ဒီကြယ်ဂြိုလ်ကို ငါသိမ်းပိုက်ပြီးပြီ
Vol. 99 Ch. 1525
ဤလောကကို မဟာဧကရာဇ်ငရဲမီးတောက်၏ မှတ်ဉာဏ်ထဲမှ ဖန်တီးရှင်ကောင်းကင်မျိုးနွယ်က ဖန်တီးခဲ့ခြင်း ဖြစ်သည်။
မြေအောက်နန်းတော်က အနက်ရောင်ဖြစ်ပြီး နံရံများပေါ်တွင် တိုတမ်ပုံရိပ်များကို ရေးထွင်းထားကြသည်။ သို့သော်လည်း အနီးကပ်သေချာကြည့်မည်ဆိုလျှင် ယင်းတို့က ဝေဝါးနေပုံပေါ်သည်။
ယင်းတို့၏ မျိုးစိတ်က မရှင်းလင်းပေ။ ထိုတိုတမ်ပုံရိပ်များက အရည်နှင့် ဆင်တူကြောင်းကိုသာ အာရုံခံနိုင်သည်။ ဤသည်မှာ အရည်က စီးဆင်းနေပြီး မရေမတွက်နိုင်သော ပုံရိပ်များအဖြစ် ပြောင်းလဲသွားသည့်အလားပင်။
ဤမြေအောက်နန်းတော်က ဟာလာဟင်းလင်းဖြစ်နေသည်။ နန်းတော်၏ အလယ်မှ အပြာရောင်ရေကန်အပြင် ဤနေရာမှာ ရွှီချင်းနှင့် ရွှေကြွက်လေးသာ ရှိကြသည်။
ဤနေရာတွင် မည်သည်အသံကိုမှ မကြားရချေ။
အချိန်သည်သာ ဖြည်းညင်းစွာ ကုန်ဆုံးသွားနေသည်။
ခုနစ်မိနစ်ကုန်ဆုံးသွားသည်။
ရွှီချင်းက သူ့အရှေ့မှ ရေကန်ကို စိုက်ကြည့်လိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော အသက်ဓာတ်က ညာလက်မှတဆင့် သူ၏ ခန္ဓာကိုယ်ထဲသို့ ဒလဟော တိုးဝင်လာနေကြောင်း သူအာရုံခံနိုင်သည်။ ယင်းက သူ၏ ဒဏ်ရာများကို ကုသပေးနေပြီး သူ၏ ခန္ဓာကိုယ်ကို အားဖြည့်ပေးနေသည်။
ခွန်အားတိုးပွားလာမှုနှင့် ပြစ်ချက်မဲ့သော စိတ်ခံစားမှုက တဖြည်းဖြည်း အားကောင်းလာသည်။
“ ဖန်တီးရှင်ကောင်းကင်ဘုံမျိုးနွယ်… ”
ရွှီချင်းသည် ထိုမျိုးနွယ်ကို ယခင်က တစ်ခါမှ မကြားဖူးပေ။ သို့သော်လည်း ဤရေကန်၏ အံ့ဖွယ်ကောင်းသော အကျိုးအာနိသင်များကို ခံစားမိပြီးနောက် ထိုမျိုးနွယ်က မည်မျှအားကောင်းကြောင်း သူစိတ်ကူးကြည့်နိုင်သည်။
မည်သို့ဖြစ်ပါစေ ယင်းက သူ၏ ရုပ်ခန္ဓာကိုယ်အား အားဖြည့်ပေးနိုင်သည့် တစ်စုံတစ်ရာကို ရွှီချင်းက ပထမဆုံးအကြိမ် တွေ့ကြုံဖူးခြင်း ဖြစ်သည်။
ထို့ပြင် ယခု သူက အနည်းငယ်မျှသာ စုပ်ယူရသေးသော်လည်း ဤရေကန်ထဲမှ အရည်က အန္တရာယ်မရှိကြောင်း ပိုပြီးသေချာသွားသည်။
“ အဲ့ဒါက ရုတ်တရက်ဆန်စွာ ထွက်ပေါ်လာတာ စိတ်မကောင်းစရာပဲ ”
ရွှီချင်းက တီးတိုးရေရွတ်လိုက်သည့်အခါ အနက်ရောင်အလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ ထို့နောက် သူက ရေကန်ထဲမှ ရွှေကြွက်လေးကို ကြည့်လိုက်သည်။
ရွှေကြွက်လေးက ဆက်လက် စုပ်ယူနေသည်။ ထူးဆန်းသော ဤအရည်က ၎င်းကို ဆွဲဆောင်ထားကြောင်း ထင်ရှားသည်။ ၎င်းက အချိန်ကို နည်းနည်းလေးမျှ အလဟဿ မဖြစ်စေချင်သည့်အလား ရေကန်ထဲမှ အရည်ကို အရူးအမူး စုပ်ယူနေသည်။
ရွှီချင်းက နက်နဲစွာ တွေးတောလိုက်သည်။ သို့သော်လည်း သူက ရေကန်ထဲသို့ ရွှေကြွက်ကဲ့သို့ မဝင်ရောက်ခဲ့ပေ။
ရေကန်ထဲမှ အရည်က သူ့အတွက် အကျိုးရှိကြောင်း အာရုံခံမိသော်လည်း သူ၏ ပင်ကိုယ်ဗီဇက ရုတ်တရက် ထွက်ပေါ်လာသော ဤကံကြမ္မာကောင်းမှာ ပြဿနာရှိသည်ဟု သူ့အား သတိပေးနေသည်။
ထို့ကြောင့် သူ၏ ညာလက်က ရေကန်နှင့် ထိတွေ့နေစဉ် ရွှီချင်းက သူ၏ စိတ်ဆန္ဒကို ချိုးနှိမ်ထားသည်။
တစ်ခဏကြာပြီးနောက် ရွှီချင်းက သူ၏ စွမ်းအင်ကို အတိုင်းအတာတစ်ခုထိ ပြန်အားဖြည့်နိုင်သွားသည့်အခါ ရွှေကြွက်လေး၏ ဝမ်းဗိုက်က ဖောင်းကားလာသည်။ ဤသည်မှာ ၎င်း၏ စုပ်ယူမှုက အကန့်အသတ်သို့ ရောက်ရှိသွားသည့်အလားပင်။ ထို့နောက် ၎င်းက တုံ့ဆိုင်းတုံ့ဆိုင်း အမူအရာဖြင့် ရွှီချင်းဆီသို့ ပြန်ရောက်လာသည်။
တုံ့ဆိုင်းမှုက ရွှီချင်း၏ မျက်နှာပေါ်မှာလည်း ထွက်ပေါ်လာသည်။ သို့သော်လည်း အဆုံးမှာ သူက လက်ပြန်ရုပ်လိုက်ပြီး ဤအခွင့်အရေးကို အဆုံးသတ်ရန် ရွေးချယ်လိုက်သည်။
တစ်ချိန်တည်းမှာ သူက ပုလင်းအများကြီးကို သူ၏ သိုလှောင်အိတ်ထဲမှ ထုတ်ယူလိုက်ပြီး ရေကန်ထဲမှ အရည်ကို အဝေးသို့ သယ်ဆောင်သွားရန် ကြိုးစားလိုက်သည်။
“ ဒီအခွင့်အရေးရဲ့ ဇစ်မြစ်က မသေချာတဲ့အရာပဲ… ဒီရေကို ငါ့ရဲ့ ခန္ဓာကိုယ်ကို သန့်စင်ရာမှာ အသုံးပြုသင့် မပြုသင့် ဆုံးဖြတ်ဖို့ အဲ့ဒါကို ငါပိုပြီးစဉ်းစားရလိမ့်မယ်… တကယ်လို့ ဒီဟာကို အဝေးကို ငါမသယ်ဆောင်သွားနိုင်ဘူးဆိုရင် ဒီကံကြမ္မာကောင်းကို ဆက်မထိတာ အကောင်းဆုံးပဲ… အဲ့ဒါကို သယ်ဆောင်သွားနိုင်ဖို့ ငါမျှော်လင့်တယ် ”
ရွှီချင်းက တီးတိုးရေရွတ်လိုက်သည်။ သူ၏ အသံက မြေအောက်နန်းတော်ထဲမှာ နူးညံ့စွာ ပဲ့တင်ထပ်သွားသည်။ ထို့ပြင် သူ၏ လုပ်ဆောင်မှုအားလုံးမှာ သတိကြီးသောပုံစံကို ထုတ်ဖော်ပြခဲ့သည်။
မကြာမီ သူက ညင်သာစွာ ခေါင်းယမ်းလိုက်ပြီး သက်ပြင်းချလိုက်သည်။ သူက တုံ့ဆိုင်းမှုနှင့် နောင်တရသော အမူအရာကို ထုတ်ဖော်လိုက်သည်။
ဤရေကန်ထဲမှ အရည်ကို အဝေးသို့ မသယ်ဆောင်နိုင်ပေ။
“ စိတ်မကောင်းစရာပဲ… စိတ်မကောင်းစရာပဲ… ”
ရွှီချင်းက တစ်ခဏ တွေးတောပြီးနောက် ဆန္ဒမရှိသော အမူအရာကို ထုတ်ဖော်လိုက်သည်။ သူက နည်းလမ်းအမျိုးမျိုးကို အသုံးပြု၍ အရည်ကို သိမ်းဆည်းခဲ့သော်လည်း နောက်ဆုံးမှာတော့ ကျရှုံးသွားခဲ့ဆဲပင်။
အရည်က ပုလင်းထဲသို့ ဝင်ရောက်သွားသော်လည်း မကြာမီ ၎င်းဘာသာ ပျောက်ကွယ်သွားသည်။
ရွှီချင်းက သက်ပြင်းရှည်ကြီးချလိုက်ပြီး ရေကန်မှ ထွက်သွားရန် မတ်တတ်ရပ်လိုက်သည်။ တစ်ချိန်တည်းမှာ သူက ရွှေကြွက်လေးကို ဤလောက၏ လေဟာနယ်အား ကိုက်စားခိုင်းလိုက်သည်။
ဗိုက်ဖောင်းကားနေသော ရွှေကြွက်လေးက ဝမ်းသာပျော်ရွှင်သော အမူအရာကို ထုတ်ဖော်လိုက်သည်။ ၎င်းက လေထဲမှာ ပါးစပ်ဟလိုက်ပြီး လေဟာနယ်ကို အကြမ်းပတမ်း ကိုက်လိုက်သည်။ အက်ကွဲသံနှင့်အတူ ပျော်ရွှင်ခြင်းပန်းပွင့်ရှိသော မှတ်ဉာဏ်လောကထဲမှ မြင်ကွင်းက ထပ်မံ ဖြစ်ပေါ်လာသည်။
၎င်းက လေဟာနယ်ကို ကိုက်လိုက်သည့်အခါ အက်ကွဲကြောင်းတစ်ခု ထွက်ပေါ်လာသည်။
သို့သော်လည်း ဤတစ်ကြိမ်တွင် ရွှေကြွက်လေးက လေဟာနယ်အပိုင်းအစကို မျက်စိမကျတော့ဟန် ရ၏။ ထို့ကြောင့် ၎င်းက လေဟာနယ်ကို မကိုက်စားဘဲ ပြန်ရောက်လာပြီး ရွှီချင်း၏ ပခုံးပေါ်မှာ ပျင်းရိလေးဖင့်စွာ လဲလျောင်းလိုက်သည်။
ရွှီချင်းက အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူက ခန္ဓာကိုယ်ကို တစ်ချက်လှုပ်ရှားလိုက်ပြီး အလင်းတန်းတစ်ခုအသွင် ပြောင်းလဲသွားကာ လေဟာနယ်အက်ကွဲကြောင်းဆီသို့ တန်းမတ်စွာ ပျံသန်းသွားသည်။
ထို့နောက် သူက ပျောက်ကွယ်သွားသည်။
အရာအားလုံးက ပုံမှန်အတိုင်းရှိနေဆဲပင်။
မိနစ်အနည်းငယ် ကုန်ဆုံးသွားသည်။
နောက်အခိုက်အတန့်မှာ ရွှီချင်း၏ ပုံရိပ်က အက်ကွဲကြောင်းထဲမှ တကယ်ကြီး ပြန်ရောက်လာသည်။ ဤတစ်ကြိမ်တွင် သူ၏ မျက်နှာပေါ်မှာ တုံ့ဆိုင်းသော အမူအရာ မရှိတော့ပေ။ ယင်းအစား သူ၏ မျက်လုံးက ဝင်းလက်နေသည်။
“ အရင်က ငါ့ရဲ့ လုပ်ရပ်တွေနဲ့ စကားတွေထဲမှာ ငါဟာ သတိကြီးကြောင်း သံသယရှိကြောင်း ဖော်ပြခဲ့တယ်… ပြီးတော့ ဒီအခွင့်အရေးကို လက်လျော့ခဲ့ရတဲ့အတွက် နောင်တရကြောင်းကိုလည်း ဖော်ပြခဲ့တယ်… နောက်ဆုံးမှာ ငါက ထွက်သွားဖို့ ရွေးချယ်ခဲ့တယ် ”
“ ဒီကနေ ဘာအတားအဆီးမှမရှိဘဲ ငါထွက်သွားနိုင်ခဲ့တယ် ”
“ ဒီလိုဆိုရင် ဖြစ်နိုင်ခြေက အနည်းငယ်ပဲ ရှိတော့တယ် ”
“ ပထမဖြစ်နိုင်ခြေက ငါ့ကို ဒီနေရာဆီ ရောက်လာဖို့ နောက်ကွယ်ကနေ ကြိုးကိုင်နေတဲ့လူ တကယ်မရှိဘူး… အရာအားလုံးက တိုက်ဆိုင်မှုသက်သက်ပဲ… အဲ့ဒါက ငါကိုယ်၌က သံသယများနေရုံပဲ ”
“ ဘာပဲပြောပြော တကယ်လို့ အမည်မသိရည်ရွယ်ချက်နဲ့ ကြိုးကိုင်နေတဲ့လူသာ တကယ်ရှိမယ်ဆိုရင် သူက ငါ့ကို ဒီအခွင့်အရေးကို ပေးထားမှတော့ ဒီရေကို ငါသယ်ဆောင်သွားမှာကို ခွင့်ပြုပေးသင့်တယ် ”
“ ဒါပေမဲ့ ရေကို သယ်ဆောင်သွားဖို့ ငါကြိုးစားကြည့်ခဲ့ပေမဲ့ ကျရှုံးခဲ့တယ်… ထွက်သွားဖို့ ငါရွေးချယ်ခဲ့တဲ့အခါမှာလည်း ဘာအတားအဆီးကိုမှ မတွေ့ကြုံခဲ့ရဘူး… ဒီဟာက အဓိပ္ပာယ်မရှိဘူး ”
“ ဒုတိယဖြစ်နိုင်ခြေက နောက်ကွယ်ကနေ ကြိုးကိုင်နေတဲ့လူ တကယ်ရှိတယ်… တစ်ဖက်လူက ငါ့ကို ရေကို သယ်ဆောင်သွားခွင့်မပေးပေမဲ့ ထွက်သွားခွင့်ပေးတယ်… ဒါဆိုရင် သူ့ရဲ့ ရည်ရွယ်ချက်က… ”
စူးရှသော အလင်းက ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
“ တကယ်လို့ အဲ့ဒီအတိုင်းသာဆိုရင် ဒီဟာက သာမန်လှုပ်ရှားမှုတစ်ခုဖြစ်ဖို့ ရာခိုင်နှုန်းများတယ် ”
“ ဘာပဲပြောပြော တကယ်လို့ နောက်ကွယ်မှာ ကြိုးကိုင်နေတဲ့လူ တကယ်ရှိတယ်ဆိုရင် ဒီအခွင့်အရေးကို ငါက ရယူတာပဲဖြစ်ဖြစ် လက်လျော့တာပဲဖြစ်ဖြစ် အဆုံးသတ်က အတူတူဖြစ်လိမ့်မယ်… အချိန်ကျလာတဲ့အခါ တစ်ဖက်လူက လှုပ်ရှားမှုပြုလုပ်လိမ့်မယ် ”
ဆုံးဖြတ်ချက်ပြတ်သားမှုက ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက ဤအခွင့်အရေးအပေါ် သံသယရှိနေသေးသော်လည်း ဤကံကြမ္မာကောင်း၏ တန်ဖိုးက အလွန်ကြီးမားသည်။ တစ်ခဏကြာ စဉ်းစားပြီးနောက် သူက အံတင်းတင်းကြိတ်လိုက်သည်။
သူက ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ပြီး ရေကန်ထဲသို့ ချက်ချင်း ဝင်ရောက်သွားသည်။ သူက ရေကန်ထဲမှာ တင်ပျဉ်ခွေထိုင်လိုက်ပြီး အစွမ်းကုန်သုံး၍ အရည်ကို စုပ်ယူလိုက်သည်။
ရေကန်တစ်ခုလုံးက ချက်ချင်း ဝုန်းခနဲ မြည်သွားပြီး ဝဲကတော့တစ်ခုပမာ လှည့်ပတ်သွားသည်။
ရွှီချင်း၏ စုပ်ယူမှုနှင့် လမ်းညွှန်မှုအောက်မှာ အရည်က သူ၏ ခန္ဓာကိုယ်ထဲမှ အစိတ်အပိုင်းအသီးသီးဆီသို့ မြန်ဆန်စွာ တိုးဝင်သွားသည်။
အားဖြည့်ပေးခြင်းခံနေရသော ခံစားမှုက အစောနကထက် အဆပေါင်းတစ်ရာ ပိုပြီးသာလွန်သည်။
ထို့ပြင် အရည်ထဲမှ အသက်ဓာတ်က အလွန်အားကောင်းနေဆဲပင်။
ဆယ့်ငါးမိနစ်ကြာပြီးနောက် ရွှီချင်းက မျက်လုံးဖွင့်လိုက်သည်။
သူ၏ ခန္ဓာကိုယ်ထဲမှ အာဟာရဓာတ်က ပြည့်လျှံသွားသည်။
နောက်ဆုံးမှာတော့ ရေကန်ထဲမှ အရည်က ရှေးဦးအပျက်အစီး၏ အသွေးအသားများမှ ဖြစ်ပေါ်လာသော ရုပ်ခန္ဓာကိုယ်နှင့် သဟဇာတမဖြစ်တော့ပေ။ သို့သော်လည်း ယင်းက ဆက်လက် အားဖြည့်ပေးနေဆဲပင်။
တစ်ချိန်တည်းမှာ သူ၏ အရှေ့မှ လောကက စတင်ဝေဝါးသွားပြီး လွင့်ပြယ်သွားသည်။
မည်သည့်စိတ်ခံစားချက်မှ မပါသော နတ်ဘုရားစိတ်အာရုံက ဤနေရာမှာ နောက်တစ်ကြိမ် ပဲ့တင်ထပ်သွားသည်။
“ ဆယ့်ငါးမိနစ်ကုန်ဆုံးသွားပြီ… မင်းရဲ့ ကံကြမ္မာကောင်းက ဒီမှာ အဆုံးသတ်သွားပြီ ”
ထိုအသံက ပျံ့လွင့်သွားသည်နှင့် ဤမှတ်ဉာဏ်လောကက လုံးဝပျောက်ကွယ်သွားပြီး ရွှီချင်း၏ ပုံရိပ်က ကြယ်တာရာကောင်းကင်ထဲမှာ ပြန်ပေါ်လာသည်။
ကောင်းကင်ဘုံသူတော်စင်နွယ်ပင်က ပျံသန်းထွက်လာပြီး သူ၏ ခြေဖဝါးအောက်သို့ ရောက်ရှိလာသည်။
ရွှီချင်းက ဘေးပတ်ဝန်းကျင်ကို စိုက်ကြည့်လိုက်ပြီး ဖန်တီးရှင်ကောင်းကင်ဘုံမျိုးနွယ်၏ မြေအောက်နန်းတော်ထဲမှ အဖြစ်အပျက်ကို သေချာပြန်တွေးတောလိုက်သည်။ နောက်ဆုံးမှာတော့ သူက သတိကြီးစွာထားလိုက်ပြီး ကောင်းကင်ဘုံသူတော်စင်နွယ်ပင်ဖြင့် အဝေးသို့ ရွေ့လျားသွားသည်။
အချိန်က နှေးကွေးစွာ ကုန်ဆုံးသွားသည်။
ရက်ပေါင်းများစွာကြာပြီးနောက် ကြယ်တာရာကောင်းကင်ထဲတွင် ရွှီချင်းက သူ၏ ဘေးပတ်ဝန်းကျင်မှ မှတ်ဉာဏ်လောကများကို စစ်ဆေးလေ့လာနေစဉ် ရုတ်တရက် အသံပို့လွှတ်မှုတစ်ခုကို ရရှိသွားသည်။
သူ၏ ခြေဖဝါးအောက်မှ ကောင်းကင်ဘုံသူတော်စင်နွယ်ပင်က ၎င်းနှင့် မျိုးနွယ်တူသော တစ်စုံတစ်ရာကို ရှာတွေ့သွားသည်ဟု စိတ်ခံစားချက်လှိုင်းတစ်ခုကို ထုတ်လွှတ်လိုက်သည်။
ထုံးစံအားဖြင့် ထိုစိတ်ခံစားချက်လှိုင်း၏ ဇစ်မြစ်က အားညိုထံမှ ဖြစ်သည်။
ရွှီချင်းက ယင်းကို အာရုံခံမိပြီးနောက် သူ၏ နတ်ဘုရားစိတ်အာရုံကို ချက်ချင်း ပို့လွှတ်လိုက်သည်။ ထိုအခါ ကောင်းကင်ဘုံသူတော်စင်နွယ်ပင်က လမ်းကြောင်းပြောင်းလိုက်ပြီး ၎င်း၏ မျိုးနွယ်ဝင်ကို အာရုံခံမိသော တည်နေရာဆီသို့ ချက်ချင်း ပျံသန်းသွားသည်။
၎င်းက မြန်ဆန်စွာ ရှာတွေ့သွားသည်။
ရွှီချင်း၏ မျက်လုံးထဲတွင် ပုံရိပ်ပြန်လာသည်မှာ အလွန်သေးငယ်သော မှတ်ဉာဏ်အပိုင်းအစတစ်ခု ဖြစ်သည်။ မှတ်ဉာဏ်အပိုင်းအစထဲမှ မြင်ကွင်းသည် အပုပ်နံ့နှင့် ယိုယွင်းပျက်စီးမှုဖြင့် ပြည့်နှက်နေသော စွန့်ပစ်ကြယ်ဂြိုလ်တစ်လုံး ဖြစ်သည်။
အားညိုက ထိုနေရာမှာ ရှိသည်။
ဤအခိုက်အတန့်မှာ ထိုမြင်ကွင်းကို ရှင်းလင်းစွာ မြင်လိုက်ရသည့်အခါ ရွှီချင်း၏ အမူအရာက ပြောင်းလဲသွားသည်။ သူက တုံ့ဆိုင်းမနေဘဲ ကောင်းကင်ဘုံသူတော်စင်နွယ်ပင်ကို ထိန်းချုပ်လိုက်ပြီး မှတ်ဉာဏ်လောကထဲသို့ ဝင်ရောက်သွားသည်။
သို့သော်လည်း နောက်အခိုက်အတန့်မှာ သူက အနောက်သို့ တွန်းထုတ်ခံလိုက်ရသည်။
သူက ဤလောကထဲသို့ မဝင်ရောက်နိုင်ပေ။
“ တခြားလူတွေက မှတ်ဉာဏ်လောကထဲမှာရှိနေတဲ့အချိန် ဘယ်သူ့ကိုမှ အထဲကို ဝင်ရောက်ခွင့်မပြုတာလား ”
“ ဘာကြောင့်လဲဆိုတော့ မှတ်ဉာဏ်လောကတစ်ခုစီမှာ ငရဲမီးတောက်က တစ်ယောက်ပဲ ရှိနိုင်တယ်… ဒါကြောင့် တခြားလူတွေက အထဲကို မဝင်နိုင်ဘူး… ”
ရွှီချင်းက နက်နဲစွာ တွေးတောလိုက်သည်။ သူက အားညိုရှိနေသော မှတ်ဉာဏ်အပိုင်းအစကို စိုက်ကြည့်ပြီးနောက် ညင်သာစွာ လက်ဝှေ့ယမ်းလိုက်သည်။ ထိုအခါ ရွှေကြွက်လေးက ပျံသန်းထွက်လာသည်။
“ အဲ့ဒါကို ကိုက်ဖွင့်ပါ ”
စွန့်ပစ်ကြယ်ဂြိုလ်ပေါ်တွင် အားညိုက ခြေထောက်တစ်ဖက်ဖြင့် အစွမ်းကုန် ခုန်နေသည်။
သူ့မှာ ခြေထောက်တစ်ဖက်သာ ရှိတော့သည်။
သူက ခုန်ပေါက်နေရင်း ကျိန်ဆဲနေသည်။
“ ဒီနေရာက ဘယ်လိုဖုန်းဆိုးမြေလဲ… ဝိညာဉ်စွမ်းအင် ရှားပါးတာက ပြဿနာမရှိဘူး… ဒါပေမဲ့ ဘာလို့ ဖိအားက အရမ်းပြင်းထန်တာလဲ… ဒီနေရာမှာ ကြောက်စရာကောင်းတဲ့ ချိပ်တံဆိပ်တစ်ခုတောင် ရှိသေးတယ်… ”
“ ငါ့ရဲ့ ကျင့်ကြံခြင်းစွမ်းအားကို ဒီနေရာမှာ မထုတ်ဖော်နိုင်ဘူး ”
“ အဲ့ဒါပဲဆိုရင် ကိစ္စမရှိဘူး… ဒါပေမဲ့ ဘာဖြစ်လို့ ငါက သေလုနီးပါးဖြစ်နေတဲ့ ငရဲမီးတောက်အဖြစ် ပြောင်းလဲသွားရတာလဲ… ငါ့ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေက မပြည့်စုံတော့ဘူး… ”
“ ပြီးတော့ ဒီလောက်ကောင်တွေက အရမ်းကြောက်စရာကောင်းတယ် ”
“ ဘာလို့ လောက်ကောင်တွေက ဒီနေရာမှာ အရမ်းများပြားတာလဲ… ဒါ့အပြင် သူတို့အားလုံးက နတ်ဘုရားအစွမ်းကို ပိုင်ဆိုင်ထားကြတယ်… ယီးပဲ… လောက်ကောင်က နတ်ဘုရားအစွမ်းရှိတယ် ဟုတ်လား… ဒါဘယ်လိုငရဲလဲ… လောက်ကောင်တွေရဲ့ နတ်ဘုရားကမ္ဘာလား ”
အားညိုက ဒေါသတကြီး အော်ပြောလိုက်သည်။
သူက ဤနေရာမှာ အချိန်အကြာကြီး ခုန်ပေါက်နေခဲ့သည်။ သူက အတိတ်တုန်းက ငရဲမီးတောက်၏ ရွေးချယ်မှုကို ရှာဖွေချင်ပြီး ဤနေရာမှ ထွက်သွားချင်သည်။ သို့သော်လည်း သူက မည်သည့်ရွေးချယ်မှုကို ပြုလုပ်ပါစေ ယင်းက မှားယွင်းနေဆဲပင်။
ဤအခိုက်အတန့်မှာ လောက်ကောင်များက နေရာတိုင်းမှာ ရှိနေကြောင်း သူမြင်တွေ့သွားသောအခါ ရူးသွပ်မှုက အားညို၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
“ နောက်ထပ် ရွေးချယ်မှုတစ်ခုရှိသေးတယ်… မင်းတို့ကောင်တွေက ငါ့ကို ဝါးစားချင်တယ်ဟုတ်လား… မင်းတို့ကို ငါပြန်ဝါးစားပစ်မယ်… ဘယ်သူက ဘယ်သူ့ကို အရင်စားနိုင်မလဲ ကြည့်ကြတာပေါ့ ”
သို့သော်လည်း ထိုလောက်ကောင်များကို စားမည်ဟု သူစဉ်းစားလိုက်သည့်အခါ ဘယ်တုန်းကမှ အစားအစာတွင် ဂျီးမများခဲ့သော သူသည်ပင် စက်ဆုပ်ရွံရှာမှုကို ခံစားမိသွားသည်။
သို့သော်လည်း လက်ရှိအခြေအနေအရ သူ့မှာ တခြားရွေးချယ်စရာ မရှိပေ။ သို့ဖြစ်၍ သူက အော်ဟစ်လိုက်ပြီး ကိုယ့်ကိုယ်ကိုယ် အားပေးလိုက်သည်။
သို့သော်လည်း ထိုအခိုက်အတန့်မှာ ထိတ်လန့်ဖွယ်ကောင်းသော မိုးခြိမ်းသံက မီးခိုးရောင်ကောင်းကင်ထံမှ ရုတ်တရက် မြည်ဟိန်းထွက်လာသည်။
ဝုန်းခနဲ မြည်သံက ပဲ့တင်ထပ်သွားသည့်အခါ ဖိအားက ကောင်းကင်ပေါ်မှာ ပျံ့နှံ့သွားသည်။ ဤသည်မှာ တစ်စုံတစ်ခုက ကောင်းကင်၏ အပြင်ဘက်မှ ရက်စက်ကြမ်းကြုတ်စွာ ထုရိုက်နေသည့်အလားပင်။
သို့သော်လည်း မကြာမီ ယင်းက ပုံမှန်ပြန်ဖြစ်သွားသည်။
အားညိုက အံ့ဩသွားပြီး အပေါ်သို့ မော့ကြည့်လိုက်သည်။
“ ဘာဖြစ်သွားတာလဲ ”
သူက စကားပြောလိုက်သည်နှင့်ချက်ချင်း မိုးခြိမ်းသံက နောက်တစ်ကြိမ် ထွက်ပေါ်လာသည်။ သို့သော်လည်း ဤတစ်ကြိမ်တွင် ယင်းက ပေါက်ကွဲသံမဟုတ်တော့ပေ။ ယင်းအစား အက်ကွဲသံဖြစ်သည်။
ပုံမှန်ပြန်ဖြစ်သွားသော ကောင်းကင်က တစ်စုံတစ်ခု၏ အကိုက်ခံလိုက်ရသည့်အလား ယင်းပေါ်မှာ အက်ကွဲကြောင်းတစ်ခု ထွက်ပေါ်လာသည်။
ထို့နောက် အက်ကွဲသံများက ဆက်လက် ပျံ့လွင့်သွားသည့်အခါ အက်ကွဲကြောင်းက တဖြည်းဖြည်း ပိုကြီးမားလာသည်။
အားညိုက နှလုံးခုန်မြန်လာသည်။
ချက်ချင်းဆိုသလို သူက မျက်လုံးပြူးကျယ်သွားပြီး သူ၏ မျက်လုံးထဲမှာ မယုံကြည်နိုင်မှုဖြင့် ပြည့်နှက်သွားသည်။ သူက အက်ကွဲကြောင်းမှတဆင့် အပြင်ဘက်မှ ကြယ်အလင်းရောင်ကို မြင်တွေ့သွားသည်။
အဆုံးမဲ့သော ကြယ်အလင်းရောင်က အရွယ်အစားကြီးမားသော ကောင်းကင်ဘုံသူတော်စင်နွယ်ပင်ကို ဝန်းရံထားသည်။
ထိုနွယ်ပင်၏ သစ်ရွက်များက ဆန့်တန်းထွက်လာကြပြီး ကောင်းကင်ပေါ်ရှိ အက်ကွဲကြောင်းမှတဆင့် အထဲသို့ နဂါးတစ်ကောင်ပမာ တွားသွားဝင်လာကြသည်။
ထိုမြင်ကွင်းက ကြီးကျယ်ခမ်းနားပြီး အံ့ဖွယ်ကောင်းသည်။
ပိုပြီးအံ့ဖွယ်ကောင်းသည်မှာ ဧရာမနွယ်ပင်ပေါ်တွင် လူတစ်ယောက်က မတ်တတ်ရပ်နေသည်။
ထိုလူ၏ ဆံပင်ရှည်က လေထဲမှာ တဖျပ်ဖျပ်လှုပ်ခတ်နေပြီး သူ၏ အနီရောင်ဝတ်စုံက လေထဲမှာ လွင့်မျောနေသည်။ သူက ရွှယ်ချန်းဇီအသွင် ရုပ်ဖျက်ထားသော ရွှီချင်းမှလွဲ၍ တခြားလူမဟုတ်ပေ။
သူထွက်ပေါ်လာသည့်အခိုက် ကောင်းကင်ဘုံသူတော်စင်နွယ်ပင်၏ ကြယ်အလင်းရောင်က အရာအားလုံးကို ထွန်းလင်းပေးလိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါနှင့်အတူ ၎င်းက ဤနေရာကို ဖိနှိပ်လိုက်သည်။
ကောင်းကင်က အက်ကွဲသွားသောကြောင့် ဤနေရာမှ ချိပ်တံဆိပ်စွမ်းအားသည်လည်း စတင်ပျက်ပြယ်သွားသည်။ သို့ဖြစ်၍ ရွှီချင်း၏ အရှိန်အဝါအောက်မှာ အားညို၏ ဘေးပတ်ပတ်လည်မှ မရေမတွက်နိုင်သော လောက်ကောင်များက မုန်တိုင်းတစ်ခုဖြင့် ရိုက်ခတ်ခံလိုက်ရသည့်အလား အဝေးသို့ လွင့်စင်သွားကြသည်။
ပုံဆိုးပန်းဆိုးဖြစ်နေသော အားညိုသည်သာ နေရာမှာ ရပ်နေသည်။ သူက နတ်ဘုရားတစ်ပါးနှင့် ဆင်တူသော ရွှီချင်းကို ပါးစပ်အဟောင်းသားဖြင့် စိုက်ကြည့်နေသည်။
ထို့နောက် သူက မြန်ဆန်စွာ အသိပြန်ဝင်လာသည်။ သူက ရင်ကော့လိုက်ပြီး ဂုဏ်ယူဝင့်ကြွားစွာ ပြောသည်။
“ ဂျူနီယာညီလေး… မင်း ခြေတစ်လှမ်း နောက်ကျသွားတယ်… ဒီကြယ်ဂြိုလ်ကို မင်းရဲ့ စီနီယာအကိုကြီးက သိမ်းပိုက်ပြီးပြီ ”
တစ်ချိန်တည်းမှာ ကြယ်တာရာကောင်းကင်ထဲတွင် ဧကရီသည်လည်း ရွေ့လျားနေသည်။ သူက ရွှီချင်းနှင့် အနည်းငယ် ခြားနားသည်။
သူက ရိုးရှင်းစွာ လမ်းလျှောက်နေသည်။ သူ၏ အရှေ့မှ မှတ်ဉာဏ်လောကများသည်တော့ ဧကရီက အနားသို့ ချဉ်းကပ်သွားသည်နှင့် ၎င်းတို့က တုန်ယင်သွားကြသည်။ နောက်ဆုံးမှာတော့ ၎င်းတို့က တိတ်တဆိတ် ပြိုကွဲပျက်စီးသွားပြီး အလင်းမှုန်များအဖြစ် ပြောင်းလဲသွားကြသည်။
ဧကရီသည်တော့ သူက လမ်းကြောင်းကို ကြိုတင်သတ်မှတ်ထားဟန် ရ၏။ ထို့ကြောင့် သူက ဦးတည်ရာတစ်ခုတည်းသို့ လမ်းလျှောက်သွားနေသည်။
မကြာမီ အလွန်ထူးခြားသော မှတ်ဉာဏ်အပိုင်းအစတစ်ခုက သူ၏ မျက်လုံးထဲမှာ ပုံရိပ်ပြန်လာသည်။
သူက အနားသို့ ချဉ်းကပ်သွားသော်လည်း ထိုမှတ်ဉာဏ်အပိုင်းအစက မပျက်စီးသွားပေ။
ထိုမှတ်ဉာဏ်လောကက မည်းမှောင်နေပြီး သေခြင်းအရှိန်အဝါဖြင့် ပြည့်နှက်နေသည်။
ထိုနေရာတွင် မိုးရွာနေသည်။