← Chapters

အခန်း (၃၆၄)

Vol. 25 Ch. 364

အခန်း (၃၆၄)

Vol. 25 Ch. 364

ကျန်းချန်က အသံလာရာဆီသို့ လှည့်ကြည့်လိုက်သောအခါလူလတ်ပိုင်းအရွယ် ကျင့်ကြံသူတစ်ယောက်က သူ့အား ရန်လိုသော မျက်လုံးများဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။

မကောင်းဆိုးဝါးတစ်ကောင်၏ မျက်နှာပေးမျိုးရှိသည့်လူလတ်ပိုင်းအရွယ် ကျင့်ကြံသူကို ကြည့်ကာ ကျန်းချန်သည် သူ့ကိုယ်သူ လက်ညှိုးထိုးပြီး တည်ကြည်စွာ မေးလိုက်သည်။

"မင်း ငါ့ကို ခေါ်နေတာလား"

"အဓိပ္ပါယ် မရှိတာတွေ.. ဒီနေရာမှာ တခြား ဘယ်သူမှ မရှိဘူး.. မင်းကို မခေါ်ရင် ဘယ်သူ့ကို ခေါ်ရမှာလဲ"

လူလတ်ပိုင်းအရွယ် ကျင့်ကြံသူက ကောင်းမွန်သော လေသံဖြင့် မပြောဆိုပေ။

ကျန်းချန်က မဲ့ပြုံးပြုံး၍ ပြန်ပြောလိုက်သည်။

"မင်း နောက်ကပါလာတဲ့ လူသုံးယောက်ကရော လူသားတွေ မဟုတ်ဘူးလား"

"မင်း"

လူလတ်ပိုင်းအရွယ် ကျင့်ကြံသူသည် သူ၏ အဆုတ်ထဲတွင် ပေါက်ကွဲတော့မည့်အလား ခံစားလိုက်ရသည်။

သူက သတ်ဖြတ်လိုသော လေသံဖြင့် အော်ဟစ်လိုက်သည်။

"ကောင်လေး.. ငါမင်းနဲ့ အဓိပ္ပါယ်မဲ့ စကားတွေ ပြောဆိုဖို့ စိတ်မဝင်စားဘူး.. မင်းကို မေးမယ်.. မင်းက ဒီမျက်လုံးသုံးလုံး အစိမ်းရောင် မြေခွေးကို သတ်ဖြတ်ခဲ့တာလား"

"မင်းမေးတိုင်း ဖြေပေးရအောင် မင်းက ဘာကောင်မို့လဲ"

ကျန်းချန်က ခပ်ပြတ်ပြတ် ပြောလိုက်သည်။

"ကောင်လေး.. မျက်လုံးသုံးလုံး အစိမ်းရောင် မြေခွေးရဲ့ အတွင်းကလီစာနဲ့ တတိယ မျက်လုံးကို ထုတ်ယူထားတာ မကြာသေးတဲ့ပုံပဲ"

"ငါ ခန့်မှန်းချက်မမှားရင် ဒီအရာ နှစ်ခုက မင်းလက်ထဲမှာ ရှိမယ်ထင်တယ်"

"ငါတို့က မျက်လုံးသုံးလုံး အစိမ်းရောင် မြေခွေးရဲ့ တတိယ မျက်လုံးကို ရရှိဖို့ လိုအပ်နေတယ်.. အခြေအနေကို နားလည်ရင် မျက်လုံးသုံးလုံး အစိမ်းရောင် မြေခွေးရဲ့ တတိယ မျက်လုံးကို ငါတို့ဆီ ပေးလိုက်ပါ"

ဤအချိန်တွင် အသက်အနည်းငယ် ပိုကြီးသော လူလတ်ပိုင်းအရွယ် ကျင့်ကြံသူ တစ်ယောက်က ရှေ့သို့ လှမ်းတက်ကာ ကျန်းချန်ကို ပြုံး၍ ပြောလိုက်သည်။

"ဟားဟား.. လွန်ခဲ့သော မိနစ် အနည်းငယ်ခန့်ကလည်း ငါ့ကို ဒီလိုမျိုး ပြောဆိုခဲ့ဖူးတယ်"

"အဲဒီလူတွေက အခုတော့ အေးစက်တဲ့ အလောင်းတွေ ဖြစ်သွားတာ စိတ်မကောင်းစရာပဲ"

ကျန်းချန်၏ နှုတ်ခမ်းထောင့်တွင် အေးစက်စက် အပြုံးတစ်ခု ပေါ်လာသည်။

"မင်းအနေနဲ့ သူတို့လိုပဲ အဆုံးမသတ်ချင်ရင် ငါနဲ့ဝေးဝေးကို ထွက်သွားသင့်တယ်"

"သခင်လေး.. ဒီကောင်လေးရဲ့ ခွန်အားက အတော်လေး အားကောင်းတယ်"

ကျန်းချန်က လူလတ်ပိုင်းအရွယ် ကျင့်ကြံသူ နှစ်ယောက်နှင့် ရင်ဆိုင်နေသောအချိန်တွင် လေးယောက်အဖွဲ့ထဲမှ အဘိုးကြီးသည် သူ၏ ဘေးမှ ပိုးထည်ဝတ် လူငယ်ကို ခပ်တိုးတိုး ပြောဆိုလိုက်သည်။

"ငါ သိတယ်"

ပိုးထည်ဝတ် လူငယ်က ခေါင်းညိတ်လိုက်သည်။

သူက မြေပြင်ပေါ်မှ ခေါင်းတုံးပြောင်နှင့်လူ၏ အလောင်းကို စိုက်ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။

"သူ့ရဲ့ ဓားဆန္ဒအပေါ် နားလည်မှုက ငါ့ရဲ့ အောက်မှာ မရှိနိုင်ဘူး"

ဓားဆန္ဒ၏ အဓိပ္ပါယ်ကို နားလည်သည့် ဓားသမား တစ်ယောက် အနေဖြင့် ပိုးထည်ဝတ် လူငယ်သည် သာမန်လူများထက်ပင် ဓားဆန္ဒကို သဘာဝကျကျ ပိုမို ခံစားနိုင်သည်။

ခေါင်းတုံးပြောင်နှင့်လူက ဓားဆန္ဒပါသော ဓားချက်ဖြင့် သတ်ဖြတ်ခံခဲ့ရသည်ကို သူ ရှင်းရှင်းလင်းလင်း ခံစားမိခဲ့၏။

"ဟားဟား... ဘယ်လောက်တောင် မောက်မာလိုက်တဲ့ ကောင်လေးလဲ"

"ရှေးဟောင်းမြို့မှာ ထင်ရှားတဲ့ ငါတို့ ရှန်းမိသားစု ညီနောင်နှစ်ယောက်ကို မလေးမခန့် ပြောဆိုရဲတယ်.. မင်းလို သောင်ပြင်မှာလွှတ်တဲ့ခွေးက ငါတို့ ညီအစ်ကိုနဲ့ ဘယ်လို နှိုင်းယှဉ်နိုင်မှာလဲ"

"ဒီနေ့ မင်းအနေနဲ့ မျက်လုံးသုံးလုံး အစိမ်းရောင် မြေခွေးရဲ့ တတိယ မျက်လုံးကို မပေးရင် သေချာပေါက် သေဆုံးရမယ်"

ရှန်းရှုံးက ကျန်းချန်၏ မောက်မာသော အသံကို ကြားလျှင် ပြန်လည် လှောင်ပြောင်လိုက်သည်။

ရှန်းညီနောင်။

အကိုကြီး ရှန်းဟူ၊ ညီလေး ရှန်းရှုံး။

သူတို့ နှစ်ယောက်သည် ရှေးဟောင်းမြို့တွင် အတော်လေး လူသိများသော ရတနာ မုဆိုးများ ဖြစ်ပြီး နှစ်ယောက်စလုံးသည် သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ် စတုတ္ထအဆင့်ကို ရောက်ရှိနေပြီ ဖြစ်၏။

ထို့အပြင် သူတို့ နှစ်ယောက်သည် သဘာဝစွမ်းအားဖွင့်ခြင်း ပဉ္စမအဆင့် ကျင့်ကြံသူကို အနိုင်ယူရန် လုံလောက်သည့် ပေါင်းစပ် တိုက်ခိုက်မှုကိုလည်း လေ့ကျင့်ထားသည်။

သူတို့ နှစ်ယောက်၏ ခွန်အားနှင့်ဆိုလျှင် သူတို့ရှေ့မှ ကောင်လေးကို မျက်လုံးထဲပင် ထည့်စရာမလိုပေ။

ကျန်းချန်က ခံစားချက်ကင်းမဲ့စွာ ရပ်နေသည်။

သူက သူ၏ လက်ဖဝါးကို လှုပ်ရှားလိုက်သောအခါ မျက်လုံးသုံးလုံး အစိမ်းရောင် မြေခွေး၏ တတိယ မျက်လုံးသည် သူ၏ လက်ဖဝါးထဲတွင် ပေါ်လာသည်။

တစ်ချိန်တည်းမှာပင် သူ၏ မောက်မာသော အသံသည် လေထဲတွင် ချက်ချင်း ပျံ့လွင့်သွားခဲ့သည်။

"မျက်လုံးသုံးလုံး အစိမ်းရောင် မြေခွေးရဲ့ တတိယ မျက်လုံးက ဒီမှာပဲ.. မင်းတို့မှာ အစွမ်းအစ ရှိရင် လာရောက်ယူနိုင်တယ်"

"ဟမ့် မင်းက သေချင်နေမှတော့ ငါမင်းဆန္ဒကို ဖြည့်ဆည်းပေးမယ်"

ရှန်းမိသားစု၏ ရှန်းရှုံးသည် အေးစက်စက် ကဲ့ရဲ့လိုက်သည်။

ထို့နောက်တွင် သူ့ထံကနေ သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ် စတုတ္ထအဆင့်၏ အရှိန်အဝါသည် ချက်ချင်း ပျံ့နှံ့သွားသည်။

သို့သော် ရှန်းရှုံး တိုက်ခိုက်တော့မည့် အချိန်တွင် ထက်ရှသော အသံတစ်သံသည် သူ၏ နောက်မှ ရုတ်တရက် ထွက်ပေါ်လာ၏။

"ရှန်းရှုံး.. ရပ်တန့်လိုက်ပါ"

အခန်း(၃၆၄) ပြီး၏

All Chapters