွှီချင်းကို သူရှာမတွေ့ပေ။

သို့ဖြစ်၍ သူ၏ အကြည့်က ဘေးပတ်ဝန်းကျင်မှ အလောင်းများပေါ်သို့ ကျရောက်သွားသည်။

သူက အလျော့မပေးဘဲ ဆက်လက် ရှာဖွေနေစဉ် မဟာဧကရာဇ်ငရဲမီးတောက်၏ တခြားမှတ်ဉာဏ်အပိုင်းအစထဲတွင် စစ်ပွဲတစ်ခု ဖြစ်ပွားနေသည်။

ယင်းက ကြယ်တာရာကောင်းကင်ပေါ်မှာ ဖြစ်သည်။

ငရဲမီးတောက်ဖြစ်ဟန်ရသော မဟူရာစစ်ချပ်ဝတ်ကို ဝတ်ဆင်ထားသည့် တစ်စုံတစ်ယောက်က သူ၏ စစ်တပ်ကို ဦးဆောင်ပြီး ကြယ်တာရာကောင်းကင်ထဲမှ မျိုးနွယ်ခြားများနှင့် စစ်ပွဲဆင်နွှဲနေသည်။

နှလုံးကွဲကြေသော အော်သံများနှင့် မန္တန်ရွတ်ဆိုသံများက ဤနေရာမှာ ဆက်လက် ပဲ့တင်ထပ်နေသည်။

ယင်းက အဝေးမှ ပုဂ္ဂိုလ်တစ်ယောက် မထွက်ပေါ်လာခင်အထိ ကြာမြင့်ခဲ့သည်။ ထိုပုဂ္ဂိုလ်က နတ်ဘုရားအစွမ်းဖြင့် လျှောက်လာနေသည်။ သူက နှစ်ဖက်စလုံးမှ စစ်တပ်များကို လျစ်လျူရှုထားပြီး လူတိုင်းကို ဖြတ်ကျော်သွားသည်။ သူက ငရဲမီးတောက်ဆီသို့ ဓားသွားတစ်လက်ပမာ ပျံသန်းသွားသည်။

သူက အနားသို့ ချဉ်းကပ်သွားသည့်အခါ လက်ချောင်းတစ်ချောင်းက ငရဲမီးတောက်၏ နဖူးပေါ်သို့ ကျရောက်သွားသည်။ ယင်းက ငရဲမီးတောက်၏ ခန္ဓာကိုယ်၊ ကြယ်တာရာကောင်းကင်နှင့် ဤမှတ်ဉာဏ်လောကကို ဖျက်ဆီးပစ်လိုက်သည်။

မရေမတွက်နိုင်သော အပိုင်းအစများက ပြန့်ကျဲသွားသည့်အခါ ထိုလူ၏ ပုံရိပ်က ကြည်လင်ရှင်းလင်းလာသည်။

သူက ဧကရီဖြစ်သည်။

ရွှီချင်း၊ အားညိုနှင့် မတူညီသည်မှာ သူက ငရဲမီးတောက်၏ မှတ်ဉာဏ်လောကထဲမှာ ဧကရီအသွင်ပုံစံဖြင့်သာ ထွက်ပေါ်လာသည်။

“ နင်က တကယ်သေသွားပြီး နင့်ရဲ့ မှတ်ဉာဏ်တွေက လောကတွေအဖြစ် ပျံ့နှံ့သွားတာလား… ဒါမှမဟုတ် နင်က မှတ်ဉာဏ်တွေကို ပထမအကာအကွယ်အဖြစ် သတ်မှတ်ခဲ့တာလား… ငရဲမီးတောက် နင်က သေသွားပြီလား ဒါမှမဟုတ် အသက်ရှင်နေသေးတာလား ”

ဧကရီက တည်ငြိမ်စွာ ပြောလိုက်ပြီး အရှေ့သို့ ဆက်လျှောက်သွားသည်။

မဟာဧကရာဇ်ငရဲမီးတောက် တံခါးပိတ်ကျင့်ကြံသော နေရာဆီသို့ ဝင်ရောက်သွားကြသည့် အင်အားစုအသီးသီးသည် မတူညီသော မှတ်ဉာဏ်လောကများဆီသို့ ရောက်ရှိသွားကြသည်။ တချို့က စူးစမ်းလေ့လာနေကြစဉ် တချို့က ဘေးပတ်ဝန်းကျင်မှာ စိတ်နစ်မြှုပ်ထားကြသည်။

သူတို့က မတူညီသော ရည်ရွယ်ချက်များပေါ် မူတည်၍ မတူညီသော နည်းလမ်းများကို အသုံးပြုနေကြသည်။

ဥပမာ အနက်ရောင်လွင်ပြင်တစ်ခုပေါ်တွင် အနောက်မိစ္ဆာငှက်မွှေးမှ ရောက်လာကြသော လူငါးယောက်ထဲမှ ခါးကုန်းအဖိုးကြီးက လမ်းလျှောက်နေသည်။

သူ၏ ခြေဖဝါးအောက်တွင် မြေကြီးက ကျုံ့သွားဟန် ရသည်။ အဘယ့်ကြောင့်ဆိုသော် သူက မြန်ဆန်စွာ လမ်းမလျှောက်နေသော်လည်း ခြေတစ်လှမ်း လှမ်းလိုက်တိုင်း အံ့ဖွယ်ကောင်းသော အကွာအဝေးတစ်ခုကို ကျော်ဖြတ်သွားလိမ့်မည်။

သူက လမ်းလျှောက်နေစဉ် သံကြိုးရိုက်ခတ်သံနှင့်ဆင်တူသော တချွင်ချွင်မြည်သံက သူ၏ ခန္ဓာကိုယ်ထဲမှာ ပဲ့တင်ထပ်နေသည်။ ဤသည်မှာ သူ၏ အနက်ရောင်ဝတ်စုံအောက်တွင် သံကြိုးများရှိနေသည့်အလားပင်။

အချိန်အတော်ကြာပြီးနောက် သူ၏ အရှေ့၌ ချောက်နက်ကြီးတစ်ခု ထွက်ပေါ်လာသည်။

အဖိုးအိုက ချောက်နက်၏ ဘေးမှာ ရပ်နေပြီး အောက်သို့ ငုံ့ကြည့်လိုက်သည်။ ထို့နောက် အက်ရှရှအသံက သူ့ထံမှ ပဲ့တင်ထပ်လာသည်။

“ ငါထင်ထားသလိုပဲ… အဲ့ဒါက ဒီနေရာမှာ ”

“ မဟာဧကရာဇ်ငရဲမီးတောက် ကျရှုံးသွားတဲ့အခါ မှတ်ဉာဏ်လောကတွေ ထွက်ပေါ်လာလိမ့်မယ်လို့ မဟာဧကရာဇ်မိစ္ဆာငှက်မွှေးက ပြောခဲ့တယ်… အခုပုံစံအရဆိုရင် မဟာဧကရာဇ်ငရဲမီးတောက်က တကယ် သေဆုံးသွားတာလား ”

မရေမတွက်နိုင်သော မိန်းမလှလေးများ တည်ရှိနေသည့် ခန်းမထဲတွင် ရွှီချင်းက ရာဇပလ္လင်ပေါ်မှာ ထိုင်နေပြီး သူ့အရှေ့မှ လူတိုင်းကို ကြည့်လိုက်သည်။

သူက အလျင်စလို မဆောင်ရွက်ပေ။ ယင်းအစား သူက လက်ရှိအခြေအနေကို အရင်ဆုံး သုံးသပ်လိုက်သည်။

“ ဒါပေမဲ့ မဟာဧကရာဇ်မိစ္ဆာငှက်မွှေးရဲ့ စကားတွေကို အပြည့်အဝ ငါမယုံကြည်နိုင်ဘူး ”

“ ဒါပေမဲ့ ဘာပဲပြောပြော ဒီနေရာက မဟာဧကရာဇ်ငရဲမီးတောက်ရဲ့ မှတ်ဉာဏ်လောကဖြစ်ဖို့ ရာခိုင်နှုန်းများတယ်… ဒါဆိုရင်… ဒီမှတ်ဉာဏ်လောကရဲ့ အဓိပ္ပာယ်က ဘာလဲ… အမွေအနှစ်လား… ဒါမှမဟုတ် ငါတို့က မှတ်ဉာဏ်လောကအများကြီးကို တစ်ခုပြီးတစ်ခု ချိုးဖြတ်ရမှာလား ”

ရွှီချင်းက နက်နဲစွာ တွေးတောနေစဉ် သူ၏ အကြည့်က ရုတ်တရက် အေးစက်သွားသည်။ သူက အဝေးမှ အကြည့်ပြန်ရုပ်လိုက်ပြီး သူ၏ ညာဘက်ကို ကြည့်လိုက်သည်။

သူ၏ ညာဘက်တွင် အဝတ်အစား မပေါ်တပေါ် ဝတ်ဆင်ထားသော မိန်းမလှတစ်ယောက် ရှိသည်။ သူ၏ ပါးနှစ်ဖက်က နီမြန်းနေပြီး သူ၏ မျက်လုံးထဲမှာ ရမ္မက်မီးတောက်ဖြင့် ပြည့်နှက်နေသည်။ သူက ရွှီချင်းဆီသို့ ကြောင်မလေးတစ်ကောင်နှယ် တွားသွားလာနေသည်။

သူ၏ တွားသွားနေသော ပုံစံက မိန်းမပျိုလေး၏ ခန္ဓာကိုယ်အလှကို ပိုပြီးဆွဲဆောင်မှုရှိစေသည်။

ရွှီချင်းက စကားမပြောပေ။ သို့သော်လည်း သူ၏ အကြည့်က ပိုပြီးအေးစက်သွားသည်။

ထိုအေးစက်စက် အကြည့်က တွားသွားလာနေသော အမျိုးသမီးကို တုန်ယင်သွားစေသည်။ အကြောက်တရားက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ သူက အရှေ့သို့ ဆက်ပြီး မတိုးဝံ့တော့ချေ။ သူက ဖြည်းညင်းစွာ အနောက်ဆုတ်သွားသည်။

ယင်းကို မြင်သောအခါ ရွှီချင်းက သူ၏ အကြည့်ကို ပြန်ရုပ်သိမ်းရန် ပြင်လိုက်သည်။ သို့သော်လည်း ထိုအခိုက်အတန့်မှာ သူက ချက်ချင်း မျက်မှောင်ကြုတ်လိုက်သည်။

ဆုတ်ဖြဲသော စိတ်ခံစားမှုက ဤလောကထဲမှာ ရုတ်တရက် ထွက်ပေါ်လာသည်။ ယင်းက ဤခန်းမထဲမှာ ထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာသည်။

ဤသည်မှာ ဤမှတ်ဉာဏ်လောကက သူ့ကို ငြင်းဆန်နေသည့်အလားပင်။ ဆုတ်ဖြဲသော စိတ်ခံစားမှုနောက်မှာ အန္တရာယ်က လိုက်ပါလာသည်။ ဤသည်မှာ အစောနက သူ၏ လုပ်ရပ်က ဤမှတ်ဉာဏ်လောက၏ စိတ်အာရုံကို ဆွဲဆောင်သွားသည့်အလားပင်။

ရွှီချင်း၏ နှလုံးကို အေးခဲသွားစေသည်မှာ ထိုစိတ်ခံစားမှုနောက်တွင် လိုက်ပါလာသော ဖိအားဖြစ်သည်။ ဤသည်မှာ တောင်ကြီးတစ်တောင်က သူ၏ ခန္ဓာကိုယ်ပေါ်သို့ ဖိချလာသည့်အလားပင်။

ကံကောင်းစွာဖြင့် ဆုတ်ဖြဲသော စိတ်ခံစားမှုက သေးနုတ်သည်။ ယင်းက အလွန်မပြင်းထန်ပေ။ ဤသည်မှာ ယင်းက သူ့ကို သတိပေးရုံသက်သက် လုပ်ဆောင်ခဲ့သည့်အလားပင်။

“ စိတ်ဝင်စားစရာပဲ… ”

ရွှီချင်းက မျက်လုံးမှေးကျဉ်းလိုက်ပြီး ဖြည်းညင်းစွာ မတ်တတ်ရပ်လိုက်သည်။ သူက အရှေ့သို့ ဆက်လျှောက်သွားပြီး ခန်းမကို ဖြတ်ကျော်သွားကာ ဝင်ပေါက်ဆီသို့ ဦးတည်သွားသည်။

လမ်းတစ်လျှောက်တွင် ခန်းမထဲမှ မိန်းမပျိုလေးများက ရွှီချင်း၏ လုပ်ရပ်ကို အာရုံခံမိသွားကြသည်။ ရွှီချင်း၏ လုပ်ဆောင်မှုနှင့် ပတ်သက်ပြီး ကြောက်ရွံ့မှုက သူတို့၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ ထို့နောက် စိတ်ရှုပ်ထွေးမှုက ထွက်ပေါ်လာသည်။

ရွှီချင်းက သူတို့ကို ဂရုမစိုက်ပေ။ သူက ဆုတ်ဖြဲသော စိတ်ခံစားမှု၏ အကြောင်းအရင်းကို စုံစမ်းစစ်ဆေးလိုက်သည်။

သူက ခန်းမ၏ ဝင်ပေါက်ဆီသို့ ပိုပြီးချဉ်းကပ်သွားသည်နှင့် ခန်းမထဲမှ အမျိုးသမီးများ၏ အမူအရာက ပိုပြီးပျက်ယွင်းသွားကြသည်။ သူတို့၏ သီချင်းသံသည်ပင် တဖြည်းဖြည်း တိုးညင်းလာသည်။ နောက်ဆုံးမှာတော့ ရွှီချင်းက ဝင်ပေါက်နှင့် ခြေတစ်လှမ်းမျှသာ ဝေးကွာတော့သည်။

ထိုအခါ ခန်းမတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။

သီချင်းသံက ပျောက်သွားပြီး ညှို့ငင်သော အသံက ရပ်တန့်သွားသည်။ သူတို့၏ အသက်ရှူသံသည်ပင် ရပ်တန့်သွားသည်။ လူတိုင်းက တစ်ပြိုင်နက် ခေါင်းလှည့်လိုက်ကြသည်။ သူတို့၏ အကြည့်က အေးစက်သွားပြီး သူတို့က ရွှီချင်းကို သတ်ဖြတ်ခြင်းစိတ်ဆန္ဒဖြင့် စူးစိုက်ကြည့်လိုက်ကြသည်။

ထိုအခိုက်အတန့်မှာ ဆုတ်ဖြဲသော စိတ်ခံစားမှုက အလွန်အားကောင်းလာသည်။

ရွှီချင်းက သူ၏ ခြေလှမ်းကို ရပ်တန့်လိုက်ပြီး အနောက်လှည့်ကာ ခန်းမထဲမှ အမျိုးသမီးများကို ကြည့်လိုက်သည်။ ဆုတ်ဖြဲသော စိတ်ခံစားမှု၏ အကြောင်းအရင်းကို နောက်ဆုံးမှာတော့ သူရှာတွေ့သွားသည်။

“ ဒီလောကက မဟာဧကရာဇ်ငရဲမီးတောက်ရဲ့ အတိတ်မှတ်ဉာဏ်တွေထဲက အပိုင်းအစတစ်ခုကနေ ဖြစ်ပေါ်လာတဲ့ အရာပဲ… ငါ့ရဲ့ လက်ရှိအသွင်က မဟာဧကရာဇ်ငရဲမီးတောက်ပဲ… ဒီတော့ ငါ့ရဲ့ လုပ်ဆောင်မှုတွေက အတိတ်တုန်းက မဟာဧကရာဇ်ငရဲမီးတောက်နဲ့ တူညီနေရမယ် ”

“ တကယ်လို့ မတူညီဘူးဆိုရင် ဒီလောကက ငါ့ကို ပြင်ပလူလို့ သတ်မှတ်လိမ့်မယ်… အဲ့ဒါကြောင့် ဆုတ်ဖြဲတဲ့ စိတ်ခံစားမှုက ထွက်ပေါ်လာတာပဲ… ငါရဲ့ လုပ်ဆောင်မှုတွေက အတိတ်တုန်းက မဟာဧကရာဇ်ငရဲမီးတောက်နဲ့ မတူညီဘူးဆိုရင် ဒီလောကက ငါ့ကို ရန်လိုစိတ်နဲ့ ဖိနှိပ်လိမ့်မယ်… ပြီးတော့ အဲ့ဒါက မဟာကပ်ဘေးကို ဆွဲဆောင်လိမ့်မယ် ”

“ ဒီတော့ တကယ်လို့ ငါက ကိစ္စတွေကို အဆင်ချောချင်တယ်ဆိုရင် အတိတ်မှာ မဟာဧကရာဇ်ငရဲမီးတောက် ဘယ်လိုလုပ်ဆောင်ခဲ့သလဲ အဖြေရှာရလိမ့်မယ် ”

ရွှီချင်းက လေးနက်စွာ တွေးတောစဉ်းစားပြီးနောက် အတင်းအဓမ္မ မထွက်သွားတော့ပေ။ ယင်းအစား သူက အနောက်သို့ ပြန်လျှောက်သွားသည်။

သူက အနောက်ဆုတ်သွားသည်နှင့်ချက်ချင်း သီချင်းသံက ပြန်ထွက်ပေါ်လာသည်။ အခန်းထဲမှ မိန်းမပျိုလေးများ၏ အမူအရာသည်လည်း ပုံမှန်ပြန်ဖြစ်သွားကြသည်။ တစ်ချိန်တည်းမှာ သူတို့ထဲမှ အများစုက ရွှီချင်းထံသို့ ပိုပြီးချဉ်းကပ်လာကြသည်။ သူတို့က ခေါင်းငုံ့ထားကြပြီး ညှို့ငင်သော အမူအရာကို ထုတ်ဖော်ထားကြသည်။ တချို့က သူတို့၏ ခန္ဓာကိုယ်ကို ဆွဲဆောင်မှုရှိစွာ ယိမ်းနွဲ့လှုပ်ရှားလိုက်ကြသည်။ သူတို့အားလုံး၏ မျက်နှာပေါ်မှာ လိုချင်တပ်မက်မှုဖြင့် ပြည့်နှက်နေကြသည်။

သို့သော်လည်း ရွှီချင်းက မျက်မှောင်ကြုတ်ထားဆဲပင်။

အဘယ့်ကြောင့်ဆိုသော် ဆုတ်ဖြဲသော စိတ်ခံစားမှုက ဆက်လက် တည်ရှိနေသေးကြောင်း သူရှာတွေ့သွားသောကြောင့် ဖြစ်သည်။ သူက အနောက်ဆုတ်သွားခဲ့သော်လည်း ထိုစိတ်ခံစားမှုက အားမနည်းသွားပေ။

“ ထွက်သွားတာက မမှန်ဘူး… ဒါပေမဲ့ ဒီမှာ ဆက်နေတာကလည်း မမှန်ဘူး ”

“ ဒါဆိုရင် ငရဲမီးတောက်က အတိတ်မှာ ဘာလုပ်ခဲ့တာလဲ ”

ရွှီချင်းက ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည့်အခါ အေးစက်စက်အလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ ဘေးပတ်ဝန်းကျင်မှ မိန်းမပျိုလေးများက သူ့ဆီသို့ ချဉ်းကပ်လာသည့်အခါ သူက ညာလက်ကို လက်သီးဆုပ်လိုက်သည်။

အသံနတ်ဘုရားအခွင့်အာဏာက ထွက်ပေါ်လာသည်။

ထိုအခိုက်အတန့်မှာ ဆုတ်ဖြဲသော စိတ်ခံစားမှုက ပျောက်ကွယ်သွားသည်။

ရွှီချင်းက ချက်ချင်း နားလည်သွားသည်။ အတိတ်မှာ ငရဲမီးတောက်၏ ရွေးချယ်မှုက တိုက်ခိုက်ခြင်း ဖြစ်သည်။

တစ်ခဏကြာပြီးနောက် တံခါးက ဖြည်းညင်းစွာ ပွင့်သွားသည်။ ရွှီချင်းက အပြင်သို့ ထွက်လျှောက်သွားသည်။

လေက တဟူးဟူး တိုက်ခတ်နေပြီး ပန်းပေါင်းစုံရနံ့ကို ဆောင်ကြဉ်းလာသည်။ လေတိုးဝှေ့မှုအောက်မှာ ရွှီချင်း၏ ဆံပင်ရှည်က လေထဲသို့ မြှောက်တတ်သွားသည်။ လေက အခန်းတံခါးကိုလည်း ပိုပြီးတွန်းဖွင့်လိုက်သည်။

အကယ်၍ တစ်စုံတစ်ယောက်က ရွှီချင်း၏ အနောက်မှ ခန်းမကို လှမ်းကြည့်မည်ဆိုလျှင် အလောင်းများကိုဖြစ်စေ သို့မဟုတ် အသက်ရှင်နေသော မိန်းမပျိုလေးများကိုဖြစ်စေ မြင်ရလိမ့်မည်မဟုတ်ချေ။ အဘယ့်ကြောင့်ဆိုသော် ခန်းမထဲတွင် ခြောက်သွေ့နေသော ဝတ်မှုန်များသာ ရှိကြသည်။

ထို့ပြင် ဝတ်မှုန်ခြောက်များက ပုံရိပ်ယောင်အဖြစ် ပြောင်းလဲသွားကြသည်။

ရွှီချင်းက ခန်းမအပြင်သို့ ထွက်သွားသည်နှင့်ချက်ချင်း မိန်းမတိုင်းပြည်ဟု ထင်မှတ်ရသော ဤနေရာက ကြီးကြီးမားမား ပြောင်းလဲသွားသည်။

မြေပြင်က တုန်ယင်သွားပြီး ကောင်းကင်က မှေးမှိန်သွားသည်။ လေနှင့် တိမ်တိုက်များက ပြောင်းလဲသွားကြသည်။

အဆောက်အဦးများက တစ်ခုပြီးတစ်ခု ပြိုလဲပျက်စီးသွားကြသည်။ ထူထဲသော သစ်ကိုင်းများက မြေကြီးထဲမှ တိုးထွက်လာပြီး သိမ်မွေ့ညင်သာစွာ လှုပ်ယမ်းသွားကြသည်။ ထိုသစ်ကိုင်းများက ဆက်လက် ခွဲထွက်သွားကြပြီး မရေမတွက်နိုင်သော သစ်ကိုင်းငယ်များကို ထွက်ပေါ်လာစေသည်။ တစ်ချိန်တည်းမှာ ပန်းပွင့်များက သစ်ကိုင်းများပေါ်မှာ ပွင့်လန်းလာကြပြီး ဝတ်မှုန်များက လေထဲသို့ ပျံ့လွင့်သွားကြသည်။

ဝတ်မှုန်တစ်ခုစီက အမျိုးသမီးတစ်ယောက် ဖြစ်သည်။

မိန်းမတိုင်းပြည်က ပြိုလဲပျက်စီးသွားသည့်အခါ အရေအတွက်များပြားသော ဧရာမသစ်ကိုင်းများက နေရာတိုင်းမှ ထွက်ပေါ်လာကြသည်။ ယင်းတို့က အခန်းထဲမှထက် အဆပေါင်းဒါဇင်ခန့် ပိုများပြားသော ဝတ်မှုန်များကို ထုတ်လွှတ်ပေးလိုက်ကြသည်။

ဝတ်မှုန်များက အမျိုးသမီးများအသွင် ပြောင်းလဲသွားပြီးနောက် ညှို့ငင်သော အသံများကို ထုတ်ဖော်လိုက်ကြသည်။ သူတို့အားလုံးက ရွှီချင်းကို အရပ်မျက်နှာအဘက်ဘက်မှ စိုက်ကြည့်နေကြသည်။

မိန်းမတိုင်းပြည်၏ အလယ်ဗဟိုတွင်တော့ မြေပြင်က ပြိုကွဲသွားပြီး ပေပေါင်းတစ်သိန်း အရွယ်အစားရှိသော ဧရာမပန်းတစ်ပွင့်က ထွက်ပေါ်လာသည်။

ယင်းက အဓိကပန်းပွင့်ဖြစ်သည်။ ပွင့်ဖတ်များက ပျံ့နှံ့ထွက်လာသည်နှင့် ပန်းပွင့်ထဲမှ တစ်ခုတည်းသော ဝတ်ဆံဖိုက ဘုရင်မတစ်ပါးအဖြစ် ပြောင်းလဲသွားသည်။

“ ပျော်ရွှင်ခြင်းပန်းပွင့် ”

အနက်ရောင်အလင်းက ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

ထိုပန်းပွင့်ကို သူမှတ်မိသည်။ ကျောက်ရှာပြည်နယ်ဆီသို့ သူခရီးထွက်သွားခဲ့စဉ် ထိုပန်းပွင့်ကို မြင်တွေ့ခဲ့သည်။ ပျော်ရွှင်ခြင်းပန်းပွင့်၏ စုပ်ယူခံနေရသော နင်ယန်ကိုပင် သူက ကယ်တင်ပေးခဲ့သည်။

သို့သော်လည်း အတိတ်မှာ သူမြင်တွေ့ခဲ့သော ပန်းပွင့်က အလွန်သေးငယ်သည်။ ယခု သူ၏ အရှေ့မှ ပျော်ရွှင်ခြင်းပန်းပွင့်သည်တော့ အရွယ်အစား အလွန်ကြီးမားပြီး ချောက်ချားဖွယ်ကောင်းသည်။

ရွှီချင်းက ဧရာမပန်းပွင့်ကို လှမ်းကြည့်လိုက်သည်နှင့်တစ်ပြိုင်နက် သူ့ကို စိုက်ကြည့်နေကြသော မိန်းမပျိုလေးများက တခစ်ခစ် ရယ်မောလိုက်ကြသည်။ သစ်ကိုင်းများက တဝီဝီ လှုပ်ယမ်းသွားနေကြစဉ် မိန်းမပျိုလေးများက ရွှီချင်းထံသို့ နေရာတိုင်းမှ ပြေးလွှားသွားကြသည်။

ရွှီချင်းက အမူအရာကင်းမဲ့စွာ ရှိနေသည်။ သူက ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ပြီး လေထဲသို့ ချက်ချင်း ပျံတတ်သွားသည်။ သူက သစ်ကိုင်းများကို ရှောင်တိမ်းလိုက်ပြီး ညာလက်ကို မြေကြီးထံသို့ ဖိချလိုက်သည်။

ချက်ချင်းဆိုသလို တားမြစ်အဆိပ်စွမ်းအားက အနက်ရောင်မြူခိုးထုအဖြစ် ပြောင်းလဲသွားပြီး အရပ်မျက်နှာအဘက်ဘက်ဆီသို့ ပျံ့နှံ့သွားသည်။

ယင်းက သူ့ဆီသို့ ရွေ့လျားလာနေကြသော သစ်ကိုင်းများဆီသို့ ဦးတည်သွားသည်။

အဆိပ်မြူခိုး ဖြတ်သန်းသွားသည့်နေရာတိုင်း မိန်းမပျိုလေးများ၏ ရယ်သံက အော်ဟစ်ညည်းညူသံအဖြစ် ပြောင်းလဲသွားပြီး သူတို့၏ ခန္ဓာကိုယ်က ပုပ်သိုးဆွေးမြေ့သွားသည်။

သို့သော်လည်း ရွှီချင်း၏ ဘက်တွင် အစောနက ပျောက်ကွယ်သွားခဲ့သော ဆုတ်ဖြဲသည့် စိတ်ခံစားမှုက ထပ်မံ ထွက်ပေါ်လာသည်။ ထို့ပြင် ယင်းက အလွန်ပြင်းထန်လေရာ သူ့ကို နှလုံးတုန်သွားစေသည်။

ဤသည်မှာ သူမခုခံနိုင်သော မဟာကပ်ဘေးက အစောနက သူ၏ တိုက်ခိုက်မှုများနှင့်အတူ ကျဆင်းလာသည့်အလားပင်။

သူက ပိုပြီးတိုက်ခိုက်လေ ထိုခံစားမှုက ပိုပြီးပြင်းထန်လာလေ ဖြစ်သည်။

“ အဲ့ဒါမမှန်ကန်ဘူး ”

ရွှီချင်းက တားမြစ်အဆိပ်ကို ချက်ချင်း ဖယ်ရှားလိုက်ပြီး အနောက်ဆုတ်သွားသည်။ သူက စိတ်ထဲမှာ အမြန်သုံးသပ်လိုက်သည်။ တစ်ချိန်တည်းမှာ သစ်ကိုင်းများက လှုပ်ယမ်းနေစဉ် မြေပြင်ပေါ်မှ ဝတ်ဆံဖိုဘုရင်မက လက်ညှိုးညွှန်လိုက်သည်။

ချက်ချင်းဆိုသလို မရေမတွက်နိုင်သော ပန်းပွင့်များက ရွှီချင်း၏ ဘေးပတ်ပတ်လည်မှ လေဟာနယ်ထဲမှာ ပွင့်လန်းလာကြသည်။ ပန်းပွင့်ထဲမှ ပွင့်ချပ်များက တစ်ပြိုင်နက် ပေါက်ကွဲသွားကြပြီး ဤဧရိယာတစ်ခုလုံးကို ရိုက်ခတ်သွားသည်။

ရွှီချင်းက အနောက်ဆုတ်သွားပြီး ရှောင်တိမ်းလိုက်သော်လည်း ပွင့်ချပ်တစ်ခုက သူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာဆဲပင်။ ထို့ပြင် ပွင့်ချပ်ကျရောက်သွားသော နေရာပေါ်မှာ ဒဏ်ရာတစ်ခု ထွက်ပေါ်လာသည်။

အတိအကျဆိုရလျှင် ပွင့်ချပ်က ဤမှတ်ဉာဏ်လောကထဲမှ ငရဲမီးတောက်၏ ခန္ဓာကိုယ်ကို ဒဏ်ရာရရှိသွားစေခြင်း ဖြစ်သည်။

သို့သော်လည်း ရွှီချင်း၏ နတ်ဘုရားစိတ်အာရုံအရ သူကိုယ်တိုင်က ဒဏ်ရာရရှိသွားသည်ဟု ခံစားမိသွားသည်။

“ ဒီဟာက မှတ်ဉာဏ်တိုက်ခိုက်မှုလား ”

ထိုသို့နားလည်သွားသောအခါ ရွှီချင်းက ဆုတ်ဖြဲသော စိတ်ခံစားမှုကို ခံစားမိသွားသည်။ သူက ဒဏ်ရာရသွားသည့်အခါ ထိုစိတ်ခံစားမှုက အနည်းငယ် လျော့ကျသွားသည်။ တစ်ချိန်တည်းမှာ သူအပေါ်သို့ ကျရောက်လာတော့မည့် မဟာကပ်ဘေးသည်လည်း ရပ်တန့်သွားပြီး ပျောက်ကွယ်သွားသည်။

“ ဒီအချက်တွေအားလုံးက လမ်းကြောင်းတစ်ခုကို ညွှန်ပြနေတယ် ”

“ အဲ့ဒါက တကယ်လို့ မင်းက ဒီဟာကို မခုခံနိုင်ဘူးဆိုရင် ဒီပန်းပွင့်ရဲ့ အသတ်ခံရလိမ့်မယ် ”

“ အတိတ်မှာ ငရဲမီးတောက်က ဒီပန်းပွင့်ရဲ့ အသတ်ခံခဲ့ရတာလား ”

ရွှီချင်းက ယင်းကို မယုံကြည်ပေ။

သို့သော်လည်း အကယ်၍ သူက ညွှန်ကြားမှုအတိုင်း မလိုက်နာလျှင် ပိုပြီးကြောက်စရာကောင်းသော တစ်စုံတစ်ခုက ကျဆင်းလာလိမ့်မည်ဖြစ်ကြောင်း နားလည်ထားသည်။

“ ဒီအခြေအနေကို ချိုးဖြတ်ဖို့ နောက်ထပ်နည်းလမ်းတစ်ခု ရှိသေးတယ် ”

အနက်ရောင်အလင်းက ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ ကံကြမ္မာနတ်ဘုရားအခွင့်အာဏာမှ ဖွဲ့စည်းသွားသော ဓားမြှောင်က သူ၏ အသိစိတ်ပင်လယ်ထဲမှာ ထွက်ပေါ်လာသည်။ သို့သော်လည်း ထိုအခိုက်အတန့်မှာ အက်ကွဲသံက သူ၏ သိုလှောင်အိတ်ထဲမှ ထွက်ပေါ်လာသည်။

ရွှီချင်းက အနောက်ဆုတ်သွားပြီး သိုလှောင်အိတ်ကို အာရုံစိုက်လိုက်သည့်အခါ အံ့ဩသော အမူအရာက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

သူ၏ သိုလှောင်အိတ်ထဲမှ ရွှေကြွက်ဥက ရွှီချင်း၏ ဓားမြှောင်ကို အာရုံခံမိသွားခြင်းလော မသေချာသော်လည်း ဤအခိုက်အတန့်မှာ ၎င်းက အပြည့်အဝ အက်ကွဲသွားသည်။

ရွှေရောင်အလင်းတန်းက အက်ကွဲသွားသော ဥထဲမှ ပျံသန်းထွက်လာပြီး ဘေးပတ်ဝန်းကျင်မှ ဥအခွံအားလုံးကို လွှမ်းခြုံသွားသည်။ ၎င်းက အရူးအမူး ဝါးမျိုပြီးနောက် သိုလှောင်အိတ်ထဲမှ ၎င်းဘာသာ ပျံသန်းထွက်လာသည်။

ရွှေရောင်အလင်းတန်းက ရွှီချင်း၏ လက်ဖဝါးပေါ်သို့ ကျဆင်းသွားသည့်အခါ ၎င်းက ရွှေကြွက်ပေါက်စလေးအဖြစ် ပြောင်းလဲသွားသည်။

ရွှေကြွက်လေးက မျက်လုံးဖွင့်ရန် ကြိုးစားလိုက်ပြီး တကျွီကျွီမြည်သံကို ထုတ်ဖော်လိုက်သည်။ ၎င်းက ရွှီချင်း၏ လက်ချောင်းများကို ပွတ်သပ်လိုက်ပြီး ရင်းနှီးကျွမ်းဝင်သော စိတ်ခံစားမှုကိုပင် ထုတ်လွှတ်လိုက်သည်။

၎င်းထွက်ပေါ်လာသည်နှင့်ချက်ချင်း ဤမှတ်ဉာဏ်လောကက အကြီးအကျယ် ပြောင်းလဲသွားသည်။

သီချင်းသံများက ပျောက်ကွယ်သွားသည်။

ဝတ်မှုန်များက လှုပ်ရှားမှုကင်းမဲ့သွားကြသည်။

ဝတ်ဆံဖိုဘုရင်မသည်ပင် အေးခဲသွားသည်။

ဤသည်မှာ အရာအားလုံးက ရပ်တန့်သွားသည့်အလားပင်။

ရွှီချင်းက နှလုံးတုန်သွားသည်။ ထိုအပြောင်းအလဲက သူမမျှော်လင့်ထားသောအရာ ဖြစ်သည်။

ဤမတိုင်ခင် ရွှေကြွက်က အလွန်ထူးခြားကြောင်း သူသိထားသည်။ မည်သို့ဖြစ်ပါစေ အမှတ်ငါးကြယ်တာရာစက်ဝန်းမှ အဖိုးအိုထံမှာ ရွှေကြွက်တစ်ကောင် ရှိသည်။ ထို့ပြင် ထိုရွှေကြွက်က အချိန်မြစ်ထဲမှာ ရွေ့လျားနိုင်စွမ်းရှိသည်။

သို့ဖြစ်၍ ရွှီချင်းက သူ့ကိုယ်ပိုင် ရွှေကြွက်ပေါ်မှာ မျှော်လင့်ချက်ကြီးစွာ ထားရှိခဲ့သည်။

သို့သော်လည်း သူက မည်သို့စိတ်ကူးထားခဲ့ပါစေ ရွှေကြွက်ထွက်ပေါ်လာသည့်အခိုက် ဘေးပတ်ဝန်းကျင်က ရပ်တန့်သွားကြောင်း မြင်လိုက်ရသောအခါ ရွှီချင်းက နှလုံးတုန်ယင်သွားဆဲပင်။

တစ်ချိန်တည်းမှာ မဟာဧကရာဇ်ငရဲမီးတောက် တံခါးပိတ်ကျင့်ကြံသော နေရာ၏ အနက်ပိုင်းထဲတွင် လျှို့ဝှက်ဆန်းကြယ်သော လောကတစ်ခု ရှိသည်။

ထိုလောကကို မရေမတွက်နိုင်သော အမွှေးများပါသည့် အသွေးအသားများဖြင့် ဖန်တီးထားသည်။

အမွှေးတစ်မျှင်စီပေါ်တွင် မှတ်ဉာဏ်များမှ ဖြစ်ပေါ်လာသော လောကတစ်ခုစီ တည်ရှိကြသည်။

မြေပြင်သည်တော့ ကြည်လင်သော ပင်လယ်တစ်စင်း ဖြစ်သည်။

ပင်လယ်ပြင်ပေါ်တွင် မရေမတွက်နိုင်သော အသွေးအသားများက စုပုံနေပြီး ဧရာမအသားပိုတစ်ခုကို ဖွဲ့စည်းထားသည်။

သက်လတ်ပိုင်းအရွယ် ကျင့်ကြံသူတစ်ဦးက ထိုအသားပိုပေါ်မှာ တင်ပျဉ်ခွေထိုင်နေသည်။

သူ၏ အမူအရာက ဂုဏ်သိက္ခာကြီးမြတ်ပုံပေါ်ပြီး သူ၏ ခန္ဓာကိုယ်က ရှေးဟောင်းအရှိန်အဝါနှင့် ကြောက်မက်ဖွယ်ကောင်းသော ဖိအားကို ထုတ်လွှတ်နေသည်။

အစက သူက မျက်လုံးမှိတ်ထားသည်။

သို့သော်လည်း ဤအခိုက်အတန့်မှာ သူက ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။ သူ၏ အကြည့်က ဟင်းလင်းပြင်ကို တိုက်ရိုက် ဖောက်ထွင်းသွားပြီး အဝေးမှ မှတ်ဉာဏ်လောကတစ်ခုပေါ်သို့ ကျရောက်သွားသည်။

“ ပစ္စုပ္ပန်ခွဲခွာမဟာသားရဲတစ်ကောင်က ဒီနေရာမှာ တကယ်ကြီး ထွက်ပေါ်လာတယ် ”

All Chapters