← Chapters

ဝေဟင်သုံး အင်မော်တယ်စစ်သင်္ဘော

Vol. 76 Ch. 1129

ဝေဟင်သုံး အင်မော်တယ်စစ်သင်္ဘော

Vol. 76 Ch. 1129

စွန်းရုံက ဤကဲ့သို့ ဖြစ်လာမည်ဟု မမျှော်လင့်ခဲ့ပေ။

ရိုးသားစွာ ၀န်ခံရလျှင် သူမသည် ယာဥ်မောင်းအဖိုးကြီးလီကို အပြစ်မတင်ချေ။

ဤသည်က မက်ဆေ့ချ်ထဲတွင် ရှင်းရှင်းလင်းလင်း မဖော်ပြခဲ့သည့် သူမ၏ကြီးလေးသောအပြစ်သာ ဖြစ်သည်။

အဆုံးသတ်တွင် အဖိုးကြီးလီက နားလည်မှုလွဲကာ ခရုလေဒီစားသောက်ဆိုင်၏ မန်နေဂျာကို မမလေးစွန်းရုံ ရောက်လာတော့မည်ဟု အကြောင်းကြားလိုက်သည်။

ထိုအချိန်တွင် ဆိုင်မန်နေဂျာသည် အနှိပ်ခန်းသို့ ရောက်နေသော်လည်း အလွန်ကြောက်လန့်သဖြင့် ချက်ခြင်းပင် အလုပ်သို့ ပြန်လာခဲ့သည်။

ဆိုင်မန်နေဂျာက ၀န်ထမ်းအဖွဲ့ကို ဦးဆောင်ကာ တံခါး၀တွင် တလေးတစား အလေးပြုနေသဖြင့် စွန်းရုံက အတော်လေး အဆင်မပြေ ဖြစ်နေခဲ့သည်။

သို့ရာတွင် အမှန်တရားကမူ သူမ၏ သူငယ်ချင်းများအတွက် ဤအရာသည် ပုံမှန်ဖြစ်ရပ်သာ ဖြစ်သည်။

ဟွာကောရေတံခွန်လုပ်ငန်းစုက မည်မျှချမ်းသာမှန်း သူတို့ကောင်းစွာ သိထားကြသည်။

ထိုကဲ့သို့ လုပ်ငန်းစုအနေဖြင့် ပင်လယ်စာ စားသောက်ဆိုင် ဖွင့်နိုင်သည်မှာ ဘာမှမထူးဆန်းပေ။

ကမ္ဘာပေါ်တွင် အရသာရှိသော အစားအစာ အများအပြားရှိခဲ့သည်။

ဤမတိုင်ခင်က ကူရွှင်းကျစ်နှင့် ကျန်းရွမ်တို့သည် ကိုယ်ပိုင်ကိစ္စ အသီးသီးဖြင့် အလုပ်များနေခဲ့ကြပြီး ဂြိုလ်များအကြား အပြန်ပြန်အလှန်လှန် သွားလာခဲ့ကြသည်။

၎င်းတို့အတွက် အခြားဂြိုလ်မှ အစားအစာများကို ဖော်ပြရန်အတွက် တစ်ခုတည်းသော စကားလုံးမှာ ကြောက်စရာကောင်းသည် ဟူသော စကားလုံးသာ ဖြစ်သည်။

ထို့ကြောင့် သူတို့သည် ဗိုက်ဆာသောအခါတွင် အစာရှောင်ဆေးကိုသာ စားလေ့ရှိကြသည်။

ကမ္ဘာမြေပေါ်တွင် အဖွဲ့လိုက် နောက်ဆုံးစားသောက်ခဲ့ရသည့် အချိန်က ဘယ်အချိန်မှန်း ဆိုသည်ကိုပင် သူတို့ မမှတ်မိတော့ပေ။

ဤနှစ်ရက်အတွင်း သူတို့သည် အမှတ် ၆၀ အထက်

တန်းကျောင်း၏ ကန်တင်း၌ အဖွဲ့လိုက် စားသောက်ရသည့် အရသာကို အနည်းငယ်မျှ ရရှိခဲ့သည်။

၀မ်ကျန်းနှင့် လျူချင်းရီတို့နှင့် ပတ်သက်၍မူ ဘာမှပြောစရာမလိုအပ်ပေ။

ဒုက္ခပင်လယ်ဝေနေသည့် ဤစုံတွဲသည် ဗိုက်ကားအောင် စားနိုင်သ၍ မည်သူက ပိုက်ဆံရှင်းရှင်း အရေးမကြီးဟု သတ်မှတ်ထားကြသည်။

ချန်းချောင် နှင့် ကော်ဟောက်တို့ကလည်း ဟွာကောရေတံခွန်လုပ်ငန်းစုမှ ဆိုင်ဖြစ်နေသည်ကို စိတ်ထဲမထားကြပေ။

လူတိုင်းက အထူးတလည် ဂရုမစိုက်သည်ကို တွေ့လိုက်ရမှသာလျှင် စွန်းရုံက သက်ပြင်းချနိုင်ခဲ့သည်။

စွန်းရုံ "နင်တို့ စားချင်တာမှန်သမျှ မှာလိုက်.. ဘာမှမရှက်နဲ့.. ဒါတွေအားလုံးက ​ကျောင်းအုပ်ကြီး ၀ယ်ကျွေးတာပဲလေ"

"စွန်းရုံပြောတာ မှန်တယ်.. ငါတို့အနေနဲ့ မစားရင် ကျောင်းအုပ်ကြီးကို အားနာဖို့ သိပ်ကောင်းတယ်"

လီယိုယွဲ့က ပြောလိုက်သည်။

မိန်းကလေးတစ်ယောက် အနေဖြင့် စွန်းရုံ မည်ကဲ့သို့ တွေးတောနေသည်ကို သူမခန့်မှန်းမိသည်။

ထို့ကြောင့် စွန်းရုံ သက်သောင့်သက်သာ ဖြစ်စေရန် တမင်၀င်၍ ပြောလိုက်ခြင်း ဖြစ်၏။

ထိုအချိန်တွင် နံဘေးရှိ မန်နေဂျာက ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။

"လူကြီးမင်းတို့ရဲ့ နားလည်မှုအတွက် ကျေးဇူးတင်ပါတယ်.. ကျေးဇူးပြုပြီး ကျွန်တော်တို့က လူကြီးမင်း တို့ကို လျှော့စျေးပေးမှာပါ.. လူကြီးမင်းတို့ အတွက် ကျောင်းအုပ်ကြီးချန်းရဲ့ စေတနာကို အလဟဿ မဖြစ်စေရပါဘူး.. ကျွန်တော်တို့ရဲ့ အစားအသောက်တွေမှာ အလတ်ဆတ်ဆုံး ပါ၀င်ပစ္စည်းတွေ အသုံးပြုထားတာကို ယုံကြည်စိတ်ချနိုင်ပါတယ်.. ကျွန်တော်တို့ဆီမှာ ပင်လယ်ထဲကနေ စောနကမှ လတ်လတ်ဆတ်ဆတ် ဖမ်းဆီးထားတဲ့ ပင်လယ်ပြင် စိတ်ဝိညာဥ်သားရဲတစ်ကောင် ရှိပါတယ်"

"ပင်လယ်ထဲကနေ လတ်လတ်ဆတ်ဆတ် ဖမ်းထားတယ်.. ဟုတ်လား.. ဒီကိုဘယ်လိုလုပ်ပြီး ပို့လိုက်တာလဲ"

ချန်းချောင်က မေးခွန်းထုတ်လိုက်သည်။

"မီးဖိုချောင်မှာ တည်နေရာရွှေ့ပြောင်းတဲ့ အစီအရင်တစ်ခုရှိတယ်.. လူကြီးမင်းတို့ လေ့လာချင်တယ်ဆိုရင် အကာအကွယ် ၀တ်စုံ၀တ်ပြီး ၀င်ရောက် လေ့လာလို့ရပါတယ်"

မန်နေဂျာက ဖော်ရွေသောအပြုံးဖြင့် ဖိတ်ခေါ်လိုက်သည်။

ချန်းချောင်နှင့်ကော်ဟောက်တို့သည် အငြိမ်မနေတတ်သူများ ဖြစ်ကြသည်။

တစ်ယောက်က စပ်စုတတ်ပြီး နောက်တစ်ယောက်က အတင်းအဖျင်းပြောခြင်းကို ရူးသွပ်သူ ဖြစ်၏။

ထုံးစံအတိုင်းပင် သူတို့သည် မီးဖိုးချောင်ကို သွားရောက်လေ့လာနိုင်မည့် အခွင့်အရေးအား လက်လွတ်မခံလိုကြပေ။

ထို့အပြင် သူတို့သည် ပင်လယ်ပြင် စိတ်၀ိညာဥ်သားရဲတစ်ကောင်ကို တွေ့ရှိနိုင်မည် ဖြစ်၏။

ပျမ်းမျှအားဖြင့် ဤပင်လယ်ဘုရင် စိတ်၀ိညာဥ်သားရဲများသည် ရွှေအမြူတေအဆင့်တွင် ရှိကြပြီး ၎င်းတို့ကို ဖမ်းဆီးရန်အတွက် အထူးအင်မော်တယ် ပင်လယ်ရေယာဥ်တစ်စင်း လိုအပ်၏။

ထိုသားရဲ၏ အသားသည် မယုံနိုင်လောက်အောင် အရသာရှိသည်ဟု သူတို့ကြားဖူးသည်။

သို့ရာတွင် ပင်လယ်ဘုရင်စိတ်၀ိညာဥ်သားရဲကို စားသုံးရန်အတွက် ကျောင်းအုပ်ကြီးချန်း ပေးလိုက်သည့် HNY သုံးထောင်သည် သူတို့ ဆယ်ယောက်အတွက် လုံလောက်မည် မဟုတ်ပေ။

လီယိုယွဲ့က အစားအသောက်ကို မှာယူရန် တာ၀န်ယူခဲ့သည်။

၁၅ မိနစ်ခန့်အကြာတွင် နောက်ဖေးမီးဖိုချောင်ကနေ ပင်လယ်စာ ဆာရှိမိ၊အကင်များနှင့် အသားခါးပတ်များကို ယူဆောင်လာခဲ့သည်။

ထို့အပြင် ဟင်းပွဲများတွင် အသားပေါင်းများ၊ခေါက်ဆွဲကြော်နှင့် ဂျပန်စတိုင်လ် အစာသွပ် ထမင်းဆုပ်လုံးများလည်း ပါ၀င်၏။

စင်စစ် ဤနေရာရှိ အစားအသောက်သည် ပြင်ပမှ အစားအသောက်များနှင့် ကွဲပြားသည်။

အဓိကအားဖြင့် ဆန်နှင့်ခေါက်ဆွဲတို့ ပါ၀င်သော်လည်း ပင်လယ်စာ စားသောက်ဆိုင်အနေဖြင့် ခရုလေဒီ စားသောက်ဆိုင်သည် ပင်လယ်သားရဲများ၏ အစိတ်အပိုင်းများကို ပြုပြင်ပြီး ၎င်းတို့၏ ဆန်နှင့်ခေါက်ဆွဲ ကဲ့သို့ အဓိကအစားအစာများတွင် ပေါင်းစပ် ထည့်သွင်းထားသည်။

ထို့ကြောင့် တချို့သော ဟင်းပွဲများက ပင်လယ်စာဟင်းပွဲ မဟုတ်ဟု ထင်ရသော်လည်း တကယ်တမ်းတွင် ပင်လယ်စာများ ဖြစ်နေပါသေးသည်။

"အားလုံးပဲ စားလိုက်ရအောင်"

၀မ်ကျန်းက စိတ်မရှည်တော့ဘဲ ပြည်ကြီးငါးကင်ကို လှမ်းယူကာ ပါးစပ်ထဲသို့ ထိုးထည့်လိုက်သည်ှ။

သူ၏မျက်နှာက အလွန်ပင် ရွှင်မြူးနေခဲ့သည်။

ပင်လယ်စာအရသာက အလွန် စားကောင်းလွန်း၍ သူဘာမှ မပြောနိုင်တော့သည် အထိပင်။

ဤသည်မှာ အလတ်ဆတ်ဆုံး ပါ၀င်ပစ္စည်းများ၏ ပေါင်းစပ်မှုတစ်ခု ဖြစ်သည်။

စွန်းရုံ၏ ယာဥ်မောင်းဖြစ်သည့် အဖိုးကြီးလီသည် ခရုလေဒီစားသောက်ဆိုင်သို့ စွန်းရုံလာမည်ကို အကြောင်းကြားပြီးနောက်တွင် မြို့လည်ရှိဆိုင်မှ စားဖိုမှူးများကို ဤဆိုင်သို့စေလွှတ်ထားခဲ့ခြင်း ဖြစ်ရာ ၎င်းတို့၏ ကျွမ်းကျင်မှုမှာ မေးခွန်း ထုတ်စရာပင် မလိုပေ။

ပင်လယ်စာကို ဆယ်ပွဲကျော်လောက် စားခဲ့ကြသော်လည်း ယောကျာ်းလေးများသည် ဗိုက်မပြည့်ခဲ့ပေ။

ကျင့်ကြံသူများသည် စွမ်းရည် ပိုမိုသုံးစွဲရလေ့ ရှိသောကြောင့် သဘာ၀အားဖြင့် ၎င်းတို့သည် ပို၍ အစားစာချင်စိတ် ရှိကြသည်။

လီယိုယွဲ့၊စွန်းရုံ နှင့် လျူချင်းရီတို့ကမူ သူမတို့၏ တူများကို ချလိုက်သည်။

မိန်းကလေးများသည် သူမတို့၏ အသွင်သဏ္ဍာန်ကို ထိန်းထားရန် လိုအပ်၍ အနည်းငယ် လျှော့စားခဲ့ကြ၏။

"နောက်ထပ်ဟင်းတွေ ရှိသေးလား.."

"ရှိသေးတယ်.. ပင်လယ်ရေနက်ထဲက ရရှိလာတဲ့ ဧရာမငါးနဲ့ ချက်ထားတဲ့ ငါးအကြွပ်​ကြော် ရှိပါသေးတယ်"

"ငါးအကြွပ်ကြော် ဟုတ်လား.."

"ဟုတ်တယ်.. အဲဒီငါးအကြွပ်ကြော်က ခေါက်ဆွဲခြောက်တွေလို ကြွပ်နေအောင် ကြော်ထားတဲ့ ငါးအကြွပ်ကြော်ဟင်းလျာပဲ"

လီယိုယွဲ့က ရှင်းပြလိုက်သည်။

သူမ၏စကားကိုကြားလျှင် ၀မ်လင်းက သူ့စိတ်တွေ တက်ကြွလာသလို ခံစားလိုက်ရ၏။

၀မ်လင်း"ငါအရမ်းကြိုက်တယ်"

၀မ်လင်း၏နှုတ်မှ ထူးထူးခြားခြား ထွက်ပေါ်လာသော စကားကြောင့် လူတိုင်းက အံ့သြ ထိတ်လန့်သွားခဲ့ကြသည်။

ထိုစကားကို ပြောမိပြီးနောက်တွင် ၀မ်လင်းသည် သူ့ကိုယ်သူ အတွေ့အကြုံ နည်းသေးသည်ဟု ခံစားခဲ့ရသည်။

ဤကမ္ဘာကြီးသည် အမှန်တကယ်ပင် ထူးကဲသော အရာများနှင့် ပြည့်နှက်နေသည် မဟုတ်ပါလော။

------------------

သောကြာနေ့ နို၀င်ဘာလ ၁၄ရက်၊

ထိုနေ့နံနက်တွင် စိတ်၀ိညာဥ်ဓားကဲ့သို့ ပုံသဏ္ဍာန်ရှိသည့် အင်မော်တယ် စစ်သင်္ဘောတစ်စင်းသည် ဝေဟင်ကနေ အမှတ် ၆၀ အထက်တန်းကျောင်း၏ အားကစားကွင်းသို့ ဆိုက်ကပ်ခဲ့သည်။

လေထဲတွင် ပျံ၀ဲရန် သံလိုက်စိတ်၀ိညာဥ်ကျောက်တုံးမှ သံလိုက်စွမ်းအားနှင့် မြေအောက်ရှိ စိတ်၀ိညာဥ် သွေးကြောများမှ စွမ်းအားများကို အသုံးပြုထား၍ သင်္ဘောကို မောင်းနှင်သည့် ကပ္ပတိန်သည် သင်္ဘောကို ခုတ်မောင်းရန်အတွက် ကိုယ်ပိုင် ၀ိညာဥ်စွမ်းအား အနည်းငယ်မျှကိုပင် အသုံးပြုရန်မလိုအပ်ခဲ့ပေ။

တကယ်တမ်းတွင် ဤကဲ့သို့ ဝေဟင်သုံး အင်မော်တယ် စစ်သင်္ဘောမျိုးသည် မရှားပါးချေ။

သံလိုက်စိတ်၀ိညာဥ်ကျောက်တုံးများကို မှီခိုရသည့် ဤကဲ့သို့ အင်မော်တယ်စစ်သင်္ဘောများကို ကမ္ဘာတ၀န်းလုံး၌ အသုံးပြုခဲ့ကြသည်။

၎င်း၏ စွမ်းဆောင်ရည်မြင့်မားမှု၊ စွမ်းအင်သုံးစွဲမှုနည်းပါးပြီး သဘာ၀ပတ်၀န်းကျင်နှင့် သဟဇာတဖြစ်မှုတို့ကြောင့် နိုင်ငံတိုင်းသည် တန်ဖိုးထား၍ သုံးစွဲခဲ့ကြသည်။

ဆိုရလျှင် မြေအောက်၀ိညာဥ်ရေး သွေးကြောများ တည်ရှိနေသ၍ ဤဝေဟင်သုံးအင်မော်တယ် စစ်သင်္ဘောများသည် ထာ၀ရလည်ပတ်နိုင်မည် ဖြစ်သည်။

အမှတ် ၆၀ အထက်တန်းကျောင်း၏ အားကစားကွင်းတွင် ရပ်နားထားသော စစ်သင်္ဘောသည် တကယ်တမ်းတွင် ကျင့်ဟွာမြို့ကနေ ကျောင်းပေါင်းတစ်သောင်း မဟာမိတ်အဖွဲ့က စေလွှတ်ထားသည့် အသေးစား ဝေဟင်သုံး အင်မော်တယ် စစ်သင်္ဘောသာ ဖြစ်သည်။

ကျောင်းပေါင်းတစ်သောင်း မဟာမိတ်အဖွဲ့သည် သတ် မှတ်ထားသော အချိန်ကာလအတွင်း ပြိုင်ပွဲကို ယှဥ်ပြိုင်မည့် အထက်တန်း ကျောင်းသားကျောင်းသူများ အားလုံး အချိန်မီရောက်ရှိလာစေရန် အတွက် ကုန်ကျစရိတ်ကို နှမြောတွန့်တိုခြင်း မရှိခဲ့ပေ။

"သံလိုက်စွမ်းအင်သုံး အင်မော်တယ်စစ်သင်္ဘောနဲ့ လာကြိုတာလား.. ဒါက ကြီးကျယ်လွန်းသွားပြီ"

"ဘုရားသခင် ဒီလိုခမ်းနားတဲ့ကြိုဆိုမှုမျိုး ငါတကယ်မနာလိုတော့ဘူး.. အကယ်၍ ငါတို့ကျောင်းသာ ထိပ်ဆုံး ၆၀စာရင်းကိုမ၀င်ခဲ့ရင် ငါ့ကိုယ်ငါ လူသတ်သမား အဖြစ်ခံပြီး ဒီကောင်တွေကို သတ်ပစ်မယ်"

အမှတ် ၆၀ အထက်တန်းကျောင်း၏ စင်္ကြန်တွင် ရှိနေသော ကျောင်းသူကျောင်းသားများသည် ၀မ်လင်းတို့ လူစုကို မနာလိုစွာ ကြည့်ရင်း အချင်းချင်း စကားစမြည် ပြောဆိုခဲ့ကြသည်။

"ပြိုင်ပွဲကျင်းပပုံနဲ့ပတ်သက်ပြီး ဘယ်သူသိလဲ"

"သူတို့က ဒီနေ့နေ့လည် ငါးနာရီမှာ အစီအရင်ခံရမယ်လို့ ကြားတယ်.. အဲဒီနောက်မှာ ပထမဆုံး ဖြုတ်ပယ်မှုကို ပြိုင်ပွဲကော်မတီက ထုတ်ပြန်မယ်"

"ဒီနေ့မှာပဲ ဖြုတ်ပယ်မှုကို လုပ်မှာလား"

"အထက်တန်းကျောင်းက ၁၀၂ ကျောင်းတောင် ဆိုတော့ အရေအတွက်ကို လျော့ချရမယ်လေ.. ဒီလိုသာ မစီမံထားရင် နဂါးကိုးကောင်တောင်ပေါ်မှာ အရှုပ်အထွေးတွေ ဖြစ်ကုန်မှာပေါ့"

စင်္ကြန်မှလူတိုင်းသည် တစ်ယောက်နဲ့တစ်ယောက် တီးတိုး ပြောဆိုနေခဲ့ကြသည်။

တစ်ဖက်တွင်လည်း ၀မ်လင်းတို့လူစုသည် ပေါ့ပေါ့ပါးပါး ထုပ်ပိုးကာ အဆင်သင့် ဖြစ်နေကြသည်။

စန်းယွမ်သည် အမှတ် ၆၀ အထက်တန်း​ကျောင်းအဖွဲ့တွင် လုံခြုံရေးအကြံပေး အဖြစ် ပါ၀င်ခဲ့ပြီး ​ကျောင်း၏ တရား၀င်ဆရာတစ်ဦး ဖြစ်လာခဲ့သည်။

သူသည် ဤဆုံးဖြတ်ချက်ကို ယမန်နေ့ညက ချခဲ့ခြင်းဖြစ်၏။

မည်သို့ပင်ဆိုစေကာမူ သူသည် ယခုအခါတွင် ခေတ္တအနားယူနေဆဲဖြစ်၍ အချိန်များစွာ အားလပ်နေခဲ့သည်။

ထို့ကြောင့် ဤအံ့မခန်းပြိုင်ပွဲကို ကြည့်ရှုရန် ပရိသတ်တစ်ဦးအဖြစ် လိုက်ပါဖို့ ဆုံးဖြတ်ခဲ့သည်။

အဓိကအားဖြင့် အမှတ် ၆၀ အထက်တန်းကျောင်းက သူခန့်မှန်းထားသည့်အတိုင်း အမှန်တကယ် လုပ်ဆောင်နိုင်မလား စန်းယွမ် သိချင်နေမိသည်။

၄င်းတို့က အခြေခံတည်ထောင်ခြင်းအဆင့် ကျောင်းသူကျောင်းသားလေးများ ဖြစ်သည်မှာ ထင်ရှားသော်လည်း သူ့ရှေ့မှ ပြိုင်ပွဲ၀င်မည့် ဆယ်ယောက်ကိုကြည့်ရင်း စန်းယွမ်သည် ထူးဆန်းသော ခံစားချက်တစ်ခုကို ရရှိခဲ့သည်။

ဤအဖွဲ့ထဲတွင် ရန်သူမှန်သမျှကို တစ်ချက်တည်းဖြင့် သေစေနိုင်လောက်သည်အထိ အစွမ်းထက်သော လူတချို့ ရှိနေသည်ဟု သူခံစားမိခဲ့သည်။

သို့သော်လည်း ဤခံစားချက်က မှားယွင်းသော ခံစားချက်မျှသာဖြစ်ကြောင်း စန်းယွမ် သတိပြုမိခဲ့သည်။

စင်စစ် ၎င်းတို့သည် အခြေခံတည်ထောင်ခြင်းအဆင့် အထက်တန်းကျောင်းသားအဖွဲ့ မျှသာ ဖြစ်သည်။

သူထင်သလို မည်ကဲ့သို့ ဖြစ်နိုင်ပါအံ့နည်း။

အပိုင်း(၁၁၂၉) ပြီး၏

All Chapters