← Chapters

အခန်း (၃၆၂)

Vol. 25 Ch. 362

အခန်း (၃၆၂)

Vol. 25 Ch. 362

"သေစမ်း"

လူလတ်ပိုင်း ကျင့်ကြံသူ၏ နှုတ်ဖျားမှ သတိပေးသံ မဆုံးခင်မှာပင် ကျန်းချန်၏ လက်ထဲမှ ယန်လုံဓားသည် လျှပ်စီးလက်သလို လှုပ်ရှားသွားသည်။

ဓားချက်က တစ်ချက်တည်းသာ ဖြစ်သော်လည်း စတုတ္ထညီနောင်၏ ဓားအလင်းကို ထိုးဖောက်ကာ လည်ပင်းကို စိုက်ဝင်သွားခဲ့သည်။

နီစွေးသောသွေးများက လေထဲသို့ ပန်းထွက်လာပြီးနောက်တွင် စတုတ္ထ ညီနောင်သည် မြေပြင်ပေါ်တွင် အသက်မဲ့စွာ လဲလျောင်းသွားခဲ့၏။

"ဒါ.. ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ"

သွေးအိုင်ထဲသို့ လဲကျသွားသော စတုတ္ထ ညီနောင်ကို မြင်လျှင် ခေါင်းတုံးပြောင်နှင့်လူသည် မျက်လုံးများ ပြူးကျယ်ကာ ပါးစပ်ပင် အဟောင်းသား ဖြစ်သွားသည်။

ထိုအချိန်တွင် ခေါင်းတုံးပြောင်နှင့်လူသည် သူ့မျက်လုံးကိုပင် မယုံကြည်နိုင်တော့ချေ။

စတုတ္ထမြောက်ညီနောင်သည် မကြာသေးမီကမှ သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ်အဆင့်ကို ကျော်လွန်ခဲ့သည် ဆိုသော်ငြားလည်း စစ်မှန်သော သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။

ဆိုရလျှင် ဆယ်ကျော်သက် ကောင်လေး တစ်ယောက်က ဓားချက် တစ်ချက်တည်းဖြင့် သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ်အဆင့် ကျင့်ကြံသူ တစ်ယောက်ကို သတ်နိုင်သည်မှာ မည်သို့မျှ မဖြစ်နိုင်သော ကိစ္စတစ်ရပ်ပင် မဟုတ်လော။

ဤသည်က မည်သို့မျှ မယုံကြည်နိုင်လောက်အောင်ပင် သောက်ရမ်း ကြမ်းတမ်းသော ကိစ္စတစ်ရပ်ပေတည်း။

"ကောင်လေး..မင်းမှာ အရည်အချင်း နည်းနည်းပါးပါး ရှိမယ်လို့ ငါ မထင်ထားမိဘူး....မင်း ဒီလောက်ထိ မောက်မာနေတာ အံ့သြစရာ မဟုတ်တော့ပါဘူး"

"ဒါပေမဲ့ ငါ့ရှေ့မှာ ငါ့ညီနောင်ကို သတ်ရဲမှတော့ ဒီနေ့ မင်းကို သေအောင် သတ်ပစ်မယ်"

ခေါင်းတုံးပြောင်နှင့်လူက ကြုံးဝါးလိုက်သည်။

သူ့တစ်ကိုယ်လုံးမှ လူသတ်အရှိန်အဝါများ တဟုန်းဟုန်း ထွက်ပေါ်လာခဲ့၏။

"ဒီကောင်လေးက သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ် ပထမအဆင့်မှာပဲ ရှိပေမဲ့ သူ့ဓားကွက်က အရမ်း ကြောက်ဖို့ကောင်းတယ်.. အစောပိုင်းတုန်းက မျက်လုံးသုံးလုံး အစိမ်းရောင် မြေခွေးကို ဓားတစ်ချက်တည်းနဲ့ သတ်သွားခဲ့တယ်"

ခေါင်းတုံးပြောင်နှင့်လူက ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ရန် ပြင်နေသည်ကို မြင်လျှင် တတိယညီနောင် ဖြစ်သည့် လူလတ်ပိုင်း အရွယ် ကျင့်ကြံသူသည် အလျင်အမြန် သတိပေးရုံမှလွဲ၍ ဘာမှ မတတ်နိုင်ချေ။

"ဟမ့်..ငါတို့က မျက်လုံးသုံးလုံး အစိမ်းရောင် မြေခွေးကို မသတ်ခဲ့ပေမဲ့ မျက်လုံးသုံးလုံး အစိမ်းရောင်မြေခွေးရဲ့ အင်အား အများစုကို ဆုံးရှုံးအောင် လုပ်နိုင်ခဲ့တယ်.. ဒီလိုမှမဟုတ်ရင် ဒီကောင်က ဓားချက် တစ်ချက်တည်းနဲ့ ဘယ်လိုလုပ်ပြီး သတ်နိုင်မှာလဲ"

"ဒါ့အပြင် သူက သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ် ပထမအဆင့်မှာပဲ ရှိပါသေးတယ်.. ငါ သူ့ကို မနိုင်ဘူးလို့ လုံးဝ မယုံဘူး"

ခေါင်းတုံးပြောင်နှင့်လူက မထီမဲ့မြင် လှောင်ရယ်လိုက်၏။

ဤကောင်လေးသည် ဆယ်ကျော်သက်အရွယ်မှာပင် သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ်ကို ထိုးဖောက်နိုင်ခဲ့၍ အလွန်ထူးခြားသော ပါရမီရှင် တစ်ယောက်ဆိုသည်ကိုမူ ဝန်ခံရပေမည်။

သို့သော် မည်မျှပင် ပါရမီရှိစေကာမူ ဖန်လုံအိမ်ထဲမှ ပန်းလေး တစ်ပွင့်သာ ဖြစ်၏။

သူကမူ တိုက်ခိုက်ရေး အတွေ့အကြုံများစွာရှိသော ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး လူငယ် ပါရမီရှင်များကိုပင် သတ်ခဲ့ဖူးသည်။

ထို့အပြင် သူ့ရှေ့မှ ကောင်လေးသည် သဘာဝစွမ်းအားဖွင့်ခြင်း တတိယအဆင့်ထက် နှစ်ဆင့် နိမ့်သော သဘာဝစွမ်းအားဖွင့်ခြင်း ပထမအဆင့်မှာသာ ရှိသေးသည်။

ဤအဆင့်လောက်က ဘယ်လိုလုပ်ပြီး သူ၏ ပြိုင်ဘက် ဖြစ်လာနိုင်ပါမည်နည်း။

ခေါင်းတုံးပြောင်နှင့်လူက စိုးရိမ်နေသော လူလတ်ပိုင်း အရွယ် ကျင့်ကြံသူ၏ အကြည့်ကို လျစ်လျူရှုလိုက်သည်။

ထို့နောက်တွင် သူက အေးစက်တောက်ပသော ဧရာမတူ တစ်လက်ကို တစ်ခါတည်း ထုတ်ယူကာ ချက်ချင်းဆိုသလို ကျန်းချန် ရှေ့တွင် ပေါ်လာခဲ့သည်။

"ကောင်လေး... သွားသေလိုက်တော့"

ခေါင်းတုံး​ပြောင်နှင့်လူက ကြမ်းတမ်းစွာ အော်ဟစ်လိုက်သည်။

ကြောက်စရာကောင်းသည့် အင်အားများ ပါဝင်သည့် ဧရာမတူသည် မိုးကြိုးလို အရှိန်ဖြင့် ကျန်းချန်၏ ခေါင်းကို ရိုက်ခွဲလိုက်သည်။

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးပြီး တည်နေရာ ရွှေ့လိုက်သကဲ့သို့ ပေတော်တော်များများ နောက်ထိ လျှပ်တစ်ပြက် ရွေ့လျားကာ ခေါင်းတုံးပြောင်နှင့်လူ၏ မိုးကြိုးတူကို ပေါ့ပေါ့ပါးပါး ရှောင်တိမ်းလိုက်သည်။

"ဒီကောင်လေး... အရှိန်အဟုန် မြန်လှချည်လား"

ကျန်းချန်က သူ့ တူရိုက်ချက်ကို ပေါ့ပေါ့ပါးပါး ရှောင်တိမ်းလိုက်သည်ကို မြင်လျှင် ခေါင်းတုံးပြောင်နှင့်လူ၏ မျက်လုံးသည် ကျဉ်းမြောင်းသွားပြီး မျက်နှာ တစ်ခုလုံး မည်းမှောင်သွားခဲ့သည်။

"ကောင်လေး.. မင်း ခုလေးတင် မောက်မာနေတာ မဟုတ်လား"

"မင်းပြောတော့ မျက်လုံးသုံးလုံး အစိမ်းရောင် မြေခွေးကို မင်း ဖမ်းခဲ့တာဆို"

"မင်း အဲဒီလောက်ထိ အစွမ်းအစရှိရင် မပုန်းရှောင်သင့်ဘူး"

ခေါင်းတုံးပြောင်နှင့်လူက ကဲ့ရဲ့ကာ ကျန်းချန်၏ စိတ်ကို ဆွလိုက်၏။

"ဟားဟား... ပုန်းရှောင်တယ် ဟုတ်လား.. မင်းလိုကောင်ကို ငါက ပုန်းဖို့ လိုအပ်တယ်လို့ ထင်နေတာလား"

"ငါက ဓားချက် တစ်ချက်တည်းနဲ့ မျက်လုံးသုံးလုံး အစိမ်းရောင် မြေခွေးကို သတ်နိုင်မှတော့ မင်းကိုလည်း ဓားချက် တစ်ချက်တည်းနဲ့ သတ်နိုင်တယ်"

"ရိုးရိုးသားသား ပြောရရင် ငါ့မျက်လုံးထဲမှာ မင်းက မျက်လုံးသုံးလုံး အစိမ်းရောင် မြေခွေးလောက်တောင်တောင် အစွမ်းအစ မရှိဘူး"

ကျန်းချန်က စကားဆုံးသည်နှင့် သူ့လက်ထဲက ယန်လုံဓားကို ဝှေ့ယမ်း၍ ဓားဆန္ဒကို ထုတ်ဖော်ကာ ခေါင်းတုံးပြောင်နှင့်လူကို လှုပ်မရအောင် ဖိနှိပ်လိုက်သည်။

ထိုခဏတွင် ခေါင်းတုံးပြောင်နှင့်လူသည် ကြောက်စရာကောင်းသော ဖိနှိပ်မှုတစ်ခုက သူ၏ စိတ်အာရုံ တစ်ခုလုံးကို ချက်ချင်းပင် လွှမ်းမိုးသွားသလို ခံစားလိုက်ရ၏။

အခန်း(၃၆၂) ပြီး၏

All Chapters