← Chapters

အခန်း (၃၇၃)

Vol. 25 Ch. 373

အခန်း (၃၇၃)

Vol. 25 Ch. 373

“ကျန်းချန်...မင်း.. မင်း ဘာလုပ်ချင်တာလဲ”

သူ့ရှေ့မှ သွေးစုပ်ဖုတ်ကောင် ဆယ့်နှစ်ကောင်ကို ကြည့်ကာ ရှန်းရှုံးသည် ထိတ်လန့်သွားသည်။

သူက မသိစိတ်ကနေ ခြေလှမ်း အနည်းငယ် ဆုတ်လိုက်ပြီး ပါးစပ်မှလည်း အော်ဟစ်လိုက်၏။

ဤအချိန်တွင် ရှန်းရှုံးသည် ကျန်းချန်က ပျော့ပျောင်းသော သစ်တော်သီး မဟုတ်တော့ကြောင်းကို သဘောပေါက်လိုက်သည်။

သွေးစုပ်ဖုတ်ကောင်များကို ထိန်းချုပ်ထားသော ကျန်းချန်သည် သူတို့ အဖွဲ့ထဲတွင် အားအကောင်းဆုံး ဖြစ်လုနီးပါးပင် မဟုတ်ပါလော။

သိထားရမည်မှာ သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ်အဆင့် သွေးစုပ်ဖုတ်ကောင် တစ်ကောင်ချင်းစီသည် အလွန် ကိုင်တွယ်ရ ခက်ခဲသော သွေးစုပ်ဖုတ်ကောင်များ ဖြစ်နေခြင်းပင်။

ဤကောင်လေးက သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ်အဆင့် သွေးစုပ်ဖုတ်ကောင် ဆယ့်နှစ်ကောင်အား ထိန်းချုပ်ထားသည်ကို တွေးမိလျှင် ရှန်းရှုံးသည် ​ခြေဖျားလက်ဖျားများ အေးစက်သွားသည် အထိပင်။

“ဘာမှ မလုပ်ချင်ပါဘူး”

“ဒီ သွေးစုပ်ဖုတ်ကောင်တွေက အခု ငါရဲ့ ပစ္စည်းတွေ ဖြစ်တယ်ဆိုတာ မင်းကို သိစေချင်ရုံပါပဲ”

“မင်းရဲ့ နှလုံးသားထဲမှာ မကျေနပ်မှုပေါင်း တစ်သောင်းလောက် ရှိရင်တောင် ငါ့ရှေ့မှာ ဖိနှိပ်ထားရမယ်.. နားလည်လား”

ကျန်းချန်က ပေါ့ပါးစွာ ပြောလိုက်သည်။

“မင်း... မင်း..”

ကျန်းချန်၏ မောက်မာသော စကားများကို ကြားလျှင် ရှန်းရှုံးသည် ဒေါသထွက်ရလွန်း၍ စကားများပင် ထစ်နေခဲ့၏။

သို့သော် သွေးစုပ်ဖုတ်ကောင် ဆယ့်နှစ်ကောင်ကို ထိန်းချုပ်ထားသော ကျန်းချန်ကို ရင်ဆိုင်ရန် သူ့တွင် လုံလောက်သည့် သတ္တိ မရှိပေ။

သူက အုံ့မှိုင်းသော မျက်နှာထားဖြင့် မိုကျင့်ယွင်ကို ကြည့်လိုက်သည်။

"ဆရာမို.. ဒီကလေးက သွေးစုပ်ဖုတ်ကောင်တွေကို သူတစ်ယောက်တည်း အကုန် သိမ်းချင်နေတယ်.. မင်း တစ်ခုခု ပြောပေးပါဦး”

မိုကျင့်ယွင်နှင့် အခြားသူများက သူကဲ့သို့ပင် ဤသွေးစုပ်ဖုတ်ကောင်များကို လိုချင်ကြမည်ဟု သူတွေးမိခဲ့သည်။

“ဒီ သွေးစုပ်ဖုတ်ကောင်တွေကို ညီနောင် ကျန်းချန်က အနိုင်ယူခဲ့တာ.. ဘာလို့ ငါတို့ကို ဝေမျှဖို့ လိုအပ်မှာလဲ"

“အခု သွေးနတ်ဆိုး နန်းတော်ရဲ့ အပျက်အစီးထဲကို ဝင်ဖို့ အတားအဆီးတွေကို ရှင်းပြီးပြီ.. မင်းအနေနဲ့ အပျက်အစီးထဲမှာ ရှာဖွေချင်ရင် ဒီမှာ အချိန်မဖြုန်းပါနဲ့”

မိုကျင့်ယွင်က ပေါ့ပါးစွာ ပြောလိုက်ပြီး ရှေ့မှ အပျက်အစီး ဆီသို့ လျှောက်သွားလိုက်သည်။

မိုကျင့်ယွင်က သွေးစုပ်ဖုတ်ကောင်များကို မလိုချင်မှန်း သိသောအခါ ရှန်းရှုံး၏ မျက်လုံးတွင် မကျေနပ်သော အရိပ်အယောင်များ တောက်ပလာသည်။

“ညီလေး.. ထားလိုက်ပါ.. အပျက်အစီးထဲ ဝင်ပြီး ရှာဖွေဖို့က အရေးကြီးတယ်”

ရှန်းဟူကလည်း ဖျောင်းဖြလိုက်ပြီး မိုကျင့်ယွင်နှင့် အခြားသူများ နောက်သို့ အလျင်အမြန် လိုက်သွားခဲ့သည်။

ဤ သွေးနတ်ဆိုး နန်းတော် ဌာနခွဲသည် သိပ်မကျယ်ပေ။

တခဏအတွင်း ကျန်းချန်တို့သည် အပျက်အစီးနေရာကို လှည့်ပတ်၍ သွားခဲ့ကြသော်လည်း အဆောက်အအုံပျက်နှင့် အလောင်းများမှလွဲ၍ ဘာမျှ မရှိသလောက် ဖြစ်သည်။

“ငါတို့ ဘာအကျိုးအမြတ်မှ မရဘဲ လာခဲ့ရပုံပဲ.. ဒီ သွေးနတ်ဆိုးနန်းတော် ဌာနခွဲကို ဖျက်ဆီးတုန်းက ရတနာတွေကို ယူထုတ်သွားကြလို့ ဘာမှ မရှိသလောက် ဖြစ်သွားတယ် ထင်တယ်”

မိုကျင့်ယွင်က ရှေ့မှ အခြေအနေကို ကြည့်ပြီး ပြုံး၍ ပြောလိုက်သည်။

“ဟားဟား.. ဒါက အမှန် မဟုတ်သေးပါဘူး.. ဟိုမှာ ကြည့်လိုက်ပါ”

အဘိုးယွမ်က ခပ်ယဲ့ယဲ့ ပြုံးပြီး လက်ချောင်းဖြင့် ဘယ်ဘက်မှ ဦးတည်ရာဆီသို့ တိတိကျကျ ညွှန်ပြလိုက်သည်။

လူတိုင်းက ထိုနေရာကို ကြည့်လိုက်ရာ သူတို့၏ မြင်ကွင်းထဲတွင် သွေးနီရောင် ခန်းမတစ်ခုက ဝင်ရောက်လာခဲ့၏။

“ဒီခန်းမကို အစီအရင်နဲ့ အားဖြည့်ထားပြီး လုံးဝ ထိန်းသိမ်းထားတယ်.. ဒါက ဒီအပျက်အစီးထဲက တစ်ခုတည်းသော အဆောက်အအုံပဲ.. အထဲကို တစ်ချက်လောက် ဝင်ကြည့်လိုက်ကြရအောင်.. တစ်ခုခု ရနိုင်မယ်ထင်တယ်”

အဘိုးယွမ်၏ အိုမင်းသော မျက်လုံးများက တောက်ပလာသည်။

သူက သွေးခန်းမ ဆီသို့ ဦးဆောင်ကာ လျှောက်သွားခဲ့သည်။

သူတို့အုပ်စုက မကြာခင်မှာပင် သွေးခန်းမ၏ တံခါးဝဆီသို့ ရောက်ရှိလာ၏။

အဘိုးယွမ်သည် သွေးခန်းမကို ခဏမျှ အကဲခတ်ကြည့်ပြီးနောက် အစီအရင်ကို ဖျက်ဆီးရန် ကြိုးစားလိုက်သည်။

သူက အစီအရင် ဖျက်ဆီးသည့် နည်းလမ်း အနည်းငယ်ကို ကြိုးစားခဲ့သော်လည်း ခန်းမ တံခါးဝရှိ အစီအရင်ကို မဖျက်ဆီးနိုင်ခဲ့ပေ။

“အဘိုးယွမ် ဒီအစီအရင်ကို ဖျက်ဆီးနိုင်လား"

"ငါစမ်းကြည့်တာ အလုပ်မဖြစ်ဘူး"

"ဒါဆိုလည်း ကျွန်တော်တို့ အတင်းအကျပ်ပဲ ဝင်သွားကြတာပေါ့"

အဘိုးယွမ်က အစီအရင်ကို အချိန်အတော်ကြာသည်အထိ မဖျက်ဆီးနိုင်သည်ကို မြင်လျှင် ရှန်းရှုံးက စိတ်မရှည်စွာ ပြောလိုက်သည်။

သို့သော် ရှန်းရှုံး၏ စကားသံ မဆုံးခင်မှာပင် မထီမဲ့မြင် ခနဲ့သံ တစ်သံ ထွက်ပေါ်လာခဲ့သည်။

“သောက်ရူး... ဒီ ဆဋ္ဌမအဆင့် စကြဝဠာ သွေးမကောင်းဆိုးဝါး အစီအရင်ကို အတင်းအကျပ် ဖြတ်ကျော်လို့ရမယ်လို့ မင်း ထင်နေလား”

“မင်း သေချင်ရင်တော့ ကြိုးစားနိုင်တယ်.. ငါမင်းကို မတားဘူးလို့ ကတိပေးတယ်”

အခန်း(၃၇၃) ပြီး၏

All Chapters