← Chapters

အခန်း (၃၆၃)

Vol. 25 Ch. 363

အခန်း (၃၆၃)

Vol. 25 Ch. 363

ကျန်းချန်ရဲ့ နက်နဲပြီး ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါ ဖိအားအောက်မှာ ခေါင်းတုံးပြောင်နှင့်လူသည် သူ့ခန္ဓာကိုယ်က သူ့အတွက် မဟုတ်တော့သည့်အလား ခံစားလိုက်ရပြီး တစ်လက်မမျှပင် မရွေ့လျားနိုင်တော့ပေ။

"မင်း... မင်း ဘယ်လို ဓားသိုင်းကို သုံးလိုက်တာလဲ"

ခေါင်းတုံးပြောင်နှင့်လူသည် ထိတ်လန့်တုန်လှုပ်စွာ မေးလိုက်သည်။

သဘာဝစွမ်းအားဖွင့်ခြင်းနယ်ပယ် တတိယအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သည့် သူသည် ကျန်းချန်၏ နက်နဲသော အရှိန်အဝါ ဖိအားအောက်တွင် ရွေ့လျားနိုင်စွမ်းပင် မရှိတောချေ။

ဤအချိန်တွင် ကျန်းချန်ကသာ ဓားဖြင့် ခုတ်လိုက်လျှင် သူက ပြန်လည် ခုခံနိုင်စွမ်းပင် ရှိပါမည်လော။

ခေါင်းတုံးပြောင်နှင့်လူ၏ နှလုံးသားထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်သွားပြီး မျက်နှာတစ်ခုလုံး ချက်ချင်း ဖြူဖျော့သွား၏။

သူ့ရှေ့မှ ကောင်လေးသည် မည်ကဲ့သို့သော မွန်းစတားမျိုးနည်း။

ကျန်းချန်က အေးစက်စက် ပြုံးလိုက်သည်။

ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပါယ်သည် မည်သည့် ကိုယ်ခံပညာကိုမဆို လွှမ်းမိုးနိုင်သည်။

အားအကောင်းဆုံး အရာမှာ ရန်သူ့ရဲ့ စိတ်ဝိညာဉ်ကို ထိခိုက်စေနိုင်ခြင်းပင် ဖြစ်၏။

ကျန်းချန်သည် ခေါင်းတုံးပြောင်နှင့်လူကို လှုပ်မရစေရန် ဓားဆန္ဒကို အသုံးပြုခဲ့သည်။

တကယ်တမ်းတွင် သူသည် ခေါင်းတုံးပြောင်နှင့်လူ၏ စိတ်ပိုင်းဆိုင်ရာ အသိစိတ်ကို ထိခိုက်စေကာ မရွေ့လျားနိုင်တော့ဟု ထင်ယောင်ထင်မှား ဖြစ်စေခဲ့ခြင်းပင်။

"ငါ့ဓားသိုင်းက မင်းကို သတ်နိုင်တဲ့ ဓားသိုင်းပဲ"

ကျန်းချန်က ခနဲ့လိုက်သည်။

ထို့နောက်တွင် ယန်လုံဓား၏ ထက်ရှသော ဓားအရှိန်အဝါသည် ခေါင်းတုံးပြောင်နှင့်လူ၏ လည်ချောင်းဆီသို့ တိုက်ရိုက် ရောက်လာခဲ့၏။

"မဖြစ်နိုင်ဘူး"

ခေါင်းတုံးပြောင်လူ၏ မျက်နှာသည် ရုတ်တရက် ကြောက်ရွံ့မှုများ ပြည့်နှက်သွားသည်။

သေခြင်းတရား၏ ခြိမ်းခြောက်မှုအောက်တွင် ခေါင်းတုံးပြောင်နှင့်လူသည် သူ၏ ခွန်အား အလုံးစုံကို ထုတ်သုံးလိုက်၏။

နောက်ဆုံးတွင် သူသည် ကျန်းချန်၏ ဓားဆန္ဒ ဖိအားမှ လွတ်မြောက်သွားခဲ့သည်။

ကံဆိုးစွာဖြင့် အရာအားလုံးသည် အလွန် နောက်ကျသွားခဲ့ချေပြီ။

ခေါင်းတုံးပြောင်နှင့်လူသည် ဓားဆန္ဒ၏ ထိန်းချုပ်မှုမှ လွတ်မြောက်လာသော အချိန်မှာပင် ကျန်းချန်၏ ဓားအရှိန်အဝါသည် လေထုကို ဖြတ်သန်းကာ ခေါင်းတုံးပြောင်နှင့်လူ၏ လည်ချောင်းကို ဖောက်ထွင်းသွားခဲ့၏။

ခေါင်းတုံးပြောင်နှင့်လူသည် မယုံကြည်နိုင်စွာဖြင့် မျက်လုံးများ ပြူးကျယ်ကာ အဆုံးသတ်တွင် မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။

ကျန်းချန်က ဓားချက်တစ်ချက်တည်းဖြင့် ခေါင်းတုံးပြောင်နှင့်လူကို လွယ်လွယ်ကူကူပင် ဖြေရှင်းလိုက်သည်။

ထို့နောက်တွင် ကျန်းချန်သည် ဆန့်ကျင်ဘက်မှ ကျင့်ကြံသူများကို မော့ကြည့်ကာ မထီမဲ့မြင် မေးလိုက်သည်။

"မင်းတို့ရော ငါ့ဆီကနေ မျက်လုံးသုံးလုံး အစိမ်းရောင် မြေခွေးကို လုယူချင်သေးလား"

"မျက်လုံးသုံးလုံး အစိမ်းရောင် မြေခွေးကို အစကတည်းက မင်းသတ်ခဲ့တာပါ.. ဒါကြောင့် မင်းရဲ့သားကောင်ဆိုတာ သဘာဝကျပါတယ်.. ငါ.. ငါတို့ အခုပဲ ထွက်သွားပါတော့မယ်"

သူတို့ ညီနောင်တွေထဲတွင် အားအကောင်းဆုံး ဖြစ်သည့် ခေါင်းတုံးပြောင်နှင့်လူပင် ကျန်းချန်၏ သတ်ဖြတ်ခြင်းခံလိုက်ရသည်ကို သူတို့မြင်ခဲ့ရသည်။

ဤအချိန်တွင် တတိယညီနောင်ဖြစ်သည့် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူသည် မျက်လုံးသုံးလုံး အစိမ်းရောင် မြေခွေးအတွက် ကျန်းချန်နှင့် မည်ကဲ့သို့ ရဲရဲတင်းတင်း ယှဥ်ပြိုင်ဝံ့ပါမည်နည်း။

သူက ကြောက်လန့်တကြားဖြင့် ကျန်းချန်ကို ပြောလိုက်ကာ နောက်ဆုံးတွင် ကျန်ရှိနေသော ကျင့်ကြံသူ အနည်းငယ်နှင့်အတူ ထွက်ခွာသွားခဲ့သည်။

ကျင့်ကြံသူများ ထွက်ခွာသွားပြီးနောက်တွင် ကျန်းချန်သည် မျက်လုံးသုံးလုံး အစိမ်းရောင် မြေခွေး၏ အလောင်းဆီသို့ လျှောက်သွားလိုက်ပြီး လိုအပ်သည့် အရာများကို စတင် စုဆောင်းလိုက်၏။

သို့သော် ကျန်းချန်က မျက်လုံးသုံးလုံး အစိမ်းရောင် မြေခွေး၏ အတွင်းကလီစာ နှင့် တတိယ မျက်လုံးကို ဖယ်ရှားပြီးသောအချိန်မှာပင် ရုတ်တရက် စကားပြောသံ တစ်သံသည် ကျန်းချန်၏ နောက်မှ ထွက်ပေါ်လာသည်။

"ဆရာမို.. ငါတို့ရရှိထားတဲ့ သတင်းအရဆိုရင် မျက်လုံးသုံးလုံး အစိမ်းရောင် မြေခွေးက အရှေ့က သစ်တောထဲမှာ ရှိလိမ့်မယ်"

"အင်း... ငါတို့က အဲဒီ အပျက်အစီးထဲကို ဝင်ရောက်ဖို့ မျက်လုံးသုံးလုံး အစိမ်းရောင် မြေခွေးရဲ့ တတိယ မျက်လုံးကို တကယ်ပဲ လိုအပ်တယ်"

"ဟားဟား... မစိုးရိမ်ပါနဲ့ ဆရာမို.. ငါတို့ ညီအစ်ကို ဒီနေရာမှာ ရှိနေသ၍ မျက်လုံးသုံးလုံး အစိမ်းရောင် မြေခွေးက ငါတို့ လက်ထဲကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး "

ကျန်းချန်က ခဏမျှ အံ့အားသင့်သွားသည်။

သူက ခေါင်းကို လှည့်၍ နောက်သို့ ကြည့်လိုက်သောအခါ ပုံရိပ် လေးခုသည် သူ၏ မြင်ကွင်းထဲတွင် ဖြည်းဖြည်းချင်း ပေါ်လာခဲ့သည်။

လေးယောက်ထဲတွင် ခေါင်းဆောင်ဖြစ်ဟန်တူသည့်သူမှာ ခံ့ညားထည်ဝါသော ပိုးထည်ဝတ်ရုံကို ဝတ်ဆင်ထားသော လူငယ်တစ်ယောက် ဖြစ်ပြီး သူ၏ ဘေးတွင် အနက်ရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော အသက် ခြောက်ဆယ်အရွယ် အဘိုးကြီး တစ်ယောက်လည်း ရှိသည်။

သူတို့ နှစ်ယောက်၏ နောက်တွင် အနည်းငယ် ရုပ်ရည် ဆင်တူသော လူလတ်ပိုင်းအရွယ် ကျင့်ကြံသူ နှစ်ယောက် ရှိ၏

"ကျန်းချန်.. ဒီလူတွေက မျက်လုံးသုံးလုံး အစိမ်းရောင် မြေခွေးအတွက် ရောက်လာတဲ့ပုံပဲ"

ရုတ်တရက် ပေါ်လာသော လေးယောက် အုပ်စုကို မြင်လျှင် ချိုးလော်လန်၏ လှပသော မျက်နှာလေးသည် အနည်းငယ် ပြောင်းလဲသွားသည်။

"သူတို့ကို မစိုးရိမ်ပါနဲ့.. ငါတို့ သွားကြစို့"

ကျန်းချန်က ပေါ့ပေါ့ပါးပါး ပြောကာ ချိုးလော်လန်နှင့် အတူ ထွက်ခွာသွားလိုက်သည်။

"ကောင်လေး... အဲဒီမှာ ရပ်လိုက်စမ်း"

ကျန်းချန်တို့ နှစ်ယောက် ခြေလှမ်း နှစ်လှမ်းလောက်သာ လှမ်းရသေးသောအချိန်မှာပင် ဒေါသတကြီး ဟန့်တားလိုက်သော အော်ဟစ်သံတစ်သံသည် သူတို့၏ နောက်ကနေ ချက်ချင်းဆိုသလို ပေါက်ကွဲထွက်လာခဲ့သည်။

အခန်း(၃၆၃) ပြီး၏

All Chapters